#မုဖူရှန်း၏အကြည့်၊ ရှောင်လွှဲ၍မရနိုင်သော ကွန်ရက်#
Vol. 68 Ch. 966
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို မ၀တ်ခင်တွင် အသုံးပြုသူ၏ခွန်အားကို အသိအမှတ်ပြုရန် လိုအပ်သည်။
မိုကော နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၏ အသိအမှတ်ပြုခြင်းကိုပင် မရရှိသေးဘဲ ဒါကိုအတင်းရယူလိုခြင်းဖြင့် သူ့အမြင်က အတော်လေးစိတ်ကူးယဉ်ဆန်သည်ဟု ဆို၍ရသည်။
သို့စေကာမူ သူ့ကိုလည်းအပြစ်တင်၍ မရပေ။
မည်သို့ပင်ဆိုစေကာမူ မိုကောလက်ထဲက တုံကင်က အရင်က ရှောင်ဟိုင်ချန်ထားခဲ့သည့် အရာတစ်ခုပင် မဟုတ်ပေလော။ ဒီထဲတွင် ရှောင်ဟိုင်၏ သွေးကြောခြေရာတစ်ခု ပါ၀င်သည်။
ဒါက မိုကောနှင့်မိုလီတို့ကို သူတို့၏ ကံတရားများအား စမ်းသပ်ချင်သွားစေသည်။
ကြည့်ရမည်ဆိုပါကလည်း ဒီအချက်က နည်းနည်းတော့ လက်တွေ့မကျပေ။
မိုလီမျက်မှောင်ကြုတ်သည်။
"အစ်ကိုကြီးအခုစိတ်ကြိုက်ထွက်လာလို့ မရဘူး၊ သူ့မှာလုပ်စရာတွေ အများကြီးရှိတယ်"
ဒီအခိုက်အတန့်၌ မိုကော အဖြေတစ်ခုကို အကြံပြုလာသည်။ သူပြုံးရင်းပြောသည်။
"အဲဒီလူရောက်လာရင်ရော"
အဲဒီလူ!
မိုလီတစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခေါင်းလှည့်ကာ သဘောပေါက်သည့်အသွင် ပြောလာသည်။
"နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ပေါ်ပေါက်လာခြင်းက အဲဒီလူနဲ့ တစ်ခုခုသက်ဆိုင်နေရမယ်၊ ကံကြမ္မာရဲ့ ဆွဲငင်အားအရဆိုရင် သူသေချာပေါက်လာလိမ့်မယ်"
"အခုတော့ အချိန်အတိုင်းအတာတစ်ခုပဲ လိုတော့တယ်၊ ဒါမှမဟုတ် အဲဒီလူရောက်နှင့်နေလောက်ပြီဆိုရင်လည်း ပိုမှန်လိမ့်မယ်၊ ငါတို့ သူ့ကို သတိမထားမိခဲ့ရုံပဲ"
အရင်နတ်ဆိုးသခင်၏ ခွန်အားနှင့် အခြေခံအုတ်မြစ်အရဆိုပါက သူ့တွင် နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းကနေ ပုန်းကွယ်ရန်အတွက် နည်းလမ်းတစ်ရာထက်မနည်း ရှိမည်သာ။
"အဆင်သင့်ပြင်ထား၊ သူ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ရဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်လောက်တယ်၊ သူရယူပြီးတဲ့အခါကျရင် ငါတို့သူ့ကို ချပ်၀တ်နဲ့အတူ ခေါ်သွားလို့ရပြီ"
သို့စေကာမူ မိုကောမျက်မှောင်ကြုတ်သည်။
"ဒါပေမယ့် သူလာတဲ့အခါ သူ့မှာ ငါတို့ဒီမှာရှိနေတဲ့ သတင်းတွေကို ရရှိဖို့အတွက် လမ်းကြောင်းတွေရှိမှာပဲလေ"
"သူတကယ်ပဲ တစ်ယောက်တည်းလာမှာလား"
ခွန်အားက မလုံလောက်သေးသည့် အခြေအနေတွင် တစ်ယောက်တည်းလာပါက ဒါက မီးတောက်ထဲသို့ ပျံသန်းသွားသည့် ပိုးဖလံတစ်ကောင်ပမာ ဖြစ်နေမည်မဟုတ်ပေလော။
"ဒါကတစ်ခုတည်းသောနည်းလမ်းပဲ" မိုလီခေါင်းခါယမ်းသည်။
"ဒါ့အပြင် အဲဒီလူမှာ နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောထောက်နောက်ခံ မရှိသရွေ့ သူဘယ်လိုလုပ် ငါတို့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"
"မှန်တယ်၊ ဒါပေမယ့် ငါတို့လက်အောက်ငယ်သားတွေကိုပါ ခေါ်လာသင့်တယ်၊ ခြင်္သေ့တစ်ကောင်တောင် ယုန်ကို ဖမ်းဖို့အတွက် ခွန်အားအပြည့်ကို သုံးရတယ်လေ၊ ဒီစာသားက အဓိပ္ပာယ်ရှိပါတယ်"
မိုလီခေါင်းညိတ်သည်။
.....
