သာမန်ပိုးကောင်လေးနဲ့ တကယ့်နဂါးအစစ်လို ဟန်ဆောင်ရဲတယ်
Vol. 23 Ch. 338
တစ်လှမ်းချင်း လှမ်းလာတိုင်း ခြေရာတွေဟာ တိုက်စားခံရပြီး ဖြစ်ပေါ်လာသည်။ နဂါးဗိုလ်ချုပ်က ထိုးနှက်ခံရတဲ့ လက်သီးဒဏ်ရာမှာလည်း လက်ဖဝါးပေါ်မှာ တံဆိပ်တစ်ခု ထင်ကျန်နေသည်။ မကောင်းဆိုးဝါးသော အနက်ရောင်အငွေ့ဟာ တစို့တစိမ့် စိမ့်ဝင်တိုက်စားနေပြီး သူ့ကို နာကျင်မှုဖြစ်ပေါ်စေသည်။ ဒါပေမယ့် သူ့ရဲ့ ကျင့်စဉ်အဆင့်က နိမ့်ကျတာမဟုတ်တာမို့ ဒီလိုတိုက်စားမှုကို ခုခံနိုင်ဖို့ သိပ်ပြဿနာမရှိချေ။
အဓိကကတော့ ဒီလက်သီးတစ်ချက်ရဲ့ အာဏာရှိမှုက သူ့လက်ကို သုံးမရလုနီးပါး ဖြစ်သွားစေတာပဲ။
“အကျည်းတန်ကောင်၊ သာမန်လူတစ်ယောက်အနေနဲ့ ယုံမင်အင်ပါယာကို ဆန့်ကျင်ရဲတယ်ပေါ့… သေစမ်း”
နဂါးဗိုလ်ချုပ်က အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက သွေးအငွေ့တစ်ခုကို ရုတ်တရက် ပေါက်ကွဲထုတ်လွှတ်လိုက်သည်။ သူ့နောက်ကျောမှာ ရှိနေတဲ့ သွေးနဂါးအရိပ်ဟာ ရုတ်တရက် နှစ်ဆပိုကြီးလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လျင်မြန်စွာ ဖောင်းပွလာသည်။ နဂါးသွေးကြောတွေဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာပြီး သူ့မျက်နှာတစ်ခုလုံးကိုတောင် ထူထပ်တဲ့ နဂါးသွေးကြောတွေနဲ့ ဖုံးအုပ်လိုက်သည်။
နဂါးဗိုလ်ချုပ်ဟာ နဂါးမျိုးနွယ်မဟုတ်ချေ။ သူဟာ နဂါးတွေရဲ့ သွေးသားအနှစ်သာရတွေကို အများကြီး စုပ်ယူထားတာမို့ ဒီလို အံ့ဩဖွယ်ပုံစံကို ထုတ်လွှတ်နိုင်ခဲ့တာဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထူထပ်တဲ့ နဂါးသွေးကြောတွေနဲ့ ဖုံးအုပ်ခံထားရပြီး လက်ချောင်းတွေမှာတောင် လက်သည်း ခြေသည်းတွေ ပေါ်ထွက်လာကာ နဂါးတစ်ကောင်နဲ့ မခြားသလိုဖြစ်နေသည်။
အရင်က ဒဏ်ရာရထားတဲ့ လက်မောင်းဟာ ချက်ချင်း ပြန်လည်ပျောက်ကင်းသွားပြီး နဂါးရဲ့ သန်မာတဲ့ ပြန်လည်ပျောက်ကင်းနိုင်စွမ်းဟာ ချက်ချင်း ပြသလာသည်။
သူ့ခန္ဓာကိုယ်ထဲက သွေးကြောစွမ်းအားကို အပြည့်အဝ လှုံ့ဆော်ပြီးနောက် သူ့ရဲ့ စွမ်းအားဟာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တိုက်ခိုက်နိုင်စွမ်းဟာ တဟုန်ထိုး တက်လာကာ အလွန်သန်မာတဲ့ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
“ဟူး၊ ဟူး၊ ဟူး…”
