#ဘယ်သူကကြောင်လဲ၊ ဘယ်သူကကြွက်လဲ#
Vol. 68 Ch. 962
အကြီးအကဲကျုံ့ နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားနှင့် နတ်ဆိုးနက်ချီအပိုင်းအခြားထဲသို့ အလွယ်တကူ မ၀င်ရဲပေ။
အစွန်ပိုင်းနေရာတွင်ပင် သူတို့ခန္ဓာများက နေရာတိုင်းတွင်ရှိနေသည့် နတ်ဆိုးနက်ချီ၏ တိုက်စားမှုကို ခံစားရပေလိမ့်မည်။
အကယ်၍ ပိုနက်နက်သွားမည်ဆိုပါက သူ့၏ ကျင့်ကြံခြင်းနယ်ပယ်နှင့်ပင် သေချာပေါက် သေဆုံးရပေမည်။
အကြီးအကဲကျုံ့ မည်းမှောင်သည့်အမူအရာဖြင့် အထဲသို့ ကြည့်နေသည်။
များမကြာမီ နတ်ခန္ဓာဂိုဏ်းက ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများ ရောက်လာကြသည်။
"အကြီးအကဲ၊ သူတို့ဘယ်မှာလဲ" လန်ဟိုင် ကြည့်ရဆိုးနေသည့် အမူအရာဖြင့် မေးလိုက်သည်။
အကြီးအကဲကျုံ့ ခေါင်းခါယမ်းရင်း နတ်ဆိုးနက်ချီကို ညွှတ်ပြကာ ပြောသည်။
"သူတို့အထဲ၀င်သွားကြပြီ"
ဒါကိုကြားရသော် ပတ်ပတ်လည်က လူအားလုံး ကြက်သေသေသွားကြ၏။
ကျုံ့ချန်ကောင်း တိုက်ရိုက်ပင် အော်ဟစ်သည်။
"သူတို့က ကျွန်တော်တို့ကို အဲဓားကို ပေးတာထက် ၀င်ပြီးသေချင်နေကြတာလား"
လန်ဟိုင်မျက်မှောင်ကြုတ်သည်။
"သူတို့ခွန်အားနဲ့ဆိုရင် သူတို့အကြာကြီးနေနိုင်မှာမဟုတ်ဘူး၊ တစ်ယောက်ယောက် ၀င်သွားသရွေ့ ကျန်တဲ့သူတွေက အပြင်က ထွက်ပေါက်ကို စောင့်နေရင် ပိုအဆင်ပြေလောက်တယ်...."
အကြီးအကဲကျုံ့ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ မင်းတို့အပြင်မှာစောင့်နေကြ၊ ငါအထဲ၀င်ပြီး သူတို့ကိုလိုက်ဖမ်းမယ်၊ သူတို့သေသွားပြီဆိုရင် အဲဒီဓားကို ထုတ်ယူဖို့ ပိုလွယ်ကူသွားလိမ့်မယ်"
ထိုသို့ဆိုပြီးနောက် တခြားသူများ စကားပြောတာကို သူစောင့်မနေတော့ဘဲ လျှို၀င်သွား၏။
နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့် အကြီးအကဲတစ်ဦးပြုံးသည်။
"ပြဿာနာသိပ်မရှိလောက်ပါဘူး၊ ဒီအပိုင်းအခြားထဲကို ၀င်ပြီးနောက်မှာ အဲဒီနတ်စစ်သည်နယ်ပယ်ကောင်စုတ်လေး လေးယောက်က သေချာပေါက် လှုပ်ရှားနိုင်မှာမဟုတ်တော့ဘူး၊ သူတို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်"
