ရည်မှန်းချက်များ စုစည်းခြင်း (၂)
Vol. 100 Ch. 1399
သစ်အယ်သီးရောင် အသားအရေရှိသော ထာဝရ နတ်ဘုရားမှာ သူ့ လောကနယ်မြေ အတွင်းရှိ ကြေးမုံရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန့်ညားစွာ ရပ်နေရင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ မြင်ကွင်းများကို လေ့လာနေသည်။ သူ့တွင် မျက်နှာထက်တွင်တော့ အမူအရာတစ်ခု ရှိနေခဲ့ကာ ၎င်းက မည်ကဲ့သို့ အခြေအနေ ဖြစ်ကြောင်း တိတိကျကျ ပြောရန် ခက်ခဲလှသည်။
“ဒီမှာ ရှိနေရင် ငါ ရှာတွေ့မှာပဲ…”
ထာဝရ နတ်ဘုရား အေးစက်စက် အငွေ့အသက်များ ပြည့်နှက်နေသည့် အသံဖြင့် ရေရွတ်လိုက်၏။
သူက လက်တစ်ဖက်တည်းဖြင့် ထူးဆန်းသော မုဒြာဟန် တစ်ခုကို ဖန်တီးလိုက်သည်။ ကြေးမုံမှာ တရိပ်ရိပ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။ သို့သော်လည်း သုံးမိနစ်လုံးလုံး မည်သည့်အရာမှ ပေါ်မလာခဲ့ပေ။ ထို့နောက်တွင်တော့… အတွင်းပိုင်းမှ မီးပွားတစ်ခု လင်းလက်လာခဲ့၏။
“...”
ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာကာ စိတ်လှုပ်ရှားမှု အလင်းရောင်က သူ၏ မျက်နှာတွင် ထွန်းလင်းလာခဲ့၏။
''ဟား… ဟား… ဟား… အားလုံးကို အတိုးနဲ့ပါ ငါ ပြန်ယူမယ်… မင်း ကြည့်နေ… ငွေရောင်မျက်လုံးနဲ့ ခွေးကောင်…”
'ငွေရောင်မျက်လုံးနဲ့ ခွေးကောင်' ဆိုသည့် နာမည်မှာ လူတစ်ဦးတည်း အတွက် သီးသန့် မဟုတ်ဘဲ လူနှစ်ဦးကို တစ်ပြိုင်နက်တည်း ရည်ညွန်းလိုက်ခြင်း ဖြစ်သည်။
ပထမတစ်ဦးမှာ ဝေ့ဝူယင် ဖြစ်ကာ ဒုတိယမြောက် တစ်ဦးကတော့ ထာဝရ ဧကရာဇ်ပင်။
…
အင်ပါယာ ကလန်၏ ဟင်းလင်းပြင် သင်္ဘောများ အကြားတွင်… အပြင်ပန်းတွင် ရိုးရှင်းသော်လည်း အတွင်းပိုင်းတွင်မူ ဇိမ်ခံ ပစ္စည်းများ ပြည့်နှက် နေသည့် သင်္ဘောတစ်စင်းမှာ ထူးခြားစွာ တည်ရှိနေခဲ့သည်။ ၎င်းမှာ အရွယ်အစား သေးငယ်သော်လည်း အလွန်တရာပင် ကျစ်လျစ် လှလေရာ အလျှင်မြန်ဆုံး အမြန်နှုန်းဖြင့် ရွေ့လျားနိုင်စွမ်း ရှိသည်။
ကျန်သင်္ဘောများမှာလည်း ကောင်းကင် ဖျက်ဆီးသူ ကဲ့သို့ တိုက်ခိုက်ရေး အထူးပြု ဟင်းလင်းပြင် သင်္ဘောများ မဟုတ်ဘဲ သံတမန် သင်္ဘောများသာ ဖြစ်သည်။ လွန်ခဲ့သည့် သုံးလခန့်က အင်ပါယာ ကလန်မှာ ကောင်းကင် ဖျက်ဆီးသူ သုံးစီးကို ဝေ့ဝူယင်ထံတွင် ဆုံးရှုံးခဲ့ရလေရော ထိုဖြစ်ရပ်မှ အဖိုးတန် သင်ခန်းစာတစ်ခုကို သင်ယူခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပေသည်။
