← Chapters

အကာအကွယ်

Vol. 9 Ch. 123

အကာအကွယ်

Vol. 9 Ch. 123

“အို..ဘုရင်မကြီးရောက်လာပြီ”ဟု ဆိုကာ ဟီတန်က မတ်တပ်ရပ်သည်။

ဘုရင်မကြီးသည် တစ်ဘီလီယံသာ ပိုင်ဆိုင်မှုရှိသဖြင့် ဟီတန်ကိုတော့ မယှဉ်နိုင်ပေ။သို့သော် အင်္ဂလန်တော်ဝင်မိသားစု တစ်ခုလုံး၏ ပိုင်ဆိုင်မှုသည် ဘီလီယံရာနှင့် ချီပြီးရှိသည်။ တော်ဝင်မိသားစုဟူသော ဘွဲ့ထူးနာမည်တစ်ခုနှင့်ပင် အချမ်းသာဆုံး နံပါတ် (၁၆) စာရင်းဝင် ဟီတန်က မယှဉ်နိုင်ပေ။

အားလုံး၏ မျက်ဝန်းအစုံက ဘုရင်မကြီးဆီရောက်နေသည်။ ဘုရင်မကြီးသည် မင်းသားမင်းသမီးများ ခြံရံလျက် ရောက်ရှိလာသည်။ သူမက ကြွရောက်လာသော ဧည့်ပရိတ်သက်များကို ပြုံးပြီးနှုတ်ဆက်သည်။

သူမကလူကြားထဲမှာ လျှောက်ပြီး ဖန့်ကြွယ်ယွီရှိရာသို့လာသည်။

ဖန့်ကြွယ်ယွီကို ဖက်ပြီး “ဒီနေ့ည ဒီမှာ ကောင်းကောင်းပျော်ပစ်နော်။ မင်းက ဒီနေ့ညရဲ့ အထူးဧည့်သည်တော်ပဲ”

“ကျေးဇူးတင်ပါတယ်ဘုရင်မကြီးခင်ဗျာ”

ဖန့်ကြွယ်ယွီ၏ ဘေးနားတွင် ရှိနေသော ဟီတန်က အံ့အားသင့်နေသည်။ တခြားသူများက ဘုရင်မကြီးပြောတာကို သဲသဲကွဲကွဲမကြားသော်လည်း သူက သေချာရှင်းလင်းစွာကြားရသည်။ ဘုရင်မကြီးက ဖန့်ကြွယ်ယွီကို ဒီနေ့ည၏ အထူးဧည့်သည်ဟု ပြောလိုက်သလား!!

“သူကဘယ်သူလဲ” ဧည့်သည်များက အချင်းချင်းတီတိုးပြောဆိုနေကြသည်။ သူတို့အားလုံးကို ဘုရင်မကြီးကိုယ်တိုင်ဖိတ်သည်ဆိုသော်လည်း ဖန့်ကြွယ်ယွီအပေါ်တော့ အလေးသာသည်။

“တရုတ်က လူတွေဒီကောင်လေးအကြောင်း ပို့စ်တင်ဖူးတယ်။ သူ့နာမည်က ဖန့်ကြွယ်ယွီလေ”

“ငါလည်းကြားဖူးတယ်။ တရုတ်မှာဆို ဒီကောင်လေးက သူ့နာမည်နဲ့ ပရဟိတအဖွဲ့တွေကို ဘီလီယံနဲ့ချီပြီးလှူတာ”

“ဟမ် ဒေါ်လာဘီလီယံနဲ့ လှူတာလား။ ဒီကောင်လေး ပိုက်ဆံတွေဘယ်ကရလဲ။ ပြီးတော့ ဘာလို့ ဒီလောက်အများကြီးလှူရတာလဲ”

“ဘုရင်မကြီးလုပ်လိုက်တာ ကျွန်တော့်ကို အားလုံးအာရုံစိုက်ကုန်ကြပြီ”

“ဒီလောက်ကတော့ မစ္စတာဖန့်အတွက် အေးဆေးပါ ဟုတ်တယ်မလား။ ဒါနဲ့လေ အာရှဘက်က အနုပညာရှင်တွေဖိတ်ထားသေးတယ်။မစ္စတာဖန့် စိတ်ဝင်စားတယ်ဆို သူတို့နဲ့ လွတ်လွတ်လပ်လပ်နေကြလေ”

ဘုရင်မကြီးက တစ်နေရာကို တစ်ချက်လှမ်းကြည့်သည်။ ထိုနေရာဘက်ကို ဖန့်ကြွယ်ယွီကြည့်သောအခါ ဂျပန်နိုင်ငံမှ နာမည်ကြီး မင်းသမီးများဖြစ်ကြသော မီဇူဟာရာရီမီ၊ ဟာရှီမိုတိုကနကို၊ အာရဆဲဟာရုကာနှင့် ကိုရီးယားမင်းသမီးများဖြစ်ကြသော ဂျန်ဂျီဟွန်း နှင့် အင်ယူနာ တို့ဖြစ်နေသည်။

