← Chapters

#‌မိုလီ၏မှန်းဆချက်၊ ပြင်ဆင်မှုကို စတင်ခြင်း#

Vol. 68 Ch. 955

#‌မိုလီ၏မှန်းဆချက်၊ ပြင်ဆင်မှုကို စတင်ခြင်း#

Vol. 68 Ch. 955

နတ်ခန္ဓာဂိုဏ်းတွင် ကျုံ့ချန်ကောင်း သူ့ရာထူးကို ရနိုင်ခဲ့ရသည့်အကြောင်းရင်းက သူ့အဖေက နတ်ခန္ဓာဂိုဏ်း၏ အတွင်းဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်ပြီး ပုံရိပ်မြင့်မားသည့်အတွက်ကြောင့်သာမက တစ်ချိန်တည်းတွင် သူ့တွင် ယခုလိုကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် နည်းလမ်းတစ်ချို့ ရှိသောကြောင့်ပင်။ 

အကြီးအကဲများ၏ လွှမ်းမိုးမှုအောက်တွင် သူ့နည်းလမ်းများက ကလေးဆန်၍မရနိုင်ပါ။ 

ယဲ့ချိုးပိုင်တို့နှင့် ပဋိပက္ခဖြစ်ပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဘာလိုအပ်သလဲဆိုတာ ကျုံ့ချန်ကောင်း အတိအကျ ရှာတွေ့နိုင်ခဲ့သည်။ 

ဥပမာအားဖြင့်လေ့ကျင့်မှုက မိမိစွမ်းအားကို တိုးတက်အောင်လုပ်တာထက် မပိုပါ။ ဆုလာဘ်များကလည်း လိုအပ်သလို တစ်ထျိန်တည်းမှာပင် မေးမြန်းမှုများလည်း လိုအပ်သည်။ 

လွန်ခဲ့သောရက်အနည်းငယ်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သူ့ကို မရည်ရွယ်ဘဲ သတင်းအချက်အလက်များ မေးလာခဲ့ကြသည်။ 

ဒီကနေတဆင့် သူတို့လိုအပ်နေတာက သတင်းအချက်အလက်များဆိုတာ မြင်နိုင်ပါသည်။ 

ထို့ကြောင့် ယခုလိုအခြေအနေတွင် ကျုံ့ချန်ကောင်းကသာ ယဲ့ချိုးပိုင်တို့ကို အသင်းတွင် ဆက်လက်ပါ၀င်စေပြီး သူတို့နှင့်အတူ တာ၀န်ကို ပြီးမြောက်လိုပါက ဒီအသင်းဆက်ဆံရေးကို အနည်းဆုံးတော့ ဒီတာ၀န်မပြီးမချင်း ထိန်းသိမ်းရန်အတွက် သူ့တွင် မြင့်မားသည့်အခွင့်အရေးတစ်ခုရှိသည်။ 

ယဲ့ချိုးပိုင်တို့ သဘောတူလိုက်ရသည့် အကြောင်းရင်းကလည်း အသင်းက ဖွဲ့ပြီးသားဖြစ်နေသောကြောင့်ပင်။ တစ်ချိန်တည်းမှာပင် သူတို့အကြားက အသင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ကျုံ့ချန်ကောင်းဆီက သတင်းအချက်အလက်များ မေးမြန်းရန်ဟူသည် ပို၍အဆင်ပြေပါသည်။ 

ထို့ကြောင့် ကျုံ့ချန်ကောင်း၏ အဆိုပြုချက်ကို သူသဘောတူလိုက်ခြင်းပင်။ 

.....

တခြားတစ်ဘက်တွင် နတ်ဆိုးနက်ချီ၏ အနက်ပိုင်းတစ်နေရာ၌ အနက်၀တ်ပုံရိပ်ဆယ်ခုကျော်က ရှေ့သို့ ဂရုတစိုက်ဖိနှိပ်ထားကြသည်။ 

သူတို့ထဲကခေါင်းဆောင်က မိုလီဖြစ်သည်။ 

မီတာရာချီအကွာ၌ နတ်ဆိုးဘုရင်ပိုင်နက်ရ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး ရုတ်တရင် စိတ်မချမ်းမြေ့ဖွယ်ရာ ဟစ်ကြွေးသံတစ်သံကို ထုတ်လွှတ်လိုက်၏။ 

မရေမတွက်နိုင်လောက်သည့် နတ်ဆိုးနက်ချီက နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ ကိုယ်ထဲသို့ စတင်ထိုးဖောက်၀င်ရောက်သွား၏။ 

သူ့ခန္ဓာကလည်း ငါး၀မ်းပူတစ်ကောင်ပမာ ဖောင်းကာကျယ်ပြန့်လာပြီး တဖြည်းဖြည်းနှင့် လေထဲ လွင့်မြောသွားသည်။ 

