မစ္စ..အဲ့လိုမလုပ်ပါနဲ့
Vol. 9 Ch. 115
“နှစ်တစ်ထောင်ဟုတ်လား”
“ငါတို့ အိမ်နီးချင်းနိုင်ငံမှာတောင် ကမ္ဘာ့အလှဆုံးအမျိုးသမီးတွေ ရှိတယ်ဆိုပြီး နှစ်ပေါင်းများစွာကြွားဝါလာကြတာ။ တကယ်တော့ သေချာကြည့်မယ်ဆို အချောဆုံးလူတွေက ခြေတံလည်း မစင်း၊ သွားလည်းမညီဖြစ်နေကြတာ။ ငါတို့တရုတ်နိုင်ငံရဲ့ အလှအပ စံသတ်မှတ်ချက်က မတူတာဖြစ်မယ်”
“သခင်လေး မှားနေပြီ။ မင်းသမီး ဆီယက်တယ်က တကယ့်ရှားပါးအလှလေးပါ” ကျွမ်းရီက မင်းသမီးနှင့် လူချင်းမဆုံဖူးသော်ငြား အွန်လိုင်းပေါ်မှာတော့ ထိုသတင်းများက ပလူပျံနေသည်။ “သူမငယ်ငယ်လေးထဲက ကလေးအဝတ်အစားတွေ ကြော်ငြာပေးဖို့ကမ်းလှမ်းခံရတယ်။ အသက်ကြီးလာတော့ ဗစ်တိုးရီးယားဆီးကရက် ရှိုးပွဲမှာလျှောက်ပေးဖို့ အနုပညာကြေးအမျာကြီးပေးပြီး စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တာ။ ဒါပေမဲ့ သူက အဲ့တာတွေကို အာရုံမရပါဘူး”
“အင်း သူမကအတော်လေးလှလို့လည်းနေမှာပါ” ဖန့်ကြွယ်ယွီက အဖေတူသားမဟုတ်ပေ။ သူ့အဖေ ဖန့်ဟွိုက် လုပ်ခဲ့သလိုမျိုး မိန်းမမရှုပ်လိုပေ။
“သခင်လေးကြည့်ရတာ သူမအကြောင်းသိပ်မသိတဲ့ပုံပဲ”
“မင်းသမီးကို လက်ဆက်ချင်တဲ့လူတွေလာကြလွန်းလို့ အဖြူရောင်နန်းတော်ရဲ့ လှေကားထစ်တွေတောင် ကျိုးလုမတတ်ဖြစ်သွားရတယ်။ သူမကို လာကမ်းလှမ်းတဲ့လူတွေက အနိမ့်ဆုံးအဆင့် မင်းသားတွေဖြစ်ရင်ဖြစ် မဟုတ်ရင်တောင်မှ ပိုင်ဆိုင်မှုက အနိမ့်ဆုံး ဒေါ်လာသန်း၁၀၀ ရှိရမယ်။ အဲ့လိုအနေအထားမှ မဟုတ်ဘူးဆို အိမ်မက်တောင်မက်လို့မရဘူး”
“အဲ့တာကြီးကတော့ လွန်တာပေါ့” တစ်ခါတုန်းက အင်္ဂလိပ်မင်းသမီးတစ်ဦးက အင်္ဂလန်တော်ဝင်မင်းသား၏ လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းပယ်ခဲ့သည်ဟု သူကြားဖူးခဲ့သည်။
“မနှစ်ကပဲ ဒူဘိုင်းမင်းသားလေးက လက်ထပ်ခွင့်တောင်းချင်လို့ဆိုပြီး ကိုယ်ပိုင်လေယာဉ်နဲ့လာတာ။ ရေနံမြေပိုင်ဆိုင်မှုတွေနဲ့တင်တောင်းခဲ့တာ။ဒါပေမဲ့ မင်းသမီးလေးက သူ့ကိုအတွေ့တောင်မခံဘူး။ သူမက ဘယ်လောက်တောင် ချဉ်းကပ်ရခက်လဲဆိုတာစဉ်းစားကြည့်လေ”
