#လူတိုင်းတွင် ကိုယ်ပိုင်အစီအစဉ်များရှိသည်#
Vol. 68 Ch. 956
နောက်နှစ်ရက်ကုန်ဆုံးသွားပြီး နေထွက်လာကာ နေရောင်က တိမ်များကို ထိုးဖောက်သွားသည့် အခိုက်အတန့်တွင်သာ နတ်ဆိုးနက်ချီများက ဗဟိုချက်ဆီသို့ တဖြည်းဖြည်း စုစည်းသွားကြ၏။
နတ်ဆိုးနက်ချီများစုစည်းသွားသည်နှင့် တစ်ပြိုင်နက် သားရဲအုပ်ကလည်း ဖြည်းဖြည်းချင်းမှေးမှိန်သွားပြီဖြစ်သည်။
အနောက်ဘက်မြို့ရိုးက ပြိုကျပျက်စီးနေလေပြီ။ သို့စေကာမူ အရင်ကနှင့်ယှဉ်ပါက ဆုံးရှုံးမှုများက အရမ်းကြီးမများပေ။
မုဖူရှန်းအဆောင်အကူအညီနှင့်အတူ ယဲ့ချိုးပိုင်၏ ဓားပိုင်နက်နှင့် ဖန်ချန်း၏ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင် နှစ်ခုစလုံးတွင် ကြီးမားသည့် သတ်ဖြတ်ခြင်းသက်ရောက်မှုတစ်ခုရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးနက်ချီ၏ တိုးပွားမှုအောက်တွင် မုဖူရှန်း၏ မိုးကြိုးစွမ်းအား၌ အထူးသက်ရောက်မှုတစ်ခုရှိသည်။
ရှောင်ဟိုင်ကမူ ခွန်အားကို မထုတ်ဖော်နိုင်သဖြင့် မြိုရိုးပေါ်တက်သောအခါ မှော်သားရဲများကို သတ်ရုံသာ တတ်နိုင်သည်။
သို့စေကာမူ ဒါကလည်း မြို့ရိုးကို လုံး၀ပျက်စီးပြိုကျသွားမည့်အရေးကနေ ကာကွယ်တားဆီးပေးခဲ့သည်။
မြို့အစောင့်များ၏ ၃၀ရာခိုင်နှုန်းကသာ မူလနေရာများ၌ သေဆုံးခဲ့ကြရသည်။
ယခုလိုအခြေအနေမျိုးတွင် ဒီလိုတိုက်ပွဲမှတ်တမ်းကို အာမခံနိုင်ရန်ဟူသည် အတော်လေးမျှော်လင့်မထားသည့်အရာဖြစ်သည်။
ဒီအချိန်တွင် မြို့အစောင့်အားလုံးက အားပေးချီးမြှောက်နေကြသည်။
သူတို့ကအလွန်အမင်း မောပန်းနေသည့်တိုင် ဒဏ်ရာများနှင့် ဖုံးလွှမ်းနေသည့်တိုင် ယခုလိုအခြေအနေအောက်တွင် သူတို့၏ ကြေမွနေသည့်ကိုယ်ခန္ဓာများကို ဆွဲယူလာပြီး အော်ဟစ်နေကြဆဲပင်။
သူတို့က ကိုယ်ထဲက မကျေမနပ်မှုများနှင့် စိတ်ပျက်အားငယ်မှုအားလုံးကို ဖယ်ရှားပစ်ချင်နေသည့်အသွင်။
ယခုအခိုက်အတန့်၌ ဘယ်သူမှ သူတို့ကို စီမံကိုင်တွယ်ခြင်းမရှိသလို ဘယ်သူမှလည်း အမိန့်ပေးခြင်းမရှိပါ။
မြို့အစောင့်များက ရပ်ကာ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ကို ရင်ဆိုင်သည်။
တစ်ချို့က ခြေထောက်ကျိုးသွားသော်လည်း သူတို့အဖော်များ၏ အကူအညီဖြင့် မတ်တပ်ရပ်ကြသည်။