လူတိုင်း၏လေးနက်နေသည့် အကြည့်အောက်တွင် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ၏ ခန္ဓာက ပေါက်ကွဲသွားပြီး အပိုင်းပိုင်းအစစကွဲကာ မရေမတွက်နိုင်လောက်သည့် သွေးစက်များက နေရာတိုင်းတွင် ပက်ဖြန်းသွားသည်။ 

ဒီထဲတွင် သူ့ကိုယ်တွင်းအင်္ဂါအပိုင်းအစများနှင့် အရိုးကျိုးများပါပါ၀င်ပြီး အလွန်အမင်း သွေးထွင်သံယိုဖြစ်နေသည်။ 

မိုလီ၏အမူအရာက လေးနက်နေသည်။ 

"ငါတို့ဒီမှာ လူဘယ်နှစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီလဲ"

မိုလီနောက်မှ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အကြီးအကဲတစ်ဦးက လေးနက်သည့် အမူအရာဖြင့်ပြောသည်။ 

"ကျွန်တော်တို့ လူခုနှစ်ဆယ်ကျော် ဆုံးရှုံးပြီးပါပြီ၊ ကြည့်ရတာ ဒီနေရာမှာ ကျွန်တော်တို့ နတ်ဆိုးဘုရင်ပိုင်နက်က လူတွေတောင် နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပဲ ရောက်နိုင်ပုံရတယ်"

နတ်ဆိုးဘုရင်ပိုင်နက်က လူများက အစကတည်းက နတ်ဆိုးနက်ချီကို ကျင့်ကြံကြသည်။ 

ထို့ကြောင့် ယခုလိုပတ်၀န်းကျင်မျိုးတွင် သူတို့က တခြားသူများထက် အများကြီးပိုတော်ကြသည်။ 

အကယ်၍ နတ်ခန္ဓာဂိုဏ်း သို့မဟုတ် နတ်အစီအရင်ဂိုဏ်းက တစ်ယောက်ယောက်သာ လာမည်ဆိုပါက သူတို့တွင် ခုခံရန်အတွက် နတ်အင်ပါယာနယ်ပယ်က လူများရှိရန် သေချာပေါက်လိုအပ်သည်။ 

ဒီအကြီးအကဲ၏ စကားလုံးများကို ကြားသောအခါ မိုလီ၏ အမူအရာက တဖြည်းဖြည်း ကြည့်ရဆိုးလာပြီး ရှေ့သို့ ကြည့်လိုက်မိသည်။ ရှေ့တွင် နတ်ဆိုးနက်ချီက ထိတွေ့ရလုနီးပါးပင်ဖြစ်နေပြီး စေးကပ်ကာ အရည်ကဲ့သို့ ထူထဲသိပ်သည်းလွန်းသည်။ 

နတ်ဆိုးနက်ချှက သိပ်သည်းထားသည့် အရည်စက်တိုင်းက ပေါင်ငါးထောင်မျှ လေးလံလှပြီး လူတိုင်း၏ကိုယ်ပေါ်သို့ ဖိသိပ်နေသည့် တောင်တစ်တောင်အလားပင်။ 

ဒါက နတ်ဆိုးနက်ချီ၏ အနက်ပိုင်းဖြစ်ပြီး ဗဟိုချက်နှင့် မိုင်ရာပေါင်းအနည်းငယ်မျှသာ ဝေးကွာသည်။ 

သို့စေကာမူ သူတို့အတွက် အချိန်တိုအတွင်း သူတို့ရောက်နိုင်သည့် အကွာအဝေးက မြောင်းတစ်ခုအကွာအဝေးမျှသာ။ 

အဘယ်ကြောင့်ဆိုသော် ဒီနတ်ဆိုးနက်ချီ၏ ဖိနှိပ်မှုအောက်တွင် နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်သည့် မိုလီပင်လျှင် တစ်စုံတစ်ရာက သူ့ကိုယ်ထဲက နတ်ဆိုးချီကို ဖိနှိပ်ထားသည့်အလား မပြေးနိုင်ပေ။ 

ဒီနတ်ဆိုးချီက နတ်ဆိုးဘုရင်ပိုင်နက်နှင့် ဆင်တူသော်လည်း အထဲကပစ္စည်းက သေချာပေါက် နတ်ဆိုးဘုရင်ပိုင်နက်နှင့် ခွဲမရနိုင်သည့်အရာတစ်ခုဆိုတာကို မိုလီအတည်ပြုနိုင်ခဲ့သည်။ 

ဒီဆန်းကြယ်သည့်ပစ္စည်းက ထုတ်လွှတ်သည့် နတ်ဆိုးနက်ချီက သူတို့ထက်ပင် အများကြီးပိုအားကောင်းတာ ရှင်းနေသည်။ 

