← Chapters

#‌ဟန်ချက်ညီခြင်း#

Vol. 68 Ch. 954

#‌ဟန်ချက်ညီခြင်း#

Vol. 68 Ch. 954

စံအိမ်တော်ကတပည့်များက အချင်းချင်းအော်ရာကို ခံစားနိုင်သလို ပူးပေါင်းဆောင်ရွက်ရန်အတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးအချိန်ကိုလည်း ရှာဖွေနိုင်ပါသေးသည်။ 

ကျားပုံသဏ္ဍာန်မှော်သားရဲ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ကို မြေပေါ်သို့ ရိုက်ထုတ်ပစ်သည့် အခိုက်အတန့်၌ မုဖူရှန်း ဖုန်နှင့်မြူခိုးများ၏ ပိတ်ဆို့မှုကို ငှားယမ်းပြီး ကျားပုံသဏ္ဍာန်မှော်သားရဲကို တစ်ခဏမျှ ထောင်ချောက်ဆင်ရန်အတွက် မိုးကြိုးသံကြိုးများကို သုံးခဲ့သည်။ 

ဒါကလည်း ယဲ့ချိုးပိုင်နှင့်ဖန်ချန်းတို့ကို နောက်တစ်ကြိမ် တိုက်ခိုက်မှုများအတွက် ပြင်ဆင်ရန် လုံလောက်သည့် အချိန်တစ်ခုကို ပေးဆောင်နိုင်ခဲ့သည်။ 

အကယ်၍ သူသာနည်းနည်းနှေးသွားမည်ဆိုပါက ကျားပုံသဏ္ဍာန်မှော်သားရဲက ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့၏ ပြင်ဆင်မှုများကို ၀င်ရောက်နှောက်ယှက်ပေလိမ့်မည်။ 

အကယ်၍ သူသာအရမ်းမြန်ပါက မှော်သားရဲက ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့၏ တိုက်ခိုက်မှုများကို ကြိုတင်သတိထားမိသွားပေလိမ့်မည်။ 

ထို့ကြောင့် လိုအပ်သည့်အချိန်အဆက်က အတော်လေးအသေးစိတ်ရမည်ဖြစ်ပြီး ဒါကို သာမန်လူများမလုပ်နိုင်ပေ။ 

ဒီအချိန်တွင် မြို့ရိုးပေါ်က စစ်သားများက ဒီမြင်ကွင်းကိုမြင်သောအခါ ယခုလေးတင် ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုက ဘာကြောင့် ယဲ့ချိုးပိုင်တို့ကို မသေစေရသလဲဆိုတာကို သူတို့မတွေးကြတော့ဘဲ သူတို့၏ တိုက်ခိုက်မှုများက ဒီနတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို အဆုံးသတ်နိုင်မလားဆိုတာကိုသာ မြင်ချင်ကြတော့သည်။ 

မိုးကြိုးအကျဉ်းထောင်ထဲတွင် ဓားဆန္ဒက မျှော်လင့်ထားသည့်အတိုင်းပင် ပြည့်နှက်မသွားခဲ့ဘဲ ယင်းအစား ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားထဲတွင် အပြည့်အ၀ပါ၀င်သွားသည်။ 

ဓားဝိဉာဉ်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းက ဓားထဲတွင် လုံး၀ပေါင်းစည်းသွား၏။ 

တကယ်တမ်းတွင် မည်သူမှ မည်သည့်ဓားဆန္ဒကိုမှ မခံစားမိပေ။ 

ဘေးတွင် ဖန်ချန်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ချမှတ်သည်။ 

လုချန်ရှန်း၏ အကူအညီနှင့်အတူ ဖန်ချန်း  အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်စွမ်းအားအပေါ် ပို၍နားလည်ဖမ်းဆုပ်မိလာခဲ့သည်။ 

ငွေအရေပြားနှင့် သွေးကြွက်သားကိုပါ ပေါင်းစပ်လိုက်ပါက အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်၏ စွမ်းအားက အရင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။ 

