← Chapters

မွေးနေ့လက်ဆောင်

Vol. 9 Ch. 114

မွေးနေ့လက်ဆောင်

Vol. 9 Ch. 114

ဘုရင်မကြီး၏မွေးနေ့သည် သုံးရက်နေမှကျင်းပမှာဖြစ်သည်။ မွေးနေ့ပွဲမတိုင်ခင်တွင် မိတ်ဆုံစားပွဲတစ်ခုကျင်းပသည်။ တော်ဝင်မိသားစုဝင်များသာမက နာမည်ကြီးအနုပညာရှင်များစွာတက်ရောက်ကြသည်။

ထိုမိတ်ဆုံစားပွဲသည် ဆန်ယာမှာကျင်းပခဲ့သည့်ပွဲနှင့် ယှဉ်လို့မရပေ။ ထိုပွဲတွင် နာမည်သိပ်မရသော အနုပညာရှင်များလည်းတက်ရောက်နိုင်သည်။ သို့သော် ယခုမိတ်ဆုံစားပွဲတွင် နိုင်ငံတကာနာမည်ကြီးသော ရုပ်ရှင်သရုပ်ဆောင်များသာ တက်ရောက်ရန် ဖိတ်ကြားခံရသည်။

ဖန့်ကြွယ်ယွီက အထူးဧည့်သည်တော်တစ်ဦးဖြစ်သည်။ အင်္ဂလန်တော်ဝင်မိသားစုဝင်တစ်ဦးကို သူ့အားလာကြိုရန် စီစဉ်ထားသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်သည်။

သူ၏ ကိုယ်ပိုင်လေယာဉ်ကွင်းကိုဆင်းသက်လာသော လေယာဉ်သည် ဘိုးရင်း ၇၄၇ မော်ဒယ်လေယာဉ်တစ်စီးဖြစ်ပြီး အရင်တစ်ခေါက်ကလေယာဉ်နှင့် အတူတူပင်ဖြစ်သည်။

“ဒီလေယာဉ်က အရင်တစ်ခေါက်ကဟာနဲ့အတူတူပဲမလား” မည်သည့်ကွာခြားချက်ကိုမှ သူရှာမတွေ့နေပေ။

“မဟုတ်ပါဘူး။ လေယာဉ်တွေကိုပြင်ပကိုယ်ထည်ပိုင်းကနေကြည့်ရင်တော့ အတူတူပဲလေ” ဟု ကျွမ်းရီက ပြန်ဖြေရင်း ရယ်မောသည်။

“မစ္စတာဖန့်ဟွိုက်ရဲ့ လေယာဉ်တွေအားလုံးမှာ အတွင်းဒီဇိုင်းက ထူးခြားတယ်။ ဒီလေယာဉ်ရဲ့ အတွင်းဒီဇိုင်းက ရှေးခေတ်တရုတ်ကာလကိုကိုယ်စားပြုတယ်။ သစ်သားကိုအများဆုံးပြုပြီး ဖွဲ့စည်းတည်ဆောက်ထားတာမို့ ကုန်ကျစရိတ်အရဆို ဒေါ်လာသန်း၃၀ရှိတယ်ဆိုတော့ အရင်တစ်ခေါက်က လေယာဉ်ထက်ပိုပြီးစျေးမြင့်တယ်”

“အင်း တစ်ချက်လောက်ကြည့်လိုက်ပါဦးမယ်လေ” တရုတ်စတိုင်ပြင်ဆင်ထားသော အတွင်းခန်းကို သူတစ်ခါမှ မမြင်ဖူးပေ။

“ဪ ဒါနဲ့ လေယာဉ်အဖွဲ့သားတွေနဲ့အရင်ဦးဆုံးမိတ်ဆက်ပေးရဦးမယ်လေ။ သူတို့အားလုံးက တရုတ်လူမျိုးတွေချည်းပဲ” ကျွမ်းရီက အဝေးမှ တဖြည်းဖြည်း လျှောက်လှမ်းလာသော အဖွဲ့ကို ညွှန်ပြသည်။

