- အလီပေးတွင် ရရှိသော ကိုးယွမ်
Vol. 9 Ch. 111
လမင်းသံသရာသီချင်းသည် ချင်မင်းဆက်က ပေါ်ထွန်းခဲ့သော ကဗျာတစ်ပုဒ်ကို မှီငြမ်းပြီး သီကုံးဖွဲ့သီထားခြင်းဖြစ်သည်။
ဖန့်ကြွယ်ယွီက သံစဉ်ကို ရှေးခေတ်ပုံစံတီးခတ်စေတာမို့ တရုတ်သီချင်းစစ်စစ်အရသာတစ်ခု ပေးစွမ်းနိုင်သည်။
ကောရှင်းယွီ၏ သာယာချိုမြိန်သောအသံ၊ ကောင်းမွန်သောသီဆိုမှု နှင့် ဂီတပိုင်းဆိုင်ရာပံ့ပိုးမှုများကြောင့် ဒိုင်လူကြီးမင်းများက ချက်ချင်းဆိုသလို သဘောကျနှစ်ခြိုက်သွားသည်။ ပွဲခင်းထဲမှာ သို့ တီဗီမှတဆင့် နားဆင်နေသော ပရိတ်သက်များလည်း လှပသောအချစ်ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရသလိုမျိုးဖြစ်နေသည်။
“နားဝင်ချိုလိုက်တာ..သီချင်းထဲမှာ စီးမျောသွားတယ်”’
“သီချင်းက ကောင်းလိုက်တာ။ ငါ ရှင်းယွီကို အရမ်းသဘောကျသွားပြီ။ အရင်ဘဝက သူမရဲ့ မိုက်ခရိုဖုန်းဖြစ်ခဲ့ပုံရတယ်”
“ဥက္ကဌဖန့်က သီချင်းလည်းရေးနိုင်တာလား။ သူက ဘက်စုံတော်တာပဲ”
“အနုပညာပွဲဦးထွက်သီချင်း”
“ငါ ဒီသီချင်းကို ဘယ်မှာနားဆင်နိုင်မလဲ။ ဒီညမှာ ဒီသီချင်းထပ်နားမထောင်ရဘူးဆို ငါ အိပ်မပျော်တော့ဘူး”
ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သတ်မှတ်ခြင်းသည် ဒိုင်လူကြီးများနှင့် ပရိတ်သက်များပေးသည့် မဲဖြင့် ဆုံးဖြတ်ကြသည်။ ကောရှင်းယွီက မဲပေါင်းများစွာရရှိပြီး ပထမပြိုင်ပွဲဝင်သုံးဦးကို အသာလေးကျော်တက်သွားသည်။
“မယုံနိုင်စရာပဲ” VIPနေရာမှကြည့်နေသော ဖန့်ကြွယ်ယွီက ကြောင်အမ်းအမ်းဖြစ်နေသည်။ ဤသီချင်းက နာမည်ကြီးမည်ဆိုတာ သိသော်ငြား ဤမျှလောက် ဖြစ်လိမ့်မည်ဟု မတွေးထားပေ။ liveလွှင့်ခြင်းမှာလည်း မှတ်ချက်ပေါင်းများစွာ ပလူပျံနေသည်။
ထိုသီချင်းကို မည်သည့်နေရာမှ ဒေါင်းလုတ်လုပ်လို့ရမလဲဆိုတာ အသည်းအသန် ရှာဖွေနေကြသည်။ သို့သော် ကောရှင်းယွီက မနေ့ကမှ သီချင်းအသံသွင်းပြီးခဲ့သဖြင့် မည်သည့်ဂီတပလက်ဖောင်းတွင်မှ မရနိုင်သေးပေ။
“ပိုက်ဆံဘယ်လောက်ပဲကုန်ကုန် လမင်းသံသရာသီချင်းကို ဒေါင်းလုတ်လုပ်ချင်ပါတယ်”
“ငါ့အခန်းဖော်က သူမသေခင်လေး ဒီသီချင်းကိုကြားသွားချင်တာ”
ပြိုင်ပွဲသည် ဘမ်ဘူးပလက်ဖောင်းမှတစ်ဆင့် ထုတ်လွှင့်သဖြင့် live လွှင့်နေစဉ်အတွင်း မိမိပေးချင်သလောက် ပမာဏကို ပေးနိုင်သည်။ ကောရှင်းယွီ၏ အကောင့်ကိုလည်း ယခုထိမဖျက်ရသေးပေ။ ရုတ်တရက်ဆိုသလို နေရာအနှံ့မှ ဆုချီးမြှင့်ငွေများရောက်ချလာသည်။ ထိုငွေများဝင်လာသဖြင့် သူ၏ကုမ္ပဏီငွေစာရင်းလည်းများပြားလာမည်ကို တွေးမိပြီး ဝမ်ချုံးပျော်နေမိသည်။
