#နတ်ဆိုးကောရောက်လာခြင်း၊ ရွှေနက်သစ်သားသေတ္တာ#
Vol. 68 Ch. 957
အစက မြို့တော်၀န်နှင့် လန်ဟိုင်တို့က ကျုံ့ချန်ကောင်းတို့ဘက်က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများစွာကို သတ်နိုင်မည်ဟု မတွေးထားကြပေ။
မည်သို့ပင်ဆိုစေကာမူ ကျုံ့ချန်ကောင်းတို့ဘက်တွင် သူကသာလျှင် တစ်ဦးတည်းသော နတ်ဗိုလ်ချုပ်နယ်ပယ် မဟုတ်ပေလော။
သို့စေကာမူ မည်သူကထင်ထားမည်နည်း။
အနောက်ဘက်မြို့ရိုးကို စောင့်ကြပ်နေသည့် ဗိုလ်ချုပ်၏ အစီရင်ခံစာမှတဆင့် သူ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့အကြောင်းကို သိလာခဲ့သည်။
နတ်စစ်သည်နယ်ပယ်က ကျင့်ကြံသူသုံးယောက်က အတူတကွပူးပေါင်းဆောင်ရွက်ကာ နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတစ်ကောင်ကို သတ်ပစ်နိုင်ခဲ့သည်။
ဒါဘယ်လိုဖြစ်ခဲ့တာလဲ!
နတ်ဆိုးနက်ချီ၏ အားဖြည့်မှုနှင့်အတူ မှော်သားရဲများ၏ ရုပ်ခွန်အားနှင့် စွမ်းအားက အကြီးအမားတိုးတက်လာတာကို သိရန်လိုအပ်သည်။
သူတို့ပင်လျှင် နှစ်ကောင်သတ်ရန်အတွက် အတော်လေးကြိုးစားအားထုတ်ခဲ့ရသည်။
ဒီအချိန်တွင် လန်ဟိုင် ရှေ့တက်ပြီး ယဲ့ချိုးပိုင်တို့ရှေ့ကိုရောက်လာကာ လက်အစုံကို ဖြန့်ရင်း ပြုံးလိုက်သည်။
"မင်းတို့က ဟောင်တျန်းနတ်ပိုင်နက်ကဆိုတာ ငါမှတ်မိပါသေးတယ်၊ ဟုတ်တယ်မလား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒါဆို မင်းတို့က ကျုံ့ချန်ကောင်းနဲ့ ဘာမှမဆက်နွှယ်နေဘူးပေါ့၊ သူမင်းတို့ကို ကတိပေးထားတဲ့ အခြေအနေရဲ့နှစ်ဆကို ငါပေးမယ်၊ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"
လန်ဟိုင်၏စကားလုံးများကို ကြားသောအခါ ကျုံ့ချန်ကောင်း၏ အမူအရာက မည်းမှောင်သွားသည်။
ဒီလိုသာဆိုပါက ဒီလောင်းကြေးကို နိုင်ရန်အတွက် အခွင့်အလမ်းရှိတော့မည်မဟုတ်။
ယဲ့ချိုးပိုင်ပြုံးရင်း ကျုံ့ချန်ကောင်းကို ကြည့်လိုက်သည်။
ကျုံ့ချန်ကောင်း၏ နှလုံးသားက နစ်၀င်သွားရသည်။ ဒါကသူ့အတွက် သတိပေးချက်တစ်ခုဆိုတာ သူနားလည်ပါသည်။
"လန်ဟိုင်၊ ညီလေးယဲ့တို့ရဲ့သတင်းမှတ်တမ်းတွေက ငါတို့နဲ့ဆက်စပ်ချည်နှောင်ထားပြီးပြီ၊ မင်းသူတို့ကို မင်းအဖွဲ့မှာ ၀င်ခွင့်ပေးတော့ရော ဘာအရေးလဲ၊ သူတို့ တာ၀န်အတွက် ဆုလာဘ်ကို ရမှာမဟုတ်တော့ဘူး"