“အင်း..ငါ သူ့ကိုသိတယ်။ ဒီတရုတ်လူမျိုးလေယာဉ်မှူးကို ငါသိတယ်” ဖန့်ကြွယ်ယွီက ထိုလူကို ချက်ချင်းမှတ်မိသည်။

သူ့ကို တရုတ်နိုင်ငံထုတ် မဂ္ဂဇင်းများစွာတွင် မြင်ဖူးသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က တရုတ်လေယာဉ်တစ်စင်းသည် မတော်တဆဖြစ်ရပ်တစ်ခုနှင့်ကြုံတွေ့ခဲ့ရသည်။ ထိုအဖြစ်အပျက်သည် ချင်းဟိုင်- တိဗက်ကုန်းပြင်မြင့်ကို ဖြတ်သန်းချိန်တွင် လေယာဉ်များက လေဖိအားနိမ့်သောအချိန်နှင့် အပူချိန်နိမ့်ကျမှုကို ကြံ့ကြံ့ခံပြီးဖြတ်ကျော်ခဲ့ရသည်။

လေယာဉ်မှူးက လေယာဉ်ကိုမြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့သဖြင့် လေယာဉ်ပေါ်ရှိခရီးသည်များစွာ၏ အသက်ကိုကယ်တင်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် သူ့အား သူရဲကောင်းတစ်ဦးသဖွယ်တင်စားပြောဆိုကြသည်။

“ကပ္ပတိန် လျှိုချွမ်ရှုံးကို စျေးကြီးပေးပြီး ငှါးခဲ့ရတာ”

“ဒီတစ်ခေါက်လေယာဉ်အတွက် ကုန်ကျစရိတ်က ယွမ်ငါးသန်းရှိတယ်”

“ပေးရတာတကယ်တန်ပါတယ်”

ဖန့်ကြွယ်ယွီအတွက် ပိုက်ဆံက အရေးမကြီးပေ။ သူသာ လေယာဉ်မောင်းနှင်ပါက ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရပြီဖြစ်သည်။

ဆန်ယာကပြန်လာချိန်တွင် ရာသီဥတုကမကောင်းနေပေ။ ကပ္ပတိန် ဖူတိုလီယာသည် ရုရှားတိုက်လေယာဉ်မှူးဖြစ်သည်။ သူက ဝိုင်ကိုမူးနေအောင် သောက်ထားလျှင်တောင်မှ လေယာဉ်ကို ကောင်းကင်ထက်တွင် အသာလေးပျံသန်းပြနိုင်သည်။ သို့သော် ဖန့်ကြွယ်ယွီက ကြောက်ဒူးတုန်နေမိသည်။

ဒါတင်မကသေးဘဲ လေယာဉ်ပျံသန်းချိန်တွင် လေဖိအားမငြိမ်ပေ။ ဖူတိုလီယာမောင်းသည့်ပုံစံက လေယာဉ်ချင်းမတိုက်မိတာမှ တော်သေးသည်ဟု ဖန့်ကြွယ်ယွီထင်မြင်မိသည်။

မျှမျှတတပြောရမည်ဆို သူ လေယာဉ်မောင်းသည့် ပုံစံက တကယ့်ထိပ်တန်းဖြစ်သည်။ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး လေဖိအားကျနေသည့်တိုင် လေယာဉ်က ငြိမ်သက်စွာ ပျံသန်းနေဆဲဖြစ်သည်။

ထိုအချိန်မှစပြီး ကပ္ပတိန်ဖူတိုလီယာကို မယုံရဲတော့ပေ။ ထို့ကြောင့် သူက ဝမ်ချုံးကို လွယ်လွယ်ကူကူဖြင့် လေယာဉ်ငှါးလိုက်ခြင်းဖြစ်သည်။