“ဟားဟား..ဖန့် ဒီသီချင်းကိုဂီတပလက်ဖောင်းတွေပေါ်တင်ပြီးရောင်းမယ်ဆို မင်းတို့ကောင်တွေ တကယ်အများကြီးရမှာသေချာတယ်”
“ဟာ မဖြစ်နိုင်တာ” ဖန့်ကြွယ်ယွီက နဂိုတည်းက သီချင်းမှ ပိုက်ဆံရဖို့ မတွေးထားပေ။
“ဒီလိုတွေ ပိုက်ဆံတွေဝင်နေမယ်ဆို ဘယ်လိုလုပ်ရပါ့မလဲ”
သူ၏ စကားကိုကြားပြီး ဝမ်ချုံးလည်း အံ့ဩရပြန်သည်။ ဤကမ္ဘာမှာ မည်သူကများ ပိုက်ဆံဝင်လာမည်ကို စိုးရိမ်ကြသနည်း။
“ကဲ..အကြိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့နောက်မှာတော့ ချန်ပီယံဆုကို ကြေညာပါတော့မယ်”
အစီအစဉ်တင်ဆက်သူက စင်မြင့်ထက်ကို တက်လှမ်းလာသည်။
“ခုဆိုရင် ပြိုင်ပွဲဝင်လေးဦးရဲ့ နောက်ဆုံးရလဒ်တွေ ကျွန်တော့်လက်ထဲမှာရောက်နေပါပြီ”
အမှန်တော့ မည်သူဆုရမလဲဆိုတာ လူအုပ်ကြီး၏ အားပေးမှုကိုကြည့်ပြီး သိသိသာသာ မှန်းဆနိုင်သည်။
“ဘမ်ဘူးနောက်ဆုံးတေးသွားပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားသူကတော့ ပွဲခင်းလာပရိတ်သက်များ၏ နှစ်ဆယ့်ငါးသိန်းကျော် မဲပေးမှုနှင့်အတူ ပြိုင်ပွဲဝင် အမှတ်၆ ကောရှင်းယွီပဲဖြစ်ပါတယ် ခင်ဗျာ”
“ဝိုးး” ပြိုင်ပွဲကျင်းပရာနေရာရှိပရိတ်သတ်များအားလုံးက ဝိုင်းဝန်းပြီး ချီးကျူးထောပနာပြုကြသည်။
နောက်လာမည့်အစီအစဉ်သည် ကံစမ်းမဲနှိုက်ပေးခြင်းဖြစ်သည်။ ဂျက်လေယာဉ်စီးနှင့်လိုက်ပါခွင့်ရရှိသူ ဆယ်ဦးနှင့် ကိုယ်ပိုင်ကျွန်းကို နှစ်နှစ်ဆယ်ကြာ အသုံးပြုခွင့်ကို မဲဖောက်ပေးသည်။
ဖန့်ကြွယ်ယွီက မည်သူက ကံစမ်းမဲပေါက်လဲဆိုတာ စိတ်မဝင်စားတော့ပေ။ သူက အဝတ်လဲခန်းကို အလျင်အမြန်ပြေးသွားသည်။ ကောရှင်းယွီကလည်း သူအလာကို မျှော်နေရှာသည်။ သူက ကောရှင်းယွီကိုပွေ့ချီပြီး အကြိမ်ပေါင်းများစွာ ပတ်ချာလည်လှည့်လိုက်သည်။ ပထမဆုရသည့် ကောရှင်းယွီနှင့် ထပ်တူထပ်မျှ သူလည်းပျော်နေမိသည်။
“ငါတို့ရဲ့ အနာဂတ်ကြယ်ပွင့်လေး..ဒီနေ့မင်းအရမ်းတော်တာပဲ”
“ရှင်ရေးပေးတဲ့ သီချင်းကောင်းလို့ပါ။ အဲ့သီချင်းကို ကျွန်မထက်ပိုကောင်းအောင်ဆိုနိုင်မဲ့လူလည်း ရှိချင်ရှိမှာ။ လမင်းသံသရာသီချင်းကို ဒီလောက်ထိအားပေးကြလိမ့်မယ်လို့ မမှန်းထားတာ”ဍ
“ဟား..လူတွေက အဲ့သီချင်းကို ဒေါင်းလုတ်လုပ်ချင်နေကြပြီ။ သေချာတယ် ဒီသီချင်းပေါက်ပြီ”
“တင်းး အလီပေးကိုးယွမ်ဖြတ်ပိုင်း”
“တင်းး အလီပေးကိုးယွမ်ဖြတ်ပိုင်း”
ရုတ်တရက်ဆိုသလို ကောရှင်းယွီ၏ ဖုန်းထံသို့ ငွေလက်ခံရရှိကြောင်း မက်ဆေ့ချ်များ
အဆက်မပြတ်ဝင်လာသည်။
ခဏခဏဝင်လာသဖြင့် ဖုန်းအားကုန်သွားပြီး ဖုန်းပါပိတ်သွားရသည်။
