#လှောင်အိမ်ထဲတွင်၊ စစ်ပွဲက ပိုပို၍ပြင်းထန်လာခြင်း#
Vol. 68 Ch. 953
နတ်စစ်သည်နယ်ပယ်အလယ်အလတ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် နတ်စစ်သည်နယ်ပယ် နောက်ပိုင်းအဆင့်တစ်ဦးက နတ်ဆိုးနက်ချီ၏ အားဖြည့်မှုပါရှိသော နတ်ဗိုလ်ချုပ်နယ်ပယ်က ကျားပုံသဏ္ဍာန်မှော်သားရဲကို အပြင်းအထန်ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။
ဒီမြင်ကွင်းက မြို့ကို စောင့်ကြပ်နေကြသည့် စစ်သားများကို ထိတ်လန့်သွားစေသည်မှာ ရှင်းနေသည်။
ဗိုလ်ချုပ် ဒီမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်နေသည့်တိုင် အခွင့်အရေးကို ဖမ်းဆုပ်ပြီး ဝိဉာဉ်ချီကို အသံထဲတွင် ထည့်သွင်းကာ အော်ဟစ်လိုက်သည်။
"အားလုံးပဲ၊ သူတို့တစ်ခဏလောက် တောင့်ခံထားနိုင်သရွေ့ အဲဒီနတ်ဗိုလ်ချုပ်အဆင့်သားရဲကို ကိုင်တွယ်ဖို့အတွက် အခွင့်အရေးတစ်ခုရလာလိမ့်မယ်"
"အဲဒီအချိန်က ငါတို့အတွက် တန်ပြန်တိုက်ခိုက်ရမယ့် အချိန်ပဲ"
စစ်သားများက ထိတ်လန့်မှုကနေ နိုးထလာကြပြီး အော်ဟစ်ကြသည်။ ဗိုလ်ချုပ်၏ စကားလုံးများကို ကြားရပြီးနောက် သူတို့၏ စိတ်ဓာတ်များက မြင့်တက်လာခဲ့ကြသည်။
ဒီအခြေအနေရပ်အောက်တွင် မူလက စိတ်ပျက်အားငယ်နေသည့် အော်ရာကလည်း အတော်များများ ဆေးကြောခံလိုက်ရသည်။
ဒီတဒင်္ဂ၌ မိုးကြိုးလှောင်အိမ်ထဲတွင် ကျားပုံသဏ္ဍာန်မှော်သားရဲက ဟိန်းသံများကို ထုတ်လွှတ်ရင်း နောက်ဆုတ်နေသည်။ ထို့နောက် ငြိမ်ငြိမ်လေးရပ်ပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းနေသည်။
သွေးနက်များက သူ့ပါးစပ်ထောင့်စွန်းကနေ ဆက်တိုက်စီးကျလာနေသည်။
ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့၏တိုက်ခိုက်မှုများက ၎င်းအပေါ် ထိခိုက်မှုအများကြီးကို ဖြစ်စေခဲ့သည်မှာ သိသာထင်ရှားနေသည်။
သို့စေကာမူ နတ်ဆိုးနက်ချီ၏ တိုက်စားမှုအောက်တွင် ကျားပုံသဏ္ဍာန်မှော်သားရဲက နောက်ဆုတ်ရန်အတွက် မရွေးချယ်သလို ၎င်း၏ခွန်အားကို ထိန်းသိမ်းရန် သို့မဟုတ် ပြိုင်ဘက်၏ အားနည်းချက်ကို စောင့်ကြည့်ရန်ကိုလည်း မရွေးချယ်ခဲ့ပေ။
၎င်းတွင် အသိဉာဏ်မရှိတော့ပါ။ ၎င်းစိတ်ထဲတွင် ရွေးချယ်မှုတစ်ခုတည်းသာ ရှိသည်။ ပစ်မှတ်တစ်ခုဟုဆိုပါက ပိုမှန်သည်။
ဒါက သူ့ရှေ့က လူကို ချေမွပစ်ရန်ပင်။
ထို့နောက်မှသာ ရှင်သန်နိုင်မည်။
ယဲ့ချိုးပိုင်တို့ ကျားပုံသဏ္ဍာန်မှော်သားရဲ၏ အသက်ကို အပြည့်အ၀မသုတ်သင်သရွေ့ ၎င်းတွင် အသက်ရှူကြိမ်ရေတစ်ကြိမ်မျှသာ ရှိလျှင်ပင် ပစ်မှတ်ထံသို့ ဆက်လက်ပြေး၀င်တိုက်ခိုက်လာမည်သာ။
ဒီအခိုက်အတန့်၌ ကျားပုံသဏ္ဍာန်မှော်သားရဲက ခြေလက်အင်္ဂါများကို လှုပ်ရှားပြီး ယဲ့ချိုးပိုင်နှင့်ဖန်ချန်းထံသို့ ထပ်မံပြေး၀င်လာပြန်သည်။
ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။
