← Chapters

ငါ့ရဲ့ ဘိုးဘေးတွေကဘယ်လိုပျော်အောင်နေရမလဲဆိုတာ သိသားပဲ

Vol. 9 Ch. 118

ငါ့ရဲ့ ဘိုးဘေးတွေကဘယ်လိုပျော်အောင်နေရမလဲဆိုတာ သိသားပဲ

Vol. 9 Ch. 118

“ဟားဟား..မင်းသမီးလေးတွေကို ပိုင်ရှင်နဲ့လက်ထပ်ပေးဖို ကြံစည်နေတဲ့ ဘုရင်မကြီးက စိတ်ရောမှန်ရဲ့လား”

“ငါ့အတွေးထဲမှာတော့ မင်းသမီးဆီယက်တယ်က အရမ်းလှပလွန်းတယ်။ မင်းက သူ့ကိုဘာကြောင့်မရွေးချယ်တာလဲ”

“မင်းပါစပ်ကိုပိတ်ထား”

ဖန့်ကြွယ်ယွီက ဘုရင်မကြီးစီစဉ်ပေးသော မိတ်ဆုံစားပွဲကို စိတ်ရှည်စွာ တက်ရောက်သည်။ဘုရင်မကြီးက ပလက်တီနမ်နန်းတော်ကြီးအား သူ့ကိုလိုက်ပြရန် မင်းသမီးဆီယက်တယ်အား တာဝန်ပေးသည်။ ထိုနန်းတော်ကြီးအတွင်းရှိ ရတနာများသည် ပြတိုက်မှာရှိနေသော ရတနာများလောက် မလျော့ပေ။

တစ်နာရီကြာလိုက်လံကြည့်ရှုပြီးနောက် မင်းသမီးက သူ့အား အခန်းဆီသို့ ခေါ်သွားသည်။လာရာလမ်းတစ်လျှောက်တွင် မင်းသမီးက စကားတစ်ခွန်းမျှ မပြောပေ။ သူမ၏ စိတ်ထဲဘာတွေတွေးနေလဲဆိုတာသိချင်လာသည်။

“ဒီမင်းသမီးက ငါ့ကိုမြင်မြင်ချင်း သဘောကျတာလား”

“ပိုင်ရှင် မင်းသမီးက သူ့ကိုဘာကြောင့်များ ကောင်းကောင်းမွန်မွန်မဆက်ဆံလဲဆိုတာသိချင်နေတယ်”

သူ၏ အတွေးထဲတွင် ကူရီ၏ အသံကိုကြားယောက်လိုက်ရသည်။

“ဟာ တယ်လီပသီ”ဖန့်ကြွယ်ယွီက ကူးရီကို တအံ့တဩကြည့်သည်။ကူးရီက သူ့ကိုပြန်ရယ်ပြသည်။

“သခင်လေး..ဒါက မထူးဆန်းပါဘူး။ စွမ်းအားရှင်တိုင်းက စိတ်ကိုဖတ်နိုင်စွမ်းရှိတယ်။”

“မင်းသမီးက ဘာတွေတွေးနေလဲဆိုတာ ချောင်းကြည့်နေတာ”

“ကျစ်..ငါက ဟိုမိန်းမနဲ့ ဘာကြောင့်ယှဉ်ပြိုင် နေရတာလဲ။”

ဖန့်ကြွယ်ယွီက ဘုရင်မကြီး၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ရသည့်အကြောင်းမှာ မင်းသမီးနှင့် သူက ဘယ်လိုမှ မလိုက်ဖက်ပေ။

“ကူးရီ ဒီညသတိထားပြီးအိပ်..သူ့ကိုငါ့အခန်းထဲမဝင်စေနဲ”

“အိမ်နဲ့အ‌ေဝးတစ်နေရာကိုရောက်နေတဲ့ လူက ကိုယ့်ကိုကိုယ်ကာကွယ်ရမည်။

“ဟားဟား ပိုင်ရှင်နောက်နေတာလား။ မင်းသမီးဆီယက်တယ်က တကယ့်အလှလေးနော်။ မစ္စတာဖန့်ဟွိုက်တောင် မိန်းမအများကြီးယူခဲ့သေးတာပဲ။ ကိုယ့်ကိုကို အရမ်းပင်ပန်းခံပြီး လူ့ဘောင်စံနှုန်းတွေနဲ့ ကိုက်ညီဖို့ အတင်းမလုပ်ယူပါနဲ့”

“ကူးရီ မင်းကိုရော ငါ့အဖေကလာဘ်ထိုးထားတာ မဟုတ်ဘူးမလား”

ဖန့်ကြွယ်ယွီက သူ့ကိုစိုက်ကြည့်သည်။ ကူးရီကဘာမှမပြောတော့ပေ။

“မစ္စတာဖန့် အခန်းရောက်ပါပြီ” မင်းသမီးက တံခါးဖြူကြီးရှိသော အိမ်ရှေ့တည့်တည့်မှာရပ်နေသည်။

“ကျွန်မအခန်းက ရှင်နဲ့ကပ်လျက်။ သိချင်တာတစ်ခုခုရှိခဲ့လျှင် အချိန်မရွေး လာမေးပါ”

“လိုအပ်လို့လား”

သူမက ဖန့်ကြွယ်ယွီတစ်ခုခုအကူအညီတောင်းမှာကို မျှော်လင့်နေပုံရသည်။

“သခင်လေး ဘေးကပ်လျက်ကအခန်းမှာ ကျွန်တော်နေပါ့မယ်။”ဟုပြောပြီး အခန်းထဲဝင်သွားပုံရရသည်။