ထို့နောက် သူတို့မျက်နှာပေါ်က ပျော်ရွှင်မှုကို ဖယ်ရှားပြီး လေးနက်သည့် အမူအရာများဖြင့် ယဲ့ချိုးပိုင်တို့ကို ဦးညွတ်ကြသည်။
ဒီထဲတွင် မြို့ကိုစောင့်ကြပ်နေသည့် ဗိုလ်ချုပ်လည်းပါ၀င်သည်။
ဒါကသူတို့၏ မထင်ရှားလှသည့် ကျေးဇူးတင်မှုတစ်ခုပင်။
သူတို့အနောက်ဘက်မြို့ရိုးကို စောင့်ကြပ်နေနိုင်ခဲ့တာက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအတွက်ကြောင့်သာဖြစ်သည်။
ဒီနောက်မှသာ ရှင်းနင်မြို့က ဆင်းရဲဒုက္ခနှင့် ဝေဒနာခံစားမှုထဲ မကျရောက်ခဲ့ခြင်းပင်။
ဒီအချိန်မှာပင် ကျုံ့ချန်ကောင်းလျှောက်လာပြီး ပြုံးပြသည်။
"သူရဲကောင်းဖြစ်ရတာ ဘယ်လိုခံစားရလဲ"
မြို့ကိုကာကွယ်သည့် ဖြစ်စဉ်အတွင်း နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို သတ်ပြီးနောက် ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများက အများကြီး မကူညီခဲ့ကြပေ။
ဖန်ချန်း ဒီလူကိုစိုက်ကြည့်ကာ အေးစက်စွာပြောသည်။
"ဒီလောက်ဟန်ဆောင်နေစရာမလိုပါဘူး"
ဒါကိုကြားသောအခါ ကျုံ့ချန်ကောင်း၏ အမူအရာက အေးခဲသွားပြီး ပြုံးနေတာကို ရပ်လိုက်သည်။
"အခုဒါက လန်ဟိုင်ဘက်က အခြေအနေကို မူတည်သွားပြီ၊ သူတို့အဲဒီဘက်က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲသုံးကောင်စလုံးကို သတ်နိုင်ခဲ့မယ်ဆိုရင် တာ၀န်ဆုလာဘ်တွေကို သူတို့ပိုင်ဆိုင်ကြလိမ့်မယ်"
"ဒီလိုဆိုရင် မင်းသဘောတူထားတာကို ဘာလို့အရင်ဆုံးငါတို့ကို မပြောပြရတာလဲ" ယဲ့ချိုးပိုင်အပြုံးဖြင့်ပြောသည်။
ကျုံ့ချန်ကောင်းချက်ချင်းခေါင်းညိတ်သည်။
"သေချာတာပေါ့၊ မင်းကိုငါကတိပေးထားမှတော့ သေချာပေါက်လုပ်မှာပါ၊ ဒါက ငါသိတဲ့အရာတစ်ခုဖြစ်နေသရွေ့ နတ်ခန္ဓာဂိုဏ်းရဲ့ လျှို့ဝှက်ချက်တစ်ချို့နဲ့ မသက်ဆိုင်သရွေ့ပေါ့"
"မင်းရဲ့နတ်ခန္ဓာဂိုဏ်းကို ငါတို့စိတ်မ၀င်စားဘူး" မုဖူရှန်းခေါင်းခါယမ်းသည်။
"နတ်ဆိုးနက်ချီထဲမှာ ဘာရှိသလဲဆိုတာ ငါတို့ကိုပြောပြပါ"
သူတို့ မုဖူရှန်းကို စကားပြောခိုင်းရသည့် အကြောင်းရင်းက သူကပိုသတိထားတတ်ပြီး သူတို့၏ စေ့ဆော်လှုပ်ရှားမှုများကို ဖော်ထုတ်မည်မဟုတ်သောကြောင့်ပင်။
