← Chapters

#‌ဆိုးယုတ်သည့် ရည်ရွယ်ချက်များ၊ သတ်ဖြတ်ခြင်းနှင့် ရတနာများကို လုယက်ခြင်း#

Vol. 68 Ch. 959

#‌ဆိုးယုတ်သည့် ရည်ရွယ်ချက်များ၊ သတ်ဖြတ်ခြင်းနှင့် ရတနာများကို လုယက်ခြင်း#

Vol. 68 Ch. 959

နတ်စစ်သည်နယ်ပယ်ကျွမ်းကျင်သူက နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲတစ်ကောင်ကို ချက်ချင်းသတ်ပစ်နိုင်သည်။ 

ဒါ့အပြင် ဒါက သာမန်နတ်ဗိုလ်ချုပ်နယ်ပယ် မှော်သားရဲမဟုတ်ပေ။ သူတို့က နယ်ပယ်တူဆိုလျှင်ပင် သတ်ရန်အတွက် လူများစွာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အချိန်ကို လိုအပ်သည်။ သို့သော် ယဲ့ချိုးပိုင်က တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်။ 

ဓားတာအို၏ မူလအစက အရူးအမူး ပေါက်ကွဲထွက်လာခဲ့သည်။ 

ဒီစွမ်းအားက မြို့တော်၀န်၊ လန်ဟိုင်နှင့် ကျုံ့ချန်ကောင်းတို့၏ နှလုံးများကို အနည်းငယ် တုန်ယင်သွားစေသည်။ 

ထိုအချိန်တွင် သူတို့တွင် အတွေးတစ်ခုရှိလာခဲ့သည်။ အကယ်၍ ယဲ့ချိုးပိုင်၏ဓားက သူတို့ကို မျက်နှာမူနေပါက သူတို့ခုခံနိုင်စွမ်းရှိကြမည်လား။ 

အဖြေကတော့ မရှိပါ။ 

ခုခံရန်အတွက် အခွင့်အရေးလုံးဝမရှိပါ။ 

ယခုတွင်မူ ဘာကြောင့် ယဲ့ချိုးပိုင် ထိုကဲ့သို့ ပြောဆိုခဲ့ရသလဲဆိုတာ နောက်ဆုံးတော့ မြို့တော်၀န် နားလည်လာရသည်။ 

မည်သည့်အတွက်ကြောင့် သူက ဒီနတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲများကို ယခုလိုမြန်မြန်ဆန်ဆန် သတ်နိုင်သည်ဟု ယုံကြည်ချက်ရှိရလေသနည်း။ 

ယဲ့ချိုးပိုင် တိမ်ပြာဓားကို ဆွဲထုတ်ရန်အတွက် သူ့၏ အကြီးမားဆုံးစွမ်းရည်ကို မသုံးခဲ့သော်လည်း ဒါကလုံလောက်ပါသည်။ 

အဘယ်ကြောင့်ဆိုသော် ယဲ့ချိုးပိုင် ဒီဓားကို သုံးပြီးနောက် အင်မော်တယ်အော်ရာ ၄၀ ရာခိုင်နှုန်း ကျန်ရှိနေသေးသောကြောင့်ပင်။ 

သို့စေကာမူ သူ့မျက်နှာက ဖြူရော်နေပြီး သူ့အော်ရာက အနည်းငယ်ကျဆင်းနေသည်။ 

ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့က ယဲ့ချိုးပိုင်အား မည်သည့်မှော်သားရဲဖြစ်စေ လူသားဖြစ်စေ ချူံခိုတိုက်ခိုက်မည့်အရေးကနေ ကာကွယ်ရန်အတွက် ချက်ချင်းသူ့အနားသို့ ချဉ်းကပ်လာကြ၏။ 

တခြားတစ်ဘက်တွင် ကျုံ့ချန်ကောင်း ထိတ်လန့်နေရာကနေ နာလန်ထူလာပြီးနောက်တွင် ကျယ်လောင်စွာရယ်မောသည်။ 