နှစ်ဦးစလုံးက စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ကြသည်။ 

ကျားပုံသဏ္ဍာန်မှော်သားရဲ မိုးကြိုးသံကြိုးများကနေ လွတ်သွားစဉ် ထိုတိုက်ချက်များက ရုတ်တရက်ဆိုသလို ၎င်း၏ခေါင်းပေါ်သို့ ကျဆင်းလာသည်။ 

ဓားချက်တစ်ချက်နှင့်အတူ နတ်ဆိုးအားလုံးဖျက်ဆီးခံရသည်။ 

ထို့နောက်ချက်ချင်းဆိုသလို အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က ကျားပုံသဏ္ဍာန်မှော်သားရဲကို လုံး၀ဝိုင်းရံပစ်သည်။ 

ဖျက်ဆီးခြင်းအော်ရာအလင်းတန်းများက ကမ္ဘာ့သုတ်သင်လှံများအဖြစ် ပြောင်းသွားပြီး ကျားပုံသဏ္ဍာန်မှော်သားရဲထံ အရူးအမူးပစ်၀င်သွားကြ၏။ 

ရုတ်ချည်းဆိုသလို ယဲ့ချိုးပိုင်၏ဓားက ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ခေါင်းပေါ်၌ ဆင်းသက်လာသည်။ 

ဒီအချိန်မှာပင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကနေ ဓားဆန္ဒက အရူးအမူး ပေါက်ကွဲသွားပြီး ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ဦးခေါင်းနေရာ၌ အဆက်မပြတ် တိုး၀င်သွား၏။ 

ဂါး........!

ကျားပုံသဏ္ဍာန်မှော်သားရဲ နာကျင်မှုကြောင့် ကျယ်လောင်စွာတစ်ချက်ဟိန်းလိုက်ပြီး သွေးပူများက ၎င်း၏ခေါင်းကနေ ရုတ်တရက်စီးတွေလာကြလေရာ ယဲ့ချိုးပိုင်တစ်ကိုယ်လုံးပေါ်သို့ ပက်ဖြန်းသွားသဖြင့် သူ့အ၀တ်ဖြူများက အနက်နီရောင်ပြောင်းသွားသည်။ 

ဒီအချိန်မှာပင် ကမ္ဘာ့သုတ်သင်လှံများကလည်း ရောက်လာပြီး ‌ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ဧရာမခန္ဓာအား တိုက်ရိုက် ထိုးစိုက်ပစ်သည်။ 

ထို့နောက် ကမ္ဘာ့သုတ်သင်လှံများမှတဆင့် ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ကိုယ်ထဲတွင် ဖျက်ဆီးခြင်းအော်ရာက စတင်ထိုးတက်လာသည်။ 

အထဲကနေ အပြင်ထိ ပေါက်ကွဲသံများဖြစ်ပေါ်လာကာ ၎င်း၏ကိုယ်ခန္ဓာမျက်နှာပြင်က မည်မျှပင် မာကျောနေပါစေ ယခုလို ပေါက်ကွဲမှုမျိုးကို ခံနိုင်စွမ်းမရှိချေ။ 

ယဲ့ချိုးပိုင်၏ဓားဆန္ဒက ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ခေါင်းမှတဆင့် ပေါက်ကွဲသွားခဲ့သည်။ 

ဖန်ချန်း၏ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က ၎င်းကိုယ်ထဲကနေ သတ်ဖြတ်ခြင်းအော်ရာနှင့်အတူ ပေါက်ကွဲနေသည်။ 

အက်ကြောင်းများက ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ကိုယ်ပေါ်၌ စတင်ပေါ်လာကြပြီး သွေးများက ထိုအက်ကြောင်းများကနေတဆင့် ရေတွင်းအလားစီးဆင်းလာကြ၏။ 

ဒေါသတကြီးနာကျင်စွာဟိန်းသံများကလည်း တဖြည်းဖြည်းလျော့ပါးလာပြီး ၎င်း၏ ရုန်းကန်မှုများကလည်း ပိုပိုပြီး နည်းပါးလာသည်။ 

