← Chapters

ငါက နိုင်ငံကြီးသား

Vol. 9 Ch. 124

ငါက နိုင်ငံကြီးသား

Vol. 9 Ch. 124

“ခဏနေဦးလေ။ ငါသဘောမတူရသေးဘူး” မင်းသမီး ဆီယက်တယ်က သူ၏လက်မောင်းကို ဆွဲချိတ်သည်။

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ရှင် ယောကျာ်း ဟုတ်လား မဟုတ်ဘူးလား”

“ငါက ယောကျာ်းလေ။ ငါ ယောကျာ်းဖြစ်တယ်ဆိုတာ မင်းကို သက်သေပြဖို့ လိုသေးတာလား” ဟု ဖန့်ကြွယ်ယွီက ပြန်ချေပသည်။

သူတို့ဆီလှမ်းလာသော လူငယ်လေးက ဖန့်ကြွယ်ယွီတို့နှစ်ဦး လက်ချင်းချိတ်ထားသည်ကိုတွေ့သောအခါ သူ၏မျက်ဝန်းအစုံက မီးဟုန်းဟုန်းတောက်နေသကဲ့သို့ စူးရှလာသည်။ သူ့အကြည့်က ပြောင်းလဲသွားသည်ကို ချက်ချင်း ဖုံးကွယ်လိုက်သော်ငြား ဖန့်ကြွယ်ယွီက မြင်လိုက်ရသေးသည်။

“သူက ဂျီးနက်စ်။ ဥရောပတိုက်ထဲက ဆိုင်းလုခ်နိုင်ငံရဲ့ အိမ်ရှေ့စံတစ်ဦးပေါ့။ သူက ကျွန်မကိုလိုက်နေတာကြာပြီ။ ကျွန်မက သူ့ကိုစိတ်မဝင်စားနေတာ။”ဟု မင်းသမီးက တိုးတိုးလေးပြောသည်။

ဥရောပတွင် တော်ဝင်မိသားစုအချင်းချင်း လက်ထပ်ထိမ်းမြားမှုသည် ဖြစ်နေကျဖြစ်သည်။ အထူးသဖြင့် ဥရောပတိုက်ရှိ မင်းသားများ၏ မျက်စိကျစရာဖြစ်နေသော မင်းသမီးဆီယက်တယ်အတွက် မထူးဆန်းပေ။

ဂျီးနက်စ်က မင်းသမီးကိုချဉ်းကပ်နေသည်မှာ သုံးနှစ်ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူမ၏ စံသတ်မှတ်ချက်က သာမန်မင်းသမီးလေးများထက် သာလွန်နေသည်။ ထို့ကြောင့် မင်းသားဂျီနက်စ်၏ ချဉ်းကပ်မှုများကို သူမရင်မခုန်ပေ။ သို့သော် လူ့ကျင့်ဝတ်နှင့် မျိုးရိုးဂုဏ်သိက္ခာအရ သူမက ခါးခါးသီးသီး

မငြင်းဆိုပေ။

အခုလိုမျိုး မင်းသမီး ဆီယက်တယ်အား တရုတ်လူမျိုးတစ်ဦးနှင့် အတူတွဲမြင်ရသည့်အပေါ် သူဘယ်လိုလုပ်ပြီး သည်းခံနေနိုင်ပါ့မလဲ။

ဒါ့အပြင် ထိုကောင်လေးက ဘုရင်မကြီးနှင့်အလွန်ရင်းနှီးသည့်ပုံပေါ်သည်။

ဆိုင်းလုခ်နိုင်ငံသည် ဥရောပတိုက်တွင် ချမ်းသာကြွယ်ဝသော ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ဥရောပတော်ဝင်မိသားစုများတွင် မင်းသား ဂျီးနက်စ်၏ အနေအထားက သာလွန်သဖြင့် မည်သူကမှ ရန်မစရဲပေ။

“မတွေ့ရတာကြာပြီ..မင်းသမီးဆီယက်တယ်” ဟု ဂျီးနက်စ်က နှုတ်ဆက်သည်။

ခန့်ညားသောအသွင်အပြင်နှင့် တော်ဝင်မျိုးရိုးဟူသော ဂုဏ်နှင့်ဆို ပွဲခင်းထဲမှာရှိနေသော မည်သည့် သရုပ်ဆောင်မင်းသမီးအတွက်မဆို မျက်စိကျစရာဖြစ်နေမည်။

“ဟုတ်တယ် မတွေ့ရတာကြာရောပေါ့ ဂျီးနက်စ်”

