#လိုက်ဖမ်းခြင်း၊ ကုန်းတွင်းပိုင်းသို့ ခြေချခြင်း#
Vol. 68 Ch. 961
အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်!
ဒီထဲတွင် အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်ကကဲ့သို့ စွမ်းအားမရှိသလို ဖန်ချန်း သူ့ခွန်အားဖြင့် ၎င်း၏စွမ်းအား ၁၀ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းထိသာ ထုတ်လွှတ်နိုင်သည့်တိုင် ရုတ်တရက်ပုံရိပ်ယောင်အစီအရင်က ရှိနေသောသူတိုင်းက အထဲသို့ ချက်ချင်း ကျဆင်းသွားစေသည်။
ဒီထဲတွင် နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူဖြစ်သည့် အကြီးအကဲကျုံ့လည်းပါ၀င်သည်။
ဒါက အင်မော်နယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်၏ ကြီးစိုးခြယ်လှယ်နိုင်သည့် ရှုထောင့်ပေတည်း။
ဒီတဒင်္ဂတွင် အကြီးအကဲကျုံ့က နတ်ဘုရင်နယ်ပယ်တည်ရှိမှုဖြစ်လေရာ သူ့ကို အကြာကြီးပိတ်ဆို့မထားနိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း သူချိုးဖျက်လွတ်မြောက်ရန်အနွက် ပြင်းထန်သည့်အားကို တိုက်ရိုက်သုံးခဲ့သည်။
သို့စေကာမူ အကြီးအကဲကျုံ့ အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်ကနေ ထွက်ပြေးလွတ်မြောက်လာချိန်တွင် ယဲ့ချိုးပိုင်တို့လေးယောက်က မိုးကြိုးစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားကြပြီး သီးသန့်ကန့်သတ်ထားသည့် အစီအရင်ကို ထိုးဖောက်ကာ ကောင်းကင်ထဲသို့ လွတ်မြောက်သွားကြ၏။
အကြီးအကဲကျုံ့၏ အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားသည်။ သူ့မျက်နှာက ရေစက်များပင် ကျဆင်းလာတော့မည့်အလား မည်းမှောင်နေသည်။
ထို့နောက် ဒေါသတကြီးအော်သံနှင့်အတူ နတ်ဘုရင်နယ်ပယ် ခွန်အားက ပေါက်ကွဲသွားပြီး အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်ကို အတင်းချိုးဖျက်ပစ်သည်။
ဘေးကလူတိုင်းကမူ ပုံရိပ်ယောင်အစီအရင်ထဲကနေ မိန်းမောတွေဝေစွာ ရုန်းကန်နေကြသည်။
ကျုံ့ချန်ကောင်း လူလေးယောက် သူ့ရှေ့တွင် ပျောက်ကွယ်သွားတာကို မြင်ရသောအခါ အထိတ်တလန့်ပြောလိုက်သည်။
"သူတို့ဘယ်မှာလဲ"
လန်ဟိုင်ဒီမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားပြီးနောက် ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို နားလည်သွား၏။ တစ်ခဏအကြာတွင် သူအလွန်အမင်းအံ့ဩသင့်နေမိသည်။
ဒါဘယ်လိုပုံရိပ်ယောင်အစီအရင်မျိုးလဲ၊ အရမ်းကြီးစိုးနိုင်စွမ်းရှိတာပဲ!
ပြီးတော့ သူတို့ အကြီးအကဲကျုံ့ဆီကနေ ထွက်ပြေးလွတ်မြောက်နိုင်သေးတာလား!
ဒါ့အပြင် အာကာသကို သီးခြားထားတဲ့ အစီအရင်တစ်ခုလည်း ရှိနေတယ်မလား!
အာကာသက လုံး၀ပိတ်လှောင်ခံထားရတဲ့ အခြေအနေမှာ နတ်ဗိုလ်ချုပ်နယ်ပယ်ကိုတောင် မရောက်သေးတဲ့ ဒီလူလေးယောက် ဘယ်လိုလုပ် လွတ်မြောက်နိုင်တာလဲ!
အကြီးအကဲကျုံ့တွင် ဖြေကြားရန်အတွက် အချိန်မရှိဘဲ ချက်ချင်းအော်ဟစ်သည်။
"ဟင်းလင်းပြင်သိုလှောင်လက်စွပ်ထဲက ဝိဉာဉ်အမှတ်အသားနောက်ကနေ လိုက်ပြီး သူတို့ကိုလိုက်ဖမ်းကြ၊ သူတို့အဝေးကြီးကို မရောက်ကြသေးဘူး"
ချက်ချင်းဆိုသလို ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်အပါအ၀င် နတ်ခန္ဓာဂိုဏ်းမှ တခြားကျွမ်းကျင်သူများက အစွမ်းကုန် လိုက်ဖမ်းကြသည်။
.....