ဒီအချိန်မှာပင် မုဖူရှန်းပြောသည်။ 

"အစ်ကိုကြီး၊ ညီလေးဖန်၊ နောက်ဆုတ်ကြ"

မုဖူရှန်း၏အသံကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ထွက်သွားကြသည်။ 

ဒါကိုမြင်သော် မုဖူရှန်း၏အမူအရာက လေးနက်သွားပြီး မိုးကြိုးလှောင်အိမ်က စတင်အဓိကရုဏ်းဖြစ်လာသည်။ 

တစ်ချိန်တည်းမှာပင် သူ့လက်ဖဝါးက ကျားပုံသဏ္ဍာန်မှော်သားရဲရှိရာဆီသို့ ရုတ်တရက် ကျဆင်းသွားခဲ့သည်။ 

တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုးက ထူထဲသည့် မိုးကြိုးတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ကျဆင်းကာ ကျားပုံသဏ္ဍာန်မှော်သားရဲကို အပြည့်အ၀ လွှမ်းခြုံသွား၏။ 

ဂျုန်း......!

ဒီလေဟာနယ်က အရောင်အဆင်းကို ဆုံးရှုံးသွားပုံရပြီး ပတ်၀န်းကျင်က အတိမှောင်မည်းသွားကာ မိုးကြိုးတိုင်တစ်ခုတည်းကသာ ဧရာမမိုးကြိုးအလင်းကို ထုတ်လွှတ်ပေးနေသည်။ 

မုဖူရှန်း၏ ထိန်းချုပ်မှုအောက်တွင် မိုးကြိုးလှောင်အိမ်က လျှပ်စီးဗုံးတစ်လုံးပမာ ပေါက်ကွဲသွား၏။ 

ဖောင်း......!

ခရက်ခ်.....ခရက်ခ်!

မြေပေါ်၌ မိုးကြိုးစင်းများက လေစက်ဝိုင်းတစ်ခုအဖြစ် ပြောင်းပြီး ပတ်၀န်းကျင်၌ လွင့်မြောသွားကြသည်။ 

သားရဲအုပ်စုထဲတွင် အုပ်စုကြီးတစ်ခု ၀င်လာစဉ် သူတို့ခုခံမှု၊ ရုန်းကန်မှုပင် မလုပ်နိုင်ဘဲ မုဖူရှန်း၏ တိုက်ခိုက်မှုအောက်တွင် အသတ်ခံလိုက်ရသည်။ 

ဒီနတ်ဗိုလ်ချုပ်အဆင့် ကျားပုံသဏ္ဍာန် မှော်သားရဲကလည်း တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သည်။ 

ဒီမြင်ကွင်းက မြို့ကိုစောင့်ကြပ်နေကြသည့် စစ်သားများကို ကြက်သေသေသွားစေသည်။ 

သူတို့သုံးယောက် တိုက်ခိုက်ပြီး ပူးပေါင်းလိုက်သောအခါ နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲကို သတ်ပစ်ရုံတင်မက သားရဲအုပ်၏ ၄၀ရာခိုင်နှုန်းနီးပါးကိုပင် ရှင်းလင်းပစ်ခဲ့သည်။ 

သူတို့ဒါကိုဘယ်လိုလုပ်ခဲ့ကြတာလဲ!

မိုးကြိုးလှောင်အိမ်ကို အသုံးပြုပြီးနောက် ယဲ့ချိုးပိုင်နှင့်ဖန်ချန်းတို့ လှောင်အိမ်ထဲတွင် ကျားပုံသဏ္ဍာန်မှော်သားရဲကို တိုက်ခိုက်နေစဉ် မုဖူရှန်းက မိုးကြိုးစွမ်းအားကို ဆက်လက်သိပ်သည်း‌အောင် လုပ်နေခဲ့ပြီး ဒီအချိန်လေးမှာပင် ရုတ်တရက် ပေါက်ကွဲသွားစေခဲ့ခြင်းဖြစ်သည်။ 