ထူးခြားသော ဟင်းလင်းပြင် သင်္ဘောထက်ရှိ လျှို့ဝှက် နယ်မြေတစ်ခု အတွင်းတွင်တော့… မိန်းကလေး နှစ်ဦးမှာ ကြည်လင်သန့်ရှင်းသည့် ရေချိုကန် တစ်ခုနားတွင် ရှိနေခဲ့လေသည်။ သူတို့မှာ ရေကန်၏ မျက်နှာပြင်မှ တစ်ဆင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မြင်တွေ့နေကြရသည်။
အကယ်၍ ဝေ့ဝူယင်သာ သူတို့ နှစ်ဦးကို တွေ့မြင်ပါက မိန်းကလေး တစ်ဦးကို ချက်ချင်း သတိပြုမိလိမ့်မည် ဖြစ်သည်။ သူမ၏ ရှည်လျားလှသော နက်ပြာရောင် လှိုင်းတွန့် ဆံနွယ်များနှင့် ထူးခြားသော အလှအပတို့မှာ ပုံမှန်မဟုတ်လေရာ အလွယ်တကူပင် မှတ်မိနိုင်ပေသည်။
ထိုမိန်းကလေးကား အခြားလူ မဟုတ်…။ ကောင်းချီးခံ တစ်ဦး ဖြစ်သည့် ထျန်းရှောင်လော့ပင်။
သူမ၏ နံဘေးတွင်တော့ အရပ်ရှည်ကာ ခုနစ်ရောင်ခြယ် မြူများဖြင့် ဝန်းရံနေသည့် မိန်းကလေး တစ်ဦး ရှိသည်။ ရုပ်ရည်ကို ဖော်ပြ မထားသော်လည်း ထိုအရာကပင် သူမ၏ ပိုင်ဆိုင်ထားသည့် အလှတရားက ပုံမှန် မဟုတ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
“...”
ထျန်းရှောင်လော့၏ အမူအရာက ရေကန်ကို ကြည့်ရင်း အနည်းငယ် အုံ့မှိုင်းနေသည်။ သူမမှာ ပုံမှန်အားဖြင့် ထိုကဲ့သို့ ပြုမူတတ်သူ မဟုတ်သော်လည်း အခြေအနေအရ ထိုအမူအရာ မဖြစ်ပဲ နေနိုင်ရန် ခက်ခဲလှသည်။
အရပ်ရှည်ရှည် အမျိုးသမီးမှာ မိန်းကလေး၏ စိုးရိမ် ပူပန်မှုများကို သတိပြုမိဟန်ရကာ နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။
''အဆင်ပြေသွားမှာပါ…''
သူမ၏ အသံက နွေးထွေးမှု၊ လုံခြုံမှု၊ နူးညံ့မှု စသည့် အငွေ့အသက်များနှင့် ပြည့်ဝနေ၏။ သူမ ပြောကြားသည့် စကားလုံးများ အပေါ် မယုံမကြည်ဖြစ်ရန် ခက်ခဲလှပေသည်။ ၎င်းက မိခင်တစ်ဦး တိုးတိုးလေး ပြောဆိုသော စကားကဲ့သို့ ယုံကြည်စိတ်ချ၍ ရကာ ရိုးသားလှသည်။
ထျန်းရှောင်လော့၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပြေလျော့သွားခဲ့၏။ သူမ၏ စိတ်အတွင်းမှ စိုးရိမ် ပူပန်မှုများမှာ တဖြည်းဖြည်းချင်း လျော့ပါးသွားကာ မကြာခင် လုံးဝ တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူမက ညင်သာစွာ မေးလိုက်၏။