တစ်ချိန်တည်းမှာပင် ဟောင်တျန်းနတ်ဂိုဏ်းက မဟာအကြီးအကဲ၏ ယာယီနေထိုင်ရာ စားသောက်ဆိုင်တစ်ဆိုင်၌ မဟာအကြီးအကဲရှိနေသည်။
ယဲ့ချိုးပိုင်တို့အဝေးတွင် ရှိနေလျှင်ပင် မဟာအကြီးအကဲ၏နယ်ပယ်ဖြင့် သူတို့အား တစ်ချိန်လုံး အာရုံစိုက်ထားရန်ဟူသည် မခက်ခဲပေ။
ထိုအချိန်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အန္တရာယ်ကို ရင်ဆိုင်နေရတာကို သူအာရုံခံမိခဲ့သည်။
ထိုအခါ သူလှုပ်ရှားသင့်သလားဆိုတာ မဟာအကြီးအကဲစဉ်းစားနေခဲ့သည်။
သို့စေကာမူ ဖန်ချန်းက ကိုယ်ထဲတွင် အစီအရင်တစ်ခုကို တိတ်တဆိတ် စတင်သိပ်သည်းနေတာကို သူသဘောပေါက်သွားခဲ့သည်။
မုဖူရှန်းကအနည်းငယ် ကြောက်စရာကောင်းသည်။ သူက ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်များကို လျှို့ဝှက်စွာ ပြင်ဆင်ထားခဲ့သည်။
ယေဘုယျအားဖြင့် ဆိုရပါက အစီအရင်များက ကမ္ဘာကြီးထဲက နိယာမစွမ်းအားကို မှီခိုအားကိုးရသည်။ တစ်ချိန်တည်းမှာပင် ပြင်ပအရာ၀တ္ထုများကို အားကိုးရင်း သူတို့၏ ကိုယ်ပိုင်စွမ်းအားကို ကြားခံအဖြစ် သုံးရသည်။
သို့စေကာမူ ဖန်ချန်းက ဒီအဆင့်ကို လုံး၀မလိုအပ်ခဲ့ပါ။
သူ့ကိုယ်ထဲက အစီအရင်များကို သူစတင်သိပ်သည်းအောင် လုပ်နိုင်သည်။ အစီအရင်က သူ့ကိုယ်ပိုင်ခန္ဓာအလားပင် ထင်ရသည်။
ဒီလိုကျင့်ကြံခြင်းနည်းစနစ်နှင့် ဒီလိုအစီအရင်အသုံးပြုမှုကို သူတစ်ခါမှ မကြားခဲ့ဖူးပါ။
သူတို့က အမှန်တကယ်ပင် စီနီယာလု၏ တပည့်များဟု ဆိုနိုင်ပေသည်။
နောက်ပိုင်းတွင် ယဲ့ချိုးပိုင်တို့ အောင်အောင်မြင်မြင်နှင့် လွတ်မြောက်သွားတာကို သူမြင်ရသဖြင့် မဟာအကြီးအကဲပြုံးလိုက်မိသည်။
"ကြည့်ရတာ မင်းတို့ငါ့ကို မလိုအပ်ပုံပဲ..."
"ဒီတပည့်တွေ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာ ငါမြင်ချင်သေးတယ်"
.....
