လင်းမင်၏ ရည်မှန်းချက်
Vol. 100 Ch. 1395
လောကအာရုဏ်ဦး၊ ဒြပ်စင် သစ်ပင် လောကနယ်မြေ…
အစစ်အမှန် ဒြပ်စင်ဂိုဏ်း သည် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ ၏ ဒြပ်စင် သစ်ပင် လောကနယ်မြေထဲတွင် တည်ရှိသည်။ ဒြပ်စင်သစ်ပင် လောကနယ်မြေ ဟု အမည်ပေးရခြင်းမှာ ၎င်း၏ ဗဟိုအချက်အချာတွင် ပေါက်ရောက်နေသော မီတာပေါင်း သုံးသောင်းကျော် ရှည်လျားသည့် ဧရာမ သစ်ပင်ကြီးကြောင့် ဖြစ်သည်။ လောကနယ်မြေ အတွင်းတွင် သမားရိုးကျ နေကြယ် မရှိသော်လည်း ထိုသစ်ပင်ကြီးမှာ နေကြယ် အမတေများကို စုပ်ယူကာ ကြယ်တာရာနှင့် လျှို့ဝှက် ဒြပ်စင် အမတေများကို ပတ်ဝန်းကျင် ကုန်းမြေများထံသို့ ပြန်လည် ပို့ဆောင်ပေးသည်။ ထို့အပြင် အမျိုးမျိုးသော ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်များနှင့် သန့်စင်သည့် စွမ်းအင်များ ပါဝင်သော အံ့သြဖွယ် အသီးအနှံများကိုလည်း မွေးဖွားပေးသည်။
ဤလောကနယ်မြေသည် မူလက အစစ်အမှန် ဒြပ်စင်ဂိုဏ်း ပိုင်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကပ်ပါးမျိုးနွယ်စုများ၏ ပရိယာယ်များကြောင့် ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင် ထိုမျိုးနွယ်စုက တော်ဝင်မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည့် ချန်မျိုးနွယ်စုထံ ပြန်လည် ရောင်းချခဲ့သည်။ ထိုကဲ့သို့ လက်များစွာ လှည့်လည်ခဲ့ပြီးနောက် ဝေ့ဝူယင်က ရွှေရောင် အသက် နန်းတော် ၏ အကူအညီဖြင့် ပြန်လည်ဝယ်ယူခဲ့သည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖွဲ့စည်းခဲ့ချိန်တွင်တော့ ဝေ့ဝူယင်က ၎င်းကို လောကကွင်းပြင် အတွင်း ထည့်သွင်း နေရာချခဲ့သည်။
ဒြပ်စင်သစ်ပင်၏ အောက်ခြေမှ မိုင်နှစ်ရာခန့်အကွာတွင် ဝယ်ယူပြီးနောက် ပြန်လည် ပြုပြင်မွမ်းမံထားသော အဆောက်အအုံအမျိုးမျိုး ရှိပေသည်။ ၎င်းသည် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လက်ထဲမှာတုန်းကထက် များစွာ သာလွန်ကောင်းမွန်သည်။
သစ်ပင်နှင့် မိုင်ငါးဆယ်ခန့်အကွာတွင် အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းမငယ်လေး တစ်ယောက်မှာ ဒြပ်စင်ကိုးပါးနှင့် နေရောင်ခြည်ကို ကိုယ်စားပြု၍ ရောင်စုံ အလင်းတန်းများ ထုတ်လွှတ်နေသည့် ခမ်းနား တောက်ပသော သစ်ပင်ကြီးကို မော့ကြည့်နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် မျက်ရည်များ ရစ်ဝဲနေကာ လွမ်းဆွတ်မှု စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
"အမလင်း..."