''သူရဲ့ အခြေအနေကို စစ်ဆေးပေးလို့ ရနိုင်မလား…”
ထိုစကားကို ကြားသောအခါ အရပ်ရှည်ရှည်နှင့် အမျိုးသမီးက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
''အဲ့ဒါက ငါတို့ရဲ့ နံပတ်တစ် ရည်မှန်းချက်ပဲလေ… ဧကရီက နင့်အပေါ် အမြဲတမ်း ကြင်နာခဲ့တာကို ငါ သိပါတယ်… သူ အိမ်ကို ပြန်ရောက်ဖို့ အတွက် ငါ တတ်နိုင်သမျှ လုပ်မှာပါ”
သူမ၏ လေသံက ပြင်းထန်သော ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။ ၎င်းက လုပ်ယူထားချင်းမျိုး မဟုတ်ပဲ ပင်ကိုယ် စွမ်းရည်၊ အောင်မြင်မှုများနှင့် မူလ ဗီဇတို့မှ ပေါက်ဖွားလာသည့် ယုံကြည်မှုမျိုးပင်။
သူမက အနည်းငယ် ရယ်မောလိုက်၏။
''ငါတို့ ဧကရီ ပိုင်ဆိုင်ထားတဲ့ နည်းလမ်းတွေကို ထောက်ရင် တကယ်တမ်း စိုးရိမ်သင့်တာက သူ့ကို မဟုတ်ဘူး… ဝေ့ဝူယင် ဆိုတဲ့ ပုဂ္ဂိုလ်ကိုပဲ… ''
“ဟုတ်တယ်…”
ထျန်းရှောင်လော့ တစ်ယောက် ထောက်ခံရင်း မထိန်းချုပ်နိုင်ပဲ ပြုံးလိုက်မိ၏။
ဧကရီမှာ အလွန်ဉာဏ်ကောင်းသည်။ အင်ပါယာ ကလန် နှင့် ဧကရာဇ် နန်းတော်တို့ ကဲ့သို့ ကောက်ကျစ်စဉ်းလဲသော နေရာမျိုးတွင်ပင် ရှင်သန်နိုင်လေရာ သူမကိုယ်သူမ မည်သို့ ကိုင်တွယ်ရမည်ကို လုံလောက်စွာ သိရှိထားသည်။
သို့သော်လည်း… ဝေ့ဝူယင်၏ လျှို့ဝှက်ချက် တစ်ချို့ကို ပြန်သတိရလိုက်မိသော အခိုက်၌ စိုးရိမ်စိတ်က နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်၏။ မငြိမ်မသက် ခံစားချက်က သူမ၏ နှလုံးသားထဲတွင် ပြန်လည်၍ နိုးထလာသည်။
အရပ်ရှည်ရှည် အမျိုးသမီးမှာ ထျန်းရှောင်လော့၏ စိုးရိမ်မှုများကို ဖြေရှင်းရန် သူမ၏ ကြိုးပမ်းမှုက ခေတ္တသာ အလုပ်ဖြစ်သည်ကို တွေ့မြင်လိုက်ရလေရာ တိတ်တဆိတ် သက်ပြင်းချရန်သာ တတ်နိုင်တော့၏။
သူမက ရေကန်ထံသို့ ပြန်လည်၍ အာရုံစိုက် လိုက်သည်။ ဝေ့ဝူယင်မှာ အလွှာကြားက လောကကိုပင် ကသောင်းကနင်း ဖြစ်စေခဲ့လေရာ မည်သူမှ လျှော့တွက်၍ မရသော တည်ရှိမှု ဖြစ်သည်။ သူမကိုယ်တိုင်လည်း လျှော့မတွက်ချေ။
သို့သော် ဤသည်က ထိုလူငယ်၏ အစစ်အမှန် ရည်မှန်းချက်များကို ရှာဖွေဖော်ထုတ်ရန် အချိန် ဖြစ်သည်။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ဆိုသော အမည်နာမဖြင့် ထိုအရာကို လုပ်ဆောင်ရန် သူမ ရည်ရွယ်ထားသည်။