နောက်ထပ်ရည်းစား တစ်ယောက် လိုချင်သေးလား
Vol. 9 Ch. 117
နှစ်နာရီကြာစီးနင်းပြီးသည့်နောက်တွင် ဖန့်ကြွယ်ယွီတို့သည် အဖြူရောင်နန်းတော်ကြီး၏ ဂိတ်တံခါးဆီသို့ရောက်လာသည်။ ဘုရင်မကြီးက သူတို့အဖွဲ့ရောက်လာမည်ကို အပြင်မှာထွက်စောင့်နေသည်။
ဘုရင်မကြီးက အလွန်အသက်ကြီးနေပြီဖြစ်သော်လည်း ခေတ်ရှေ့ပြေးသည်ဟု ဆိုရမည်။ သူမက ခရမ်းဖျော့ရောင် ဝတ်စုံကိုဝတ်ထားပြီး ပန်းရောင် သိုးမွေးအနွေးထည်တစ်ထည်ကိုဝတ်ဆင်ထားပြီး ပန်းရောင်ဦးထုပ်ဆောင်းထားသည်။
အမျိုးသမီးများက အသက်ကြီးလေလေ ပန်းရောင်ကိုပိုပြီးနှစ်သက်လေလေဖြစ်မည်။ ယနေ့ခေတ်တွင် ကောင်မလေးငယ်ငယ်လေးများက အနက်ရောင်ကို တရှိုက်မက်မက် ဝတ်ဆင်လာကြသည်။
“သူက အသက်သာကြီးပေမဲ့ ငါ့ကိုလာပြီး ထွက်ကြိုနေသေးတာပဲ။ အသက်ကြီးတဲ့လူအတွက် ဒုက္ခများပါတယ်လေ”
ဘုရင်မကြီးက သူ့ကိုလာပြီး နှုတ်ဆက်မည်ကိုစောင့်မနေတော့ပေ။ သူက ကားထဲမှ မြန်မြန်ဆန်ဆန်ထွက်ပြီး ဘုရင်မကြီးကို လာပြီးနှုတ်ဆက်သည်။
ဖန့်ကြွယ်ယွီကို မြင်သောအချိန်တွင် သူ၏အဘိုးကို ငယ်ရွယ်သည့်ပုံစံဖြင့်မြင်နေရသလို ဘုရင်မကြီးခံစားလိုက်ရသည်။ဘုရင်မကြီးသည် သူ၏ အဘိုးကို မြင်မြင်ချင်းပင် မေတ္တာသက်ဝင်မိသည်။သို့သော် ကံမကောင်းစွာဖြင့်ပင် သူ၏အဘိုးက ဘုရင်မကြီးကို စိတ်မဝင်စားပေ။
“ဘုရင်မကြီး ရီရှား…ခုလိုအပြင်ကိုထွက်ပြီးကြိုဆိုပေးတဲ့အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဖန့်ကြွယ်ယွီက လူကြီးလူကောင်းဆန်ဆန် ပြုမူကာ ဘုရင်မကြီးကို ခပ်ဖွဖွလေးဖက်သည်။
“ဖန့်ကြွယ်ယွီ ဟားဟားဟား”ဘုရင်မကြီးက အားပါးတရရယ်မောသည်။ “မင်းကိုမတွေ့ရတဲ့ အချိန်လေးအတွင်းမှာ ဒီလောက်တောင်ကြီးလာတာပေါ့လေ။ ဪ နှစ် နှစ်ဆယ်ဆိုတာ မျက်တောင်တစ်ခတ်ပါပဲလား။မင်းက တည်ကြည်ခန့်ညားတဲ့လူကြီးပေါက်စလေးတောင် ဖြစ်နေရောပေါ့။ အဖေနဲ့ရော အဘိုးနဲ့ရောချွတ်စွပ်ပါလား”
“ဘုရင်မကြီး ကျွန်တော့်ကို အရင်က တွေ့ဖူးတာလား ခင်ဗျာ။ ဘုရင်မကြီးက ကျွန်တော့်အဘွားအရွယ်ဆိုတော့ ဖန့်ကလေးလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ”
“ဒါပေါ့ မင်းငယ်ငယ်တုန်းက မင်းမိဘတွေက ဒီကိုခဏခဏလာတယ်လေ။ သူတို့လာတဲ့အခါတိုင်း မင်းကိုခေါ်လာနေကျ” အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပဲ ခံစားနေရသည်။
“ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်းမိဘတွေက သာမန်ဘဝပဲနေချင်တယ်ပြောလို့ အဆက်အသွယ်တွေပြတ်ကုန်ကျတာ”
“ဪ အဲ့လိုကိုး”သူငယ်စဉ်ကလေးဘဝတုန်းက အင်္ဂလန်တော်အိမ်ရာများကို