ဒါက သူတို့မပြေးနိုင်လောက်သည်အထိ များပြားလွန်လေရာ သူတို့သာ လုံလောက်အောင် အားမကောင်းပါက သေသည်အထိ ချေမွခံရပေလိမ့်မည်။ 

တစ်ချိန်တည်းမှာပင် နတ်ဆိုးသခင် ဘယ်လိုအသက်ရှင်နေရသေးသလဲဆိုတာ သူတွေးမိသွားသည်။ 

ဒါကိုတွေးမိသောအခါ မိုလီ၏နှလုံးသားထဲတွင် မှန်းဆချက်တစ်ခုရှိလာသည်။ 

အထဲကပစ္စည်းက အရင်နတ်ဆိုးသခင်နှင့် ဆက်စပ်နေတာဖြစ်လောက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးသခင်၏ အော်ရာနှင့်သွေးကြောကသာလျှင် သူ့ကို ယခုလိုအကြွင်းမဲ့ဖိနှိပ်နိုင်သည်။ 

ဒီလိုဆိုပါက မိုလီတွင် အကြံဉာဏ်တစ်ခုပင်ရှိလာသည်။ 

ဖြစ်နိုင်တာက အရင်နတ်ဆိုးသခင်က အဆင့်မြင့်ကြယ်နယ်မြေကို ရောက်နှင့်နေပြီလား!

ဒါကြောင့်လည်း သူချန်ထားခဲ့တဲ့ ပစ္စည်းက စတင်ပြီးအစပျိုး အသက်၀င်လာတာလား!

နတ်ဆိုးသခင်ကြောင့်ပဲ ဒီပစ္စည်းက ဒီမှာ ပေါ်လာခဲ့တာလား!

မိုလီ၏ အမူအရာက လေးနက်သွားပြီး တိုက်ရိုက်ပင်ပြောသည်။ 

"ငါတို့ရှေ့ဆက်သွားမယ်ဆိုရင် ငါတောင်မှ ဒါကို မခံနိုင်တော့မှာ ကြောက်မိတယ်"

နတ်အင်ပါယာနယ်ပယ် အကြီးအကဲထိတ်လန့်သွား၏။ 

မိုလီတောင် မခံနိုင်ဘူးလား!

"အရင်ပြန်သွားကြရအောင်၊ ငါနတ်ဆိုးအရှင်ကို သတင်းကားတစ်ခုပို့ရဦးမယ်"

တစ်နည်းအားဖြင့် လက်ရှိနတ်ဆိုးသခင်က မိုဂျီဖြစ်သည်။ 

ကျန်သောသူများ ခေါင်းညိတ်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။ 

ဒါကသူတို့အတွက် သတင်းကောင်းပင်။ 

ဒီရက်များအတွင်း သူတို့၏အဖော်များက သူတို့နှာခေါင်းအောက်တွင် နတ်ဆိုးနက်ချီ၏ သေသည်အထိ ဖိနှိပ်တာကို ခံခဲ့ရသည်။ 

သူတို့၏သေဆုံးမှုက အတော်လေး၀မ်းနည်းစရာကောင်းပြီး ဝိဉာဉ်ပင်လျှင် မကျန်ခဲ့ပါ။ သူတို့ရပ်နေကြသည့်တိုင် နှလုံးသားထဲကနေ စတင်ဆုတ်ခွာကြနေလေပြီ။ 

.....

ထွက်သွားပြီးနောက် မိုလီ အခြေအနေဂပ်ကို စောင့်ရန်အတွက် တပ်စွဲထားကြသည့် နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းက အဆင့်မြင့်လူများကို လျစ်လျုရှုကာ ယင်းအစား သူ့အခန်းထဲသို့ပြန်သွားပြီး အစီအရင်စာလိပ်ကို ထုတ်ယူကာ ဖွင့်လိုက်သည်။ 

အကာအကွယ်အစီအရင်တစ်ခုက ချက်ချင်းဆိုသလို အခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားသည်။ 

ထို့နောက် သူကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး စတင်အသံပို့သည်။ 

မိုဂျီ၏ပုံရိပ်က ကျောက်စိမ်းဆွဲသီးထဲတွင် ပေါ်လာသည်။ 

"ဘယ်လိုလဲ၊ မင်းရခဲ့ပြီလား"

မိုလီခေါင်းခါယမ်းသည်။ 

"မရခဲ့ပါဘူး၊ ကျွန်တော်သာရှေ့ဆက်သွားမယ်ဆိုရင် ဖိအားကိုခံနိုင်မှာ မဟုတ်တော့ဘူး"