"သူတို့သာ အဲဒီအပိုင်းအခြားထဲကို ဆက်၀င်သွားမယ်ဆိုရင် နတ်ဆိုးနက်ချီကြောင့် သေတဲ့အထိ ဖိနှိပ်ခံရလိမ့်မယ်၊ ပြီးရင် အကြီးအကဲကျုံ့ အဲဒီဓားကို ပြန်ယူလာလိမ့်မယ်၊ အကြီးအကဲကျုံ့က နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်မို့ သူတို့နေရာကို မရောက်မချင်း ဆက်ခံနိုင်ရည်ရှိဦးမှာပဲ"
"ဒုတိယရွေးချယ်မှုက အကြီးအကဲကျုံ့ကို ကျော်ဖြတ်ဖို့ပဲ၊ နတ်ဆိုးနက်ချီရဲ့ အပိုင်းအခြားကို ဘက်ပေါင်းစုံက ထွက်ပေါက်တစ်ခုအဖြစ် သုံးလို့ရတယ်ဆိုပေမယ့် ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ တခြားဘက်တွေက ၀င်ပေါက်တွေကနေ ဖြတ်သွားဖို့အတွက် အဝေးကြီး လျှောက်ဖို့လိုတယ်"
"ဒါပေမယ့် သူတို့ကျင့်ကြံခြင်းနယ်ပယ်အရဆိုရင် ဒီလိုလှုပ်ရှားနိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါတို့ဘက်ကနေပဲ သူတို့ထွက်လာနိုင်တယ်၊ ဒီလိုသာဆိုရင် သူတို့သေရုံပဲရှိတယ်"
လူတိုင်းဒါကိုကြားသောအခါ စိတ်ပြေလျော့သွားသည့် အမူအရာများဖြင့် ပြုံးလိုက်ကြသည်။
သူတို့ ယဲ့ချိုးပိုင်၏ တိမ်ပြာဓားကို ရယူပိုင်ဆိုင်လိုက်ရသည့်အလားပင်။
ကျုံ့ချန်ကောင်းတစ်ချက်ကြည့်ရင်း ဆိုးယုတ်စွာပြုံးကာ ရေရွတ်သည်။
"မင်းတို့ဘာလို့ဒီလိုလုပ်ရတာလဲ၊ သာမန်လူတစ်ယောက်ရဲ့ တစ်ခုတည်းသောပြစ်မှုက ကျောက်စိမ်းတုံးကို သယ်လာခြင်းပဲ၊ မင်းတို့တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ကျေးဇူးကြွေးတွေကို ဘယ်လိုတန်ဖိုးထားရမှန်း မသိတတ်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ကြတော့...."
....
နတ်ဆိုးနက်ချီအပိုင်းအခြားအတွင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၀င်လာစဉ် ကြီးမားသည့် နတ်ဆိုးနက်ချီက သူတို့တစ်ကိုယ်လုံးကနေတဆင့် ချွေးပေါက်များအထိပင် အရူးအမူးဖိသိပ်ထားတာကို ခံစားလိုက်ရသည်။
၎င်းက သူတို့အသိစိတ်များကို အထဲကနေ တိုက်စားပြီး ချိုးဖျက်ပစ်ချင်နေသည့်အလားပင်။
ဖန်ချန်းခါးသီးစွာပြုံးသည်။
"အဲဒီနတ်ဘုရင်နယ်ပယ်နဲ့ နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတွေတောင် ဗဟိုပိုင်းကို မရောက်နိုင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ ဒါကတောင် အစွန်ပိုင်းနေရာပဲရှိသေးတယ်..."
