မင်းယုံမှာမဟုတ်ဘူး
Vol. 9 Ch. 122
“မစ္စတာဟီတန် ကျွန်တော့်ကိုသိတာလား”ဖန့်ကြွယ်ယွီကအနည်းငယ်စိတ်လှုပ်ရှားမိသည်။ ဖောဘိစ် စာရင်းတွင်ပါသောသူများအားလုံးပေါင်းလျှင်တောင် သူ၏ ကြွယ်ဝမှုကို မယှဉ်နိုင်ပေ။ သူ့နာမည်က စာရင်းထဲမပါသဖြင့် တရုတ်ပြည်ပြင်ပနိုင်ငံများက သူ့ကိုမသိနိုင်ပေ။
“ဟား မစ္စတာဖန့်ရာ ခင်ဗျားနာမည်ကြီးတာကို မဖြစ်နိုင်ဘူးထင်နေတာလား။ ခင်ဗျားက နိုင်ငံခြားသတင်းထောက်တွေရဲ့ အစွမ်းကိုလျှော့တွက်တာပဲ။ တကယ်တော့ တရုတ်ပြည်က အကြောင်းဆို လူတွေကသိချင်နေကြတာ”
တရုတ်ပြည်ကလူအများစုသည် ကမ္ဘာအနှံ့အပြားတွင် ရှိနေကြသဖြင့် ထိုသူများထံမှ သဲလွန်စတစ်စုံတစ်ရာရနိုင်သည်။ ထိုလူတွေက နိုင်ငံခြားမှာရောက်နေသော်ငြား တရုတ်ပြည်တွင်းက ပွဲအခမ်းအနားများကို အာရုံစိုက်ကြသည်။
ထို့ကြောင့် ဖန့်ကြွယ်ယွီ၏ ဖြစ်ရပ်များက သူတို့ကို အံ့အားသင့်စေသည်။
တချို့သတင်းများက သာမန်လူများက မသိသော်ငြား ဟီတန်အတွက်ကတော့ ထိုသတင်းရဖို့ မခက်ခဲပေ။
“သတင်းကောင်းဆို သိချင်မှသိမှာ။ သတင်းဆိုးကျတော့ ပျံ့လွယ်တယ်လေ”
“မဟုတ်ပါဘူး မစ္စတာဖန့်လှူဒါန်းတာတွေကြးမိပါတယ်။ တရုတ်ပြည်က ပရဟိတအသင်းတွေကို လှူတာ ဘီလီယံ ၁၀၀ကျော်တယ်ဆို။ ခင်ဗျားက အတော်လေးကို ချမ်းသာတာပဲ”
သူလှူဒါန်းက တစ်ဘီလီယံပဲရှိလျှင်တောင်မှ သတင်းထောက်များက ချဲ့ကားပြောဆိုကြသည်။
ဖန့်ကြွယ်ယွီ၏ လှူဒါန်းမှုစုစုပေါင်းသည် ယွမ် ၂၂၀ဘီလီယံလောက်ဟု မစ္စတာဟီတန်က တွက်ချက်သည်။ ထိုပမာဏသည် ဒေါ်လာနှင့်ဆို ၃၁ဘီလီယံရှိသည်။
“ဟား ကျွန်တော်မကြွားချင်ပါဘူးဗျာ”
ဖန့်ကြွယ်ယွီလှူဒါန်းချိန်တုန်းက ထိုအကြောင်းကိုတစ်ခါမှ မစဉ်းစားဖူးပေ။
“နောက်တစ်ခါ ဖောဘိစ် မဂ္ဂဇင်းရဲ့စာရင်းထဲမှာ မင်းပါလာတော့မယ်”
“ဟမ် တကယ်ကြီး” ဖန့်ကြွယ်ယွီ အံ့ဩမှင်သက်ရသည်။
