← Chapters

#‌ယုတ်ညံ့သည့်ဆင်ခြေ၊ ကျရှုံးခြင်း#

Vol. 68 Ch. 960

#‌ယုတ်ညံ့သည့်ဆင်ခြေ၊ ကျရှုံးခြင်း#

Vol. 68 Ch. 960

ယခုအခိုက်အတန့်၌ အစည်းအဝေးခန်းမက ဆူညံသံများနှင့် ပြည့်နှက်နေဆဲပင်။ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများက ဒီနေရာက အသင်းဖွဲ့ပြီး တာ၀န်များကို လွှဲပြောင်းယူရန်အတွက် ရောက်နေကြသည်။ 

ကျုံ့ချန်ကောင်း၊ လန်ဟိုင်နှင့် ယဲ့ချိုးပိုင်တို့လည်း ရောက်လာကြသည်။ 

တာ၀န်ကို လွှဲပြောင်းပေးပြီးနောက် ကျုံ့ချန်ကောင်း ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား ပြုံးပြသည်။ 

"ညီလေးယဲ့၊ မင်းတို့ ငါ့ရဲ့နတ်ခန္ဓာဂိုဏ်းကို လာချင်ကြလား"

"ငါမင်းတို့ကိုမိတ်ဆက်ပေးမှာပါ၊ ငါတို့နတ်ခန္ဓာဂိုဏ်းက တခြားဂိုဏ်းတွေက ပါရမီရှင်တွေကိုလည်း ကြိုဆိုပါတယ်"

ဒါကိုကြားသောအခါ ဖန်ချန်း၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်ကြ၏။ 

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"မလိုပါဘူး၊ ငါတို့ရဲ့ပန်းတိုင်က ဒီနေရာမှာ လေ့ကျင့်ဖို့ပဲလေ၊ အချိန်မဖြုန်းတီးတာ အကောင်းဆုံးပါပဲ"

"ငါတို့ကို မြေပုံနဲ့ ဒီတာ၀န်ကို ပြီးမြောက်တဲ့ ဆုလာဘ်ကိုပဲပေးပါ"

ယဲ့ချိုးပိုင်၏ စကားလုံးများကို ကြားသောအခါ လူတိုင်းကြက်သေသေသွားကြ၏။ 

ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့ တစ်ဦးကိုတစ်ဦးကြည့်ရင်း ရယ်မောသည်။ 

"ငါသွားယူဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်ပြီးပါပြီ၊ မစိုးရိမ်ပါနဲ့၊ ငါမင်းတို့ကို တာ၀န်ဆုလာဘ်နဲ့ မြေပုံအချက်အလက်တွေကို ပေးမှာပါ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

ထို့နောက် သူမုဖူရှန်းအား စိုက်ကြည့်ရင်း မျက်တောင်မခတ်ဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ 

မုဖူရှန်းအနည်းငယ် ခေါင်းညိတ်ကာ လူအုပ်စုထဲသို့ ဖြည်းဖြည်းချင်းဆုတ်သွားသည်။ သူအထူးတာ၀န်များကို ကြည့်နေသည့်အသွင် ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင် အဆောင်စွမ်းအားက သူ့လက်ထဲတွင် တိတ်တဆိတ်ထိုးတက်နေသည်။ 

ဖန်ချန်းလက်ဖဝါးတွင် ပုံရိပ်ယောင်အစီအရင်စွမ်းအားကလည်း ပေါ်လာခဲ့သည်။ 

သူတို့၏ပန်းတိုင်က သိသာထင်ရှားနေလေပြီ။ ဒါ့အပြင် အစည်းအဝေးခန်းမကို ရောက်ပြီးနောက် သူတို့ကဒါကို လုံး၀ ဖုံးကွယ်မထားခဲ့ကြပေ။ 

ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့အကြား အကြည့်ချင်းဖလှယ်မှုက အရင်ကလောက် ဖုံးကွယ်ထားခြင်းမရှိတော့ပါ။ 

ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင် အသံပို့လိုက်သည်။ 

"ခန်းမအပြင်ဘက်မှာ ဒီနေရာကို ဝိုင်းရံထားတဲ့ ကျွမ်းကျင်သူတွေ အများကြီးပဲ"

ဖန်ချန်းဆက်ပြောသည်။ 

"အပြင်ပက လေဟာနယ်ကို သီးသန့်ဖယ်ထုတ်ထားတဲ့ အစီအရင်တစ်ခုလည်း ရှိနေတယ်၊ အဲဒါက ဖြည်းဖြည်းချင်း ဖြစ်တည်လာနေတယ်"