သူမ၏ နောက်နားဆီမှ ပုံရိပ်တစ်ခု လျှောက်လာခဲ့သည်။ သူက အရပ်မြင့်မားကာ မီးခိုးရောင်မျက်လုံးရှိနှင့် ချောမောသည့် လူငယ်တစ်ဦး ဖြစ်သည်။ ထိုလူငယ်ကား အခြားလူ မဟုတ်...။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း ၏ ရှေးဟောင်း ရွေးချယ်ခံ လင်းမင်ပင် ဖြစ်သည်။
မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှုရှိပြီး လှပကြော့ရှင်းသည့် ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းမငယ်လေးကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နတ်မိမယ်လေး လင်းရှန်းရှဲ့ပင် ဖြစ်လေသည်။ သူမက နောက်သို့ လှည့်မကြည့်ပဲ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ချက်ချင်းပင် မိန်းကလေး၏ ရွှေသမင် မျက်ဝန်းများ အတွင်း တွဲလွဲခိုနေသော မျက်ရည်စများက ပျောက်ကွယ်သွားခဲ့သည်။
"ကျင့်ကြံလို့ ပြီးပြီလား"
မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သော အခိုက်၌ စိတ်ခံစားချက်များနှင့် ဝမ်းနည်းတတ်သည့် မိန်းမငယ်လေး၏ ပုံပန်းသဏ္ဍာန်နေရာတွင် တည်ငြိမ် ရင့်ကျက်သော အသွင်အပြင်က ပြန်လည် အစားထိုးဝင်ရောက်လာခဲ့သည်။
“ဟုတ်ကဲ့... အမလင်း...”
လင်းမင်က အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။ သူက လင်းရှန်းရှဲ့ အနားသို့ ရောက်ရှိလာကာ ပခုံးချင်း ယှဥ်ကာ ရပ်လိုက်၏။ စီနီယာ အမလင်း၏ ဘေးနားတွင် နေချိန်တိုင်း ငြိမ်းချမ်းမှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် တစ်မျိုးကို ခံစားရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လင်းမင်မှာ စွန့်စားခန်းများစွာနှင့် ရင်ဆိုင်ခဲ့ရကာ စိတ်ကူးပင် မယဉ်နိုင်လောက်သော အတွေ့အကြုံများကို ရရှိခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း အဆပေါင်းများစွာ ပိုမို တိုးတက်လာခဲ့သည်။ ကျင့်ကြံခြင်း အဆင့်တူတွင် လင်းမင် မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။
ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာရန် အခွင့်အလမ်း အများဆုံးရှိသည့် အင်ပါယာ ကလန်သား ထျန်းရီဝူနှင့် မျှတသော ပြိုင်ပွဲတစ်ခု တိုက်ခိုက်ရမည်ဆိုလျှင်ပင် အနိုင်အရှုံးကို ဆုံးဖြတ်ရန် ခက်ခဲလိမ့်မည်ဟု လင်းမင် ခံစားရသည်။
"..."
လင်းရှန်းရှဲ့က မည်သည့်မေးခွန်းမျှ ထပ်မံမေးမြန်းခြင်း မပြုခဲ့ချေေ။ စက္ကန့်များ တဖြည်းဖြည်း ဖြတ်ကျော်နေသည်နှင့် အမျှ လင်းမင်၏ ငြိမ်းချမ်းသော စိတ်မှာလည်း တဖြည်းဖြည်း ယိုယွင်းလာခဲ့၏။ ပခုံးချင်းယှဉ်လျှက် ရပ်နေကြသော်လည်း သူတို့နှစ်ဦးကြားတွင် ခြားနားမှုတစ်ခု ရှိနေသလို ခံစားရသည်။ အဆိုပါ အေးစက်စက် အခြေအနေကို ဖြိုခွင်းရန် အတွက် လင်းမင်က စကားစဖို့ ကြိုးပမ်း လိုက်၏။
"ကျွန်တော်ရဲ့ မူလအဆင့်က ဒုတိယမြောက် အဆင့်ကို ရောက်သွားပြီ... အဲဒီ လောကဓာတ်တော် အမွေအနှစ် အပိုင်းအစက အစ်မ ပြောသလို အံ့မခန်းပါပဲ... ကောင်းကင်ကိုတောင် လှုပ်ခတ်စေနိုင်စွမ်း ရှိတယ်"
သေမျိုး မူလအဆင့်ကို ပိုင်ဆိုင်ထားခြင်းမှာ ထျန်းရီဝူနှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု လင်းမင် ယုံကြည်ချက် ရှိနေခဲ့ရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ လောက အတွင်းရှိ အရာအားလုံးအား ပေါင်းစည်းပေးနိုင်သည့် မန်နာ လွှမ်းမိုးနိုင်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားခြင်း၏ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသည်။
"ဒုတိယမြောက် အဆင့်..."