နဂါးဗိုလ်ချုပ်က အားကုန်အသက်ရှူနေရင်း မျက်လုံးနီရဲတွေနဲ့ ယီထျန်းယွမ်ကို စူးစိုက်ကြည့်နေပြီး သတ်ဖြတ်လိုစိတ်ဟာ ပေါက်ကွဲထွက်လာသည်။
ယီထျန်းယွမ်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။ နဂါးဗိုလ်ချုပ်ဟာ သူ့ရဲ့ သွေးကြောစွမ်းအားကို မီးရှို့ပြီး အပြည့်အဝထုတ်လွှတ်ဖို့ သူက အတင်းအကြပ် ဖိအားပေးခံလိုက်ရပြီဖြစ်သည်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ တဟုန်ထိုး တက်လာပြီး သန်းသုံးရာ့လေးဆယ်အထိ ရောက်ရှိသွားသည်။ ဒါဟာ ယီထျန်းယွမ်ထက် အနည်းငယ် အားနည်းသေးပေမယ့် ဒီအဆင့်ကို ရောက်ရှိအောင် လုပ်နိုင်ခဲ့တာဟာ အလွန်ထူးခြားလှသည်။ သာမန်သွေးကြောစွမ်းအားကို မီးရှို့ရုံနဲ့ ဒီလောက်အဆင့်ထိ ရောက်ရှိသွားနိုင်ခဲ့တာဖြစ်သည်။
ယီထျန်းယွမ်က သန်းလေးရာကျော်ရှိတဲ့ တိုက်ခိုက်နိုင်စွမ်းကို ရောက်ရှိအောင် လုပ်နိုင်ခဲ့တာဟာ ဆန်းကြယ်မုဒ်ပုံစံကြောင့်သာ ဖြစ်သည်။ ဒါမှမဟုတ်ရင် နဂါးဗိုလ်ချုပ်ကို ကျော်လွှားဖို့ တကယ်ကို ခက်ခဲမှာဖြစ်သည်။
တကယ်လို့ ကျင့်စဉ်အဆင့်ကွာခြားမှုကြီးကို အဆများစွာ တိုးမြှင့်မထားရင် နဂါးဗိုလ်ချုပ်နဲ့ ရင်ဆိုင်ဖို့ လုံးဝမဖြစ်နိုင်ချေ။
နဂါးဗိုလ်ချုပ်: ဝိညာဉ်နယ်မြေ အဆင့်တစ် ကျင့်စဉ်၊ နဂါးပုံစံအဖြစ် သွေးအနှစ်သာရမီးရှို့ထားသော အခြေအနေ (အလွန်ဒေါသထွက်နေသော အခြေအနေ)။
“မင်းတော်တော်ကောင်းတယ်။ အချိန်အကြာကြီး ငါ့ကို အပြည့်အဝအားသုံးပြီး ရင်ဆိုင်ရတာမျိုး မရှိခဲ့ဘူး။ စိတ်ချ… ငါ မင်းကို သေချာပေါက် ညှစ်သတ်ပစ်မယ်”
နဂါးဗိုလ်ချုပ်က အားကုန်အသက်ရှူနေပြီး ဒီလို သန်မာတဲ့ အခြေအနေကို ထုတ်လွှတ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ကိုယ်တိုင်လည်း သိသာစွာ ထိခိုက်ဒဏ်ရာရသည်။ သွေးအနှစ်သာရမီးရှို့တဲ့ အခြေအနေဟာ ကိုယ့်ကိုယ်ကို တစ်ထောင်ထိခိုက်ပြီး ရန်သူကို ရှစ်ရာထိခိုက်စေတဲ့ ပုံစံဖြစ်ပြီး ပြီးသွားရင် ပြန်လည်ပြည့်စုံဖို့ အချိန်အကြာကြီး လိုအပ်သည်။
“ငါ့ကို ညှစ်သတ်မယ်ပေါ့။ မင်းရဲ့ ထမင်းမစားရသေးတဲ့ အားနဲ့လား... ရယ်ရတယ်ဟေ့ ဗြဲ...” ယီထျန်းယွမ်က လှောင်ပြောင်ရယ်မောပြီး သူ့ဒေါသကို ထပ်ဆွလိုက်သည်။
“သေချင်နေတာလား...”
နဂါးဗိုလ်ချုပ်က အော်ဟစ်လိုက်ပြီး မြေပြင်ကို အားကုန် နင်းလိုက်သည်။
“ဘုန်း...”