ရုတ်တရက် မြို့ကိုစောင့်ကြပ်နေသည့် စစ်သားများ တုံ့ပြန်လာကြ၏။ 

မည်သို့ပင်ဆိုစေကာမူ ထိုသုံးယောက်၏ ဒီတိုက်ခိုက်မှုက သူတို့အပေါ်က ကြီးမားသည့်ဖိအားကို လျော့ပါးစေခဲ့သည်သာမက တစ်ချိန်တည်းတွင် သူတို့၏ စိတ်ဓာတ်ကိုလည်း တိုးလာစေသည်။ 

ဒီအချိန်မှာပင် မြို့ကိုစောင့်ကြပ်နေသည့် စစ်သားများ၏ စိတ်ဓာတ်များက အမြင့်ဆုံးကို ရောက်လာခဲ့သည်။ 

ယခုလိုအခြေအနေများအောက်တွင် စိတ်ဓာတ်က အရေးအကြီးဆုံးပင်။ 

တခြားတစ်ဘက်က ကျုံ့ချန်ကောင်း၊ ကျောင်းယန်နှင့် ချီ၀မ်တို့ ရုတ်တရက် လှည့်လာစဉ် ဒီဖျက်ဆီးခြင်းမိုးကြိုးစက်ဝိုင်းကို တွေ့လိုက်ရသည်။ 

ယဲ့ချိုးပိုင်နှင့်ဖန်ချန်းတို့က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို သတ်ပစ်ခဲ့တာကိုလည်း သူတို့မြင်ပါသည်။ 

ဒါကသူတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။ 

ဘယ်လိုကြီးလဲ၊ သူတို့သုံးယောက်က နတ်စစ်သည်နယ်ပယ်ကဆိုတာ ရှင်းနေတာပဲလေ!

ဒါ့အပြင် သူတို့က အရေအတွက်ဖြည့်ရန်အတွက် ထိုသုံးယောက်ကိုပင် ဆွဲခေါ်လာခဲ့ပြီး ငါးစာတစ်ခုအဖြစ်ပင်အသုံးပြုခဲ့သည်။ သူတို့အမြင်၌ ဒီသုံးယောက်က အချိန်မရွေး စွန့်ပစ်နိုင်သည့်သူများသာ။ 

ယခုတွင်မူ သူတို့က ဒီလိုကြောက်စရာကောင်းသည့် ခွန်အားနှင့်ပင် ပေါက်ကွဲလာခဲ့ပြီး နတ်ဆိုးနက်ချီနှင့် အားဖြည့်ထားသည့် နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲကိုပင် သတ်ပစ်ခဲ့သည်။ ဒါတင်မက ဒါက သူတို့ထက်ပင် မြန်ဆန်နေသေးသည်။ 

ဘယ်သူကငါးစာလဲ!

ကျုံ့ချန်ကောင်း၏ အမူအရာက ကြည့်ရဆိုးသွားသော်လည်း သူ့တွင် အရမ်းကြီးတွေးတောနေရန်အတွက် အချိန်မရှိပါ။ 

သူ့ရှေ့က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို သူသတ်ပစ်ရုံသာ တတ်နိုင်သည်။ 

သူ ယုံကြည်မှုအပြည့်အ၀ရှိစေရန်အတွက် အစီအရင်စာလိပ်သုံးခုပေါင်းစပ်မှုနှင့် ပြင်ပအင်အားစုများ၏ အကူအညီကို အားကိုးခဲ့ရသော်လည်း မြို့ကာကွယ်မှုက ဆက်လက်ဖြစ်ပျက်နေခဲ့သည်။ 

ရက်တစ်၀က်ခန့်ကြာပြီးနောက် ကျုံ့ချန်ကောင်းနှင့် ကျန်နှစ်ယောက်က နောက်ဆုံးတော့ မှော်သားရဲကို သတ်ပစ်နိုင်ခဲ့ကြသဖြင့် မြို့ရိုးဆီသို့ အလွန်အမင်းကြည့်ရဆိုးသည့် အမူအရာများဖြင့် ပြန်လာခဲ့ကြသည်။ 