“မအံ့ဩနဲ့။မင်းလိုချမ်းသာတဲ့သူရှိတယ်ဆိုတဲ့ သတင်းရရင် မင်းရဲ့ချမ်းသာမှုကိုတွက်ချက်ပြီးတော့ ထုတ်ပြန်ကြလိမ့်မယ်”
“ဟား ကျွန်တော်တောင်ကိုယ့်ဘာသာကိုယ် ဘယ်လောက်ချမ်းသာလဲဆိုတာ မသိဘူး။ သူတို့တွက်နိုင်တယ်ဆို အံ့ဩစရာပဲ”
ထိုစကားမျိုးကို အခုမှ ကြားဖူးသဖြင့် ဟီတန်လည်း အံ့အားသင့်နေသည်။
ဒီကမ္ဘာမှာ လူတိုင်းက နာမည်မကြီးလိုပေ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော ဂျက်ဖ် ထက်ပိုပြီးချမ်းသာသော လူများရှိနိုင်သည်။ ဤတရုတ်လူမျိုးလည်း ဂျက်ဖ်ထက်ပိုပြီး ချမ်းသာနိုင်သည်။
တရုတ်ပြည်က ရှေးကျပြီး စိတ်ဝင်စားဖွယ်အတိရှိသော နိုင်ငံဖြစ်သည်။ ဟိုတစ်ခါလေလံပွဲတုန်းက ဆုံခဲ့ရသော တရုတ်လူမျိုးက သက်သေတစ်ခုပင်ဖြစ်သည်။
သို့သော် ထိုတရုတ်လူမျိုး၏ သားဖြစ်သူက ယခုသူ့ရှေ့တွင် ရှိနေသည်ဆိုသောအချက်ကို ဟီတန်မသိပေ။
“ဒါနဲ့ မစ္စတာဖန့်က ဘုရင်မကြီးနဲ့သိတာလား”
ဤပွဲကိုတက်ရောက်လာသူများသည် ဘုရင်မကြီးကိုယ်တိုင် ဖိတ်ကြားခြင်းခံခဲ့ရသည်။
“ဟုတ်ပါတယ် ကျွန်တော့်ဘိုးဘေးတွေက ဘုရင်မကြီးနဲ့ သိကြတယ်”
“ထင်တဲ့အတိုင်းပဲ မစ္စတာဖန့်တို့မိသားစုက နယ်နယ်ရရမဟုတ်ဘူးပဲ” ထို့ကြောင့်ပင် အသက် ၂၀အရွယ်လူငယ်လေးက အလွန်အမင်းချမ်းသာနေခြင်းဖြစ်သည်။
“ဒါက မစ္စတာဖန့် ပထမဆုံးတက်ဖူးတဲ့ မိတ်ဆုံစားပွဲလား”
“ခင်ဗျားသတိထားမိတယ်ဟုတ်လား” ဖန့်ကြွယ်ယွီက ရှက်သွားသည်။ သူက ပွဲအခမ်းအနားကြီးတွင် ဘယ်လိုပြုမူပြောဆိုရမလဲဆိုတာ သင်ထားသော်ငြား စိတ်ကလှုပ်ရှားနေဆဲဖြစ်သည်။
“ကျွန်တော်ကလည်း တစ်ယောက်ထဲလာတာဆိုတော့ အတူသွားကြတာပေါ့”
ဖန့်ကြွယ်ယွီနှင့် ခင်မင်ခွင့်ရပါက သူ့အတွက်ကောင်းကျိုးသာရှိပြီး ဆိုးကျိုးမရှိနိုင်ဟု ဟီတန်တွေးထားသည်။
“ရပါတယ်ဗျာ။ ကျွန်တော်လည်း အဆင်ပြေသွားတာပေါ့”
ပွဲအခမ်းအနားသည် ရဲတိုက်အလယ်ရှိ ဥယျာဉ်ငယ်လေးထဲမှာ ကျင်းပသည်။ ဘုရင်မကြီးက ၇နာရီအတိမှ ပွဲကိုရောက်မှာဖြစ်သည်။ ထို့ကြောင့် ဖန့်ကြွယ်ယွီနှင့် ဟီတန်နှစ်ဦးသား သောက်စားရင် စကားပြောနေကြသည်။