အနောက်ဘက်တစ်နေရာတွင် ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ဖန်ချန်းနှင့် ရှောင်ဟိုင်တို့ မိုးကြိုးအဖြစ် ပြောင်းလဲကာ ဒီကျက်တီးကုန်းမြေ၌ ပေါ်လာခဲ့သည်။
သို့စေကာမူ ဒီကျက်တီးကုန်းမြေက သွေးနှင့် ကျောက်တုံးအပိုင်းအစများဖြင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်က နတ်ဆိုးနက်ချီဖြင့် ဖုံးလွှမ်းနေသည်။
မြေပေါ်၌ မရေမတွက်နိုင်လောက်သော သားရဲများ၏ ခြေရာများရှိသည်။
ဒီနေရာကမြို့တစ်မြို့ဖြစ်ခဲ့ဖူးသော်လည်း သားရဲအုပ်ကြောင့် လုံး၀ဖျက်ဆီးခံလိုက်ရသည်မှာ သိသာထင်ရှားနေသည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်းမြေပုံကို ထုတ်ယူပြီး လက်ရှိတည်နေရာကို ကြည့်လိုက်သည်။
သူတို့၏လက်ရှိတည်နေရာက နတ်ဆိုးနက်ချီဖြင့် ဖုံးလွှမ်းထားသည့်နေရာနှင့် အရမ်းကြီး အလှမ်းမဝေးပါ။
"အာကာသလက်စွပ်မှာ ဝိဉာဉ်အမှတ်အသားတစ်ခု ရှိတယ်ဆိုပေမယ့် ငါ့လက်ရှိခွန်အားနဲ့ ဒါကိုဖျက်ပစ်ဖို့အတွက် အချိန်တစ်ချို့တော့လိုတယ်"
ဖန်ချန်း၏မျက်လုံးများ ပြူးကျယ်သွား၏။
"အစ်ကိုမု တကယ်ပဲ နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဝိဉာဉ်အမှတ်အသားကို ဖျက်ပစ်နိုင်တာလား"
အကြီးအကဲကျုံ့ အာကာသလက်စွပ်ကို ထုတ်ယူစဉ်က အထဲက ဝိဉာဉ်အမှတ်အသားတစ်ခုရှိမယ်ဆိုတာ သူတို့ ခန့်မှန်းထားကြပြီးဖြစ်သည်။
မုဖူရှန်းတစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။
"အမ်း..... ငါက မိုးကြိုးစွမ်းအားကို အထူးပြုတယ်လေ၊ ဒါ့အပြင် ငါ့၀ိဉာဉ်ကလည်း အားမနည်းဘူးဆိုတော့ ဒီလိုအရာမှာ ငါကပိုတော်ပါတယ်..."
သို့စေကာမူ ရှောင်ဟိုင် ဖန်ချန်းပခုံးကို ပုတ်လိုက်၏။
"မင်းအစ်ကိုမုပြောတာကိုပဲနားထောင်လိုက်ပါ၊ အရမ်းကြီးအလေးအနက် ထားနေစရာမလိုဘူး"
"ဘာလို့လဲ" ဖန်ချန်းပဟေဠိဖြစ်နေသည်။
သူစံအိမ်တော်သို့ ဝင်လာသည်မှာ မကြာသေးသဖြင့် သူ့အဖို့ သူ့စီနီယာအစ်ကိုအစ်မများ၏ စရိုက်တွေကို အပြည့်အ၀နားလည်ရန်ဟူသည် မဖြစ်နိုင်ပေ။
ရှောင်ဟိုင်ပြုံးသည်။
"မင်းစီနီယာအစ်ကိုမုက ပစ္စည်းတွေအများကြီး ဝှက်ထားတယ်၊ သူ့ခွန်အားအပြည့်ကို သူမသုံးရသေးတာလည်း ဖြစ်နိုင်တယ်"
ဖန်ချန်း "......"
ဒါတကယ်လား!
"မင်းသိဖို့လိုတာက မင်းရဲ့စီနီယာအစ်ကိုမူက ဆရာ့ရဲ့အမွေအနှစ်ကို အပြည့်အ၀ အမွေဆက်ခံထားတယ်ဆိုတာကိုပဲ.."
ဖန်ချန်းနောက်ဆုံးတော့ နားလည်သွားသဖြင့် ခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီ"
မုဖူရှန်း "....."
ယဲ့ချိုးပိုင်အကူအညီမဲ့စွာပြောသည်။
"ငါတို့နောက်မှ စကားပြောလို့ရမလား၊ အခုငါတို့ဘေးမကင်းကြသေးဘူး၊ ငါတို့ပြေးနေရင်း ညီလေးမုကို အထဲက ဝိဉာဉ်အမှတ်အသားကို ဖျက်ခွင့်ပေးကြတာပေါ့"
ထို့နောက်ကျန်သုံးယောက်လုံးခေါင်းညိတ်ကာ သူတို့အားလုံး နတ်ဆိုးနက်ချီအပိုင်းအခြားသို့ ပြေးသွားကြသည်။
ဒါအတွက် အကြောင်းရင်းနှစ်ခုရှိသည်။
တစ်ခုက ယဲ့ချိုးပိုင်တို့က နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသနှင့် အရမ်းကြီး မရင်းနှီးသောကြောင့်ပင်။