နတ်ခန္ဓာဂိုဏ်းက နတ်ဆိုးဘုရင်ပိုင်နက်ကို ဖိတ်ခေါ်ခဲ့တာကို သူတို့သိသည်။ ဒါ့အပြင် အထဲတွင် ဘာရှိသလဲဆိုတာ သူတို့ကလည်း အခုထိ မသိကြသေးပါ။
ဒါကိုမေးမြန်းရသည့်အကြောင်းရင်းက ဖုံးကွယ်ထားသည့် ပရိယာယ်တစ်ခုသာ။
မဟုတ်ပါက သူတို့ပန်းတိုင်က နတ်ဆိုးဘုရင်ပိုင်နက်ကို စုံစမ်းရန်ဆိုတာကို တစ်ဘက်လူကသာ သိသွားမည်ဆိုပါက သူတို့ ကျရှုံးသွားရပေလိမ့်မည်။
"ငါတို့လည်းမသိဘူး" ကျုံ့ချန်ကောင်းခေါင်းခါယမ်းသည်။
"နတ်ခန္ဓာဂိုဏ်းနဲ့ နတ်အစီအရင်ဂိုဏ်းတို့က နတ်ဆိုးဘုရင်ပိုင်နက်ကို ပူးပေါင်းကူညီပေးဖို့အတွက် ဖိတ်ခေါ်ခဲ့ကြတယ်၊ ဒါပေမယ့် အခုအချိန်ထိ နတ်ဆိုးဘုရင်ပိုင်နက်က လူတွေမှုလည်း နက်ဆိုးနက်ချီထဲက အရာတွေနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ မရှိဘူး"
"အိုး" မုဖူရှန်းစိတ်ရှုပ်ထွေးသွားသည့်အသွင် ဟန်ဆောင်လိုက်သည်။
"ဒါဆို နတ်ဆိုးဘုရင်ပိုင်နက်က အကူအညီတောင်းဖို့ ထပ်မစဉ်းစားတော့ဘူးလား"
"နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဆိုးနက်ချီကို ကျင့်ကြံတာပဲလေ၊ အထဲကပစ္စည်းက သူတို့အတွက် အတော်လေး ဆွဲဆောင်မှုရှိသင့်တာမလား"
ချီ၀မ်မျက်မှောင်ကြုတ်သည်။
"မင်းတို့မေးနေတာ အရမ်းများနေပြီ"
ယဲ့ချိုးပိုင်၏ ထက်ရှသောအကြည့်က သူ့အပေါ် ကျရောက်လာသည်။
"လန်ဟိုင် ငါတို့ကို သတင်းအချက်အလက်တွေ ပြောပြဖို့အတွက် ပိုဆန္ဒရှိမယ်ဆိုတာ ငါယုံတယ်"
"မင်း" ချီ၀မ်ဒေါသထွက်သွားပြီး ရှေ့တစ်လှမ်း တိုးလိုက်သော်လည်း ကျုံ့ချန်ကောင်း၏ လှမ်းတားခြင်းကို ခံလိုက်ရသည်။
"မဆင်မခြင်မလုပ်နဲ့၊ ဒါက သတင်းတစ်ချို့ပဲလေ" ကျုံ့ချန်ကောင်းပြုံးသည်။
"ဒါ့အပြင် ညီလေးယဲ့တို့က အရမ်းအားကောင်းတယ်၊ သူတို့အတွက် ဒီသတင်းကို သိနေသင့်တာက မှန်တာပေါ့"
သို့စေကာမူ သူထိုစကားလုံးများကို ပြောလိုက်စဉ် ကျုံ့ချန်ကောင်း၏ မျက်လုံးများ၌ အေးစက်သည့်အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
ယဲ့ချိုးပိုင်ဒါကို အထူးတလည်ပင် ခံစားမိပါသည်။
ကျုံ့ချန်ကောင်းဆက်ပြောသည်။
