← Chapters

#‌တိမ်ပြာဓားချက်၊ တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း#

Vol. 68 Ch. 958

#‌တိမ်ပြာဓားချက်၊ တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း#

Vol. 68 Ch. 958

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနှင့်အတူ သူတို့တစ်ကောင်ကို လျင်မြန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ကျုံ့ချန်ကောင်းမျှော်လင့်ထားခဲ့ခြင်းပင်။ 

"ညီလေးယဲ့၊ ဒီလိုဆိုရင် လန်ဟိုင်တို့အဖွဲ့က ကနဦးခြေလှမ်းလှမ်းသွားလိမ့်မယ်"

ယဲ့ချိုးပိုင်ပြောသည်။ 

"အားအင်ပြည့်၀နေတဲ့ နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို မြို့တော်၀န်နဲ့ တခြားတစ်ယောက်က လုံး၀ထိန်းချုပ်နိုင်မှာမဟုတ်ဘူး"

"အဲချိန်ကျရင် ရှင်းနင်မြို့ရိုးက နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး"

ကျုံ့ချန်ကောင်း၏အမူအရာက ကြည့်ရဆိုးသွားသည်။ 

လန်ဟိုင်ကျယ်လောင်စွာရယ်မောသည်။ 

"ညီလေးရဲ့၊ မင်းလုပ်ရပ်တွေကမှန်တယ်၊ အခု ကျုံ့ချန်ကောင်းက ဘယ်လောက်ထိ တကိုယ်ကောင်းဆန်သလဲဆိုတာ မင်းမြင်နိုင်ပြီမလား၊ သူ့ပန်းတိုင်ကို အောင်မြင်ဖို့အတွက် သူက တခြားသူတွေရဲ့အသက်ကို လုံး၀ဂရုမစိုက်ဘူး၊ ရှင်းနင်မြို့က လူတိုင်း သေသွားရမယ်ဆိုရင်တောင် ဒါက သူနဲ့ မသက်ဆိုင်ဘူး"

ဒါကမှန်သော်လည်း သူ၀မ်းနည်းစရာကောင်းသည်ဟု ခံစားနေရဆဲပင်။ 

သူသာ ထိုနေရာတွင်ဆိုပါကလည်း လန်ဟိုင် ကျုံ့ချန်ကောင်းအတိုင်းသာ ဖြစ်မည်သာ။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဒါကိုမြင်နိုင်ပါသည်။ 

ထို့ကြောင့် ယဲ့ချိုးပိုင်ပြုံးသည်။ 

"မင်းစိုးရိမ်နေစရာမလိုပါဘူး"

ကျုံ့ချန်ကောင်းကြက်သေသေသွားသည်။ 

ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို ထုတ်ယူလိုက်၏။ 

"ငါသူတို့ထက် သေချာပေါက်ပိုနှေးမယ်လို့တော့ မပြောခဲ့ဘူးလေ"

လန်ဟိုင်၏အပြုံးက ဖြည်းဖြည်းချင်းရပ်သွားပြီး သူတို့အသင်းကလည်း လှောင်ပြောင်သည့် အမူအရာများကို ထုတ်ဖော်ပြသသည်။ 

ယဲ့ချိုးပိုင်တို့တွင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများကို သတ်နိုင်သည့်စွမ်းရည်ရှိလျှင်ပင် နတ်ဗိုလ်ချုပ်ကျွမ်းကျင်သူများရှိသည့် သူတို့အုပ်စု၏ အမြန်နှုန်းနှင့် ယှဉ်ပါက သူတို့အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ 

မြို့တော်၀တ်ကလည်း အနည်းငယ် အံ့ဩသင့်သွားရသည်။ 

ဒီနတ်စစ်သည်နယ်ပယ်က အပြင်လူတွေက တကယ်ပဲ ဒီလောက်ယုံကြည်ချက်ရှိနေတာလား!