ယဲ့ချိုးပိုင်တို့က မြို့ကိုကာကွယ်ရန်အတွက် အစောင့်များကိုကူညီရင်း ‌သားရဲအုပ်ကို အကြီးအကျယ် ဆက်လက်တိုက်ခိုက်နေသည်။ 

"မင်းတို့ဘယ်လိုလုပ်ခဲ့တာလဲ"

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။ 

"ငါတို့မင်းကိုစိတ်ပျက်စေမိသွားလား"

ဒါကိုတွေးမိသောအခါ ကျုံ့ချန်ကောင်း၏ အမူအရာက တစ်ခဏကြာအေးခဲသွားပြီးနောက် ပြုံးလိုက်သည်။ 

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ညီလေးယဲ့၊ မင်းတို့နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို သတ်နိုင်တဲ့အတွက် ငါအရမ်းပျော်တာပေါ့"

သူ့အမူအရာကို ပြောင်းလဲပစ်သည့်နှုန်းက နှေးသည်ဟုမဆိုနိုင်ပေ။ သို့စေကာမူ ဒီလိုလူမျိုးများက ဆက်ဆံရန်အခက်ခဲဆုံးပင်။ သူတို့က ပြောင်းလွယ်ပြီး လိုက်ဖက်ကိုက်ညီအောင် ပြင်ဆင်တတ်ကြသေးသည်။ 

ဖန်ချန်း ကျုံ့ချန်ကောင်းကို မှိန်ဖျော့သည့်အပြုံးဖြင့်ကြည့်သည်။ 

"အဲဒီတုန်းက မင်းဒီလိုပြောခဲ့တာမဟုတ်ပါဘူး"

"အချိန်တွေကပြောင်းသွားပြီ" ကျုံ့ချန်ကောင်းလက်အစုံကို ဖြန့်လိုက်သည်။ 

"ဘာပဲဆိုဆို ငါတို့ကအခုအသင်းတစ်သင်း ဖြစ်နေတုန်းပဲ၊ ဒါ့အပြင် မင်းတို့ ပိုကောင်းမွန်စွာနဲ့ လေ့ကျင့်ဖို့အတွက် သတင်းအချက်အလက်တွေနဲ့ အထူးဆုလာဘ်တွေ ပိုလိုချင်တယ်မလား"

"ဒီကိစ္စအတွက်တော့ ငါ့ရဲ့နောက်ခံကို မင်းတို့ကြားဖူးမှာပါ၊ ဒါကြောင့် ငါနဲ့ဆက်တွဲလုပ်တာက မင်းတို့အတွက် ပိုကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ"

ကျုံ့ချန်ကောင်းက အရမ်းဉာဏ်ကောင်းတာ သိသာထင်ရှားနေသည်။ 

တစ်ဦးနှင့်တစ်ဦးပဋိပက္ခဖြစ်ပြီးနောက် တစ်ဘက်က သူတို့ကိုထိန်းချုပ်ရန်အတွက် အသုံးချခြင်းက ယခုအချိန်တွင် အကောင်းဆုံးရွေးချယ်မှုပေတည်း။ 

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ငါလန်ဟိုင်ဘက်ကိုလည်း ရွေးလို့ရသေးတာပဲ၊ သူတို့လည်း ငါတို့စွမ်းအားကို သိကြမယ်လို့ ငါယုံတယ်၊ သူတို့ ငါတို့ကို ငြင်းမှာမဟုတ်ဘူး"

ကျုံ့ချန်ကောင်း နှလုံးသားထဲကနေ ကျိန်ဆဲလိုက်ပြီးနောက် ပြုံးကာ ချက်ချင်းပြောသည်။ 

"မင်းဘယ်သတင်းအချက်အလက်တွေ လိုချင်လဲ"

အပိုင်း(955) coming။ 

All Chapters