သူတို့က အလားတူလှုပ်ရှားမှုကို ဆက်လက်အသုံးပြုခဲ့ကြသည်။
သို့စေကာမူ ကျားပုံသဏ္ဍာန်မှော်သားရဲ ရှေ့သို့ပြေး၀င်လာမည့်အချိန်တွင် ၎င်း၏ မျက်ခုံးကြား၌ နတ်ဆိုးနက်ချီအလုံးကြီးက အရူးအမူးစတင် ထိုးတက်လာသည်။
၎င်း၏ခေါင်းနှင့် မေးရိုးမှ ဒဏ်ရာများက အနှီမျက်စိနှင့် မြင်နိုင်သည့်အမြန်နှုန်းတစ်ခုဖြင့် စတင်ကောင်းမွန်လာနေသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ ရုပ်ခန္ဓာကလည်း ကျပြန့်လာပြီး သက်ရောက်သည့်အရှိန်က အရင်ကထက် အဆပေါင်းများစွာ ပိုမြန်လာသည်။
ရလဒ်အဖြစ် ၎င်းက ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ရှေ့သို့ ရုတ်တရက်ပြေး၀င်သွားကာ ဧရာမလက်ဖဝါးကြီးကိုမြှောက်ပြီး ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ဆီသို့ ရုတ်တရက် ရိုက်ချလိုက်သည်။
ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့၏ အမြင်တွင် ကြီးမားသည့်အရိပ်တစ်ခုက သူတို့ကို လွှမ်းခြုံပစ်သည့်အသွင်။
ဧရာမလက်ဖဝါးကြီးက တောင်တစ်တောင်ပမာ ကောင်းကင်ကနေ ကျဆင်းလာပြီး အလင်းအားလုံးကို ပိတ်ဆို့ပစ်သည်။
ပြင်းထန်သည့်လေတိုးသံက သူတို့နှစ်ယောက်အား ဆန့်ကျင်တိုက်ခတ်ပြီး အလွန်အမင်း လေးလံသည့်ခံစားချက်တစ်ခုရှိနေသလို လေဟာနယ်ကလည်း အဆက်မပြတ် ပုံပျက်နေသည်။
ဒီမြင်ကွင်းကို မြင်သောအခါ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။
ရုတ်တရက်အရှိန်မြှင့်လာခြင်းက သူတို့နှစ်ယောက်ကို ချက်ချင်းမတုံ့ပြန်နိုင်ဖြစ်သွားစေသည်။
သူတို့၏မူလတိုက်ခိုက်သည့် အနေအထားကနေ ကိုယ်ခန္ဓာကို ကွေးသွားစေရန်အထိ တွန်းအားပေးခံရပြီး အလျင်အမြန်ကာကွယ်ရသည်။
ယဲ့ချိုးပိုင်ရင်ဘတ်ရှေ့၌ လက်ထဲတွင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကိုင်ထားသည်။ ဓားပိုင်နက်က ဒီအခိုက်အတန့်မှာပင် ရုတ်တရက်ကျုံ့သွားပြီး ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားပေါ်တွင် စုစည်းလာပြီး ဓားဆန္ဒမဟာတံတိုင်းတစ်ခုကို ဖန်တီးသည်။
ဖန်ချန်းကာကွယ်ရန်အတွက် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကိုသုံးပြီး လက်သီးတစ်ချက် ထိုးနှက်ပစ်သည်။
သို့စေကာမူ ကျားပုံသဏ္ဍာန်သားရဲ၏ တိုက်ခိုက်မှုက မြန်ဆန်လွန်းသဖြင့် သူတို့နှစ်ယောက် ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ကြပေ။
၎င်း၏တောင်ကဲ့သို့ လက်ဖဝါးကြီး ဆင်းသက်လာသောအခါ သူတို့နှစ်ယောက်အား ပြင်းထန်စွာထိခိုက်ပြီး ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပြင်းထန်သောတိုက်ခိုက်မှုက နှစ်ယောက်စလုံးက ကောင်းကင်က ချက်ချင်းကျသွားစေပြီး အမြောက်ဆံများပမာ မြေကြီးနှင့် တိုက်မိသည်။
ဘုန်း......!