“အဲ့တော့” ကျွမ်းရီနောက်ဆက်ပြောမည့်စကားကို သူအနည်းငယ်ခန့်မှန်းမိသည်။
“မင်းသမီးလေးက ဒီနေ့ လေဆိပ်မှာသခင်လေးကိုလာကြိုဖို့ သဘောတူခဲ့တာဆိုတော့ သခင်လေးအပေါ် စိတ်ဝင်စားလို့ပဲဖြစ်ရမယ်”
ကျွမ်းရီကရယ်မောရင်း” သခင်လေးသာတောင်းဆိုမယ်ဆို မင်းသမီးလေးက တရုတ်ပြည်ကိုတောင် အတူတူပြန်လိုက်လာဦးမှာ”
“ဟ.သူက သွားချင်တယ်ဆိုဦးတော့ ငါက လက်မခံပါဘူး” သူ့မှာကောရှင်းယွီရှိနေပြီးဖြစ်တာမို့ မင်းသမီးကိုခေါ်လာပါက ရှင်းယွီအပေါ်အပြစ်လုပ်မိသလို ခံစားရမည်။
“သူမက လက်ဖက်ရည်ကြမ်းတို့ ရေတို့တိုက်မဲ့ အိမ်ဖော်လိုမျိုးလုပ်နိုင်တယ်ဆို ခေါ်သွားမှာပေါ့”
“ဟား..သခင်လေးက တွေးရဲတယ်နော်”
“ပိုင်ရှင်ရဲ့ ခုလိုပုံစံကိုကြည့်ပြီး နှစ်ပေါင်းများစွာက ဘိုးဘေးကိုတောင် သတိရမိတယ်”ဟု ရှောင်းရီကဆိုသည်။
“အင်း ဆိုပါဦး”
“ဘာမှတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ကျော်က ပိုင်ရှင်ရဲ့ဘိုးဘေးတစ်ဦးဖြစ်တဲ့ ဖန့်ကျူးက နိုင်ငံအတွက် သူ့ပိုင်ဆိုင်မှုတွေကို သုံးခဲ့တယ်။ တရားရုံးက ပိုက်ဆံလိုလည်း သူ့ဆီကလာချေးတာပဲ။ အဲ့အချိန်တုန်းက သူ့အိမ်မှာဆို မင်းသမီးတွေနဲ့ တော်ဝင်မိသားစုကဆင်းသက်ခဲ့သူတွေက အိမ်အကူလုပ်ခဲ့ရတာ”
“ဟား။ တကယ်ကြီးလား”
“ဟုတ်တယ်။ ဒါကြောင့်မို့ ပိုက်ဆံက ဒုတိယဘုရားသခင်လို့ဆိုတာပေါ့”
ဖန့်မိသားစုက ခပ်အေးအေးနေထိုင်သော မိသားစုဆိုတာ ဘုရင်မကြီးက အသိဆုံးဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးက တော်ဝင်မိသားစုဝင်တစ်ဦးကို အကူအညီတောင်းကာ ဖန့်ကြွယ်ယွီကို လာကြိုခိုင်းလိုက်ရသည်။
ဖန့်မိသားစုနှင့် အင်္ဂလန်တော်ဝင်မိသားစုသည် အလွန်ရင်းနှီးခဲ့ကြသည်။ အင်္ဂလန်နိုင်ငံသည် စီးပွါးရေးကျပ်တည်းမှုကြီးနှင့် ရင်ဆိုင်နေရချိန်တွင် ထိုအခက်အခဲကိုကျော်လွှားနိုင်ရန် ဖန့်မိသားစုက သူတို့၏အဆက်အသွယ်များကို အကူညီတောင်းကာဖြေရှင်းပေးခဲ့ရသည်။