ဒီအခိုက်အတန့်၌ ဖန်ချန်း ဆေးလုံးများ၏ အားဖြည့်မှုဖြင့် သူ့ကိုယ်ထဲတွင် အစီအရင်ဝိဥာဉ်ချီချို့တဲ့မှုကို ယာယီအားဖြည့်ကောင်းမွန်အောင် လုပ်နိုင်ခဲ့သည်။
အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်း အစီအရင်ကို ပေါင်းစပ်ပြီးနောက်တွင် ဖန်ချန်းကိုယ်ထဲက ဝိဉာဉ်စွမ်းအင်အစီအရင်က အကြီးအကျယ်ကုန်ခမ်းသွားခဲ့သည်။
ယဲ့ချိုးပိုင်မေးသည်။
"ငါတို့ဗဟိုချက်ကို တည့်တည့်သွားကြမလား"
ရှောင်ဟိုင် တိကျသည့်နေရာတစ်ခုကို ကြည့်ပြီးနောက် ဖြည်းဖြည်းလေးခေါင်းညိတ်သည်။
"အဲဒီမှာ တစ်ခုခုကျွန်တော့်ကို ခေါ်နေပုံပဲ" ရှောင်ဟိုင်၏မျက်လုံးများ၌ သံသယဖြစ်နေသည့် အရိပ်အယောင်ကို ပြသသည်။
"အခု အဲဒီက ပစ္စည်းက ငါနဲ့ အတော်လေးဆက်နွှယ်နေတာဆိုတာ ငါ သေချာသွားပြီ"
ဖန်ချန်းခပ်ရေးရေးပြုံးသည်။
"ဒါဆိုရှေ့ဆက်ကြတာပေါ့၊ စီနီယာအစ်ကိုရဲ့ သွေးကြောအကာအကွယ်နဲ့ဆိုရင် ဒီနတ်ဆိုးနက်ချီက ကျွန်တော်တို့ကို အများကြီး သက်ရောက်မှာမဟုတ်ပါဘူး"
ဘေးက မုဖူရှန်းပြောသည်။
"ဖြစ်နိုင်ချေတစ်ခုကို တွေးတောမိသလားတော့ မသိဘူး"
ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက်တို့က မုဖူရှန်း၏ လေးနက်သောမျက်နှာကို ကြည့်လိုက်ကြ၏။
မုဖူရှန်း စကားလုံးတိုင်းကို နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။
"ဒါက စီနီယာအစ်ကိုဟိုင်နဲ့ ဆက်စပ်နေတယ်ဆိုမှတော့ တစ်ဘက်ကလည်း ဒါနဲ့ ရင်းနှီးနေမှာမို့ ဒီအကြောင်းကို တွေးတောမိကြလိမ့်မယ်၊ သူတို့အဲဒီနေရာကိုသွားပြီး ဒီအရာကို ယူသွားနိုင်တာလည်းဖြစ်နိုင်တယ်"
"ဒီလိုဆိုရင် ကျွန်တော်သာဆိုရင် အဲဒီနေရာမှာ ရှောင်လွှဲလို့မရနိုင်တဲ့ ကွန်ရက်တစ်ခုကို သေချာပေါက် ချထားမယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒါကတကယ်ဖြစ်နိုင်ချေရှိတယ်"
ဖန်ချန်းမေးသည်။
"ဒီလိုဆိုရင် ကျွန်တော်တို့သွားလို့မရဘူးလား"
မုဖူရှန်း နေရာတစ်ခုဘက်သို့လှည့်ကြည့်ရင်း အပြုံးဖြင့် ခေါင်းခါယမ်းသည်။
"မလိုဘူး၊ ငါတို့သွားလို့ရတယ်၊ ဘာပဲဆိုဆို တစ်ယောက်ယောက်က ငါတို့ကို ကူညီပေးမှာပဲလေ"
မုဖူရှန်းကြည့်နေသည့် နေရာဘက်တွင် ဟောင်တျန်းနတ်ဂိုဏ်း မဟာအကြီးအကဲ၏ အမူအရာက အေးခဲသွား၏။
ဒီအခိုက်အတန့်၌ သူ့မျက်လုံးများက မုဖူရှန်း၏မျက်လုံးများ၌ ဆုံစည်းသွားသည့်အလားပင်။
သို့စေကညမူ မုဖူရှန်း၏အရည်အချင်းများနှင့် သူ့တည်ရှိမှုကို ဘယ်လိုလုပ် ရှာဖွေသွားရလေသနည်း။
ဒီနတ်ဆိုးနက်ချီ၏ လေးလံလှသည့် တားဆီးပိတ်ပင်မှုအောက်တွင် နှစ်ဘက်စလုံးက အရမ်းဝေးကွာနေသည်။ အကယ်၍ လုံလောက်သောကျင့်ကြံခြင်းနယ်ပယ်သာ မရှိပါက အမြင်က ဤမျှထိ ကျယ်ပြန့်ရန်ဟူသည် မဖြစ်နိုင်ပေ။
ဒါ့အပြင် သူက သူ့အော်ရာကိုပင် ဖုံးကွယ်ထားသေးသည်။
"ဒါက စိတ်လှည့်စားမှုသက်သက်လား" မဟာအကြီးအကဲ သံသယဖြင့် မေးလိုက်မိသည်။
....