"အဓိကအကြောင်းအရာဆီ ပြန်သွားကြရအောင်၊ မကြာသေးခင်က နတ်ဆိုးဘုရင်ပိုင်နက်က အထောက်အကူတွေကို ထပ်ပို့ရုံတင်မက သူတို့က နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို လာတောင်လာနေကြပြီလို့ ငါသတင်းတစ်ချို့ရခဲ့တယ်၊ သူတို့ ငါတို့လူတွေကို အပြင်လူတွေကို စောင့်ကြည့်မှုကိုလည်း တိုးမြှင့်ဖို့အတွက် ပြောခဲ့တယ်"
"သေချာတာပေါ့၊ ဒီထဲမှာ မင်းတို့လည်း ပါ၀င်တာပေါ့" ကျုံ့ချန်ကောင်း ပွင့်လင်းစွာပင် ဟာသလုပ်ရင်း ရယ်မောကာပြောသည်။
"ဒါပေမယ့် ညီလေးယဲ့၊ မင်းတို့က ဒီကို လေ့ကျင့်ဖို့အတွက်ပဲ ရှိနေကြတာလေ၊ မင်းတို့က ဘယ်လိုလုပ် နတ်ဆိုးဘုရင်ပိုင်နက်နဲ့ ဆက်စပ်နိုင်မှာလဲ၊ ဟားဟားဟား"
မုဖူရှန်းတည်ငြိမ်စွာပြောသည်။
"နတ်ဆိုးဘုရင်ပိုင်နက်က ငါတို့ဟောင်တျန်းနတ်ဂိုဏ်းနဲ့ အရမ်းဝေးတယ်၊ ဒါပေမယ့် အခွင့်အရေးရှိရင် ငါတို့အဲကိုလည်း လေ့ကျင့်ဖို့အတွက် သွားချင်တယ်"
မုဖူရှန်း၏ အမူအရာကို ကြည့်ရင်း ကျုံ့ချန်ကောင်း ဘာအပြစ်အနာအဆာမှ မတွေ့ရသဖြင့် အကြည့်ကို ဖယ်သိမ်းလိုက်၏။
"မင်းတို့သတင်းအချက်အလက်တွေထပ်ပြီး လိုချင်သေးလား"
မုဖူရှန်းပြုံးသည်။
"ငါတို့က နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၊ လျှို့ဝှက်နယ်မြေ၊ အင်အားစုခွဲဝေမှုတွေနဲ့ တစ်ချို့အခြေခံအချက်အလက်တွေ ပါတဲ့ မြေပုံတစ်ခုပေးပါ၊ အကြီးအကဲတစ်ယောက်နဲ့ သားအနေနဲ့ မင်းမှာ တစ်ချို့တော့ရှိသင့်တယ်မလား"
ဒီစကားလုံးများက သူတို့လေ့ကျင့်ရန်အတွက် ဒီနေရာတွင်ရှိနေရသည်ဟူသော အချက်ကို အလေးပေးရန်အတွက် ပရိယာယ်တစ်ခုလည်းဖြစ်သည်။
ကျုံ့ချန်ကောင်း ဒါကိုကြားသောအခါ သူမငြင်းဆန်ဘဲ သိုလှောင်လက်စွပ်ထဲက စာလိပ်တစ်လိပ်ကို ထုတ်ယူပြီးနောက် မုဖူရှန်းထံ ပစ်ပေးလိုက်သည်။
"ဒါကအသေးအဖွဲ့လေးပါ၊ မင်းတို့ဘယ်ဈေးနဲ့မဆို ဒါကို အလွယ်တကူရနိုင်ပါတယ်"
"ငါ့ဟာကတော့ အပြင်ကဟာတွေထက် ပိုအသေးစိတ်တာပေါ့"
မုဖူရှန်းယူပြီး ပြုံးလိုက်သည်။
"ဒါက နှစ်ဘက်စလုံးအတွက် အကျိုးရှိတာမို့ ကျေးဇူးတင်မှာ မဟုတ်ပါဘူး"
ကျုံ့ချန်ကောင်းခေါင်းညိတ်သည်။
"သေချာတာပေါ့၊ လန်ဟိုင်နဲ့ ကျန်တဲ့သူတွေ မပြီးသေးခင် မင်းတို့ငါ့ကို ဒီတာ၀န်ကို ပြီးမြောက်ဖို့အတွက် ကူညီနေသရွေ့ သတင်းအချက်အလက်တွေ အများကြီး ရှိလာမှာပေါ့"