ဟု မင်းသမီးက နှုတ်ဆက်သည်။

“ဒီဘက်က လူကြီးမင်းနဲ့ ငါ့ကိုမိတ်ဆက်ပေးဦးလေ”

“ဪ ဒါက ငါ့ရည်းစားလေ။ သူ့နာမည်က ဖန့်ကြွယ်ယွီတဲ့”

မင်းသမီးက မဆိုင်းမတွပင်ချက်ချင်းပြန်ဖြေသည်။

မင်းသမီးက ထိုသို့ပြန်ဖြေမည်ဟု မထင်ထားသဖြင့် ဂျီးနက်စ်မျက်နှာပျက်သွားသည်။ သူက ဒေါသစိတ်ကိုမျိုသိပ်ရင်း “မင်းသမီးမှာ လက်ရှိတွဲနေတဲ့ရည်းစားရှိတယ်လို့ မကြားမိပါဘူး”

“အင်းလေ။ ဒါပေမဲ့ အခုသိပြီဟုတ်။ ကျွန်မတို့တော်ဝင်မိသားစုနဲ့ ဖန့်မိသားစုဆိုတာ ဟိုးအရင်ကတည်းက သိကျွမ်းလာခဲ့ကြတာ။ ငါတို့ချင်းသိတာကြာပြီလေ”

“ခဏလေးပါဗျ။ ကျွန်တော်က မင်းသမီးရဲ့ ရည်းစားမဟုတ်ပါဘူး။ကျွန်တော့်ဘာသာ ဒီနားမှာနေတာကို မင်းသမီးက စကားလာပြောတာပါ။ ခင်ဗျားတို့ချင်းပဲ စကားဆက်ပြောကြပါ။ ကျွန်တော်မနှောင့်ယှက်တော့ပါဘူး”

သူသည် မင်းသမီး၏ ရည်းစားအဖြစ် ဟန်ဆောင်လိုစိတ်မရှိပေ။

“ဒီလူကဒါလေးတောင် မကူညီပေးနိုင်ဘူး” မင်းသမီးက အကြီးအကျယ် ဒေါသထွက်သွားသည်။ သူမ၏ ရည်းစားဖြစ်ချင်သောလူများကို စီတန်းလိုက်မည်ဆိုပါက လူတန်းကြီးက မီတာ ၁၀၀ နီးပါးရှိလိမ့်မည်။

ဖန့်ကြွယ်ယွီဘက်က သူမကို တစ်ချက်လေးတောင် မထောက်ထားဘဲ လှည့်ထွက်သွားသည်။

ဒီလူက ယောကျာ်းဟု ခေါ်ခံထိုက်သလား။

“ဖန့်ကြွယ်ယွီ နင်ယောကျာ်းမဟုတ်ဘူးလား”

“ငါပြောပြီးပြီလေ။ ငါ ယောကျာ်းဟုတ်မဟုတ်သိချင်လျှင် ညကျ ငါ့အခန်းထဲလာလိုက်။ မင်းသိလိမ့်မယ်”ဟုဆိုကာ ဂျီးနက်စ်နှင့် ခွက်ချင်းတိုက်သည်။ ဂျီးနက်စ်က ဘာတွေဖြစ်ပျက်နေမှန်းမသိပေ။

“ခင်ဗျားပြောစရာရှိတာဆက်ပြောလေ။ ငါ မနှောင့်ယှက်ပါဘူး”

“မင်းသမီး မင်းငါ့ကို ငြင်းချင်တယ်ဆိုလျှင်တောင် ဒီလို တရုတ်သူရဲဘောကြောင်ကောင်ကို မရွေးသင့်ဘူး” သူ၏ မျိုးရိုးအနေအထားက ဖန့်ကြွယ်ယွီကို ခြိမ်းခြောက်နိုင်မည်ဟု ဂျီးနက်စ်ထင်သည်။

ဘုရင်မကြီးနှင့် ဖန့်ကြွယ်ယွီက ရင်းနှီးသော်လည်း ဖန့်မိသားစု၏အနေအထားက အလွန်မကြီးကျယ်လောက်ပေ။

“မင်း ဘာစကားပြောလိုက်တာလဲ” ဖန့်ကြွယ်ယွီက နောက်ကို ပြန်လှည့်လာပြီးမေးသည်။

သူက ဂျီးနက်စ်နှင့် မင်းသမီးကြားဝင်မပါလိုပေ။ သို့သော် “တရုတ်သူရဲဘောကြောင်ကောင်”ဟု မှတ်ချက်ပြုခြင်းက သူ့အား ဒေါသထွက်စေသည်။