လန်ဟိုင်နှာခေါင်းရှုံ့သည်။
"မင်းနောက်ကိုသာ လိုက်မယ်ဆိုရင် တာ၀န်ဆုလာဘ်ကို သေချာပေါက်ရတော့မယ့် အတိုင်းပါလား၊ ငါ သူတို့ကို ငါ့ဆုလာဘ်ထဲက မျှဝေပေးလိုက်ရင် ပိုအဆင်မပြေသွားဘူးလား"
ဒီနေရာတွင် လန်ဟိုင် ယဲ့ချိုးပိုင်ကို ကြည့်သည်။
"ဘယ်လိုလဲ၊ မင်းဒါကိုစဉ်းစားချင်သေးလား၊ ငါတို့ရဲ့နတ်ခန္ဓာဂိုဏ်းက ကျုံ့ချန်ကောင်းရဲ့ စရိုက်ကို ကောင်းကောင်းသိပါတယ်"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် မျှော်လင့်မထားစွာပင် ခေါင်းခါယမ်းသည်။
"မေ့လိုက်ပါတော့၊ ငါတို့သာ အကျိုးကျေးဇူးတစ်ချို့အတွက် အလွယ်တကူ အသင်းပြောင်းနေမယ်ဆိုရင် အပြင်ပကမ္ဘာမှာ ငါတို့ကို လက်ခံယုံကြည်မှုက ပျောက်ကွယ်သွားလိမ့်မယ်"
ဒါကဆင်ခြေတစ်ခုသာဖြစ်သည်။
အကယ်၍ သူတို့သာ သတင်းအချက်အလက်များ စုစည်းလိုပါက ဒီအကြောင်းကို သိသူနည်းလေ၊ ပိုကောင်းလေပင်။
လန်ဟိုင်ကသာ သူတို့နတ်ဆိုးဘုရင်ပိုင်နက်အကြောင်း မေးမြန်းနေတာကို သိသွားမည်ဆိုပါက နှစ်ယောက်စလုံးက နတ်ခန္ဓာဂိုဏ်းက ဖြစ်သဖြင့် သူတို့ကို သံသယဖြစ်စေလိမ့်မည်။ ထိုအချိန်တွင် ဒါက မလိုလားအပ်သည့် ပြဿာနာများကို ဖြစ်လာစေပြီး ဆုံးရှုံးမှုများက ကြီးမားလာနိုင်သည်။
ဒါ့အပြင် သူအခု လန်ဟိုင်ကို ငြင်းဆိုလိုက်ပါက ကျုံ့ချန်ကောင်းဆီကနေ သတင်းအချက်အလက်များပို၍ပင် ရနိုင်ပေသည်။
လန်ဟိုင် သူတို့ကိုချည်နှောင်လိုက်တာနှင့် ကျုံ့ချန်ကောင်း၏ နှလုံးသားထဲတွင် သူတို့တန်ဖိုးက မြှင့်တက်သွားမည် မဟုတ်ပေလော။
ဒါကိုကြားပြီးနောက်တွင် ကျုံ့ချန်ကောင်း စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ကတိပေးသည်။
"မစိုးရိမ်ပါနဲ့ညီလေးယဲ့၊ မင်းလိုချင်တာကို ငါပေးနိုင်သရွေ့ ငါမင်းကိုပြောနိုင်ပါတယ်"
သူသတင်းအချက်အလက်များကို ရည်ညွှန်းနေခြင်းဖြစ်သည်။
လန်ဟိုင်၏အမူအရာက မည်းမှောင်သွားသော်လည်း သူကပါးနပ်နေဆဲပင်။
သူချက်ချင်းပင်ပြုံးကာ ဂရုမစိုက်သည့်အသွင် ပခုံးတွန့်သည်။
"အဆင်ပြေပါတယ်၊ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတွေ ရှိလာမှာပါ၊ ဒီတာ၀န်ပြီးတဲ့အခါကျရင် ဒီလူရဲ့ စစ်မှန်တဲ့ပုံစံအမှန်ကို မင်းတို့နားလည် သဘောပေါက်သွားကြလိမ့်မယ်၊ အဲချိန်ကျရင် ငါတို့သတင်းက မင်းတို့ကို ပူးပေါင်းပါ၀င်ဖို့အတွက် ကြိုဆိုပါတယ်"