“အမရှောင်းရီ ကပ္ပတိန်လျှိုကို ငှါးပေးပါလား။ ဖူတိုလီယာက လေယာဉ်မောင်းကြမ်းတမ်းနေလို့ ငါကြောက်နေတာ” ဟု ဖန့်ကြွယ်ယွီက အနားကို ကပ်ပြောသည်။

“လွယ်တော့မလွယ်ဘူး သခင်လေး။ ယာယီအငှါးစာချုပ်ပဲချုပ်ဆိုနိုင်တယ်။ တကယ်လို့ လေယာဉ်နဲ့သွားရမယ်ဆို အခေါက်တိုင်း သူတို့ကိုရအောင်ငှါးမယ်လေ”

“လေယာဉ်စထွက်ပါပြီရှင်”

လေယာဉ်မယ်ခေါင်းဆောင်က တခြားလေယာဉ်မယ်များထက် အသက်ကြီးပုံရသည်။

ဤလေယာဉ်ပျံသန်းမှုသည် အရေးကြီးပုဂ္ဂိုလ်အတွက်ဟု လေကြောင်းလိုင်းက သူတို့ကို အသိပေးခဲ့သည်။ သူတို့ရရှိသော လုပ်အားခသည် နှစ်နှစ်စာလစာနှင့်ညီမျှသည်။ ဤ လေယာဉ်ပေါ်တွင် ပါရှိသော ဝန်ထမ်းများသည် ရုပ်ရည်သွင်ပြင်လှရုံသာမက ပရော်ဖက်ရှင်နယ်အရလည်း ကျွမ်းကျင်သူများဖြစ်ကြသည်။

ဤလေယာဉ်မှာ လိုက်ပါလာသူသည် အင်္ဂလန်ဘုရင်မကြီး၏ မွေးနေ့ပွဲနှင့် မိတ်ဆုံစားပွဲကိုတက်ရောက်မည်ဟူသော ကောလဟလကိုလည်း

ကြားဖူးခဲ့ကြသည်။

“ဟဲလို လူကြီးမင်းဖန့် ငါက ကပ္ပတိန်လျှိုချွမ်ရှုံးပါ။ လိုရာခရီးကို ချောချောမွေ့မွေ့ ပို့ဆောင်ပေးပါ့မယ်”

“ဟုတ်ကဲ့ အားကိုးပါတယ် ကပ္ပတိန် လျှို”

ဖန့်ကြွယ်ယွီက လေယာဉ်အမှုထမ်းများကို သေချာလက်ဆွဲနှုတ်ဆက်သည်။

ကပ္ပတိန်လျှိုက အင်တာနက် သိပ်မသုံးသူမို့ မသိပေ။သို့သော် ယနေ့အတွက် ခရီးသည်က နာမည်ကြီး ဥက္ကဌ ဖန့် ဖြစ်နေတာကို မျက်ဝါးထင်ထင်တွေ့ရသဖြင့် အလွန်အံ့ဩကြသည်။

“တကယ့်ကို တရုတ်စတိုင်ပါလား”

လေယာဉ်ထဲကိုဝင်သောအခါ သစ်သားနံ့သင်းသင်းလေးက စီးကြိုနေသည်။ ပရိဘောဂများကို သစ်သားဖြင့် ပြင်ဆင်ထားသောကြောင့် တရုတ်ပုံစံအတိုင်းဖြစ်သည်။

ဒါ့အပြင် ကပ္ပတိန်လျှို၏ လေယာဉ်မောင်းသည့်ပုံစံက လူအများကိုစိတ်လုံခြုံစေသည်။

“ဒါလေးက ဒီနှစ်မှ အသစ်ထွက်တဲ့ လက်ဖက်ရည်ကြမ်းပါ။ သုံးဆောင်ပါဦးရှင့်”

“ကျေးဇူးတင်ပါတယ်”

“အမရီ ဘုရင်မကြီးအတွက် လက်ဆောင်တွေအသင့်ဖြစ်ပြီလား”

“အဆင်သင့်ပါပဲ”