ရောက်ခဲ့ဖူးလားဆိုတာ တွေးနေမိသည်။
“မင်းက တကယ့်ရွှတ်နောက်နောက်ကလေးတစ်ဦးဖြစ်ခဲ့တာ။ တစ်ခါတုန်းကမှတ်မိသေးတယ်။ မင်းသား ဂူဒေါအိမ်တော်ကို အလည်လာတုန်းက မင်းက သူ့ရဲ့ဂုတ်အပေါ် ခွတက်ထိုင်ပြီး သေးပေါက်ချခဲ့သေးတာ။ မင်းအဖေ ဖန့်ဟွိုက်ကတောင် မင်းကိုဆူနေသေးတာ”
“ဝိုး ကျွန်တော်ကတော်တော်လေးဆိုးခဲ့တာပဲ” သို့သော် တော်ဝင်မင်းသားတစ်ပါး၏ ဂုတ်အပေါ် ခွတက်ပြီး သေးပေါက်ချဖို့ဆိုတာ တော်ရုံကလေးတစ်ဦးမလုပ်နိုင်ပေ။
“ဟား ပိုင်ရှင်က တကယ့်ကို အမွှေစိန်လေးဖြစ်ခဲ့တာပဲ”
“နောက်ထပ်ရှိသေးတယ် အဖြူရောင် နန်းတော်မှာ ညစာစားကြတုန်းကလည်း မင်းက ဖယောင်းတိုင်တစ်ချောင်းကို တိုက်မိပြီး ရှေးဟောင်းပန်းချီကားတွေ မီးလောင်ခဲ့သေးတယ်။”
“ပြီးတော့ ဘာဆက်ဖြစ်လဲ”
“မင်း အဖေက ဆုံးရှုံးသွားတဲ့ တန်ဖိုးရဲ့ ဆယ်ဆပြန်ပေးလျော်ခဲ့တယ်”
“ကျွန်တော့်အဖေကတော့ တကယ့်ကို လိုက်ရှင်းပေးရတာပဲ”
“လာ အထဲဝင်ကြစို့လေ။ အပြင်မှာနည်းနည်းအေးတယ်။ မင်းတို့အအေးမိကြလိမ့်မယ်”ဟု ဆိုကာ ဘုရင်မကြီးက သူတို့ကို အိမ်တော်ထဲဝင်စေသည်။
အချိန်ကွာခြားချက်ကြောင့် အင်္ဂလန်မှာညနေအချိန်အခါ ဖြစ်နေပြီးဖြစ်သည်။ ဘုရင်မကြီးက အလွန်ခမ်းနားသော ညစာစားပွဲတစ်ခုကို ပြင်ဆင်ထားသည်။ ကျွမ်းရီကတော့ သူနှင့် ကူးရီလောက် မသန်မာပေ။ ထို့ကြောင့် ခရီးပန်းသည်ဟုဆိုပြီး အခန်းထဲဝင်နားနေလေတော့သည်။
ဘုရင်မကြီးက ညစာစားပွဲတွင် သူ့ဘေးနားမှာထိုင်ပြီး သူ့လက်ကလေးကို ခပ်ဖွဖွလေးဆုပ်ကိုင်ထားသည်။
“မင်း ဘာကြိုက်တတ်လဲတော့ ငါမသိဘူး။ ဒါပေမဲ့ ငါ့စာဖိုးမှူးတွေက တရုတ်ဟင်းလျာတစ်ချို့ပြင်ထားပေးတယ်။ မင်းကြိုက်နှစ်သက်မှာပါ”
“ရပါတယ် အဆင်ပြေပါတယ်ခင်ဗျာ။ ကျွန်တော်က အစားအသောက်မရွေးဘဲအကုန်စားတာပါ”
တော်ဝင်ညစာစားပွဲတစ်ခုတွင် အရေးကြီးပုဂ္ဂိုလ်တစ်ဦးအနေနှင့် ဆက်ဆံခံရခြင်းက စိတ်ထဲနေရခက်စေသည်။
“မင်းတို့ကို တရုတ်ပြည်က လာတဲ့ဧည့်သည်တော်နဲ့ မိတ်ဆက်ပေးပါရစေ” ဟု ပြောကာ ဘုရင်မကြီး၏ မျက်နှာအမူအရာ အနည်းငယ်ခက်ထန်လာသည်။
ထိုသို့ပြောလိုက်သည်နှင့် တီတိုးပြောဆိုနေကြသော တော်ဝင်မျိုးနွယ် မင်းသား၊ မင်းသမီးများအားလုံး အသံတိတ်ကုန်ကြသည်။
တော်ဝင်မိသားစုတွင် ဘုရင်မကြီး၏ အာဏာသည် ပြိုင်ဘက်ကင်းဖြစ်သည်။
“ဒီက ဧည့်သည်တော်ရဲ့ အမည်က ဖန့်ကြွယ်ယွီ။ သူတို့ရဲ့ ဖန့်မိသားစုနဲ့ အင်္ဂလန်တော်ဝင်မိသားစုဆိုတာ နှစ်ပေါင်းများစွာရင်းနှီးလာခဲ့ကြတာ။ ဖန့်မိသားစုက ငါတို့ကို အမြဲလိုလို အကူညီပေးခဲ့တာ။ ငါတို့ရဲ့ မိတ်ဆွေကောင်းတွေပေါ့။ ဒါကြောင့်မို့ သူအင်္ဂလန်မှာရောက်နေတုန်း သူ့ကို တလေးတစားဆက်ဆံကြပါ”