သူ၏ အစွမ်းနှင့်ဆို ဖန့်ကြွယ်ယွီကို အချိန်မရွေးကာကွယ်ပေးနိုင်သည်။

“မစ္စတာဖန့် မနက်ဖြန်ဆို အရာရှိကြီးတွေ သူဌေးတွေ မိတ်ဆုံစားပွဲရှိတယ်။ မနက်က ဟိုဟိုဒီဒီလျှောက်သွားလို့ရတယ်။ ပွဲခင်းကို လေးနာရီအချိန်မီရောက်အောင် ပို့ပေးပါ့မယ်”ဟု မင်းသမီးဆီယက်တယ်က အကြံပြုသည်။

“အို မလိုပါဘူးခင်ဗျာ။ ကျွန်တော့်လုပ်ငန်းလေးတွေကို အချိန်ရလို့ သွားကြည့်မလားလို့။ မင်းသမီးကို ဒုက္ခမပေးချင်ပါဘူးဗျာ”

ဖန့်ကြွယ်ယွီမှာ အစီအစဉ်ရှိပြီးသားဖြစ်သည်။ပလက်တီနမ်နန်းတော်နှင့် လျန်းဟွာအုပ်စု၏ ရုံးချုပ်ကိုသွားရောက်လည်ပတ်မည်။

ဖန့်ကြွယ်ယွီက အလုပ်သင်ဆင်းတုန်းက လျန်းဟွာအုပ်စုထံဝင်ခွင့်ရရန် လျှောက်ထားခဲ့သော်ငြား ငြင်းခံခဲ့ရသည်။ ယခုတော့ သူ၏ဘဝသည် အလုပ်လျှောက်သူအနေအထားမှ ကုမ္ပဏီပိုင်ရှင်အဆင့်ကို တဟုန်ထိုး တိုးတက်လာခဲ့သည်။

ဖန့်ကြွယ်ယွီက အခန်းတံခါးကိုဖွင့်ပြီးနောက် “ကောင်းလိုက်တာ”ဟု အာမေဍိတ်ပြုမိသည်။

ဖန့်ကြွယ်ယွီသည် လေယာဉ်အတွင်းခန်းများနှင့် ခမ်းနားလှသောတိုက်ခန်းများစွာကို မြင်ဖူးသော်ငြား အခန်း၏ ဖွဲ့စည်းပုံက အလွန်တရာ ခမ်းနားဆန်းကြယ်ပေသည်။

အခန်းက လေးရာမီတာပတ်လည်ကျယ်ဝန်းပြီး ရွှေရောင်အသုံးအဆောင်ပစ္စည်းများ၊ အဆင့်မြင့်ပိုးသားလိုက်ကာများဖြင့် အလှဆင်ယင်ထားသည်။

အထူးဆန်းဆုံးက အိမ်သာကိုရွှေဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။

ထို့အပြင် အိပ်ရာပတ်လည်တွင် ရေကူးကန်လေးတစ်ခုရှိသည်။

“ဘယ်လူကများ ဒီလိုဒီဇိုင်းကို ဆွဲခဲ့တာပါလိမ့်” ဒီဇိုင်နာက အလွန်တရာချမ်းသာသော်လည်း လက်ရာညံ့သည်ဟု ဖန့်ကြွယ်ယွီထင်မြင်မိသည်။

“ပိုင်ရှင်ရဲ့အဘိုးကိုယ်တိုင်ပဲ ဒီဇိုင်းဆွဲပေးထားတာပါ။သူက ဒီပလက်တီနမ်နန်းတော်မှာ ဆောက်လုပ်ရေးလုပ်ဖို့ ငွေကြေးထောက်ပံ့ပေးခဲ့တာ။

“ဟားဟား မဆိုးပါဘူး။ ရွှေရောင်ရုပ်ထုတွေက သေချာကြည့်မယ်ဆို တကယ့်ကို ထူးခြားတာပါ”

သူ့အဘိုးက အသက်ရှင်နေဆဲဆိုတာ သူသိသည်။

“မင်းမိသားစုနဲ့ အင်္ဂလန်လာလည်တိုင်း ဒီအခန်းထဲမှာပဲ တည်းတာ”

“ဒါဆို ဒီအခန်းလို ဖြစ်အောင် ဖန်တီးဖို့ရွှေဘယ်လောက်လောက်ကုန်ကျသလဲ။

“ရွှေတန် ၄၀- နဲ့ကျောက်မျက်ရတနာများစွာ”

“သခင်လေးတို့က ရွှေတွင်းပိုင်တာပဲဟာ။အဲ့တာဆို ဘာတွေတွေးပူနေတာပါလိမ့်”

“ဟုတ်ပါပြီ” ဖန့်ကြွယ်ယွီက အခန်းတစ်ပတ်လိုက်ကြည့်သည်။ နံရံပေါ်ရှိ ပန်းချီကားချပ်များက မည်သူ့လက်ရာ

လဲဆိုတာ ဖန့်ကြွယ်ယွီက မသိပေ။

“ဟင် ဒီအခန်းလေးက ဘာကြီးလဲ” ရေချိုးခန်းနောက်တွင် လျှို့ဝှက်တံခါးပေါက်တစ်ချပ်ကိုတွေ့ရသည်။

“ပိုင်ရှင့်ကိုအကြံပေးချင်တာက အထဲကိုမဝင်သွားပါနဲ့.. ဒါက နည်းနည်း”

“ငါ့ဘိုးဘွားတွေကဘယ်လိုမျိုးပျော်အောင်လုပ်ရမလဲဆိုတာသိသားပဲ”ဟု ဆိုသည်။

All Chapters