“မင်းကို သူရဲဘောကြောင်ကောင်လို့ပြောတာကွာ။ မင်းတင်မကဘူး မင်းတို့တရုတ်တွေအားလုံးအတူတူပဲ။ အဲ့တော့ ဘာြဖစ်ချင်လဲ”

မင်းသားတစ်ပါးဖြစ်သော်ငြား ဂျီးနက်စ်သည် စစ်တပ်ထဲတွင် နှစ်နှစ်ကြာနေခဲ့ဖူးသည်။ ထို့ကြောင့် သူက စစ်သားတစ်ဦး၏ ပုံစံရှိပြီး ရန်ဖြစ်ဖို့ ဝန်မလေးပေ။

“ငါ့ကို မင်းပြောခဲ့တာတွေအတွက် ပြန်ပြီးတောင်းပန်။ အဲ့တာဆို ခွင့်လွှတ်ပေးမယ်” ပုံမှန်အချိန်ဆို ဖန့်ကြွယ်ယွီ ထထိုးမိလိမ့်မည်။ ယခုအချိန်မှာ အချင်းများကြပါက ဘုရင်မကြီးနှင့် မိတ်ပျက်မှာဆိုးသည်။

“မင်းကိုများ ငါက တောင်းပန်ရမယ် ဟုတ်လား” ဂျီးနက်စ်ဘက်က တောင်းပန်မည့် အရိပ်အယောင်မပေါ်ပေ။ မင်းသမီးက သူနှင့် ရင်းနှီးသည့်ပုံစံနေပြကတည်းက ဖန့်ကြွယ်ယွီကို မကြည်နိုင်တော့ပေ။

“ဖန့်ကြွယ်ယွီ မလုပ်နဲ့” ဟုဆိုပြီး မင်းသမီးက သူ့ကိုတားသည်။

“ဂျီးနက်စ်က တပ်ထဲမှာ နှစ်နှစ်တောင်နေလာတာ။ ရှင်သူနဲ့ မယှဉ်နိုင်ဘူး”

“ငါက သူနဲ့ရန်ဖြစ်မယ်လို့ပြောလို့လား” သူ့ခန္ဓာကိုယ်က နှစ်ဆနီးပါး ကြံ့ခိုင်လာသော်ငြား ဂျီးနက်စ်လိုမျိုး စစ်မှုထမ်းထားသူနှင့် မယှဉ်နိုင်ပေ။

“ငါက နိုင်ငံကြီးသားပါ။ အဲ့တော့ နိုင်ငံကြီးသားပီပီပဲ ပြသနာကိုရှင်းမယ်”

ဖန့်ကြွယ်ယွီက ဖုန်းကိုထုတ်ပြီး ကျွမ်းရီဆီဆက်သည်။

“အမရီ မေးစရာရှိလို့။ဆိုင်းလုခ် နိုင်ငံမှာ အရှားပါးဆုံး အရာက ဘာလဲ”

“ဆိုင်းလုခ်နိုင်ငံက သွင်းကုန်အများကြီးဝင်တယ်။ အဲ့ထဲမှာအရှားပါးဆုံးဆိုရင်….ရေနံပဲ ဖြစ်မယ်။ ဘာလို့လဲ”

“ဘာမှ မဟုတ်ပါဘူး။ အဲ့နိုင်ငံက မင်းသားတစ်ပါးက ပြသနာရှာနေလို့လေ။ ငါ့ဘက်က ရေနံသွင်းကုန်ဖြတ်ဖို့ကြံနေတာ အဆင်ပြေလောက်လား”

သူ့မှာ တကမ္ဘာလုံးရှိစွမ်းအင်ကဏ္ဍကိုလွှမ်းမိုးချုပ်ကိုင်ထားသော မိထွေးတစ်ဦးရှိတာ သတိရမိသည်။

“အဲ့လုပ်ငန်းက မစ္စစ် ဟိုက်ဝေ့ကိုင်တာဆိုတော့ သူ့ကိုတိုက်ရိုက်ဆက်သွယ်ကြည့်ဖို့လိုတယ်”

“ဘယ်လို ကျွန်တော့်အဖေက နိုင်ငံခြားသူနဲ့လည်း ပတ်သက်တာပဲလား”

“ဟိုက်ဝေ့က အိုက်စလန်နိုင်ငံသူပါ။ မစ္စတာဖန့်ဟွိုက်နဲ့ သူမက အော်ရိုရာအလင်းတန်းတွေကြည့်ရင်း ဆုံခဲ့ကြတာ” ဟု ရှောင်းရီကရှင်းပြသည်။