ဖန့်မိသားစု၏ အာဏာပါဝါကို ယနေ့ခေတ်လူငယ်အများစုက မသိပေ။ တော်ဝင်မိသားစု လူကြီးများကသာ သူတို့၏ အစွမ်းကိုနားလည်သည်။
ဖန့်ကြွယ်ယွီက လေယာဉ်ပေါ်ကဆင်းသောအခါ အဝေးတစ်နေရာမှာတွင် လူပေါင်းများစွာ ဝိုင်းရံထားသော မင်းသမီးလေးကိုတွေ့ရသည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော သက်တော်စောင့်များက သူမကို ထီးမိုးပေးထားကြသည်။
မင်းသမီးဆီယက်တယ်သည် တကယ့်အလှပဂေးလေးဖြစ်သည်။ အရှေ့တိုင်းမှလာသော အလှပရေးရာစံသတ်မှတ်ချက်မှုက သူမ၏ အလှသည် အနောက်တိုင်းအမျိုးသမီးများအတွက် စံပြအလှတစ်ခုဖြစ်နေသည်။
သူမက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏အလှကပေါ်လွင်နေသည်။ သူမ၏ အသားရည်မှာ ဝင်းဝါစိုပြေနေသည်။ သူမ၏ မျက်နှာကျများမှာ အချိုးညီလှသည်။ ရွှေအိုရောင်ဆံနွယ်လေးကို အနောက်ဘက်ကို ဖြန့်ချထားသည်မှာ အလွန်ပင်ကျက်သရေရှိလှသည်။
“တွေ့လား ကျွန်မပြောတယ်နော်” ဟုကျွမ်းရီကဆိုသည်။
“ဒါပေမဲ့ ငါ့ရှင်းယွီက ပိုလှပါတယ်”
“ဟိုမှာလာနေတဲ့လူက ဖန့်မိသားစုရဲ့ဆက်ခံသူပေါ့” မင်းသမီး ဆီယက်တယ်သည် ဖန့်ကြွယ်ယွီ၏ ချောမောလှပသည့် မျက်နှာသွင်ပြင်ကြောင့် အံ့အားသင့်ရသည်။
ယခင်တုန်းက သူမကို လက်ထပ်ခွင့်တောင်းသော မင်းသားများနှင့် သူဌေးကြီးများက သူမ၏အလှစံသတ်မှတ်ချက်နှင့် တစ်ယောက်မှမကိုက်ပေ။
သူမက ဖန့်ကြွယွီ ဘယ်သူလဲဆိုတာ မသိခဲ့ပေ။ သူ့ကိုလာကြိုရန် ဘုရင်မကြီးက အချိန်နီးကပ်မှပြောခဲ့သည်။ တော်ဝင်မိသားစုနှင့် ရင်းနှီးသောအထူးဧည့်သည်တော်တစ်ဦးကို သွားကြိုပေးရန်သာပြောသည်။
သူမနှင့် ဖန့်ကြွယ်ယွီတို့နှစ်ဦးသား မေတ္တာမျှခဲ့လျှင်လည်း တော်ဝင်မိသားစုအတွက် ကောင်းချီးတစ်ခုဖြစ်လာပေမည်။
မင်းသမီးအနေနှင့် ဘုရင်မကြီးကိုယ်တိုင် တလေးတစားဆက်ဆံရသော ထိုအရှေ့တိုင်းသားက ဘယ်လိုလဲဆိုတာ သိချင်လာသည်။
“မင်းသမီး ဆီယက်တယ် မင်္ဂလာပါ။ ငါက ဖန့်ကြွယ်ယွီပါ ။ တရုတ်ပြည်ကလာပါတယ်” ဟု ဆိုသည်။