မုဖူရှန်း၏ဦးနှောက်ကို ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်က အတော်လေးယုံကြည်နေဆဲပင်။
မုဖူရှန်းက စံအိမ်တော်တွင် အတော်ဆုံးဟု ဆို၍မရသော်လည်း သူက သေချာပေါက် အသေအချာကို စဉ်းစားတတ်သူဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းက အရမ်းသတိထားတတ်သူလည်းဖြစ်သည်။ သူတစ်ခုခုလုပ်နေစဉ် စွန့်စားမှုအားလုံးကို အတော်လေး ဂရုစိုက်တတ်သည်။
အကယ်၍ အန္တရာယ်ရှိပြီး ဒါကို ရှောင်ရှားရန်အတွက် အဖြေသို့မဟုတ် နည်းလမ်းတစ်ခုမရှိပါက မုဖူရှန်း ဒီလိုအရာမျိုးကို ဘယ်တော့မှ လုပ်မည်မဟုတ်။
သူတို့လေးယောက်စလုံး နေရာအသီးသီးယူကြပြီး အနက်ပိုင်းသို့ ဆက်လက်ချီတက်ကြသည်။
အကယ်၍ တစ်ယောက်ယောက်ကသာ ဒီမြင်ကွင်းကိုမြင်ပါက သူတို့အတော်လေး ထိတ်လန့်သွားကြပေလိမ့်မည်။
နတ်စစ်သည်နယ်ပယ်ကျင့်ကြံသူလေးယောက်က နတ်ဆိုးနက်ချီ၏ အတွင်းပိုင်းစက်၀န်းကို ရောက်နှင့်နေသည့်တိုင် သူတို့က လုံး၀သက်ရောက်ခံရခြင်းမရှိပါ။
နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူများပင်လျှင် နတ်အင်ပါယာနယ်ပယ်ခွန်အားမရှိဘဲ ဒီအဆင့်ကိုမရောက်နိုင်ပေ။
နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းက လူများကိုမူ ပြောနေစရာပင်မလိုတော့။
"အဲဒါက အရမ်းနီးစပ်နေပြီ" ရှောင်ဟိုင် ရုတ်တရက်ပြောလာသည်။
"ငါ့ကိုယ်ထဲက သွေးကြောကို ငါထပ်ပြီး မဖိနှိပ်ထားနိုင်တော့ဘူး"
သူဗဟိုချက်နှင့် ပိုနီးလာလေလေ၊ ရှောင်ဟိုင်၏သွေးက ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်သည်။
မုဖူရှန်းလက်ထဲတွင် အဆောင်အော်ရာပ စတင်လည်ပတ်နေသည်။
သူတို့လေးယောက်က လေးနက်သွားကြပြီး သတိထားစွာ ရှေ့ဆက်ကြသည်။
သူတို့နတ်ဆိုးနက်ချီ၏ တိုက်စားခြင်းကို ခံထားရသည့် သစ်တောတစ်ခုကို ဖြတ်သန်းသွားစဉ် သူတို့ရှေ့၌ မြေကြီးထဲတွင် နက်ရှိုင်းစွာ နစ်၀င်နေသည့် အနက်ရောင်လေးလံသည့် ချပ်၀တ်တစ်ခုရှိနေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင် သွေးကြောကို ထပ်မံဖိနှိပ်ထားနိုင်စွမ်း မရှိတော့ပါ။
၎င်းက ဘန်းခနဲ့မြည်သံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။
ဒီနေရာလွတ်တစ်ခုလုံး၌ သွေးကြောချီက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ထူထဲသည့် သွေးချီက လေဟာနယ်ကို ဖုံးလွှမ်းသွား၏။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ မျက်လုံးများက ချက်ချင်းဆိုသလို အလွန်အမင်း အေးစက်သွားပြီး သူ့အသွင်အပြင်က ရုတ်ချည်းပြောင်းလဲသွားသည်။