ကျွမ်းရီသည် မနက်ထဲက လက်ဆွဲသေတ္တာတစ်လုံးကို ကိုင်ထားသည်။

“ပန်းထိမ်ဆရာတွေကို ၁၅ရက်အတွင်းအပြီးရဖို့ မနည်းလောပေးထားလို့ တော်ကာကျမှာ။ မနေ့က နေ့လည်ကမှ ဒီသရဖူပြီးတာ”

ဖန့်ကြွယ်ယွီက ထိုလက်ဆွဲသေတ္တာကိုဖွင့်ချိန်တွင် ဖန့်ကြွယ်ယွီအပါအဝင်လူအများစုက မျှော်လင့်စောင့်ဆိုင်းနေကြသည်။

အလွန်တရာလှပသော သရဖူတစ်ခုဖြစ်သည်။ နှင်းဆီပန်းများ၊ ပန်းခက်ပန်းနွယ်များဖြင့် အလှဆင်ထားပြီး များပြားလှစွာသော စိန်နှင့်ရတနာများစီခြယ်ထားသည်။

“သခင်လေး..ဒီသရဖူကို စိန်၊ ပလက်တီနမ်၊ ရှားပါးကျောက်များစွာနဲ့ ဖန်တီးထားတာပါ။ အတိအကျဆို စိန်ပွင့်ပေါင်း ၁၃၃၃ပွင့်ပါတယ်။ ရှားပါး စိန်ပွင့် ၁၂ပွင့်လည်းပါတယ်။ သရဖူထိပ်မှာတပ်ထားတဲ့ ၂၉၄ကာရက် ပန်းရောင်စိန်က မနှစ်ကမှ ထွက်တာ။ အောက်ခြေမှာလည်း ရတနာပစ္စည်းပေါင်းများစွာပါပါတယ်”

“ဒါဆို ဒီသရဖူက ဘယ်လောက်တန်လဲ”

“ခန့်မှန်းအရဆို သန်း ၉၀၀လောက်တန်တယ်”

“ဗြိတိန်ပေါင် ငွေကြေးနဲ့ သန်း၉၀၀လား”

“ဟုတ်ပါတယ်”

ကောရှင်းယွီကို သူပေးခဲ့သောလည်ဆွဲသည် ဒေါ်လာ ၃၅သန်းသာ တန်ကြေးရှိသည်။ ရှင်းယွီအတွက် ဤသရဖူနီးပါး စျေးကြီးသော လည်ဆွဲကို ပေးရမည်။

လေယာဉ်သည် အင်္ဂလန်တော်ဝင်လေဆိပ်ကို အချိန်မှန်ဆိုက်ရောက်လာသည်။ ဖန့်ကြွယ်ယွီက လူအမြင်တင့်တယ်စေရန် အဝတ်အစားများကိုလဲနေသည်။

“ငါ ဒီမှာရက်ကြာကြာနေဖြစ်ဦးမှာ။ ဒါကြောင့်မို့ အားလုံးလည်း ပိတ်ရက်ရတဲ့အတိုင်း

ပျော်ပျော်ပါးပါး လျှောက်လည်ကြလေ”

“အမရီ အလုပ်နားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပြောပြထားဦးနော်။ သူတို့ ဒီမှာ သက်တောင့်သက်သာနေပါစေ”

“ဟုတ်ကဲ့ သခင်လေး သေချာမှာလိုက်ပါ့မယ်”

“ဒါနဲ့ ငါ့ကိုဘယ်သူလာကြိုမှာလဲ။ တော်ဝင်မင်းသားလား”

“မင်းသမီး ဆီယက်တယ် လာကြိုမှာပါ”

“သခင်လေး မင်းသမီးဆီယက်တယ်က အင်္ဂလန်တော်ဝင်မိသားစုမှာဆို နှစ် ၁၀၀၀အတွင်း အလှဆုံးအမျိုးသမီးလို့ သတ်မှတ်ထားကြတယ်။ သူ့မှာရည်းစားမရှိသေးဘူး”

All Chapters