လန်ဟိုင်၏မျက်နှာက မည်းမှောင်နေသည်။ 

ယဲ့ချိုးပိုင်ကို ယခု ကျုံ့ချန်ကောင်း၏ အသင်း၀င်တစ်ဦးအဖြစ် မှတ်ယူ၍ရသည်။ 

ထို့ကြောင့် ယဲ့ချိုးပိုင် ပထမဆုံးသတ်ပစ်နိုင်ခြင်းက ကျုံ့ချန်ကောင်း လောင်းကြေးကို အနိုင်ရနေပြီဟု ဆိုလိုနေခြင်းပင်။ 

သူတတိယမြောက် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို အရင်သတ်ပစ်ခဲ့သည်။ 

ကျုံ့ချန်ကောင်း အံ့ဩသင့်တကြီးပြောသည်။ 

"ညီလေးယဲ့၊ အချိန်ကျလာတဲ့အခါကျရင် ငါသေချာပေါက် မင်းကို တော်တော်လေး ကျေးဇူးတင်မှာပါ"

ထို့နောက် သူ တခြားနတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲအား ဆက်လက်တိုက်ခိုက်သည်။ 

လန်ဟိုင်အေးဆက်စွာ နှာခေါင်းရှုံ့ရင်း အလားတူလုပ်ဆောင်ခဲ့သည်။ 

.....

မြို့ကိုကာကွယ်သည့်ဖြစ်စဉ်က ဆက်လက်ဖြစ်ပျက်ခဲ့သည်။ 

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ တစ်ချိန်တည်းမှာပင် ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့ကလည်း သူတို့ရှေ့က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများကို တစ်ဦးပြီးတစ်ဦး အဆုံးသတ်ပစ်ခဲ့ကြသည်။ 

ရှင်းနင်မြို့၏ လုံခြုံရေးကလည်း တဖြည်းဖြည်း မြှင့်တက်လာခဲ့လေပြီ။ 

နတ်ဆိုးနက်ချီထပ်မံပြယ်ပျောက်သွားသောအခါ သားရဲအုပ်ကလည်း စတင်နောက်ဆုတ်သွားကြ၏။ 

ရှင်းနင်မြို့က ဝေဒနာခံစားရမည့် အရေးကနေ လွတ်ကင်းခဲ့သည်။ 

နောက်ထပ်သားရဲအုပ်တစ်အုပ် နောက်ပိုင်းရောက်လာလျှင်ပင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများ၏ တိုက်ခိုက်မှုမရှိပါက သူတို့တွင် ခုခံကာကွယ်နိုင်စွမ်းရှိပါသည်။ 

ထို့နောက်တွင် မြို့တော်၀န် ယဲ့ချိုးပိုင်နှင့် ကျန်သုံးယောက်၊ ကျုံ့ချန်ကောင်း၊ လန်ဟိုင်နှင့် ကျန်သောသူများအတွက် အခမ်းအနားပွဲတစ်ခု ကျင်းပပေးခဲ့သည်။ 

ယခုအခိုက်အတန့်၌ ရှင်းနင်မြို့က ကပ်ဘေးကနေ ရှင်ကျန်ရစ်ပြီးနောက် ရယ်မောသံများနှင့် ပြည့်လျှမ်းနေသည်။ 

ကျုံ့ချန်ကောင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထံ ဝိုင်ကိုသယ်လာပြီးနောက် ရယ်မောသည်။ 

"ညီလေးယဲ့၊ မင်းကငါ့အမြင်ကို တကယ်ကျယ်စေတာပဲ၊ ဒီလိုအစွမ်းထက်လက်နက်တစ်ခုကို မင်းထိန်းချုပ်နိုင်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"

"ညီလေးယဲ့ရဲ့ဓားက ဘယ်အဆင့်လဲဆိုတာ ငါတကယ်သိချင်မိတယ်၊ အဲဒါက နတ်သခင်အဆင့်ကိုတောင် ရောက်နေပြီလား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"ငါလည်းမသေချာဘူး"