လန်ဟိုင်တို့အုပ်စုကို နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းတို့မှ ပျမ်းမျှထက် ပိုမြင့်မားသည်ဟု ယူဆ၍ရသည်။ 

ဒါ့အပြင် သူတို့နယ်ပယ်များအကြားတွင် ယခုလိုကြီးမားသည့် ကွာဟချက်တစ်ခုရှိပြီး ကွာခြားချက်က နယ်ပယ်ကြီးတစ်ခုလုံးပင်ဖြစ်နေသည်။ 

ကျုံ့ချန်ကောင်း ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏အတွေးကို သူမပြောင်းလဲနိုင်တာကို သိသည့်အပေါ် အံကြိတ်ရုံသာ တတ်နိုင်တော့သည်။ 

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"

ဒီတဒင်္ဂတွင် သားရဲအုပ်ကလည်း ချဉ်းကပ်လာမေသည်။ 

နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများ၏ မျက်လုံးများကလည်း အားအင်ပြည့်၀နေကြ၏။ 

လန်ဟိုင် အမြန်ဆုံးဖြတ်ချက်တစ်ခုချပြီးနောက် လက်အိတ်တစ်စုံကို ထုတ်ယူကာ ပြေးထွက်သွားသည်။ 

သူ့နောက်မှ နတ်ဗိုလ်ချုပ်နယ်ပယ်များက အနီးကပ်လိုက်ပါသွားကြသည်။ 

ကျုံ့ချန်ကောင်း၊ ချီ၀မ်နှင့် ကျောင်းယန်တို့ကလည်း ငြိမ်မနေကြပေ။ သူတို့တစ်စက္ကန့်လေးပင် အချိန်မဖြုန်းရဲသဖြင့် ဘယ်ဘက်က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲအား တိုက်ခိုက်လိုက်ကြသည်။ 

မြို့တော်၀န် ယဲ့ချိုးပိုင်တို့ကို ကြည့်ပြီးမေးသည်။ 

"ငါတို့လည်းတိုက်ရိုက်သွားသင့်လား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"အဲကောင်အရင်လာတဲ့အထိ စောင့်ကြရအောင်၊ တကယ်လို့နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲသုံးကောင်က စစ်မြေပြင်တစ်ခုတည်းမှာ ပေါ်လာတယ်ဆိုရင် တစ်ခုခုဖြစ်ပျက်လာနိုင်တယ်"

မြို့တော်၀န်ခေါင်းညိတ်သည်။ တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်အား သူလေးစားစွာ ကြည့်လိုက်မိသည်။ 

ယခုလိုအခြေအနေမျိုးတွင် ဒီလိုဆင်ခြင်တုံတရားမျိုးကို ထိန်းသိမ်းထားနိုင်ရန်ဟူသည် အင်မတန်ကြောက်စရာကောင်းသည်။ 

အမြီး၌ ဆူးချွန်ကြီးများပါရှိသည့် မှော်သားရဲက မြို့ရိုးနှင့် မိုင်ငါးဆယ်အတွင်း ရောက်လာသောအခါ ယဲ့ချိုးပိုင် လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို အနည်းငယ်မြှောက်လိုက်၏။ 

ဓားပိုင်နက်က ချက်ချင်းဆိုသလို ကောင်းကင်ပေါ် ထိုးတက်သွားသည်။ 

မြို့တော်၀န်နှင့် ကျန်သောနတ်ဗိုလ်ချုပ်က အနည်းငယ် ကြက်သေသေသွားကြ၏။ 

သူ့ဓားနိယာမနယ်ပယ်က အတော်လေးအစွမ်းထက်သည်။ သူ့တွင် ယခုလိုယုံကြည်ချက်မျိုးရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

ဒါ့အပြင် အထဲက ဓားတာအိုက သူတို့ကို အမှန်တကယ် ခြိမ်းခြောက်နေသည့်အလား ခံစားရစေသည်။ 

ဒါကိုမြင်သောအခါ မုဖူရှန်းကလည်း လက်အစုံကို ဆန့်ထုတ်လိုက်သည်။ 

မိုးကြိုးစွမ်းအားသုံးခုဖြစ်သည့် ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့က တစ်ချိန်တည်းတွင် ပေါက်ကွဲသွားကြ၏။ 

ထို့နောက် မြို့တော်၀န်၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် မှော်သာစရဲပတ်လည်၌ မိုးကြိုးလှောင်အိမ်တစ်ခုကို ဖန်တီးသည်။ 

မိုးကြိုးလှောင်အိမ်ကျဆင်းလာသည်နှင့် မိုးကြိုးစွမ်းအားသုံးခုက ကြီးမားသည့် မိုးကြိုးသံကြိုးသုံးခုအဖြစ် သိပ်သည်းသွားကြပြီး မှော်သားရဲကို ချည်နှောင်ပစ်သည်။ 

မှော်သားရဲက မည်မျှပင်ရုန်းကန်နေပါစေ မုဖူရှန်း၏ မိုးကြိုးသံကြိုးများထဲကနေ အချိန်တိုအတွင်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။ 