မြေကြီးကချက်ချင်းဆိုသလို ချိုင့်၀င်ကာ အက်ကွဲသွားသည်။ ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများက ချိုင့်အပေါက်ကို ဗဟိုပြုပြီး နေရာတိုင်းသို့ အလျင်အမြန်ပင် ပျံ့သွားသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ဗိုလ်ချုပ်၏ နှလုံးသားက တင်းကြပ်သွားရပြန်သည်။
အဝေးက ကျောင်းယန်နှင့် ချီ၀မ်တို့ ဒီမြင်ကွင်းကို အာရုံခံမိသောအခါ အနည်းငယ် စိတ်သက်သာရာရသွားကြ၏။
မျှော်လင့်ထားသည့်အတိုင်း နတ်စစ်သည်နယ်ပယ် ကျွမ်းကျင်သူများအတွက် ဒီနတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲကို ကိုင်တွယ်ရန်အတွက် ခက်ခဲနေဆဲပင်။
အကယ်၍ သူတို့သာ အမှန်တကယ် သတ်နိုင်ပါက သူတို့ပါရမီနှင့် တကယ့်တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်ပင် အစွမ်းထက်လေမည်နည်း။
ယခုလိုလူမျိုးက ဂိုဏ်းတစ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များသာ ဖြစ်လောက်သည်။
တကယ်တမ်းတွင် ဒီအဆင့်မြင့်ကြယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင်များသာလျှင် ဒါကိုလုပ်နိုင်သည်။
ထိုသို့ဖြစ်လာခဲ့လျှင်ပင် သူတို့လုပ်ရပ်များက ဂိုဏ်းနှစ်ဂိုဏ်းအကြား စစ်ပွဲတစ်ခုကို ဖြစ်စေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကြောက်စရာကောင်းသည့် ပါရမီရှင်နှစ်ယောက်ကတော့ သေဆုံးရမည်မဟုတ်ပေလော။
သူတို့အလှမ်းဝေးလျှင်ပင် ဂိုဏ်းက ဒီကိစ္စကို အလွတ်ပေးမည်မဟုတ်။
ဒါကတကယ်ပင် လက်တွေ့ကျသည့် ကိစ္စတစ်ခုပင်။
သင့်မှာလုံလောက်သည့်ပါရမီမရှိပါက နောက်ကွယ်ကဂိုဏ်းက သင့်အတွက် တရားမျှတမှုကို ရှာဖွေရန်အတွက် တန်ဖိုးတစ်ခုပေးဆပ်မည်မဟုတ်ပေ။
သင့်တွင် လုံလောက်သောပါရမီသာရှိနေပါက ဂိုဏ်းက သင့်အတွက် အပြည့်အ၀ လှုပ်ရှားပေလိမ့်မည်။
မြို့ရိုးပေါ်တွင် စစ်သားများ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏နှလုံးသားများက နစ်၀င်သွားကြ၏။
ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ ရှေ့တစ်လှမ်းတိုးလိုက်သောအခါ လိုင်းများက သူ့ကိုယ်ပေါ်၌ ပေါ်လာတော့မည့်အချိန်တွင် ကံကောင်းစွာပင် မုဖူရှန်းချက်ချင်းအော်ဟစ်သည်။
"စီနီယာအစ်ကို၊ မဆင်မခြင်မလုပ်နဲ့၊ ပြဿာနာရှိလာမှာမဟုတ်ဘူး"
မုဖူရှန်ူ၏သတိပေးချက်ကို ကြားသောအခါ ရှောင်ဟိုင် စိတ်သက်သာရာရသွားပြီး ပုံစံကွက်များက သူ့အရေပြားအောက်တွင် ပုန်းလျှိုးသွားကြပြန်သည်။
မုဖူရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချရင်း မိုးကြိုးလှောင်အိမ်အားကြည့်ပြီး မျက်မှောင်ကြုတ်သည်။
အစ်ကိုကြီးနှင့် ဂျူနီယာညီလေးဖန်တို့၏ အသက်အော်ရာများက အားကောင်းနေဆဲဖြစ်သော်လည်း သူတို့အော်ရာများက အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။ ကြည့်ရသည်မှာ သူတို့ဒဏ်ရာရသွားကြပုံပင်။
ဒီအခိုက်အတန့်မှာပင် ကျားပုံသဏ္ဍာန်မှော်သားရဲက ဟိန်းပြီး ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ အရူးအမူးပြေးသွားသည်။
လက်ဖဝါးချက်နှစ်ခုက ရုတ်တရက် ဖိသိပ်ကျဆင်းလာသည်။
ဒါကိုမြင်သော် မုဖူရှန်းရှေ့သို့ လက်ညိုးထိုးလိုက်သည်။
မိုးကြိုးလှောင်အိမ်ထဲတွင် မရေမတွက်နိုင်လောက်သည့် မိုးကြိုးစွမ်းအားများက ချက်ချင်းဆိုသလို သံကြိုးများအဖြစ် ပြောင်းသွားပြီး ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ကိုယ်ကို ရစ်ပတ်ပစ်သည်။
ဒါက ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ဧရာမခန္ဓာကို လေထဲတွင် ရပ်သွားစေသည်။
သို့စေကာမူ ရပ်တန့်မှုက ကြာရှည်မခံခဲ့ပေ။
ကျားပုံသဏ္ဍာန်မှော်သားရဲ အားပြန်ဖြည့်လိုက်သောအခါ သံကြိုးများက စတင်ကွဲအက်လာပြီး အောက်က ချိုင့်ခွင်ဆီသို့ ဆက်လက်တိုက်ခိုက်သည်။
ဘုန်း......!