ကျုံ့ချန်ကောင်း အနည်းငယ် ကြက်သေသေသွားသည်။ ထို့နောင် သူစူးစမ်းကြည့်သည်။ 

"ညီလေးယဲ့ ဒီဓားကိုဘယ်လိုရခဲ့တာလဲ၊ မင်းရဲ့ဂိုဏ်းမှာ ဒီအဆင့်ကလက်နက်တစ်ခု မရှိသင့်ဘူးမလား"

သူတို့ကလည်း ဒုတိယတန်းစားဂိုဏ်းဖြစ်သည်။ 

နတ်ခန္ဓာဂိုဏ်းဖြစ်စေ၊ နတ်အစီအရင်ဂိုဏ်းဖြစ်စေ သူတို့လည်း သေချာပေါက် ဒီအဆင့်ကဓားမျိုးကို ထုတ်လုပ်နိုင်မည်မဟုတ်။ 

ဒါက ဓားအိမ်ထဲက အပြည့်အ၀ မထုတ်သေးခင်မှာပင် ယခုလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်သည်။ 

ဒါကဘယ်လိုလုပ် သာမန်ဖြစ်နိုင်မည်နည်း။ 

ယဲ့ချိုးပိုင် တိုက်ရိုက်မဖြေဘဲ ယင်းအစား မျက်မှောင်ကြုတ်ကာ မေးသည်။ 

"မင်းမှာ မေးခွန်းတွေအများကြီးရှိနေပုံပဲ"

"ငါကသိချင်လို့ပါ၊ သိချင်ရုံပါပဲ" ကျုံ့ချန်ကောင်း၏ မျက်လုံးများက လင်း၀င်းသွားပြီးနောက် လက်ကိုဝှေ့ယမ်းသည်။ 

"စကားမစပ်၊ ညီလေးယဲ့၊ ငါတို့မနက်ဖြန်ကျရင် တာ၀န်ဆုလာဘ်ကို လက်ခံရယူဖို့အတွက် အစည်းအဝေးခန်းမကို ပြန်သွားကြမယ်၊ မင်းတစ်ခုခုထပ်သိချင်သေးတယ်ဆိုရင် တချိန်တည်းမှာပဲ ငါ့ကိုမေးလို့ရပါတယ်"

ယဲ့ချိုးပိုင် ခေါင်းညိတ်ရင်းမေးသည်။  

"ငါတို့ နတ်ဆိုးနက်ချီဖုံးအုပ်ထားတဲ့ဒေသနဲ့ တည်နေရာအကြောင်းသိလို့ရတယ်မလား"

မုဖူရှန်းကြားဖြတ်သည်။ 

"နတ်ဆိုးဘုရင်ပိုင်နက်က ဒီဒေသရဲ့မြေပုံတစ်ခုကို ရှာဖွေနေတာမျိုးဆိုရင် အကောင်းဆုံးပဲ၊ ငါတို့အဲကိုသွားလေ့ကျင့်ပြီး သူတို့နေရာကို မတော်တဆ၀င်မိသွားတာကနေ ငါတို့ကိုယ်ငါတို့ ကာကွယ်ချင်တယ်"

လျှောက်လာနေသည့် လန်ဟိုင်မျက်မှောင်ကြုတ်သည်။ 

"မင်းတို့အဲကိုလေ့ကျင့်ဖို့အတွက် သွားချင်ကြတာလား၊ ဒီစိတ်ကူးကို အမြန်ဆုံးလက်လျှော့ဖို့အတွက် ငါအကြံပေးပါရစေ၊ နတ်ဗိုလ်ချုပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဝင်သွားမယ်ဆိုရင်တောင် သူက အရမ်းကြီးနက်နက်သွားနိုင်မှာ မဟုတ်ဘူး"

မုဖူရှန်းပြုံးသည်။ 

"ငါတို့က ကြိုးစားကြည့်ချင်ရုံပါပဲ၊ အခွင့်အရေးတွေဆိုတာ ပြင်ဆင်ထားတဲ့သူတွေအတွက် အမြဲသီးသန့်ရှိတယ်လေ"