ဒီကနေ့ ပွဲအခမ်းအနားကို စုစုပေါင်း လူတစ်ရာကျော်တက်ရောက်သည်။
ထိုသို့ပြောနေရင်း လူအများစုက ဟီတန်ကိုလာနှုတ်ဆက်ကြပြီး တချို့ကဖန့်ကြွယ်ယွီကိုသိသည်။
“အချောအလှလေးတွေ အတော်ပေါတာပဲ”
သူက မျှာပွေသူမဟုတ်သော်လည်း မိန်းကလေးများနေရခက်သည်အထိ မလုပ်ပေ။
“ဟိုးနားက တစ်ယောက်ကိုတွေ့လား။ သူက တူရကီက အဲလ်ဆဲ။ ကမ္ဘာပေါ်မှာ အလှဆုံးနံပါတ်တစ်ကို သူရွေးခဲ့တာဖြစ်မယ်”
ဟီတန်က ခပ်လှမ်းလှမ်းက မိုးပြာရောင်ဂါဝန်နှင့် အချောအလှလေးကို ညွှန်ပြသည်။
“သူက ဝပ်ဆင်။ မင်းသူ့ကားတွေ ကြည့်ဖူးမှာပေါ့။ ပြီးတော့ ဆဲလီနာလည်းပါတယ်”
သူက ဖန့်ကြွယ်ယွီ၏ အနားကိုကပ်ပြီး တိုးတိုးလေးရေရွတ်သည်။
“သူက အပြုအစုကောင်းတယ်”
“ပြီးတော့ အိန်ဂျလီနာဆိုတဲ့တစ်ယောက်ရှိသေးတယ်။ မနှစ်က ဘုရင်မကြီးရဲ့ မွေးနေ့ပွဲမှာ အိန်ဂျလီနာနဲ့ငါနဲ့ အိမ်သာထဲမှာ မိုးမမြင်လေမမြင် ချစ်ကြတာ။”
“ပြီးတော့ရော”
ဖန့်ကြွယ်ယွီ မျက်လုံးအဝိုင်းသားဖြစ်နေသည်။
“ဟား ငါတို့က ယောကျားတွေပဲဟာ။ ဘာတွေအံ့ဩနေတာလဲ။” ဟီတန်က သူ့ပုခုံးကို အသာအယာပုတ်သည်။
မင်း ဘယ်လောက်ချမ်းသာလဲဆိုတာသိတာနဲ့ မင်းကို ချဉ်းကပ်ကြတော့တာ”
“အမ်”
တချို့သရုပ်ဆောင်များသည် ရုပ်ပိုင်းဆိုင်ရာ အလှအပအထူးဦးစားပေးသည်။
ဘုရင်မကြီးက ဒီပွဲကို ဘာကြောင့်ဖိတ်တာပါလိမ့်”
ဖန့်ကြွယ်ယွီက အတွေ့အကြုံမရှိသည့်ပုံမြင်ပြီး ဟီတန်က အားပါးတရရယ်မိသွားသည်။
“ပိုင်ရှင် အခုမှ အံ့အားသင့်နေတာလား။
“ပိုင်ရှင်ရဲ့ ဖခင်က ဒီလိုပွဲမျိုး ခဏခဏတက်တယ်။ အရင်တုန်းက ကမ္ဘာ့အလှဆုံးစာရင်းဝင် ခြောက်ဦးရှိသည်။ သူက ရုပ်ပိုင်းဆိုင်ရာကိုပဲ ချစ်တာဖြစ်ပြီး အလေးအနက်မဟုတ်တာမို့ မဟုတ်ရင်ပိုင်ရှင်ရဲ့ မိခင်က သူ့ကိုကွာရှင်းလိမ့်မယ်။
“ဟာကွာ ငါ့အဖေက တကယ့်ကို ဇာတ်ရှုပ်တာပဲ”