ဒုတိယတစ်ခုက ပတ်လည်နေတာထက် နတ်ခန္ဓာဂိုဏ်းကပင် ကြောက်ရသည့် နတ်ဆိုးနက်ချီရှိရာသို့ သူတို့တိုက်ရိုက် ဦးတည်သွားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ပန်းတိုင်က နတ်ဆိုးနက်ချီ၏ ဗဟိုချက်သို့ ဦးတည်ရန်ပင် မဟုတ်ပေလော။
နတ်ဆိုးနက်ချီရှိရာသို့ ပြေးနေစဉ် မုဖူရှန်း ဝိဉာဉ်အမှတ်အသားကို သန့်စင်ရန်အတွက် ဝိဉာဉ်ဖြူအေးခဲမီးတောက်နှင့် ရှေးဟောင်းနတ်မိုးကြိုးအလွှာလေးခုစွမ်းအားကို သုံးလိုက်သည်။
အမွေးတိုင်တစ်တိုင်စာခန့်အကြာတွင် သူဒါကို အပြည့်အ၀သန့်စင်နိုင်ခဲ့သည်။
သို့စေကာမူ သူလုံး၀သန့်စင်မွမ်းမံပစ်သည့် အခိုက်အတန့်မှာပင် သူ့နောက်ကနေ စိမ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံတစ်သံ ထွက်လာခဲ့သည်။
"မင်းကအတော်လေးစွမ်းသားပဲ၊ ငါ့ဝိဉာဉ်အမှတ်အသားကိုတောင် တကယ်ဖျက်ဆီးနိုင်တယ်"
ထိုသူက အကြီးအကဲကျုံ့ပေတည်း။
အကြီးအကဲကျုံ့၏ နတ်ဘုရင်နယ်ပယ်ခွန်အားနှင့်အတူ သူက ခန္ဓာသန့်စင်သူဖြစ်လေရာ သူ့အမြန်နှုန်းက အရမ်းကြီးမနှေးပါ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အံ့ဩသင့်သွားခြင်းမရှိဘဲ အရှိန်အဟုန်ဖြင့် ရှေ့သို့သာ ဆက်လက်ပျံသန်းနေကြသည်။
အကြီးအကဲကျုံ့နှာခေါင်းရှုံ့သည်။
"ရပ်ကြစမ်း"
ထို့နောင် သူတို့လေးယောက်ရှိရာသို့ သူလက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောင်၏ ခွန်အားက လေဟာနယ်ကိုပင် တုန်ခါစေပြီး လက်သီးအားက လေဟာနယ်ကို ၀င်တိုက်စဉ် ပေါက်ကွဲမှုအများအပြားကို ထုတ်လွှတ်သည်။
ဒီအခိုက်အတန့်မှာပင် ကောင်းကင်နှင့် မြေကြီးကလည်း မရပ်မနားတုန်ခါနေသည်။
သို့စေကာမူ လက်သီးက ယဲ့ချိုးပိုင်တို့ကို ထိမိသောအခါ သူတို့လေးယောက် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ထပ်မံချေမွပစ်ပြီး မိုးကြိုးစင်းများအဖြစ် ပြောင်းကာ ဒီနေရာမှ ထွက်သွားကြသည်။
သူတို့ထပ်မံပေါ်လာသောအခါ ကီလိုမီတာရာချီအဝေးကိုပင် ရောက်နေလေပြီ။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်၏ ဦးတည်ချက်ကို မုဖူရှန်း၏ လက်ရှိ တိုးတက်မှုများနှင့်အတူ သူလွတ်မြောက်ရန်အတွက် သူ့ထိန်းချုပ်မှုကို အားကိုးရင်း ပြောင်းနိုင်သည်။
သို့စေကာမူ အကွာအဝေးကလည်း လျော့ကျသွားပေလိမ့်မည်။
အကြီးအကဲကျုံ့၏ အမူအရာက ကြည့်ရဆိုးနေသည်။
"မင်းတို့မှာ ဒီလိုအဆောင်မျိုး ဘယ်နှစ်ခုလောက်ကျန်သေးသလဲဆိုတာ ငါသိချင်မိတယ်"
ထို့နောက် အမြန်နှုန်းကို တိုးစေသည့် အဆောင်တစ်ခုကို ကပ်ပြီး သူအာကာသထဲသို့ ခြေချကာ ပုံပျက်နေသည့်အော်ရာတစ်ခုနှင့်အတူ ပြေးထွက်သွား၏။
သို့စေကာမူ အကြီးအကဲကျုံ့ သူတို့၏ အော်ရာများကို ပိတ်ဆို့ထားသော်လည်း အကြိမ်ရေအနည်းငယ်ခန့် လွတ်မြောက်သွားပြီးနောက်တွင် အကြီးအကဲကျုံ့ ကြည့်ရဆိုးသည့် အမူအရာဖြင့် ရပ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့က နေရာက နတ်ဆိုးနက်ချီရှိနေသည့် နေရာဖြစ်နေသောကြောင့်ပေတည်း။
အပိုင်း(962) coming။