“ဟုတ်ပြီလေ။ အဲ့တာဆို ငါပဲ သူ့ကိုဆက်သွယ်လိုက်မယ်”

………

ဆော်ဒီနိုင်ငံနန်းတော်ထဲတွင် ဆော်ဒီဘုရင် ရီဘန်းက အထူးပုဂ္ဂိုလ်တစ်ဦးကို ဧည့်ခံနေသည်။ ကမ္ဘာပေါ်တွင် ရေနံအထွက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်တာမို့ နိုင်ငံက အလွန်ချမ်းသာကြွယ်ဝသည်။

သို့သော် ဆော်ဒီနိုင်ငံကို လွန်ခဲ့သောရာစုနှစ်များထဲက ပိုင်ဆိုင်သော အရှင်သခင်တစ်ဦးရှိခဲ့တယ်ဆိုတာ သိပ်မသိကြပေ။

ထိုပိုင်ရှင်အကြောင်းကို ဆော်ဒီမိသားစုအချင်းချင်းပဲ လက်ဆင့်ကမ်းပြောဆိုခဲ့ကြသည်။ ထိုသူက ရာစုနှစ်ပေါင်းများစွာထဲက ဆော်ဒီမြေကို သိမ်းပိုက်ခဲ့သော အရှေ့တိုင်းသားတစ်ဦးဖြစ်သည်။ သို့သော် ထိုလူက ဆော်ဒီမြေကို တစ်ခါမှ ပြန်မလာတော့ပေ။

ကြွယ်ဝချမ်းသာမှုကိုအကြောင်းပြပြီး စစ်မက်ဖြစ်ပွါးကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က မြေပိုင်ရှင် ပြန်လာခဲ့သည်။ ထိုအချိန်မှစပြီး ဆော်ဒီတွင် စစ်ရေးစစ်ရာကိစ္စရပ်များ အကုန်တိတ်ကုန်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ယနေ့ပွဲမှာရှိနေသော အထူးဧည့်သည်တော်အမျိုးသမီးကြောင့်ဖြစ်သည်။

“မစ္စတာရီဘန်း..စွံပလွံယိုက အရမ်း အရသာရှိတာပဲ”ဟိုက်ဝေ့က အနောက်တိုင်းအမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုရှိသောပုံစံဖြင့် ဆိုသည်။

“မစ္စစ်ဟိုက်ဝေ့သဘောကျတယ်ဆို အပြန်လက်ဆောင်ထည့်ပေးလိုက်ပါဦးမယ်။ ပြီးတော့ ဒီနိုင်ငံက ပစ္စည်းတွေက ခင်ဗျားအပိုင်ပါပဲ”

“ဟား အဲ့တာဆိုလည်း မငြင်းတော့ပါဘူးရှင်”

ဟိုက်ဝေ့က ဟင်းပွဲများကို အားပါးတရသုံးဆောင်နေသော်လည်း အမျိုးသားတစ်ဦးကို စိတ်ထဲမှနေပြီး ကျိန်ဆဲနေမိသည်။

“ဒီလူက အမြဲပြသနာတွေရှာပြီး ငါပဲ ဒိုင်ခံဖြေရှင်းနေရတာ စိတ်တိုလာပြီ”

ထိုအချိန်တွင် သူမထဲ ဖုန်းဝင်လာသည်။

ကူးရီလိုပုံစံရှိသော သူမ၏ သက်တော်စောင့်အမျိုးသမီးက “မစ္စစ်ဟိုက်ဝေ့ ..ဖုန်းဝင်လာပါတယ်”

“ဘယ်သူဆက်တာလဲ။ငါစိတ်တိုနေလို့ မကိုင်ချင်ဘူး”

“အထူးနံပါတ်က ဆက်တာပါ”

“ဟင်ဟုတ်လား”

သူတင်မကဘဲ အခြားအမျိုးသမီးများကိုလည်း ဖန့်ဟွိုက်က ဖုန်းနံပါတ်တစ်လုံးပေးခဲ့သည်။

“ကြည့်ရတာ ဒီကောင်လေး အခက်တွေ့နေပြီထင်တယ်”

“ဟဲလို” ဟု သူမပြန်ဖြေသည်။ ပုခက်အတွင်း အနှီးထုပ်လေးနှင့် နေနေသော ဖန့်ကြွယ်ယွီ၏ ပုံကိုမြင်ယောင်လာသည်။

“မားမား..ကျွန်တော့်ကို လူတစ်ယောက်က အနိုင်ကျင့်နေတယ်”

စာစဉ်ပြီး၏

All Chapters