မိတ်ဆက်စကားပြောပြီးနောက် ဘုရင်မကြီးသည် တော်ဝင်မိသားစု တစ်ဦးချင်းစီအား သူနှင့်မိတ်ဆက်ပေးသည်။
“လူလေးဖန့်..ဒါက မင်းသားဝီလျံပါ။ သုံးဆယ့်ခုနှစ်နှစ်ရှိပြီ။
ဒါကတော့ မင်းသမီးကီဗရာ..သူက အသက်၂၅နှစ်ရှိပြီ။ ခုထိ ရည်းစားမရသေးဘူး”
ဘုရင်မကြီးက မင်းသမီးလေးများကို မိတ်ဆက်ပေးချိန်တွင် ရည်းစားရှိမရှိ အိမ်ထောင်ကျမကျကို ထည့်ပြောပေးသဖြင့် မင်းသမီးလေးများက မျက်နှာပူလာကြသည်။
“ဒါနဲ့ ဖန့်ကလေး..မင်းက ကျောင်းတက်နေတုန်းလို့ ငါကြားမိတယ် ဟုတ်လား”
“ဟုတ်ကဲ့ခင်ဗျ။ နောက်ဆုံးနှစ်ရောက်ပါပြီ”
“ဒါဆို ခုထိအိမ်ထောင်မကျသေးဘူးပေါ့”
“ဟုတ်ကဲ့”
“ဒါဆိုအတော်ပဲ။ ကောင်းလိုက်တာ” ဟုဆိုကာ ဘုရင်မကြီးက လက်ခုပ်ထတီးသည်။ ဖန့်ကြွယ်ယွီအဘိုးအင်္ဂလန်သို့ လာလည်ချိန်တွင် လူပျိုဆိုပါက သူမနှင့်သေချာပေါက် လက်ထပ်လိမ့်မည်။
“ငါ့ရဲ့ မင်းသမီးလေးတွေကို ဘယ်လိုသဘောရလဲ”
“ဟုတ် မင်းသမီးလေးတွေက တော်ဝင်သွေးအပြည့်ပါသူတွေမို့ ချောမောလှပပြီး အစစအရာရာပြီးပြည့်စုံပါတယ်”
ဘုရင်မကြီးဘာဆက်ပြောမလဲဆိုတာ သူသိနေသည်။
“ဟား..မင်းသဘောကျတယ်ဆို ငါ့မင်းသမီးလေးတွေထဲက မင်းသဘောကျနှစ်သက်တဲ့လူနဲ့ ငါလက်ထပ်ပေးမယ်။ ဘယ်လိုလဲ။ နှစ်ဖက်မိသားစုလည်း ပိုပြီးရင်းနှီးကျွမ်းဝင်တာပေါ့”
မင်းသမီးလေးများအားလုံးမျက်လုံးအပြူးသားဖြစ်ကုန်ကြသည်။ သူတို့ကို ဘုရင်မကြီးက ဆင့်ခေါ်ပြီး ဖန့်မိသားစုအကြောင်းပြောပြသည်။
ထို့အပြင် ဖန့်ကြွယ်ယွီ၏ ပုံစံသည် ဥရောပအလှအပသတ်မှတ်ချက်နှင့် ကိုက်ညီသဖြင့် မင်းသမီးအများစုအတွက် သူသည်သင့်လျော်သောကြင်ယာဖက်ဖြစ်နိုင်သည်။
“ခုလိုစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရင်မကြီးခင်ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာ ချစ်သူရှိပါတယ်ခင်ဗျာ” သူက ထိုသို့ပြန်ဖြေချိန်တွင် သူ့ကိုဝိုင်းကြည့်နေကြသော မင်းသမီးလေးများ၏ အကြည့်ခပ်ပြင်းပြင်းများကို ခံစားမိသည်။
“ဪ နှမြောစရာပဲ”
ဘုရင်မကြီး၏ အမူအရာက ချက်ချင်းဆိုသလို မင်းသမီးဆီယက်တယ်ကို မြင်ရချိန်တွင် ပြန်လည်အသက်ဝင်လာသည်။
ထို့အပြင် ချစ်သူကောင်မလေးသည် ဇနီးမယားနှင့် အနေအထားမတူနေပေ။ မင်းသမီး ဆီယက်တယ်၏ ချောမောလှပမှုကို ဖန့်ကြွယ်ယွီတစ်ယောက် ငြင်းဆန်နိုင်မည်မဟုတ်ပေ။
ဘုရင်မကြီးက ချက်ချင်းပြုံးပြီး” ရည်းစားလေးဘာလေး အသစ်မထားချင်ဘူးလား။ ဒါမှမဟုတ် နောက်ထပ်ကောင်မလေးတစ်ယောက် ထပ်ထားမလား”