လင်းရှန်းရှဲ့က ထူးမခြားနားစွာပင် ခေါင်းညိတ်လိုက်၏။
"ကောင်းကင်ဓာတ်တော်က အရမ်း အဖိုးတန်တယ်... အပိုင်းအစလေး တစ်ခုဆိုရင်တောင် မှန်ကန်တဲ့ နည်းလမ်းနဲ့ သုံးမယ်ဆိုရင် ကောင်းကင်ကို တော်လှန်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်တယ်"
လင်းမင်မှာ သူလိုချင်သည့် တုံ့ပြန်မှုမျိုးကို မရရှိခဲ့သော်လည်း မည်သို့ပင် ဆိုစေ လင်းရှန်းရှဲ့၏ စကားလုံးများက သူ၏ အရည်အချင်းများနှင့် လက်ရှိ ကျင့်ကြံခြင်း အခြေခံကို သွယ်ဝိုက် ချီးကျူးလိုက်ခြင်း ဖြစ်လေရာ နှလုံးသား အတွင်း ကျေနပ်သည့် ခံစားချက် တစ်ရပ်ကို ခံစားလိုက်ရသည်။
"ကံဆိုးတာက ဒုတိယ အဆင့် ရောက်ဖို့တောင် ကောင်းကင်ဓာတ်တော်ကို ကုန်ခါနီး အထိ သုံးလိုက်ရတာပဲ... အထဲမှာ အမျှင်သုံးဆယ့်သုံးမျှင်လောက်ပဲ ကျန်တော့တယ်"
"အဲဒါက လုံလောက်ပါတယ်"
လင်းရှန်းရှဲ့က တည်ငြိမ်စွာပင် ဆိုလိုက်၏။
"မူလအဆင့်က လောကရှန့်ထို အဆင့်ထက် ကျော်လွန်တဲ့ အဆင့်ကို ရောက်ဖို့ အဓိကသော့ချက်လို့ ပြောကြတယ်... နောက်ပြီး မန်နာကနေ လျှို့ဝှက် ရည်ရွယ်ချက် ကို နားလည်သဘောပေါက်နိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိတယ်... နောက်ကျရင် နင့်ရဲ့ မူလ အဆင့်ကို မြှင့်တင်ဖို့ နောက်ထပ် အခွင့်အလမ်းတွေ ရမှာပါ... ဒီလောကမှာ နင်နဲ့ ထန်ရှင်းယွင်တို့ နှစ်ယောက်ကိုပါ ထည့်တွက်ရင် မူလအဆင့်ကို ရထားတဲ့ လူငယ် လေးဦးလောက်ပဲ ရှိလိမ့်မယ် ထင်တယ်... ဘာလို့လဲဆိုတော့ ကောင်းကင် ဓာတ်တော်ကိုရော၊ လိုက်ဖက်တဲ့ ကျင့်စဉ်ကိုပါ ရှာဖွေရတာ မလွယ်ဘူးလေ"
"လေးယောက်တည်းလား..."
လင်းမင် တစ်ယောက် တုန်လှုပ်သွားခဲ့၏။
"ကျန်တဲ့ နှစ်ယောက်က ဘယ်သူတွေလဲ?"
"ထျန်းရီဝူမှာ ရှိလောက်တယ်"
"ထျန်းရီဝူ... သူ ဆိုရင်တော့ အဓိပ္ပာယ်ရှိတယ်"
လင်းမင် သဘောတူစွာ ခေါင်းညိတ်လိုက်၏။ ထိုအင်ပါယာ မင်းသားမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခွင်လုံးတွင် နံပါတ်တစ် ပါရမီရှင်အဖြစ် ကျော်ကြားသူ ဖြစ်သည်။
"နောက်တစ်ယောက်က ဘယ်သူလဲ?" ထိုစကားနှစ်လုံးနှင့်အတူ လင်းရှင်းရှိ၏
"ဝေ့ဝူယင်"
“...”