ဖန်ချန်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ထုတ်ကာ ကမ္ဘာ့သုတ်သင်လှံတစ်စင်းအဖြစ် ကျစ်လျစ်အောင်လုပ်ပြီး ထောင်ချောက်မိနေသည့် မှော်သားရဲအား ပစ်လိုက်သည်။ 

ယဲ့ချိုးပိုင်ကမူ ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို သိမ်းဆည်းလိုက်သည်။ 

ဒါကိုမြင်သောအခါ မြို့တော်၀န် အနည်းငယ် ကြက်သေသေသွားသည်။ 

သို့စေကာမူ နောက်တဒင်္ဂလေးမှာပင် သူ့အမူအရာက တဖြည်းဖြည်းနှင့် ထိတ်လန့်မှုအဖြစ် ပြောင်းလဲလာသည်။ 

ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို သိမ်းဆည်းလိုက်သော်လည်း ထိုနေရာ၌ ရှေးဟောင်းဓားအိမ်ပါဓားတစ်လက်ရှိသည်။ 

ဓားအိမ်ပါဓားပေါ်လာသောအခါ ၎င်းက ဘာအော်ရာကိုမှ မထုတ်လွှတ်သော်လည်း မြို့တော်၀န်မှာမို့ အဆုံးမဲ့ဓားဆန္ဒများက သူ့ကိုယ်ခန္ဓာပေါ်သို့ ပိတ်ဆို့ထားသည့်အလား အလွန်အမင်းနှလုံးခုန်ပေါက်နေသည့် ခံစားချက်ကို ခံစားနေရသည်။ 

ဒါက တကယ်ပဲ နတ်စစ်သည်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ထိန်းချုပ်နိုင်တဲ့ ဓားတစ်လက်လား!

ထိုအချိန်မှာပင် ယဲ့ချိုးပိုင် သူ့လက်ကို ဓားလက်ကိုင်ပေါ်တင်ပြီး အသာအယာ ဆွဲထုတ်လိုက်၏။ 

တိမ်ပြာဓားကိုယ်ထည်ပေါ်ပေါက်လာသည့် အခိုက်အတန့်၌ မရေမတွက်နိုင်လောက်သည့်ဓားချီများက မြစ်ကောင်ရေတစ်သောင်းပမာ ထိုးထွက်လာကြသည်။ 

ကောင်းကင်ပေါ်မှ နတ်ဆိုးနက်ချီက အနည်းငယ် ပျောက်ကွယ်သွားပုံရသည်။ 

ဒီဓားဆန္ဒကိုခံစားမိသောအခါ စစ်သားများ၊ မြို့တော်၀န်နှင့် နောက်ထပ်နတ်ဗိုလ်ချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

ယခုလိုအစွမ်းထက်ဓားချီက ဒီကမ္ဘာကြီးထဲက ဓားတာအို၏ အသန့်စင်ဆုံးအရင်းအမြစ်အလားထင်ရသည်။ 

တခြားနတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲနှစ်ကောင်ကို တိုက်ခိုက်နေသည့် လန်ဟိုင်၊ ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများကလည်း အထိတ်တလန့် လှည့်ကာ ယဲ့ချိုးပိုင်ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ 

"သူကတကယ်ပဲ ဘယ်သူလဲ" လန်ဟိုင် ကျုံ့ချန်ကောင်းဆီသို့ အော်ဟစ်လိုက်သည်။ 

ကျုံ့ချန်ကောင်း စိတ်ရှုပ်ထွေးနေသည်။ 

သူကတကယ်ပဲ ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့်တစ်ယောက်လား!

ဒီအော်ရာက ငါတို့နတ်ခန္ဓာဂိုဏ်းက ကြောက်စရာအကောင်းဆုံးပါရမီရှင်တောင် နတ်စစ်သည်နယ်ပယ်နဲ့ မလုပ်နိုင်ဘူးလေ!

ဒီအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင် ဓားအိမ်ကနေ ဖြည်းဖြည်းချင်းဆွဲထုတ်နေသည်။ 

ဓားကိုပို၍ဆွဲထုတ်လေလေ၊ ဓားချီက ပိုပို၍ပင် ပြင်းထန်လာသည်။ 

ဓား၏ ၄၀ရာခိုင်နှုန်းခန့်ကို ဆွဲထုတ်လိုက်စဉ် ယဲ့ချိုးပိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ 

ဓားစွမ်းမင်က ဧရာမဓားတစ်လက်အဖြစ် သိပ်သည်းကာ ယဲ့ချိုးပိုင်ရှေ့တွင် ရပ်သွားသည်။ 

ဧရာမဓားသိပ်သည်းသွားသည့်အချိန်တွင် ဓားအော်ရာအတက်အကျများက အောက်က မှော်သားရဲများကို ဆုတ်ဖြဲပစ်သည်။ 

မြို့တော်၀န်နှင့် နောက်ထပ်နတ်ဗိုလ်ချုပ်အဆင့် ကျွမ်းကျင်သူတို့က ထိတ်လန့်သွားကြ၏။ သူတို့ချက်ချင်းဆိုသလို မြို့ရိုးက စစ်သားများကို ကာကွယ်ရန်အတွက် ကာကွယ်ရေးအတားအဆီးကို ထုတ်လွှတ်လိုက်ကြ၏။ 

သူတို့အကာအကွယ်သာမရှိပါက ဒီဓားချီက ထိုစစ်သားများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လောက်သည်။ 

ကျုံ့ချန်ကောင်း၊ လန်ဟိုင်နှင့် မြို့တော်၀န်တို့၏ အကြည့်များအောက်တွင် ယဲ့ချိုးပိုင်လက်ထဲက တိမ်ပြာဓားက အနည်းငယ် တုန်ယင်သွား၏။ 

သူ့ရှေ့က ဧရာမဓားက မိုးကြိုးလှောင်အိမ်ထဲတွင် ရုန်းကန်နေသည့် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို ထိုးဖောက်ပစ်သည်။ 

ဒီတဒင်္ဂမှာပင် လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ 

ဧရာမဓားထိုးဖောက်သွားသည့် ဖြစ်စဉ်အတွင်း ဓားဖြတ်သွားသည့်နေရာတိုင်းတွင် အောက်က မှော်သားရဲများက ဖျက်ဆီးခံနေရသည်။ 

ဂျုန်း......!

မြေကြီးကပြိုကွဲသွားပြီး အာကာသက တုန်ခါနေသည်။ 

ဧရာမဓားက မိုးကြိုးလှောင်အိမ်ထဲ ၀င်ရောက်သွားပြီး မှော်သားရဲ၏ကိုယ်ကို ထိုးဖောက်ပစ်သည်။ 

ဒီအချိန်တွင် ဒီမှော်သားရဲ၏ ယှဉ်၍မရနိုင်လောက်အောင် မာကျောသည့် ခန္ဓာက ဧရာမဓား စိုက်၀င်ထိုးဖောက်လာစဉ် စက္ကူစတစ်ခုအလား လုံး၀ခုခံနိုင်စွမ်းမရှိချေ။ 

ထိုးဖောက်သွားသည့်အခိုက်အတန့်၌ မှော်သားရဲက ထိုနေရာတွင်ပင်ရပ်သွားပြီး ၎င်း၏ မျက်သူငယ်အိမ်များမှ မျက်လုံးကြီးများက စတင်ကျုံ့လာပြီး မရေမတွက်နိုင်လောက်သည့် ဓားချီများက မှော်သားရဲ၏ ကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲသွားသည်။ 

မရေမတွက်နိုင်လောက်သည့် သွေးများကလည်း အတွင်းကနေ အပြင်သို့ ပေါက်ကွဲစီးတွေလာကြသည်။ 

နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတစ်ကောင်က ယဲ့ချိုးပိုင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။  

ယဲ့ချိုးပိုင် တိမ်ပြာဓားကို သိမ်းဆည်းလိုက်စဉ် သူ့မျက်နှာက အနည်းငယ် ဖြူရော်နေသည်။ 

ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့၏ အမူအရာများက လေးနက်နေပြီး ကျောင်းယန်၊ ချီ၀မ်နှင့် ကျန်သောသူများကမူ ပို၍ပင် ထိတ်လန့်နေကြသည်။ 

ဓားချက်တစ်ချက်တည်းလား!

သူတို့ ယဲ့ချိုးပိုင်တို့ ဒါကို အမြန်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဟု ထင်ခဲ့သည့်အချိန်အခါလေးကို သတိရသွားမိသည်။ 

ယခုအချိန်တွင် သူတို့က မှော်သားရဲကို ထိခိုက်အောင် မလုပ်နိုင်သေးခင်မှာပင် ယဲ့ချိုးပိုင်က သတ်ပစ်လိုက်လေပြီ။ 

ဒီလေးယောက်က တကယ်ပဲဘယ်သူတွေလဲ!

အပိုင်း(959) coming။ 

All Chapters