ထိုအသံနဲ့အတူ မြေပြင်ဟာ ပေါက်ကွဲထွက်သွားပြီး သူ့နောက်ကျောမှာရှိတဲ့ သွေးနဂါးအရိပ်ဟာ ရုတ်တရက် ထွက်ပေါ်လာသည်။ မူလက သွေးနဂါးအရိပ်တစ်ခုသာဖြစ်ပြီး အခုတော့ တကယ့်ပုံစံအစစ်အဖြစ် ပြောင်းလဲသွားပြီး သူ့နောက်မှာ ဧရာမနဂါးတစ်ကောင်က ဒီဘက်ကို ထိုးဖောက်ဝင်ရောက်လာသည်။ စွမ်းအားဟာ ထပ်မံတက်လာပြီး အလွှာလိုက် ထပ်ဆင့်မြှင့်တက်ကာ သန်းလေးရာကျော်ရှိတဲ့ တိုက်ခိုက်နိုင်စွမ်းသို့ ရောက်ရှိသွားသည်။
အခုအချိန်မှာ နဂါးဗိုလ်ချုပ်ရဲ့ စွမ်းအားဟာ အမြန်နှုန်းရော၊ အင်အားရော အဆများစွာ မြှင့်တက်လာပြီး ကြောက်မက်ဖွယ်တန်ဖိုးသို့ ရောက်ရှိသွားသည်။
အတုအယောင်စိတ်ဝိညာဉ်နယ်ပယ်ကို အပြည့်အဝ ထုတ်လွှတ်လိုက်တဲ့အခါ အလွန်ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ထျန်းယွမ်”
ယီချင်းရွှမ်က ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ သူမရဲ့ နှလုံးသားဟာ လက်နဲ့ တင်းတင်းကြပ်ကြပ် ညှစ်ခံထားရသလိုဖြစ်ပြီး နှလုံးခုန်နှုန်းဟာ ရပ်တန့်တော့မလိုဖြစ်သွားသည်။ နဂါးဗိုလ်ချုပ်ရဲ့ ပုံစံဟာ အလွန်အာဏာရှိလှပြီး စွမ်းအားကလည်း သိပ်ကို အာဏာရှိလှသည်။ ဝေးရာမှာ ကြည့်နေတဲ့ ယီချင်းရွှမ်ဟာ ဦးရေပြားထဲမှာ ထိတ်လန့်မှုကို ခံစားရပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။
သူမက ဒီနဂါးဗိုလ်ချုပ်ကို တည့်တည့်ရင်ဆိုင်ရမယ်ဆိုရင် ခြေထောက်တွေတောင် အားနည်းလျော့ရဲသွားမှာဖြစ်သည်။ ဒီစွမ်းအားဟာ အလွန်သန်မာလွန်းပြီး အရင်ကထက် အဆများစွာ သာလွန်လှသည်။
ယီထျန်းယွမ်က ဒီတကယ့်ပုံစံအစစ်အဖြစ် ပြောင်းလဲသွားတဲ့ သွေးနဂါးအရိပ်ကို ကြည့်ရင်း နဂါးဗိုလ်ချုပ်ဟာ တကယ့်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုဖြစ်နေပေမယ့် တကယ့်နဂါးအစစ်မဟုတ်ချေ။
“သာမန်ပိုးကောင်လေးကများ တကယ့်နဂါးအစစ်လို ဟန်ဆောင်ရဲတယ်ပေါ့...” ယီထျန်းယွမ်ရဲ့ မျက်လုံးထဲမှာ မည်းမှောင်တဲ့ အလင်းတန်းတွေ တဖျပ်ဖျပ်တောက်နေပြီး အေးစက်စွာ ပြုံးလိုက်သည်။ “တကယ့်နဂါးအစစ်ဆိုတာ ဘာလဲဆိုတာကို မင်းကို မြင်အောင် ပြလိုက်မယ်... မြည်းစွမ်းကြည့်လိုက်အုံး...”
ထို့နောက် ယီထျန်းယွမ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တောက်ပနေတဲ့ မည်းမှောင်ရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး ချက်ချင်းမှာပဲ ဧရာမမကောင်းဆိုးဝါးနဂါးရဲ့ ဦးခေါင်းကြီးတစ်ခုက အနက်ရောင်အလင်းထဲက ပေါ်ထွက်လာသည်။ ဦးခေါင်းတစ်ခုလုံး ထွက်ပေါ်လာပြီးနောက် ရှည်လျားတဲ့ နဂါးခန္ဓာကိုယ်က ဆက်လက်ပေါ်ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း အရှည်တစ်ရာမီတာရှိတဲ့ နဂါးခန္ဓာကိုယ်ကြီးတစ်ခုက ထွက်ပေါ်လာသည်။ အပေါ်မှာရှိတဲ့ မည်းမှောင်တဲ့ သွေးကြောတွေဟာ အရင်က နတ်ဆိုးနဂါးဝတ်စုံပေါ်က နဂါးသွေးကြောတွေနဲ့ ဆင်တူသည်။
“ဂီးရား....”