လင်းမင်နှင့် လင်းရှန်းရှဲ့တို့ အကြားရှိ စကားဝိုင်းက တခဏမျှ တိတ်ဆိတ် သွားခဲ့သည်။ လေပြေလေညှင်းများက သူတို့၏ ဝတ်ရုံစများကို တိုးဝင် တိုက်ခတ် နေခဲ့၏။
အတန်ကြာပြီးနောက်မှ လင်းမင်က နောက်ထပ် မေးခွန်း တစ်ခုကို မေးလိုက်သည်။
“ဒီအဂ္ဂိရတ် ကုန်စည်ပြပွဲမှာ ဝေ့ဝူယင်က ဘာတွေကို ဆောင်ကြဉ်းလာမယ်လို့ ထင်လဲ”
“...”
လင်းရှန်းရှဲ့မှာ ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သူမ၏ မျက်နှာအမူအရာ အချိန် တစ်ခဏ အတွင်းမှာပင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
"ငါမသိဘူး... ဒါပေမယ့် ဝေ့ဝူယင်က လောကကြီး တစ်ခုလုံးကို လှုပ်ခတ်အောင် မလုပ်နိုင်ပဲ ပွဲတစ်ခုခု စီစဉ်မှာ မဟုတ်ဘူး... ဒီပွဲက အရင်ကထက် ပိုကြီးမှာ သေချာတယ်”
"..."
လင်းမင်၏ မျက်ခွံများမှာ စဉ်းစားဟန်ဖြင့် အနည်းငယ် မှေးစင်း သွားသည်။ လင်းမင် သတိမထားမိခဲ့သည့် အချက်တစ်ချက်ကား... လင်းရှန်းရှဲ့ တစ်ယောက် ဝေ့ဝူယင်ကို အဂ္ဂိရတ် အာဏာရှင်ဝေ့ဟု ထပ်မံ မရည်ညွှန်းတော့ခြင်း ဖြစ်သည်။ ၎င်းမှာ ဆွေးနွေးမှု၏ သဘောသဘာဝအရ အသေးအဖွဲ ကိစ္စတစ်ရပ် ဖြစ်သော်လည်း လျစ်လျူရှု၍ မရနိုင်သည့် ပြောင်းလဲမှုတစ်ခု၏ လက္ခဏာလည်း ဖြစ်ပေသည်။
အကယ်၍ လင်းမင်သာ ပိုမို အာရုံစိုက် ကြည့်ခဲ့မည် ဆိုပါက လင်းရှန်းရှဲ့၏ သွယ်လျသော လက်ချောင်းထက်ရှိ ဟင်းလင်းပြင်လက်စွပ်မှာ ဝေ့ဝူယင်၏ အထူး အာဏာရှင် အဖွဲ့ဝင်များ နှင့် ဗာကီရီ အဖွဲ့ဝင် ဝတ်ဆင်လေ့ ရှိသည့် ဟင်းလင်းပြင် လက်စွပ်များနှင့် အတူတူပင် ဖြစ်ကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။
ရုတ်တရက်... ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် လျှို့ဝှက်စွာ လမ်းပြပေးခဲ့သည့် အသံက လင်းမင်၏ စိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။
"အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်... သူ့ရဲ့ စိတ်နေသဘောထားနဲ့ အတိတ်တုန်းက လုပ်ဆောင်ချက်တွေကို သုံးသပ်ရရင် ဒီတစ်ကြိမ်က ငါတို့ရဲ့ လောကကြီးကို မယုံနိုင်စရာ ကောင်းလောက်အောင် ပြောင်းလဲပစ်မှာ အသေအချာပဲ”
ဝေ့ဝူယင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို မရောက်ခင်ကတည်းကပင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် တစ်လောကလုံးအား လှုပ်ခတ် စေခဲ့သူ ဖြစ်သည်။ ရောက်ရှိလာခဲ့ပြီး နောက်တွင်ပင် သူ တစ်ကြိမ် လှုပ်ရှားတိုင်း လောကကြီး တစ်ခုလုံး တုန်လှုပ်ခဲ့ရသည်ချည်းသာ ဖြစ်သည်။