နောက်ကျော၌ ဒီသတင်းကို ကြားသောအခါ ရှောင်ဟိုင် မျက်မှောင်ကြုတ်လိုက်၏။
ယထုတကြိမ်တွင် နတ်ဆိုးဘုရင်ပိုင်နက်က ၎င်း၏ အကာအကွယ်ကို အားဖြည့်ထားလေရာ ဒါက သူဒီနေရာကို ဦးတည်သွားဖို့အတွက် အခွင့်အရေးကို သေချာပေါက် လက်လွှတ်မှာမဟုတ်ဘူးဆိုသည့် အချက်ကြောင့်လား၊ သို့မဟုတ် သူနတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ရောက်နေပြီဆိုတာ သူတို့သိနေတာကြောင့်များလား။
ရှောင်ဟိုင်၏အတွေးများကို မြင်နိုင်သည့်အလား ယဲ့ချိုးပိုင်ရှေ့တိုးပြီး ရှောင်ဟိုင် ပခုံးကိုပုတ်ရင်း အသံပို့လိုက်သည်။
"မစိုးရိမ်နဲ့၊ သူတို့က စောင့်ကြည့်မှုကို အားဖြည့်ထားတယ်ဆိုမှတော့ ဒါက သူတို့မင်းကို ရှာမတွေ့သေးဘူးလို့ ဆိုလိုနေတာပဲ၊ ငါတို့လုံလောက်တဲ့ သတင်းအချက်အလက်ကို ရပြီဆိုတာနဲ့ အဲကိုသွားပြီး ဘာဖြစ်ပျက်နေသလဲဆိုတာ ကြည့်လို့ရပြီ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
......
ကျုံ့ချန်ကောင်းတို့အသင်းက မြို့တော်၀န်စံအိမ်ကို ရောက်လာကြသည်။
မြို့တော်၀န်နှင့် လန်ဟိုင်တို့ကလည်း တစ်ချိန်တည်းတွင် ရောက်လာခဲ့ကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို မြင်ရသောအခါ မြို့တော်၀န်ရယ်မောလိုက်သည်။
"ဟားဟားဟား၊ မင်းတို့က တကယ်သူရဲကောင်းလူငယ်လေးတွေပဲ၊ အနောက်ဘက်မြို့ရိုးပေါ်က ဗိုလ်ချုပ်ဆီကနေ မင်းတို့ရဲ့ လုပ်ရပ်တွေကို ငါကြားပြီးပါပြီ၊ ငါတို့ရှင်းနင်မြို့က မင်းတို့ကို သေချာပေါက် ခက်ခဲအောင် မလုပ်ပါဘူး"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအကြောင်းကို ကြားရပြီးနောက် လန်ဟိုင်တို့တွင် မည်းမှောင်နေသည့် အမူအရာများရှိနေကြသည်။
သူတို့ကလည်း ဒါကိုမျှော်လင့်မထားခဲ့ကြပေ။
ဒီနတ်စစ်သည်နယ်ပယ်အပြင်လူအုပ်စုက နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲကို အမှန်တကယ် သတ်ပစ်နိုင်ခဲ့သည်။
သူတို့အားလုံး၏ စုပေါင်းစွမ်းအားနှင့်ပင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲနှစ်ကောင်ကိုသာ သတ်နိုင်ခဲ့သည်။
ဒါ့အပြင် သူတို့ကလည်း ဒဏ်ရာရခဲ့ပြီး တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။
အပိုင်း(957) coming။