နဂါးအော်သံတစ်ခုက ကောင်းကင်နဲ့မြေပြင်ကို ထိတ်လန့်စေပြီး ဝိညာဉ်မျိုးနွယ်သစ်တောတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ပျံထွက်လာခါစမှာပဲ ယီထျန်းယွမ်က ဒီဧရာမနဂါးခန္ဓာကိုယ်ကြီးကို အားကုန်လှုပ်ရှားလိုက်ပြီး ထိုးဖောက်ဝင်ရောက်လာတဲ့ နဂါးဗိုလ်ချုပ်ဆီကို နဂါးအမြီးနဲ့ အားကုန်ရိုက်ချလိုက်သည်။ ဒါဟာ တကယ့်နဂါးအမြီးလှည့်ရိုက်ပုံစံအစစ်ဖြစ်သည်။
နဂါးဗိုလ်ချုပ်က ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ အံ့ဩမှင်တက်သွားပြီး အလျင်စလို လက်သီးနဲ့ ခုခံလိုက်သည်။ သူ့နောက်ကျောမှာရှိတဲ့ သွေးနဂါးအရိပ်ဟာ ထိုးဖောက်ဝင်ရောက်လာပြီး ရိုက်ချလာတဲ့ အမြီးပေါ်သို့ တစ်ပြိုင်နက် ထိမှန်သွားသည်။
“ဘုန်း...”
အမြီးက အားကုန်ရိုက်ချလိုက်ပြီး နဂါးဗိုလ်ချုပ်ကို လွင့်ထွက်သွားစေသည်။ သူ့နောက်ကျောမှာရှိတဲ့ သွေးနဂါးအရိပ်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ ထို့နောက် နဂါးဗိုလ်ချုပ်ဟာ လွင့်ထွက်သွားပြီး သစ်ပင်ပေါင်းများစွာ ပြတ်ထွက်သွားပြီးမှ ရပ်တန့်သွားသည်။ ခဏအကြာမှာ သူက အလျင်စလို ပြန်ထလာသည်။
ကောင်းကင်အဆင့်အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူ့ရဲ့ ခုခံအားဟာ သာမန်မဟုတ်ချေ။ ဒါပေမယ့် သူ့ခေါင်းထက်မှာရှိတဲ့ ဧရာမ မကောင်းဆိုးဝါးနဂါးကို မြင်လိုက်ရတဲ့အခါ မျက်လုံးအပြူးသားနဲ့ အံ့ဩမှင်တက်သွားသည်။ ဒီလို အာဏာရှိလှတဲ့ မကောင်းဆိုးဝါးနဂါးကို တစ်သက်နှင့်တစ်ကိုယ် သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။ အရှည်တစ်ရာမီတာရှိတဲ့ ဒီနဂါးဟာ သာမန် ဧရာမနဂါးတွေထက်တောင် အများကြီး ပိုရှည်လျားလှသည်။
ယီချင်းရွှမ်လည်း ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ အံ့ဩမှင်တက်သွားပြီး ရုတ်တရက် ဧရာမ မကောင်းဆိုးဝါးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်ရတာမို့ သူမလည်း မျက်လုံးအပြူးသားဖြစ်သွားသည်။ “ထျန်းယွမ်က နဂါးမျိုးနွယ်ဖြစ်နေတာလား”
နဂါးမျိုးနွယ်မှာ နှစ်မျိုးရှိသည်။ တစ်မျိုးက သာမန်ဧရာမနဂါးတွေဖြစ်ပြီး ဒါဟာ ဆင့်ကဲပြောင်းလဲမှုမရှိတဲ့ ရလဒ်ဖြစ်သည်။ တကယ့်ဆင့်ကဲပြောင်းလဲမှုရှိတဲ့ နဂါးမျိုးနွယ်ဟာ လူပုံစံအဖြစ် ပြောင်းလဲနိုင်ပြီး ပုံမှန်အခါမှာ နဂါးဖြစ်တယ်လို့ မသိနိုင်ချေ။ တကယ့်ပုံစံအစစ်ကို ထုတ်လွှတ်လိုက်တဲ့အခါမှသာ နဂါးမျိုးနွယ်ဖြစ်ကြောင်း သိရှိနိုင်သည်။