ဒါကိုကြားသော် လန်ဟိုင်နှင့် ကျုံ့ချန်ကောင်းတို့ တစ်ဦးကိုတစ်ဦး တိတ်တဆိတ် ကြည့်လိုက်ကြသော်လည်း ချက်ချင်းဆိုသလို မျက်နှာလွှဲလိုက်ကြ၏။ 

"ဒီလိုဆိုမှတော့" ကျုံ့ချန်ကောင်းခေါင်းညိတ်သည်။ 

"ငါမင်းကိုပေးပါမယ်၊ ဒါပေမယ့် မင်းတို့ အစည်းအဝေးခန်းမကို ပြန်သွားဖို့လိုတယ်၊ဘာပဲဆိုဆို ဒီလိုမြေပုံမျိုးကို အကြီးအကဲတွေဆီကနေ ရနိုင်တယ်လေ"

"ဒီတော့ ငါတို့မနက်ဖြန်ထွက်ခွာကြမယ်"

"ပြဿာနာမရှိဘူး"

ထို့နောက် ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့ သူတို့ခြံ၀င်းအသီးသီးသို့ ပြန်သွားကြသည်။ 

ယဲ့ချိုးပိုင်တို့ကလည်း မြို့တော်၀န်နှင့် ပျော်စရာများဖလှယ်ပြီးနောက် ပြန်လာခဲ့ကြသည်။ 

ခြံ၀င်းထဲတွင် မုဖူရှန်း အဆောင်အနည်းငယ်ကို ချက်ချင်းပစ်လိုက်ပြီး ခြံ၀င်းတစ်ခုလုံးကို ကာကွယ်ပစ်သည်။ 

ထို့နောက်သူအသံပို့လိုက်သည်။ 

"တစ်ခုခုမှားနေပြီ"

ဖန်ချန်းကလည်း ခေါင်းညိတ်သည်။ 

"ကျွန်တော်တို့ အစည်းအဝေးခန်းမကို ပြန်သွားတဲ့အခါ တစ်ခုခုဖြစ်ပျက်သွားလိမ့်မယ်လို့ ခံစားနေရတယ်၊ ကျုံ့ချန်ကောင်းနဲ့ လန်ဟိုင်တို့ ကောင်းကောင်းဖုံးကွယ်ထားကြပေမယ့် သူတို့အကြိမ်ရေအနည်းငယ်လောက် တိတ်တဆိတ် အကြည့်ဖလှယ်ခဲ့ကြတယ်"

ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်သည်။ 

"လှုပ်ရှားမှုက အရမ်းသိသာလွန်းတယ်၊ ဒါက ငါတိမ်ပြာဓားကို ထုတ်ဖော်လိုက်တဲ့အတွက်ကြောင့်များလား"

ရှောင်ဟိုင်ခိုင်မာစွာပြောသည်။ 

"ဖြစ်နိုင်ချေအရှိဆုံးပဲ၊ အစ်ကိုကြီးရဲ့ တိမ်ပြာဓားက ဒီဒုတိယတန်းစားဂိုဏ်းတွေအတွက် အရမ်းဆွဲဆောင်အားကောင်းလွန်းတယ်လေ"

"ဒါ့အပြင် ငါတို့က ဟောင်တျန်းနတ်ပိုင်နက်က ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ အတွင်းတပည့်တွေပဲဖြစ်တယ်၊ ဂိုဏ်းနှစ်ဂိုဏ်းအကြားက ကွာခြားချက်က အရမ်းကြီးမကြီးမားတာကို မပြောနဲ့ဦး၊ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက ဟောင်တျန်းနတ်ပိုင်နက်နဲ့ အလှမ်းဝေးတယ်"

"သူတို့လုယက်ပြီး သတ်ပစ်မယ်ဆိုရင်တောင် ဘယ်သူလုပ်ခဲ့သလဲဆိုတာ တခြားသူတွေသိကြမှာမဟုတ်ဘူး"

မုဖူရှန်းခေါင်းညိတ်သည်။ 

"စီနီယာအစ်ကိုပြောတာမှန်တယ်၊ သတ်ဖြတ်တာနဲ့ ရတနာလုယက်တာက အရမ်းဖြစ်နေကျ အခြေအနေတွေပါပဲ"