ကျယ်လောင်သည့်ပေါက်ကွဲသံက မြေကြီးပေါ်၌ မိုးကြိုးပစ်သံအလားပင်။
မူလက ချိုင့်နေသည့်မြေက ဒီတဒင်္ဂ၌ ပို၍ပင် နစ်ဝင်သွားပြီး အက်နေသည့်မြေကမူ စတင်ပြိုကျပျက်စီးလာသည်။
ဒါကမြို့တစ်ခုလုံး စတင်တုန်ခါလာသည့်အလားပင်။
စစ်သားများ ဒါကိုမြင်သောအခါ သူတို့နှလုံးသားထဲတွင် သက်ပြင်းချလိုက်ကြ၏။
ကြည့်ရသည်မှာ အခွင့်အလမ်းက မရှိသေးပုံပင်။
ကျောင်းယန်နှင့် ချီ၀မ်တို့က ပို၍ပင် ပျော်သွားကြပြီး ကျုံ့ချန်ကောင်းရှိရာသို့ အော်ဟစ်ကြသည်။
"အစ်ကိုကျုံ့၊ သူတို့ထပ်မခံနိုင်တော့ဘူး၊ ငါတို့ဒီတစ်ကောင်ကို အမြန်ဖြေရှင်းဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် တခြားတစ်ကောင် ငါတို့ကို ပိတ်ဆို့ပစ်တဲ့အခါကျရင် ကိုင်တွယ်ဖို့ ခက်ခဲသွားလိမ့်မယ်"
ကျုံ့ချန်ကောင်း နောက်ထပ်နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသည်။ သူအစီအရင်စာလိပ်ကို ကိုင်ထားပြီး မှော်သားရဲကို ဖိနှိပ်ထားသည်။
သူတို့၏စကားလုံးများကို ကြားသောအခါ ကျုံ့ချန်ကောင်းခေါင်းညိတ်သည်။
"ငါသိတယ်"
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ သေပြီဟု သူတို့တွေးနေကြစဉ် မုဖူရှန်းထပ်မံ ညွှန်ပြလိုက်ပြန်သည်။
မရေမတွက်နိုင်လောက်သည့် မိုးကြိုးသံကြိုးများက ကျားပုံသဏ္ဍာန်မှော်သားရဲကို ထပ်မံရစ်ပတ်ပစ်သည်။
ကျားပုံသဏ္ဍာန်မှော်သားရဲဟိန်းပြီး လွတ်မြောက်ရန်အတွက် ပြင်ဆင်နေခိုက် ပုံရိပ်နှစ်ခုက ရုတ်တရက် ကျားပုံသဏ္ဍာန် မှော်သားရဲ၏ ခေါင်းထိပ်တွင် ပေါ်လာခဲ့သည်။
သူတို့က ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ဖြစ်သည်။
ဓားပိုင်နက်က ရုတ်တရက်သိပ်သည်းသွားသည်။
ဓားဝိဉာဉ်၏ အကူအညီနှင့်အတူ ဒါက အဆုံးစွန်အထိ ဖိသိပ်ပစ်သည်။
ဓားပိုင်နက်ထဲက ဓားဆန္ဒ၏ ပေါင်းစည်းမှုအောက်တွင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကလည်း ပို၍ရှည်လျားကာ ထက်ရှလာသည်။
ဖန်ချန်းခက်အစုံကို ဆန့်တန်းလိုက်သည်။
အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က အဆင်သင့်ဖြစ်နေလေပြီ။
ဒါက ကျားပုံသဏ္ဍာန်မှော်သားရဲကို တိုက်ရိုက်ပင် ၀န်းရံထားပြီး ဧရာမဖျက်ဆီးခြင်းအော်ရာက မိုးကြိုးလှောင်အိမ်အတွင်း ပြည့်နှက်သွားခဲ့သည်။
အပိုင်း(954) coming။