ထို့နောက် မိုလီ သူ့မှန်းဆချက်များကို ပြန်ပြောပြသည်။ 

မိုဂျီဒါကိုကြားသောအခါ တစ်ခဏမျှ တွေးတောရင်း မျက်မှောင်ကြုတ်သည်။ 

"ငါတစ်ယောက်ယောက်လွှတ်လိုက်မယ်၊ ငါ့မှာ နတ်ဆိုးဘုရင်ပိုင်နက်မှာ ကိုင်တွယ်ရမယ့် ကိစ္စတစ်ချို့ရှိသေးတယ်၊ ငါဒါတွေကို ပေါ့ပေါ့လေးလုပ်ထားလို့မရဘူး"

မိုလီနားလည်သည့်အသွင် ခေါင်းညိတ်သည်။ 

"ဒါဆိုရင် ကျွန်တော်တို့ဒီနေရာကို စောင့်ကြပ်ပြီး အဲဒီလူပေါ်လာတဲ့အထိ စောင့်သင့်လား"

မိုဂျီခေါင်းညိတ်ပြသည်။ 

"ဒါကိုစောင့်ကြည့်ဖို့နဲ့ ဖောက်ထွင်းဖို့အတွက် ငါတို့လူတွေစေလွှတ်ဖို့လိုတယ်၊ အထဲမှာဘာရှိသလဲဆိုတာ ငါတို့ပိုမြန်မြန်သိလေလေ၊ ငါတို့သဲလွန်စတွေပိုရလေလေပဲ၊ အဲဒီလူရဲ့တည်နေရာကိုတောင် ငါတို့အတင်း ထုတ်ဖော်နိုင်လောက်တယ်"

"ဒါပေမယ့် ကျွန်တော်ဗဟိုချက်ကို မ၀င်နိုင်ဘူး" မိုလီ၏အမူအရာက ကြည့်ရဆိုးနေသည်။ 

မိုဂျီတွေးလိုက်သည်။ 

"ငါအဲဒီကို ယူလာဖို့အတွက် တစ်ယောက်ယောက်ပို့ပေးမယ်"

မိုလီအံ့ဩသင့်တကြီးခေါင်းညိတ်သည်။ 

"ဒါဆိုပိုအဆင်ပြေတာပေါ့"

"ကောင်းပြီ၊ ငါနောက်ရက်အနည်းငယ်ထိ ဒီမှာရှိနေရမယ်၊ သတင်းတစ်ခုခုရှိရင်၊မဟုတ်ဘူး၊ လှုပ်ရှားမှုနည်းနည်းလေးရှိရင်တောင် ငါ့ကိုချက်ချင်းအစီရင်ခံရမယ်၊ နားလည်လား"

မိုလီခေါင်းညိတ်သည်။ 

မြင်ကွင်းက ပျောက်ကွယ်သွားပြီးနောက် ကျောက်စိမ်းဆွဲသီးက ထုတ်လွှတ်သည့် အလင်းကလည်း ပျောက်ကွယ်သွား၏။ 

အမိန့်ကိုရပြီးနောက် မိုလီ ဒီတာ၀န်ကို တခြားအကြီးအကဲများနှင့် တပည့်များကို ချက်ချင်းတာ၀န်ပေးသည်။ 

တစ်ချိန်တည်းမှာပင် သူနတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းက အထက်ပုဂ္ဂိုလ်များအားလည်း ပြောလိုက်သည်။ 

"ဒီရက်အနည်းငယ်အတွင်း ဘယ်ကြယ်စင်စုကဖြစ်ပါစေ လာတဲ့လူတိုင်းကို ငါ့ကို အစီရင်ခံပါ၊ ဒါကနှုတ်ရေးသတင်းစကားမဟုတ်ဘဲ မြင်ကွင်းပါ၀င်တဲ့ အချက်အလက်ဖြစ်ပါစေ၊ နားလည်လား"

ဂိုဏ်းနှစ်ဂိုဏ်းက အထက်အဆင့်ပုဂ္ဂိုလ်များက ဒါကိုကြားသောအခါ ဘာကြောင့်လဲဆိုတာ သူတို့မသိကြပါ။ 

သို့စေကာမူ သူတို့က နတ်ဆိုးဘုရင်ပိုင်နက်ကို အားကိုးရမည်ဖြစ်လေရာ ခေါင်းညိတ်ကာ သဘောတူရုံသာ တတ်နိုင်သည်။ 

မိုလီခေါင်းမော့ရင်း နတ်ဆိုးနက်ချီများ ပေါက်ကွဲနေသည့်နေရာအား ကြည့်လိုက်၏။ မြူနက်များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး နေရောင်ကို ဝေဝါးသွားစေသည်။ 

"ဒါကတကယ်လို့များ ငါထင်ထားသလိုသာ ဆိုရင်တော့ မင်းလာနေသရွေ့ မင်းကို စောင့်နေတာက သေစေလောက်တဲ့ ၀န်းရံမှုတစ်ခုပဲ....."

အပိုင်း(956) coming။ 

All Chapters