"ကျွန်တော်တို့ မနက်ဖြန်သွားကြမလား၊ ဒါမှမဟုတ် မသွားဘူးလား၊ ကျွန်တော်တို့ ဒီနေရာကနေ အခုထွက်သွားသင့်လား" ဖန်ချန်းမေးသည်။ 

"မလိုဘူး" ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"ငါတို့ သူတို့မြေပုံကိုရဖို့လိုတယ်၊ အဲဒီနောက်မှ ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ လှုပ်ရှားမှုတွေကို ပိုကောင်းကောင်း နားလည်ပြီး ရှောင်ဟိုင်ကို နတ်ဆိုးနက်ချီဗဟိုချက်ကိုသွားဖို့ ၀င်ဖို့အတွက် ကူညီပေးနိုင်ကြလိမ့်မယ်"

"ဂျူနီယာညီလေးမုမှာ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင် ရှိနေတာပဲမလား၊ အကျပ်အတည်းဖြစ်လာတဲ့အခါကျရင် ငါတို့ထွက်ပြေးဖို့အတွက် လွတ်မြောက်အဆောင်ကို သုံးနိုင်တာပဲလေ"

မုဖူရှန်းခေါင်းညိတ်သည်။ 

"ကျွန်တော်တို့ကို မျှားခေါ်ဖို့အတွက် သူတို့သေချာပေါက် သတင်းအတုတွေကို ပြင်ဆင်ထားမှာမဟုတ်ဘူး"

မုဖူရှန်းပင်လျှင် ဒီအကြံဉာဏ်ကို သဘောတူသည်။ 

ဟောင်တျန်းနတ်ဂိုဏ်း၏ မဟာအကြီးအကဲ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက တစ်နေရာရာတွင် ပုန်းကွယ်နေသည်မှာ အကြောင်းရင်းတစ်ခုရှိရပေမည်။ 

ထိုအချိန်တွင် ဖြေရှင်း၍မရနိုင်သည့် အရာတစ်ခု အမှန်တကယ် ဖြစ်ပျက်လာပါက ဟောင်တျန်းနတ်ဂိုဏ်း မဟာအကြီးအကဲ၏ ခွန်အားနှင့် သူဒါကို ငြိမ်သက်အောင် လုပ်နိုင်ပေလိမ့်မည်။ 

"ဒီလိုဆိုရင် ကျွန်တော်ထပ်ပြီး ပြင်ဆင်လိုက်မယ်"

လူတိုင်းဆုံးဖြတ်ပြီးသွားတာကို မြင်ရသောအခါ မုဖူရှန်း ချက်ချင်းဆိုသလို သူ့ကိုယ်သူ အဆောင်များဖန်တီးမှုထဲတွင် နစ်မြှုပ်ထားလိုက်သည်။ 

သေခြင်းရှင်ခြင်းပြဿာနာများမရှိဘူး ဆိုလျှင်ပင် သူသတိထားပြီး ပြင်ဆင်မှုများ ပိုလုပ်ထားရမည်သာ။ 

ဒါက သူ့ဆရာ၏သင်ကြားမှုပင်။ မုဖူရှန်း ဒါကိုအမြဲစိတ်ထဲ တေ့မှတ်ထားပြီး ပိုမြင့်မားသည့် အဆင့်တစ်ခုအထိ ယူဆောင်လာခဲ့သည်။ 

နောက်တစ်နေ့က မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့သည်။ 

ကျုံ့ချန်ကောင်း၊ လန်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အစည်းအဝေးခန်းမသို့ အလျင်အမြန်ပြန်သွားကြသည်။ 

လမ်းတစ်လျှောက်တွင် သူတို့စကားကောင်းကောင်းပြောနေကြပုံရသည်။ 

သို့စေကာမူ သူတို့စကားလုံးများက ဓားများနှင့်တိုက်ခိုက်နေသည့်အသွင်။ 

လက်ရှိရေစီးကြောင်းက မတည်မငြိမ်ဖြစ်နေသည်။ 

အပိုင်း(960) coming။ 

All Chapters