ဧရာမမကောင်းဆိုးဝါးနဂါးဟာ ကောင်းကင်ယံမှာ လှုပ်ရှားနေပြီး ဒီနေရာမှာ ထူးခြားစွာ ထင်ရှားနေသည်။ ဝိညာဉ်မျိုးနွယ်ရွာထဲက ဝိညာဉ်မျိုးနွယ်သားတွေဟာ ဒီမကောင်းဆိုးဝါးနဂါးကို မြင်လိုက်ရတဲ့အခါ မျက်လုံးအပြူးသားနဲ့ အံ့ဩမှင်တက်သွားသည်။ နဂါးတွေကို မြင်ဖူးပေမယ့် ဒီလို ဧရာမအရွယ်အစားနဲ့ မကောင်းဆိုးဝါးအငွေ့အသက်အပြည့်ရှိတဲ့ နဂါးကို သူတို့သက်တမ်းတစ်လျှောက် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူတို့ရဲ့ နှလုံးသားထဲမှာ အံ့ဩထိတ်လန့်မှုတွေ ပြည့်နှက်နေပြီး ဒီမကောင်းဆိုးဝါးနဂါးကို မျက်လုံးအပြူးသားနဲ့ ကြည့်နေကြသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ မင်း… မင်းက ဘယ်လိုလုပ်ပြီး နဂါးမျိုးနွယ်ဖြစ်နိုင်မှာလဲ...” နဂါးဗိုလ်ချုပ်က သူ့ခေါင်းထက်က မကောင်းဆိုးဝါးနဂါးကို ကြည့်ရင်း အံ့ဩမှင်တက်သွားသည်။
“ငါက နဂါးမျိုးနွယ်ဖြစ်မဖြစ်၊ ဒါက အရေးကြီးလား...” ယီထျန်းယွမ်ရဲ့ အသံဟာ ဒီမကောင်းဆိုးဝါးနဂါးရဲ့ ဦးခေါင်းထဲက ထွက်ပေါ်လာသည်။ သူ ပုံစံပြောင်းလဲပြီးနောက် စွမ်းအားပိုင်းမှာ သိသာစွာ ပြောင်းလဲမှုမရှိပေမယ့် တိုက်ခိုက်မှုအကွာအဝေးဟာ ရုတ်တရက် ကျယ်ပြန့်လာသည်။ အဓိကကတော့ စုပ်ယူနိုင်စွမ်းတစ်ခု ထပ်တိုးလာတာဖြစ်သည်။
စကားမဆုံးခင်မှာပဲ ယီထျန်းယွမ်က ဧရာမနဂါးလက်ဖဝါးကို အားကုန်ရိုက်ချလိုက်ပြီး နဂါးဗိုလ်ချုပ်ရဲ့ ဦးခေါင်းပေါ်သို့ ဖိချလိုက်သည်။
နဂါးဗိုလ်ချုပ်က ထွက်ပြေးဖို့ အချိန်မရလိုက်ချေ။ လက်နှစ်ဖက်ကို မြှောက်ပြီး နဂါးလက်ဖဝါးကို ခုခံရင်း သွေးနဂါးအရိပ်ဟာ ထပ်မံထွက်ပေါ်လာသည်။ ယီထျန်းယွမ်က ဒီသွေးနဂါးအရိပ်ကို လုံးဝဂရုမစိုက်ဘဲ နဂါးလက်ဖဝါးကို အားကုန်ဖိချလိုက်ပြီး နဂါးဗိုလ်ချုပ်ကို မြေပြင်ပေါ် ဖိထားလိုက်သည်။ ဒီအာဏာရှိတဲ့ လက်ဖဝါးတစ်ချက်ကို လုံးဝခုခံနိုင်စွမ်းမရှိချေ။ နဂါးဗိုလ်ချုပ်ဟာ မြေပြင်ပေါ်မှာ ဖိချခံလိုက်ရပြီး သူ့နောက်ကျောမှာရှိတဲ့ အရိပ်ဟာလည်း ပေါက်ကွဲထွက်သွားသည်။
“အား…”
နဂါးဗိုလ်ချုပ်ဟာ မြေပြင်ပေါ်မှာ ဖိချခံလိုက်ရပြီး မျက်လုံးအပြူးသားနဲ့ သွေးတစ်ပွက် အန်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အကာအကွယ်ဝတ်စုံရှိထားပေမယ့် ဒီလက်ဖဝါးတစ်ချက်က သူ့ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေသည်။
အာဏာရှိလှတဲ့ နဂါးတန်ခိုးဟာ တကယ့်နဂါးတစ်ကောင်ရဲ့ တန်ခိုးဖြစ်သည်။ သူဟာ သွေးအနှစ်သာရတွေကို အသည်းအသန် ထုတ်လွှတ်ခဲ့ပေမယ့် ယီထျန်းယွမ်ရှေ့မှာတော့ သာမန်ပိုးကောင်လေးတစ်ကောင်သာဖြစ်သည်။
အခန်း(၃၃၈) ပြီးပါပြီ။