တခဏအကြာမှာ ဖန့်ကြွယ်ယွီ၏ ဖုန်းထံသို့ ငွေလက်ခံရရှိကြောင်း မက်ဆေ့ချ်များ ဝင်လာပြန်သည်။
ဘာလို့ ပိုက်ဆံတွေရုတ်တရက်ဝင်လာရတာလဲ။
တစ်ယောက်ယောက်များ ငွေလက်ခံသည့် ကုဒ်ကို တစ်နေရာရာမှာ တင်လိုက်လို့များလား။
“ဘာလဲ..ဘာတွေဖြစ်နေတာလဲ” ဟုဆိုပြီး ဖန့်ကြွယ်ယွီမျက်လုံးများပင် ပြူးလာသည်။
“ကျွန်မလည်း မသိဘူး”
“ခဏလေး အမရီကို မေးကြည့်လိုက်ဦးမယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူကတော့သိမှာပဲ” ကျွမ်းရီက ကုမ္ပဏီကိစ္စအဝဝကို စီမံရသဖြင့် ဖန့်ကြွယ်ယွီက ကုမ္ပဏီအကြောင်း ဘာမှစိတ်မဝင်စားပေ။
သူ့ဖုန်းကကိုင်ထားဖို့ အလွန်ပူလာသည်။ ထို့ကြောင့် သူက တခြားလူဖုန်းကိုငှါးပြီး ကျွမ်းရီကိုဖုန်းခေါ်သည်။
“အမရီ ရှင်းယွီနဲ့ ကျွန်တော့်ရဲ့ အလီပေးက ဘယ်လိုဖြစ်တာလဲ”
“သခင်လေး လမင်းသံသရာသီချင်းကို ထျန်းရီဂီတပလက်ဖောင်းကို ပရိုမိုးရှင်းအတွက် ရောင်းပေးခဲ့ပါပြီ။ သီချင်းကနေရလာတဲ့ ဝင်ငွေကိုပြန်ပြီးခွဲဝေပေးတာပါ။ သီချင်းရဲ့တန်ကြေးက ဆယ့်ရှစ်ယွမ်ဖြစ်တာမို့ အဆိုရှင်နဲ့တေးရေးက တစ်ဝက်စီရမှာပါ”
“ဒါဆို ဒီပိုက်ဆံတွေက ဒီသီချင်းကရတာလား”
“ဟုတ်ပါတယ် လွန်ခဲ့တဲ့ ငါးမိနစ်ကမှ သီချင်းကို ထျန်းရီပလက်ဖောင်းပေါ်တင်ပေးလိုက်တာပါ။ ဒါကြောင့်မို့ အခုချိန်မှာ ပိုက်ဆံပေးပြီး ဒေါင်းလုတ်လုပ်သူတွေများနေတာပါ”
“အမလေး ဘုရားရေ”
ဒီနှုန်းအတိုင်းသာဆို သူ၏ တစ်ညဝင်ငွေက သန်းနှင့်ချီပြီး သို့ တစ်ဘီလီယံနီးပါးရှိလာမည်။
ဘာကြောင့်များ ပိုက်ဆံဖြုန်းရန် ခဲယဉ်းရတာလဲ။
လမင်းသံသရာသီချင်း၏ အောင်မြင်မှုသည် အနှိုင်းအဆမဲ့ဖြစ်သည်။ သီချင်း ထုတ်လွှင့်ပြီး သုံးနာရီအကြာတွင် ကော်ပီပေါင်း ၁.၂ သန်းရောင်းချပြီးဖြစ်သည်။ ထိုပမာဏကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ တချို့ပရိတ်သက်များကရှင်းယွီကို အားပေးလိုသောကြောင့် အကြိမ်ပေါင်းများစွာဝယ်ယူကြသည်။
ဖန့်ကြွယ်ယွီ၏ ကျေးဇူးဖြင့် ကောရှင်းယွီလည်း နေ့ချင်းညချင်း မီလီယံနာဖြစ်လာသလို ပရိတ်သက်အခိုင်အမာလည်းရရှိခဲ့သည်။
“ဒါက ၁၈ ယွမ်ပဲလေ။ ဒီလိုသီချင်းကောင်းတွေအတွက် ဆုချီးမြှင့်တယ်လို့ပဲ မှတ်ပါတယ်”
“ဒီနေ့ညမှာ မစ္စတာဖန့်နဲ့ ရှင်းယွီက ပိုက်ဆံလက်ခံရရှိတဲ့ မက်ဆေ့ချ်တွေပဲ ရနေမှာ သေချာတယ်”
“ဟား အပေါ်က မန့်ပိုင်ရှင်က စဉ်းစားတတ်တယ်။ ဒါပေမဲ့ တစ်ယောက်ကို ကိုးယွမ်ဆီရမှာပေါ့”
“မစ္စရှင်းယွီက နောက်ထပ်သီချင်းထပ်ထုတ်ဖို့ စောင့်နေပါတယ်။ ဘာတွေပဲဖြစ်ဖြစ် အားပေးနေပါ့မယ်”