“ဒါပေမဲ့ ဘုရင်မကြီးတောင်မှ”

ဖန့်ကြွယ်ယွီက စောဒကတက်ချင်သော်လည်း ဘုရင်မကြီးက မြေးဖြစ်သူကိုပါ သူ့လက်ထဲထည့်ရန် ဝန်မလေးသူမို့ ဘာမှဆက်မပြောတော့ပေ။

“မင်းတို့ကလူငယ်တွေပဲ။ နားလည်ပါတယ်။အခန်းလိုတယ်ဆို အိမ်တော်ထိန်းကိုပြော” ဟုပြောကာ ဘုရင်မကြီးက ပွဲကျင်းပရာအလည်တည့်တည့်ကို လျှောက်လှမ်းသည်။

“မစ္စတာဖန့်က ဘုရင်မကြီးနဲ့ ရင်းနှီးတဲ့ပုံပဲ” နောက်ဆုံးတော့ ဖန့်ကြွယ်ယွီကို သူသိချင်တာမေးခွင့်ရပြီဖြစ်သည်။

“တကယ်တော့ ခုမှ ဒုတိယတစ်ကြိမ်တွေ့ဖူးတာ။ ကြည့်ရတာ ငါ့ဘိုးဘေးတွေက အရင်တုန်းက တော်ဝင်မိသားစုကို ကူညီခဲ့ပုံရတယ်။ ဒါကြောင့်သူတို့က အလွန်ရင်းနှီးနေသည့်ပုံပေါ်သည်။

“မိုက်တာပေါ့” ဟီတန်က လက်မထောင်ပြသည်။ တော်ဝင်မိသားစုကို ကူညီနိုင်သည့် အနေအထားကို သာမန်ဘီလီယံနာတစ်ဦးက မရနိုင်ပေ။

“မစ္စတာဖန့် ခင်ဗျားပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင်ရှိလဲ”

“တကယ်တော့ ကျွန်တော်လည်းမသိဘူး။ မစ္စတာဖန့်တို့ ညီအကိုတွေက ဟီတန်အုပ်စုရှယ်ယာရဲ့ ၅၀% ပိုင်တာဆို ဟုတ်လား” “ဟုတ်ပါတယ် ဘာလို့များပါလဲ”

ထို ၅၀% ရှယ်ယာကို ကွယ်လွန်သွားပြီဖြစ်သော သူတို့၏ ဖခင်ကြီးက အမွေပေးခဲ့သည်။ ရှယ်ယာ ၅၀% ပိုင်ဆိုင်ရုံဖြင့် သူတို့ဟီတန်မောင်နှမများသည် ဖောဘီစ်စာရင်းတွင် အဆင့် ၁၆ နှင့် အဆင့် ၁၈ ချိတ်သည်။

“ကျန်တဲ့ရှယ်ယာ ၅၀% ထဲကမှ ၄၅%ကို ကျွန်တော်ပိုင်တာ”

“ဘယ်လို” ဟီတန်၏ အမူအရာရုတ်ချည်းပြောင်းလဲကုန်သည်။

ကျန်ရှယ်ယာများကို ပိုင်ရှင်တစ်ဦးထဲမှ ပိုင်ဆိုင်သည်ဟု ကြားမိသော်လည်း ထိုလူက ဖန့်ကြွယ်ယွီဟု မထင်ထားပေ။

ဟီတန်လည်း စိတ်လှုပ်ရှားလာသည်။ ၅၀% သောရှယ်ယာဖြင့် သူတို့ကအချမ်းသာဆုံး လူ (၂၀) ထဲပါဝင်ခဲ့သည်။ ဖန့်ကြွယ်ယွီတစ်ဦးထဲက ၄၅% ပိုင်ဆိုင်ခြင်းက အလွန်များပေသည်။

“ခဏလေး မင်းပိုင်တဲ့ ကျန်တဲ့ကုမ္ပဏီတွေရှိသေးလား”

“ဝေ့ဂူ ရှယ်ယာ ၅၁%။ အမေဇုန်မှာ ၃၁%၊ မိုက်ခရိုဆော့ဖ်မှာတော့ တအားမများဘူး ၂၅% လောက်ပဲ”

“တော်ပါတော့ မင်းနောက်နေတာလား။ အဲ့လောက်ပိုင်ဆိုင်မှုများနေရင် မင်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေမှာပေါ့”

“ကျွန်တော့်မယုံလည်း မတတ်နိုင်တော့ဘူးဗျာ”