ယဲ့ချိုးပိုင် ၀တ်ကျေတမ်းကျေဖြေသည်။
"အခွင့်အရေးရှိလာခဲ့ရင် ငါတို့ပူးပေါင်းပါမယ်"
ဒီအချိန်မှာပင် မြို့တော်၀န်လျှောက်လာပြီး လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"ကောင်းပါပြီ၊ အားလုံးပဲ၊ အကျပ်အတည်းကာလက မပြီးသေးပါဘူး၊ သားရဲအုပ်က သုံးရက်အတွင်း တိုက်ခိုက်လိမ့်မယ်၊ အရင်ပြင်ဆင်ထားတာ ပိုကောင်းတယ်"
"ငါတို့ အဲဒီနတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတွေကို သတ်နိုင်သရွေ့ နောက်ဆက်တွဲသားရဲအုပ်တွေနဲ့ ပတ်သက်ပြီး ဘာပြဿာနာမှ ရှိလာမှာမဟုတ်ပါဘူး"
လန်ဟိုင် ကျုံ့ချန်ကောင်းကို ကြည့်ရင်း နှာခေါင်းရှုံ့သည်။
"တိုက်ဆိုင်စွာပင် ငါတို့နှစ်ယောက်လုံးက နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတစ်ကောင်စီ လိုနေသေးတယ်၊ သုံးရက်အတွင်း ဘယ်သူအရင်ဆုံး သတ်နိုင်မလဲဆိုတာကို ကြည့်ကြတာပေါ့"
ကျုံ့ချန်ကောင်းခေါင်းညိတ်သည်။
"ငါ့မှာလည်း ဒီလိုရည်ရွယ်ချက်ရှိတယ်"
ဒီမြင်ကွင်းကိုမြင်သည့်အပေါ် မြို့တော်၀န်ပျော်နေသည်။
မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်တွင် ရှင်းနင်မြို့က နှစ်ဘက်ကြားက ပြိုင်ပွဲမှ အကျိုးခံစားခွင့်ရသူဖြစ်စေလိမ့်မည်။
.....
ဒီသုံးရက်အတွင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက နှေးဖင့်မနေဘဲ နတ်ဆိုးဘုရင်ပိုင်နက်အကြောင်း ဆက်လက်မေးမြန်းနေခဲ့သည်။
ဒီကနေတဆင့် မိုလီအပြင် လက်ရှိနတ်ဆိုးသခင်၏ ညာလက်ရုံးဖြစ်သည့် မိုကောကလည်း နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေါသကို ရောက်နေပြီဆိုတာ သူတို့သိခဲ့ကြရသည်။
မိုကော နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ၀င်လာသောအခါ ကြီးမားသည့် ရွှေနက်သစ်သားသေတ္တာတစ်ခုနှင့် ဖုံးထားသည့် အရာတစ်ခုကိုလည်း သယ်ဆောင်လာခဲ့သည်။
သူ၀င်လာသည့်အခိုက်အတန့်၌ ရှောင်ဟိုင် ရွှေနက်သစ်သားသေတ္တာကို အာရုံခံမိသောအခါ သူ့ကိုယ်ထဲက နတ်ဆိုးနက်ချီက အမူးအမူးထိုးတက်လာခဲ့သည်။