ယဲ့ချိုးပိုင်၏ အမူအရာကလည်း အနည်းငယ် လေးနက်နေသည်။ ခေးအောစ့်အနှစ်သာရဓားခန္ဓာနှင့် ရှေးဦးမူလဓားကျမ်း၏ အကာအကွယ်ရှိသည့်တိုင် ဒါက သူ့ကို အတော်လေးမသက်မသာဖြစ်စေသည်။
မုဖူရှန်းက အတော်လေးအေးဆေးဖြစ်နေသည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင် အေးဆေးသည့်အမူအရာဖြင့် လျှောက်သွားသည်။
ဒါကိုမြင်သော် ဖန်ချန်းပြောသည်။
"စီနီယာအစ်ကိုဟိုင်၊ ဒီနတ်ဆိုးနက်ချီက အစ်ကိုနဲ့ တကယ်ဆက်နွှယ်နေပုံပဲ၊ ဒါက အစ်ကိုကို လုံး၀မသက်ရောက်ပုံပဲ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။ နတ်ဆိုးနက်ချီက သူ့ကိုလုံး၀သက်ရောက်ခြင်းမရှိပါ။
သူကိုယ်ထဲသို့ စုပ်ယူသောအခါ ဒါက သူ့ကိုယ်ခန္ဓာကို သိသာစွာပင် အားဖြည့်ပေးသည်။
တကယ်တမ်းတွင် သူဒီနေရာသို့ ခြေချလိုက်သည့်အခိုက်အတန့်၌ သူ့သွေးကြောက ဆူပွက်နေသည့် လက္ခဏာများကို ရှင်းလင်းစွာ ပြသနေခဲ့သည်။
တစ်ခုကတော့သေချာသည်။ အထဲကပစ္စည်းက သူနှင့်အများကြီးသက်ဆိုင်သည်။
"အနားကိုတိုးလာခဲ့ကြ" ရှောင်ဟိုင်ပြောပြီးနောက် သွေးကြောအမျှင်စတစ်ခုကို ထုတ်လွှတ်လိုက်၏။
ဒီသွေးကြောစွမ်းအားက သွေးအဆီအနှစ်သုံးစက်အဖြစ် သိပ်သည်းသွားပြီး သွေးသုံးစက်ပတ်လည်၌ နတ်ဆိုးနက်ချီက အတော်လေးပျော်နေပုံရပြီး သွေးစက်အနား အဆက်မပြတ် ချဉ်းကပ်နေသည်။
ရှောင်ဟိုင် သွေးအဆီအနှစ်သုံးစက်ကို ထိန်းချုပ်ရင်း ယဲ့ချိုးပိုင်တို့၏ ရင်ဘတ်များအပေါ် နေရာချပေးသည်။
သူတို့ရင်ဘတ်များ၌ သွေးအဆီအနှစ်က သွေးရောင်အမာရွတ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့မှာ သူတို့ကိုယ်ခန္ဓာများ ပေါ့ပါးသွားသည့်ပမာ ခံစားလိုက်ကြရသည်။
သူတို့ကိုယ်ထဲက နတ်ဆိုးနက်ချီက ချက်ချင်းဆိုသလို ထုတ်ဖယ်ခံလိုက်ရသည်။
"ကောင်းတယ်" ရှောင်ဟိုင်ခေါင်းညိတ်ရင်း ပြုံးကာ သူ့ခန့်မှန်းချက်ကို အတည်ပြုလိုက်၏။
မုဖူရှန်းတစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူချက်ချင်းပါးစပ်ပိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။
"သူလာနေပြီ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယဲ့ချိုးပိုင်ရောဖန်ချန်းပါ သူတို့နောက်က လိုက်လာသည့် နတ်ဘုရင်နယ်ပယ်အော်ရာတစ်ခုကို ခံစားမိလိုက်ကြသည်။
"ပြည့်စုံတယ်" ယဲ့ချိုးပိုင်ရုတ်တရက်ပြုံးသည်။
"သူကအရမ်းဇွဲကောင်းနေမှတော့ သူ့ကို အပြင်မထွက်ဖို့ပဲ ပြောကြတာပေါ့၊ ဒီအကြီးအကဲကျုံ့က နတ်ခန္ဓာဂိုဏ်းရဲ့ အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက် ဖြစ်သလို အစည်းအဝေးခန်းမရဲ့ မန်နေဂျာတွေထဲက တစ်ယောက်ဖြစ်လာမို့ သူသတင်းအချက်အလက်တွေ အများကြီးကို သိလိမ့်မယ်"
ဖန်ချန်းရယ်မောသည်။
"သူက ကျွန်တော်တို့ကို ဒီနေရာမှာ အချိန်မီ ကူညီဖို့အတွက် ရောက်လာတာပဲ"
ထို့နောက် သူတို့လေးယောက် အနက်ပိုင်းသို့ အလျင်အမြန်စတင်သွားကြသည်။
သူတို့ အကြီးအကဲကျုံ့ကို သူ့ခွန်အားနှင့် ခံနိုင်ရည်မရှိတော့သည့် နေရာတစ်ခုအထိ ခေါ်ဆောင်သွားချင်သည်။
သူတို့နောက်တွင် လိုက်ဖမ်းနေသည့် အကြီးအကဲကျုံ့မှာ ယဲ့ချိုးပိုင်တို့၏ အော်ရာက အနက်ပိုင်းသို့ အလျင်အမြန် ရွေ့နေတာကို ခံစားမိသောအခါ သူကြက်သေသေသွားသည်။
သူတို့ပြန်ပြေးနေကြတာလား!