“ဟဲလို မစ္စတာဖန့်ရဲ့ အင်္ဂလိပ်စကားပြောအရမ်းကောင်းနေမယ်လို့ မထင်ထားဘူး”
ရှောင်းရီက သူ့ကို ပွဲလာခါနီး အင်္ဂလိပ်စကားပြောနှင့်ပတ်သက်ပြီး အပြင်းအထန်လေ့ကျင့်ပေးသဖြင့် အဆင်ပြေခဲ့သည်။
“ကျွန်တော်က အင်္ဂလန်ကိုအခုမှ ရောက်ဖူးတာပါ။ ဘုရင်မကြီးက မင်းသမီးကို လာကြိုခိုင်းတယ်ဆိုတဲ့ သတင်းကြားလို့ လက်ဆောင်လေးပြင်လာခဲ့ပါတယ်။ မင်းသမီးလေးကြိုက်မယ်လို့မျှော်လင့်ပါတယ်”
“ဒါကတော့ မင်းသမီးလေးအတွက် သခင်လေးရဲ့လက်ဆောင်မွန်ပါ” လှပသော နားစွဲတစ်စုံထည့်ထားသော ဗူးသေးသေးလေးကို ကျွမ်းရီက ပြသသည်။
“အပိုလိုစိန်ပြာနဲ့ အားတီးမစ်စိန်ပန်းရောင်” မင်းသမီးဆီယက်တယ်က ထိုနားဆွဲကို
ကောင်းကောင်းမှတ်မိသည်။
ထိုနားစွဲတွင် စိန် ၁၄.၅၄ ကာရက်နှင့် ၁၆ကာရက်ပါဝင်သည်။ လွန်ခဲ့သော နှစ်နှစ်က ဆွစ်ဇာလန်နိုင်ငံရှိ လေလံပွဲတွင် ဒေါ်လာသန်း၆၀ဖြင့် တရုတ်သူဌေးတစ်ဦးလေလံအောင်ခဲ့သည်။ စိန်ပြာသည် ကမ္ဘာ့စိန်များ၏ ၁% လောက်သာ တွေ့ရပြီး အပြစ်အနာအဆာကင်းမဲ့သော ရှားပါးစိန်တစ်မျိုးဖြစ်သည်။
ထိုနားဆွဲများကို ဖန့်မိသားစုက လေလံအောင်ခဲ့ပြီး ယခုအခါသူမကို ဒေါ်လာသန်း ၆၀တန်လက်ဆောင်ပြန်ပေးသည်။
ယခုမှသာ ဘုရင်မကြီးက ဖန့်ကြွယ်ယွီအပေါ် ဘာကြောင့်အလေးထားရလဲဟူသော အကြောင်းကိုရှာတွေ့ခဲ့သည်။
“ဘာများဖြစ်လို့လဲ မင်းသမီးလေး သဘောမတွေ့လို့လား”
သူမက စိတ်လှုပ်ရှားလွန်းပြီး နားဆွဲထည့်ထားသော ဘူးကို ဖွင့်တာတောင် လက်ချော်နေသဖြင့် ဘူးက သူမလက်ထဲမှ လွတ်ကျသွားသည်။
သူမက ဘူးကို လှမ်းဆွဲလိုက်သောအခါ အရှိန်မထိန်းနိုင်ဘဲ ဟန်ချက်ပျက်ပြီး အရှေ့ကိုလဲကျသွားသည်။
သို့သော် ဖန့်ကြွယ်ယွီက သူမကို အချိန်မီ ဖမ်းဆွဲလိုက်နိုင်သလို နားဆွဲကိုလည်း ဖမ်းလိုက်နိုင်သည်။
“ဟမ်” မင်းသမီး ဆီယက်တယ်လည်း ချက်ချင်းရှက်သွေးဖြာလာသည်။ သူမက ဖန့်ကြွယ်ယွီ၏ ရင်ခွင်ထဲရောက်နေသည်။
“မင်းသမီးလေး အဆင်ပြေရဲ့လား”