အကယ်၍ မုဖူရှန်းသာ သူ့ကို အချိန်မီမတားဆီးနိုင်ခဲ့ပါက ရှောင်ဟိုင်သူ့ကိုယ်ထဲက သွေးကြောစွမ်းအားကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
ကမ္ဘာကြီးထဲက နတ်ဆိုးနက်ချီကလည်း အမွေးတိုင်တစ်တိုင်စာအတွင်း အပြည့်အ၀ ပေါက်ကွဲသွားခဲ့သဖြင့် ဒါက နတ်ဆိုးနက်ချီကို ပို၍ပင် ပြင်းထန်လာစေသည်။
အနီးအနားက သားရဲအုပ်များကလည်း မြို့အသီးသီးကို ကြိုတင်စတင်တိုက်ခိုက်ကြသည်။
ရှင်းနင်မြို့တွင် မြို့တော်၀န် ဝိဉာဉ်ချီကို အသံထဲတွင် ထည့်သွင်းပြီးနောက် မြို့တစ်မြို့လုံးသို့ ပျံ့စေသည်။
"သားရဲအုပ်က အချိန်စောတိုက်ခိုက်လာပြီ၊ စစ်သားတွေ မြို့ရိုးကိုချက်ချင်းပြန်သွားပြီး စောင့်ကြပ်ကြ"
တစ်ချိန်တည်းမှာပင် စခန်းများ၏ စောင့်ကြည့်ရှုအောက်တွင် ကျန်ရှိနေသည့် နတ်ဗိုလ်ချုပ်နယ်ပယ်မှော်သားရဲသုံးကောင်ကလည်း ခွန်အားများကိုစုစည်းကာ မြို့ရိုးကို ချိုးဖျက်ပစ်ချင်နေသည့်အလား မြောက်ဘက်မြို့ရိုး၌ စုဝေးလာကြသည်။
ကျုံ့ချန်ကောင်း၊ လန်ဟိုင်နှင့် ကျန်သောသူများကလည်း မြောက်ဘက်မြို့ရိုးဆီသို့ လျှောက်သွားကြသည်။
သူတို့ကြည့်နေစဉ်မှာပင် သူတို့ရှေ့က သားရဲအုပ်စုက ၀င်ရောက်လာကြ၏။
မိုးနှင့်မြေက တုန်ခါသွားသည်။
မြို့တော်၀န် စစ်သားများကို အမိန့်ပေးပြီးနောက် သူလေးနက်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီနတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲသုံးကောင်ကို ကိုင်တွယ်ဖို့အတွက် ငါမင်းတို့ကိုပဲ မှီခိုအားကိုးတော့မယ်"
လန်ဟိုင်ရယ်မောသည်။
"ဒါက ငါတို့ရဲ့တာ၀န်ပါပဲ၊ မြို့တော်၀န်၊ မင်းစိုးရိမ်နေစရာမလိုပါဘူး"
"စိုးရိမ်ရမှာက သူတို့ပဲ"
ဒီနေရာတွင် လန်ဟိုင်၏အကြည့်က ကျုံ့ချန်ကောင်းပေါ် ကျရောက်လာသည်။
"ယဲ့ချိုးပိုင်တို့ရှိရုံနဲ့ မင်းငါတို့ထက် ပိုမြန်မြန် သတ်နိုင်မယ်လို့ ထင်နေတာလား"
ကျုံ့ချန်ကောင်းနှာခေါင်းရှုံ့သည်။
"မင်းကိုယ်မင်းအရင်ပူပန်သင့်တယ်"
ထို့သို့ဆိုပြီးနောက် သူယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်သည်။
"ငါတို့တစ်ကောင်ကို အတူတူသတ်ကြမလား"
ယဲ့ချိုးပိုင်ပြောသည်။
"အခြေအနေကို အရင်ကြည့်ကြရအောင်၊ တစ်ခုခုမှားနေသလိုပဲ"
ဟမ်!