ရှောင်ဟိုင်အတွက်မူ သူ့၏သတ်ဖြတ်ခြင်းဆန္ဒအသိက အတော်လေးထင်ရှားသည်။ 

ထို့ကြောင့် အပြင်ပကမ္ဘာတွင် ဖုံးကွယ်မထားသည့် သတ်ဖြတ်ခြင်းဆန္ဒရှိနေမည်ဆိုပါက ရှောင်ဟိုင် အလွယ်တကူအာရုံခံနိုင်သည်။ 

ဖန်ချန်းတွင် အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာရှိသဖြင့် အစီအရင်အော်ရာကို အတော်လေးအာရုံခံလွယ်သည်။ 

သို့သော် အာကာသကို ဖယ်ထုတ်ထားသည့် အစီအရင်လေးတစ်ခုက မုဖူရှန်းနှင့် ကျန်သောသူများအတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပါ။ 

ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်က လေဟာနယ်အဆောင်၊ အာကာသအဆောင်များကို မှီခိုအားကိုးထားခြင်းမရှိပေ။ 

ဒါကလည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ယုံကြည်ရာအရာဟု ဆို၍ရသည်။ 

ဒီအချိန်မှာပင် ရုတ်တရက် အဖိုးအိုတစ်ယောက် ကျုံ့ချန်ကောင်းဘေးတွင် ပေါ်လာသည်။ 

ဒါကိုမြင်သောအခါ အနီးအနားကလူများ အနည်းငယ် ကြက်သေသေသွားကြ၏။ 

"အဲဒါက နတ်ခန္ဓာဂိုဏ်းက အကြီးအကဲကျုံ့မလား၊ ဘာလို့သူဒီမှာ ရုတ်တရက် ပေါ်လာရတာလဲ"

"နတ်ခန္ဓာဂိုဏ်းနဲ့ နတ်အစီအရင်ဂိုဏ်းက အကြီးအကဲတွေက နတ်ဆိုးနက်ချီကို ကိုင်တွယ်နေသင့်တာမလား"

"အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက် ကိုယ်တိုင် ထုတ်ပေးဖို့လိုအပ်တဲ့ အရေးကြီးတာ၀န် တစ်ခုခုများရှိနေလို့များလား"

ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့ ဒါကိုမြင်သောအခါ လေးစားစွာ လက်သီးဆုပ်လိုက်ကြ၏။ 

အကြီးအကဲကျုံ့အနည်းငယ် ခေါင်းညိတ်ပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား လှမ်းကြည့်သည်။ 

"မြေပုံအချက်အလက်တွေလိုချင်တာ မင်းတို့လား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

အကြီးအကဲကျုံ့ခေါင်းညိတ်သည်။ 

"အင်း၊ ချန်ကောင်း မင်းတို့ကိုကတိပေးခဲ့သလို မင်းတို့ကလည်း ဒီတာ၀န်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့ကြတာမို့ ဒီသတင်းအချက်အလက်က မင်းတို့နဲ့ ထိုက်တန်ပါတယ်"

စကားပြောနေရင်း အကြီးအကဲကျုံ့ ယဲ့ချိုးပိုင်ထံ အာကာသသိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။ 

ယဲ့ချိုးပိုင်လှမ်းယူပြီးနောက်တွင် မုဖူရှန်းအား လက်လွှဲပေးသည်။ 

မုဖူရှန်း ဒါကိုလက်ခံရရှိသောအခါ သူ့မျက်လုံးများက အေးစက်သွားသော်လည်း သူမျက်တောင်တစ်ချက်ပင် မခတ်ခဲ့သလို တစ်ချိန်တည်းတွင် ပြောသည်။ 

"ဒါက တကယ်မြေပုံပဲ"

အကြီးအကဲကျုံ့ခေါင်းညိတ်ရင်း အပြုံးဖြင့်ပြောသည်။ 

"မျှဝေရမယ့်သူတွေအပေါ် ငါတို့နတ်ခန္ဓာဂိုဏ်းက ဆုလာဘ်တွေနဲ့ပတ်သက်ပြီး တွန့်တိုနေမှာမဟုတ်ပါဘူး"

သူ့အသံက အစည်းအဝေးခန်းမအတွင်း ပျံ့သွားသည်။ သူတာ၀န်များကို လက်ခံထားသည့် တခြားသူများကိုလည်း ကြည့်နေသည်မှာ သိသာထင်ရှားနေသည်။ 

"ဒါပေမယ့်...." အကြီးအကဲကျုံ့မျက်လုံးကျဉ်းလိုက်ပြီး ယဲ့ချိုးပိုင်ကို လင်းယုန်ငှက်တစ်ကောင်ပမာ ကြည့်လိုက်သည်။ 

"မင်းတို့ ချန်ကောင်းဆီက လုယက်ခဲ့တဲ့ ပစ္စည်းကိုတော့ ငါတို့နတ်ခန္ဓာဂိုဏ်းကို ပြန်ပေးသင့်တယ်မလား"

"အဲဒီဓားကို ချန်ကောင်းကို ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် ပေးခဲ့တာ၊ အခုဒီကိစ္စက ပြီးသွားပြီဆိုတော့ မင်းပြန်ပေးသင့်နေပြီ"

"ဒါက ငါတို့နတ်ခန္ဓာဂိုဏ်းရဲ့ ရတနာတွေထဲက တစ်ခုဆိုတာ မင်းသိသင့်တယ်"

ပတ်၀န်းကျင်ကလူများက ထိတ်လန့်သွားကြ၏။ 

သူတို့ နတ်ခန္ဓာဂိုဏ်းရဲ့ရတနာကို ခိုးယူခဲ့ကြတာလား!

နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှာလား!

သူတို့သေချင်နေကြတာလား!

နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၌ နတ်အစီအရင်ဂိုဏ်းကလွဲပြီး နတ်ခန္ဓာဂိုဏ်းက အကြွင်းမဲ့အုပ်ချုပ်သူဖြစ်သည်။ 

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် အံ့ဩသွားခြင်းပင်မရှိဘဲ ပြုံးလိုက်လေသည်။ 

"မင်းဘာကိုရယ်နေတာလဲ" အကြီးအကဲကျုံ့မျက်မှောင်ကြုတ်သည်။ 

"မင်းကိုကြည့်ရတာ လုံး၀အံ့ဩသွားပုံမရဘူးဘဲ"

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးရင်း ခေါင်းခါယမ်းသည်။ 

"ဒါကတကယ့်ကို မျှော်လင့်မထားခဲ့တဲ့ အရာတစ်ခုပါ"

"ဒါပေမယ့် ပိုအံ့ဩစရာကောင်းတာက ခင်ဗျား ဒီဓားကို လုယူချင်တာမဟုတ်ဘူး၊ အဲဒါက ဒီဓားကို လုယူဖို့အတွက် ခင်ဗျား ဒီလောက် ခွတီးခွကျနည်းလမ်းတစ်ခုကို သုံးခဲ့တာပဲ"

အကြီးအကဲကျုံ့၏ အမူအရာက မည်းမှောင်သွားပြီး အော်ဟစ်လိုက်သည်။ 

"ဒီမှာစော်ကားနေတာရပ်တော့၊ မင်းသာ မခိုးယူခဲ့ဘူးဆိုရင် မင်းမှာဘယ်လိုလုပ် ဒီအဆင့်ရှိတဲ့ အမြင့်ဆုံးရတနာတစ်ခုရှိမှာလဲ"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ကျုပ်ခင်ဗျားနဲ့ငြင်းနေမှာမဟုတ်ပါဘူး၊ မျက်လုံးပါသူတိုင်း ဒီလိုခွတီးခွကျစကားကနေ အားနည်းချက်တွေကို မြင်နိုင်ပါတယ်"

မင်းတို့က ခန္ဓာပြုပြင်မွမ်းမံတဲ့ဂိုဏ်းလေ၊ မင်းတို့မှာ ဘယ်လိုလုပ် ဓားနှင့် ဆက်စပ်နေတဲ့ အဆင့်မြင့်ရတနာတစ်ခု ရှိနေရတာလဲ!

တကယ်တမ်းတွင် ဒီမြင်ကွင်းကို စူးစမ်းနေသည့်သူများလည်းရှိပြီး သူတို့ညင်သာစွာ ရယ်မောလိုက်ကြသည်။ 

"ဒါကတကယ်ကို ခွတီးခွကျလွန်းတယ်"

"ဒါကသေချာပေါက် နတ်ခန္ဓာဂိုဏ်းကတောသ် ခုခံနိုင်စွမ်းမရှိတဲ့ အဆင့်မြင့်ရတနာတစ်ခုဖြစ်လောက်တယ်၊ အဲဒါက ဘယ်အဆင့်လဲဆိုတာ ငါတကယ်သိချင်မိတယ်"

သို့စေကာမူ တစ်ယောက်ယောက်ပြောနိုင်လျှင်ပင် ဒီလူများက ဒီနေရာ၌ ဖော်ထုတ်ရန်ကို ရွေးချယ်ကြမည်မဟုတ်။ 

မည်သို့ပင်ဆိုစေကာမူ နတ်ခန္ဓာဂိုဏ်းက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၌ အရှင်သခင်မဟုတ်ပေလော။ 

သူတို့ဒီဂိုဏ်းကို စော်ကားရန်အတွက် မတတ်နိုင်သလို တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်ကိုလည်း မသိကြပေ။ 

သူတို့ဆန့်ကျင်စော်ကားနိုင်စွမ်းရှိလျှင်ပင် သူတို့ပင်မသိသည့် တစ်စုံတစ်ယောက်ကို ကူညီရန်အတွက် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက အရှင်သခင်များကို စော်ကားရန် မလိုအပ်ပါ။ 