မြေကြီးထဲတွင် နစ်၀င်နေသည့် လေးလံသောချပ်၀တ်ကလည်း ဒီတဒင်္ဂတွင် အမှန်တကယ်ပင် ကျယ်လောင်သည့် အသံများကို ထုတ်လွှတ်လာသည်။ ၎င်းက ရှောင်ဟိုင်၏ သွေးကြောကို တုံ့ပြန်နေသည့်အသွင်။
ရှောင်ဟိုင်၏ အမူအရာက အေးစက်နေပြီး အရူးအမူးတုန်ခါနေသည့် လေးလံသည့် ချပ်၀တ်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွား၏။
"နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၊ မင်းပြန်လာဖို့ အချိန်ကျပြီ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မြေကြီးက ငလျင်တစ်ခုဖြစ်ပျက်သွားသည့်အလား တုန်ခါသွားသည်။
ပတ်ပတ်လည်က နတ်ဆိုးနက်ချီများက နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ထဲတွင် စတက်သိပ်သည်းသွားကြပြီး ကျယ်လောင်သည့်အသံနှင့်အတူ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က ရုတ်တရက် မြေကြီးကနေ ချိုးဖျက်ကာ ရှောင်ဟိုင်ရှိရာဘက်သို့ ပစ်၀င်သွား၏။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် ပတ်၀န်းကျင်က အော်ရာအလင်းတန်းများစွာ ပေါက်ကွဲလာခဲ့သည်။
မုဖူရှန်း၏ အမူအရာကလည်း ပြောင်းလဲသွားပြီး အဆောင်တစ်ရာခန့်က ရှောင်ဟိုင်တစ်ဝိုက်တွင် ပျံသန်းနေသည်။
ဖန်ချန်းကလည်း ချက်ချင်းဆိုသလို အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်တို့ကို ထုတ်လွှတ်သည်။
ယဲ့ချိုးပိုင်ကလည်း တိမ်ပြာဓားကို ထုတ်ယူလိုက်၏။
"မျှော်လင့်ထားတဲ့အတိုင်း ငါတို့ခန့်မှန်းချက်က မှန်နေတာပဲ၊ အဆုံးသတ်မှာ သူတကယ်ရောက်လာတာပဲ"
မိုလီ၊ မိုကောနှင့် နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူများက ဒီနေရာကို ဝိုင်းရံထားကြသည်။
တုံကင်၏ အကာအကွယ်အောက်တွင် သူတို့က ပတ်၀န်းကျင်က နတ်ဆိုးနက်ချီ၏ သက်ရောက်ခြင်းကို မခံရပါ။
ရှောင်ဟိုင်ဒီမြင်ကွင်းကို အေးစက်စွာကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"မင်းတို့လူအများကြီးခေါ်လာခဲ့ကြတာပဲ"
"မိုကော၊ မိုလီ....."
မိုကောနှင့် မိုလီတို့က မိုဂျီ၏ ညာလက်ရုံးများဖြစ်ကြပြီး ယုံကြည်ရသည့်လက်ထောက်များပင်။ သူတို့က သူနှင့် အကျဉ်းထောင်က အမျိုးသမီးကလွဲပြီး နတ်ဆိုးဘုရင်ပိုင်နက်တွင် အားအကောင်းဆုံးလူများဖြစ်ကြသည်။
သို့စေကာမူ သူတို့က ထိုအရာအတွက် သူ့ကို ဆန့်ကျင်ကြံစည်ရန် နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။
မိုကောနှင့် မိုလီတို့၏ အမူအရာများက ကြည့်ရဆိုးနေသည်။
"လူသားတွေက စည်းစိမ်ကြောင့် သေကြရပြီး ငှက်တွေကအစားကြောင့် သေကြရတယ်၊ ဒါက ကျင့်ကြံခြင်းကမ္ဘာရဲ့ စည်းမျဉ်းပဲ၊ ဒီတော့ မင်းငါတို့နဲ့ နာနာခံခံလိုက်လာတာက ပိုကောင်းလိမ့်မယ်...."
အပိုင်း(967) coming။