ကျုံ့ချန်ကောင်းရော လန်ဟိုင်ပါ လှမ်းကြည့်လိုက်ကြသည်။
တကယ်တမ်းတွင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲသုံးကောင်က အရင်ကနှင့် အနည်းငယ် ကွဲပြားနေပုံရသည်။
ရှင်းနင်မြို့ကို ၀န်းရံနေသည့် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများအားလုံးက ကျားပုံသဏ္ဍာန်မှော်သားရဲများဖြစ်ပြီး အပြင်ပန်းအားဖြင့် အရမ်းကြီးမခြားနားပေ။
သို့စေကာမူ ဒီတစ်ကြိမ်တွင် အလယ်က မှော်သားရဲ၏ကျော၌ အတောင်ပံများရှိသည်။
ဘယ်ဘက်ကောင်၏ ခေါင်းတွင် ဧရာမဦးချိုတစ်ခုရှိပြီး ညယဘက်တွင်မူ အမြီးကနေ ပေါက်ဖွားနေသည့် အရိုးဆူးကြီးများရှိသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ အော်ရာကလည်း အကြီးအမားတိုးပွားလာခဲ့သည်။
မြို့တော်၀န်လေးနက်စွာပြောသည်။
"ကြည့်ရတာ အရင်က နတ်ဆိုးနက်ချီတွေက သူတို့ရဲ့စွမ်းရည်တွေကို အကြီးအမား တိုးတက်စေခဲ့ပုံပဲ"
"မင်းတို့မှာ ဒါကိုကိုင်တွယ်ဖို့အတွက် အစီအစဉ်ရှိလား"
ဒီအချိန်တွင် လန်ဟိုင်ဆိုးယုတ်စွာပြုံးသည်။
"အစီအစဉ်လား၊ သူတို့လာတာကိုစောင့်ပြီး သတ်ရုံပဲလေ၊ တိုးတက်မှုရှိလာရင်တောင် အခုအချိန်မှာ ငါတို့က နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲတစ်ကောင်ကိုပဲ ပစ်မှတ်ထားဖို့ လိုတာလေ"
ကျုံ့ချန်ကောင်းဘာတစ်ခုမှမပြောပေ။ သို့စေကာမူ သူ့တွင်လည်း အလားတူအတွေးမျိုးရှိနေတယ်ဆိုတာ သိသာထင်ရှားနေသည်။
မြို့တော်၀န်၏ အမူအရာက အနည်းငယ် အေးစက်သွားသည်။
နှစ်ဘက်စလုံးက နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲတစ်ကောင်စီကိုသာ သတ်ရန်လိုအပ်သည်။
ဒီလိုဆိုပါက ဒါက သူတို့ကိုင်တွယ်ရန်လိုအပ်သည့် တစ်ကောင် ကျန်နေသေးသည်ဟု ဆိုလိုနေခြင်းပင်။
သို့စေကာမူ ဒီအသင်းနှစ်သင်းကို သူအမိန့်မပေးနိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့က နတ်ခန္ဓာဂိုဏ်းက ဖြစ်နေသည် မဟုတ်ပေလော။
"ဒီလိုဆိုမှတော့ နောက်တစ်ကောင်ကို အချိန်ဆွဲထားဖို့အတွက် ငါတို့အကောင်းဆုံး ကြိုးစားကြတာပေါ့"
ယခုအချိန်တွင် သူတို့ဒါကိုမြန်မြန်ဖြေရှင်းနိုင်ရန်သာ သူမျှော်လင့်နေမိတော့သည်။
ဒီအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင်ပြောသည်။
"မြို့တော်၀န်၊ ခင်ဗျားခွန်အားနဲ့ အဲဒီတစ်ကောင်ကို ထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး"
မြို့တော်၀န်လှမ်းကြည့်လိုက်၏။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ စကားလုံးများကို ကြားသောအခါ ကျုံ့ချန်ကောင်း၏ အမူအရာကလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
"ကျုပ်တို့တခြားတစ်ကောင်ကို ကိုင်တွယ်လိုက်မယ်၊ မြို့တော်၀န် မြို့ကိုဘယ်လို ကာကွယ်ရမလဲဆိုတာ သိတာက အဆင်ပြေပါပြီ"
အပိုင်း(958) coming။