အကျိုးအမြတ်များက ဆုံးရှုံးမှုများကို ဖာထေးပြင်ဆင်နိုင်မည်မဟုတ်။ 

အကြီးအကဲကျုံ့ကလည်း ဒီအတွေးအခေါ်ကို သဘာ၀ကျကျပင် နားလည်သည်။ 

ဒီယုတ်ညံ့သည့်ဆင်ခြေက နတ်ခန္ဓာဂိုဏ်းအတွင် ‌အရေးယူဆောင်ရွက်ရန် အကြောင်းပြချက်တစ်ခုသာ။ 

သူဒါကိုလုယူပြီး ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို သတ်ကာ မဟုတ်မမှန်အရာတစ်ချို့ကို ဖန်တီး၍ရသည်။ 

အပြင်ပကမ္ဘာက ဆန့်ကျင့်နေသည့်အသံများက ပျောက်ကွယ်သွားသည်။ 

"ကြည့်ရတာ မင်းတို့ငါတို့ကို ပေးဖို့ဆန္ဒမရှိဘူးဘဲ၊ ဒီလိုဆိုမှတော့ ငါတို့နတ်ခန္ဓာဂိုဏ်းကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့တော့"

အကြီးအကဲကျုံ့ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့အနီးတစ်ဝိုက်တွင် အတားအဆီးများ ရုတ်တရက် ထိုးတက်လာပြီး အစည်းအဝေးခန်းမတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။ 

လေဟာနယ်တစ်ခုလုံးက ဒီအခိုက်အတန့်၌ ချိပ်ပိတ်ခံလိုက်ရပုံရသည်။ 

တစ်ချိန်တည်းမှာပင် နတ်ဗိုလ်ချုပ်နယ်ပယ် ကျင့်ကြံသူများက အစည်းအဝေးခန်းမ တစ်ဝိုက်တွင် ပေါ်လာပြီး သူတို့အော်ရာများအားလုံးက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ပိတ်ဆို့ထားသည်။ 

လူတိုင်းလှည့်ကြည့်လိုက်ကြ၏။ 

ကြည့်ရသည်မှာ နတ်ခန္ဓာဂိုဏ်းက ပြင်ဆင်ထားနှင့်ပုံပင်။ 

နတ်ခန္ဓာဂိုဏ်းမှ ယခုလိုလူအများအပြားကိုပင် ဆော်ဩ‌နိုင်စေသည့်အပေါ် ထိုအမြင့်ဆုံးရတနာက ဘယ်အဆင့်ကိုပင် ရောက်နေလေသနည်း။ 

အဲဒါက အနည်းဆုံးတော့ နတ်အင်ပါယာအဆင့်တွင် ရှိရပေမည်။ 

ဒီအခိုက်အတန့်၌ ကျုံ့ချန်ကောင်း ရင်းနှီးစွာဟန်ဆောင်ခြင်းကို လုံး၀စွန့်လွှတ်ပြီး ယဲ့ချိူးပိုင်နှင့် ကျန်သောသူများကို ကြည့်ကာ နှာခေါင်းရှုံ့သည်။ 

"ဒီလိုဖြစ်လာမယ်ဆိုတာ သိခဲ့တယ်ဆိုရင် မင်းအရင်ကဘာလို့ လုပ်ခဲ့ရတာလဲ"

ယဲ့ချိုးပိုင်ပြုံးရင်း လှောင်ပြောင်စွာပြောသည်။ 

"မင်းအဲဒါကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ပြီလို့ ထင်နေတာလား၊ မင်းအရင်က ပြောခဲ့ကတည်းက ငါတို့မင်းအတွေးတွေကို ခန့်မှန်းထားပြီးသားပါ"

"ငါတို့မှာသာ ယုံကြည်မှုမရှိဘူးဆိုရင် ငါတို့တကယ်ပဲ မင်းနောက်ကနေ ဒီအစည်းအဝေးခန်းမကို လိုက်လာပြီး ထောင်ချောက်ထဲ ဆင်းသက်လာကြလိမ့်မယ်လို့ မင်းထင်နေတာလား"

"မင်းဘာကိုဆိုလိုတာလဲ" ကျုံ့ချန်ကောင်း၏ မျက်နှာက မည်းမှောင်သွားပြီး သူ့နှလုံးသားက ရုတ်တရက် တင်းကြပ်သွားရသည်။ 

ယဲ့ချိုးပိုင်ပြုံးရင်း ဘာတစ်ခုမှမဆိုပေ။ 

သို့စေကာမူ ဖန်ချန်း ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ 

အင်မော်တယ်ဆန္ဒဖြင့် ပြည့်နှက်နေသည့် ဧရာမပုံရိပ်ယောင်အစီအရင်တစ်ခုလုံးက အစည်းအဝေးခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ 

အပိုင်း(961) coming။ 

All Chapters