"ဒီအဂ္ဂိရတ် ကုန်စည်ပြပွဲမှာ သမာရိုးကျ အစဉ်အလာတွေကို ချိုးဖျက်နိုင်တဲ့ ထုတ်ကုန်မျိုးတွေ ပေါ်လာမယ်လို့ ထင်လား... ဒါမှမဟုတ် ဘာတွေ ဖြစ်နိုင်မလဲ"
လင်းမင်က မေးလိုက်၏။ အသံပိုင်ရှင်က မဖြေချေ။ အဘယ်ကြောင့် ဆိုသော် သူကိုယ်တိုင် ပင်လျှင် ခန့်မှန်းနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်သည်။ ထို့အစား သူက လင်းမင်ကိုသာ သတိပေးလိုက်၏။
"အဲဒါက အရေးမကြီးပါဘူး... အရေးကြီးတာက အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကနေ ပေးမယ့် အကျိုးအမြတ်တွေ၊ ကံကောင်းခြင်းတွေ အားလုံးကို မင်းရအောင်ယူဖို့ပဲ..."
"ကံကောင်းခြင်း ဟုတ်လား... ဒြပ်စင်သစ်ပင် လောကနယ်မြေနဲ့ ဒြပ်စင်သစ်သီးတွေက ခင်ဗျား ပြောတဲ့ 'ကံကောင်းခြင်း' ဆိုတာတွေ မဟုတ်ဘူးလား...”
လင်းမင် မေးလိုက်၏။ ဒြပ်စင်သစ်ပင်တွင် သီးပွင့်နေသည့် အသီးအနှံများမှာ အမျိုးမျိုးသော ရည်ရွယ်ချက်များကို သယ်ဆောင်ထားပေသည်။ ပြီးခဲသည့် တစ်လအတွင်း ဤနေရာတွင် ကျင့်ကြံခြင်းဖြင့် သူ အဆင့်မြင့် ဒြပ်စင်နှလုံးသား ရည်ရွယ်ချက် သုံးခုကို ထပ်မံ ရရှိခဲ့သည်။
"ကောင်လေး... မင်း အနေနဲ့ အမြင်အာရုံကို တစ်နေရာတည်းမှာပဲ ကန့်သတ် မထားသင့်ဘူး... အဂ္ဂိရတ် ကုန်စည်ပြပွဲတွေမှာ အဂ္ဂိရတ် ပညာရှင်တွေက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု၊ အခြေခံအုတ်မြစ်နဲ့ ထူးချွန်မှုတွေကို ထုတ်ဖော် ပြသတယ်... ဒါဟာ သူတို့ရဲ့ အောင်မြင်မှုတွေ အကြောင်း လောကကြီးဆီ ကြွားလုံးထုတ်ပြီး အနာဂတ် အတွက် လမ်းကြောင်း တစ်ခုချတာမျိုးပဲ... ရိုးရိုးရှင်းရှင်း ပေးထားတဲ့ တည်းခိုစရာ နေရာ တစ်ခုတောင် ဒီလောက် အကျိုးကျေးဇူးတွေ ရှိနေရင် အဂ္ဂိရတ် ကုန်စည်ပြပွဲ စပြီးတဲ့နောက် ရလာမယ့် အကျိုးကျေးဇူးတွေက စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ... လျှော့မတွက်နဲ့"
အသံပိုင်ရှင်က ပြတ်သားစွာဖြင့် ပြောလိုက်၏။
လင်းမင်၏ မျက်နှာအမူအရာက ပိုမို တည်ကြည်လာပြီးကာ ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်လာသည်။ သူသည် ထိုကံကောင်းခြင်းများကို အစွမ်းကုန် ရယူမည် ဖြစ်ပေသည်။