ဖန့်ကြွယ်ယွီက ပိုင်ဆိုင်မှုအထောက်အထားများလည်း မပြနိုင်ပေ။ သူက ကမ္ဘာ့အချမ်းသာဆုံးဟူသော ဂုဏ်ပုဒ်ကို ဂရုလည်းမစိုက်ပေ။

ဘုရင်မကြီးက လိုက်လံမိတ်ဆက်ပြီးနောက် မိတ်ဆုံစားပွဲမှ အရင်ဆုံး ပြန်သွားသည်။မင်းသား မင်းသမီးများက ပွဲအပြီးထိဆက်ရှိနေမည်။

“မင်းက ဒေါ်လာဘီလီယံ ၃၀ လှူနိုင်ကတည်းက ငါ့ထက်ချမ်းသာပါတယ်။ မင်းကို ငါ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမယ်။သူတို့လည်း ဖောဘိစ်စာရင်းဝင်တွေပဲ။ လူအများကြီးနဲ့ ခင်ရတာပျော်စရာကောင်းပါတယ်”

“ကောင်းပြီလေ” ဖန့်ကြွယ်ယွီက ခွက်ကိုကိုင်ပြီး ဟီတန်နှင့်အတူ နောက်တစ်ဝိုင်းကို ရွှေ့သည်။

“မစ္စတာဖန့် သောက်ရတာအဆင်ပြေလား”

ထိုအချိန်တွင် မင်းသမီးဆီယက်တယ်က သူ့အနားချဉ်းကပ်လာသည်။ ယနေ့ဝတ်ထားသောပွဲတက်ဝတ်စုံကြောင့် မင်းသမီး၏ ကိုယ်ပိုင်အလှကို ပိုပြီးပေါ်လွင်စေသည်။

ထိုမြင်ကွင်းကိုမြင်ရပြီးနောက် မစ္စတာဖန့်က third wheel မဖြစ်လိုပေ။”မစ္စတာဖန့် မင်းသမီးနဲ့ စကားပြောကြဦးလေ။ ငါ ပြန်လာခဲ့မယ်”

“မင်းသမီးလုပ်ပုံနှင့် ဒီမှာရှိတဲ့ ယောကျ်းတွေ ငါ့ကို သတ်ချင်နေတော့မှာ”

သူ့ကိုလူအားလုံးက စိုက်ကြည့်နေသလိုမျိုးခံစားနေရသည်။

“ဘာမှမဖြစ်ပါဘူး။ ဟိုးနေတုန်းက ငါ့ကိုဘာလို့ အရှက်ခွဲတာလဲ”ဟု နား အနားကိုကပ်ပြီး တိုးတိုးလေးပြောသည်။

“ကြည့်ရတာမင်းသမီးက ငါ့ကားကိုထပ်စီးချင်တဲ့ပုံပဲ။ ဒါပေမဲ့ ဒီနေ့မှ ကားမယူလာခဲ့မိဘူး”

“ဒါပေမဲ့ ဘုရင်မကြီးကစံအိမ်မှာ အခန်းလွတ်တွေ အများကြီးရှိတယ်။ မင်းသမီးက ဘာများလုပ်ချင်ပါသလဲ။”

“ဟင်”ဖန့်ကြွယ်ယွီ၏ စနောက်ပြောဆိုမှုအောက်တွင် မင်းသမီးလည်း ရှက်သွေးဖြာလာသည်။

“ဟားဟား” သူမ၏ ရှက်ရွံ့သွားသည့်ပုံစံကို ဖန့်ကြွယ်ယွီ သဘောကျပြီး အားပါတရရယ်မိသည်။

“ဖန့်ကြွယ်ယွီ ကျွန်မကိုကူညီပါဦး”

ရုတ်တရက်ဆိုသလို မင်းသမီး၏ မျက်နှာပျက်လာသည်။ သူမ မတွေ့ချင်သော လူကို တွေ့လိုက်ရပြီး စိတ်ပျက်သွားသည့်ပုံပေါ်သည်။

“စိတ်ပျက်စရာကောင်းတဲ့သူတစ်ယောက်ဒီဘက်ကိုလာနေပြီ။ ကျွန်မကို ကူပြီး အဲ့လူကိုရှင်းပေးလေ။ ရှင့်ကို ပြန်မစတော့ဘူး”

“အို..မင်းက ငါ့ကို အကာအကွယ်လိုမျိုး အသုံးချတာပေါ့”

သူတို့ဘက်ကို လျှောက်လှမ်းလာသော နက်ပြောင်နေသောဆံပင်ရှိသည့် လူငယ်တစ်ဦးကို တွေ့ရပြီးနောက် ချက်ချင်းပင် နားလည်သွားတော့သည်။

All Chapters