သို့စေကာမူ ဒီအကြောင်းကို တွေးပြီးနောက်တွင် သူဆိုးယုတ်စွာပြုံးလိုက်၏။
"မင်းတို့ခွန်အားနဲ့ အများပြီးထပ်ပြေးနိုင်မှာ မဟုတ်ပါဘူးကွာ...."
သူရှေ့သို့လှမ်းကြည့်ရင်း လှောင်ပြောင်သည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
သို့စေကာမူ သူတို့က တကယ်တမ်းတွင် ကြွက်နှင့်ကစားနေသည့် ကြောင်တစ်ကောင်ပမာ ဖြစ်နေလိမ့်မည်ဟု သူဘယ်လိုလုပ် သိနိုင်မည်နည်း။
......
သူတို့မိုင်ငါးဆယ်အနက်သို့ ရောက်သွားကြသည်။
သူတို့၏အမြန်နှုန်းက နှေးမသွားတာကို ခံစားမိသောအခါ အကြီးအကဲကျုံ့မျက်မှောင်ကြုတ်လိုက်၏။
"သူတို့က နတ်စစ်သည်နယ်ပယ်ပဲလေ၊ သူတို့အခုထိ ဇွဲရှိနိုင်ကြသေးတာလား"
ဒီအခြေအနေက နတ်ဗိုလ်ချုပ်နယ်ပယ်တစ်ဦးအတွက်ပင် အတော်လေးခက်ခဲနေလေပြီ။
....
မိုင်တစ်ရာအနက်တွင် အကြီးအကဲကျုံ့၏ အမူအရာက လေးနက်လာသည်။
"သူတို့အမြန်နှုန်းက စပြီးနှေးကွေးလာတယ်ဆိုပေမယ့် သူတို့ရဲ့မွေးရာပါပါရမီနဲ့ သူတို့က တကယ်ပဲ ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့်တွေပဲလား"
ငါးဆယ်ကီလိုတာအတွင်း နတ်ဗိုလ်ချုပ်အဆင့်ကျင့်ကြံသူများပင် သေချာပေါက် သေဆုံးကြပေလိမ့်မည်။
ဒီနေရာတွင် အကြီးအကဲကျုံ့ကဲ့သို့ နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ပင်လျှင် ဖိအားကို ခံစားနေရသည်။
"ဒါမှမဟုတ် သူတို့ခွန်အားကို ဖုံးကွယ်ထားကြတာများလား"
....
နောက်ဆုံးတွင် မိုင်၁၅၀အထိ ရောက်လာခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက နောက်ဆုံး၌ အကြီးအကဲကျုံ့ရှေ့တွင် ပေါ်လာပြသည်။
လက်ရှိအကြီးအကဲကျုံ့က အရင်ကလောက် အေးဆေးတည်ငြိမ်နေခြင်းမရှိတော့ပါ။
ယင်းအစား နတ်ဘုရင်နယ်ပယ်အော်ရာက သူ့ကိုယ်တစ်ဝိုက်တွင် ပေါက်ကွဲနေပြီး သူ့ကို လွှမ်းခြုံကာ ကာကွယ်ရေးအတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
သူ့မျက်နှာက အနည်းငယ်ဖြူရော်နေသည်။
သို့စေကာမူ အကြီးအကဲကျုံ့ ယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်စဉ် သူတို့လေးယောက်က လုံး၀သက်ရောက်ခံရခြင်းမရှိဘဲ ယင်းအစား သူတို့မျက်နှာ၌ လှောင်ပြောင်နေသည့် အပြုံးများရှိနေသည်။
"မင်းတို့....." အကြီးအကဲကျုံ့၏နှလုံးက တဒိန်းဒိန်းခုန်ပေါက်သွား၏။
ဒီမြင်ကွင်းကိုမြင်သောအခါ သူထောင်ချောက်ထဲ ကျဆင်းသွားသလိုပင် ခံစားလိုက်ရသည်။
"မင်းတို့က တကယ်ပဲ နတ်စစ်သည်နယ်ပယ်ကလား"
ယဲ့ချိုးပိုင်ပြုံးသည်။
"သေချာတာပေါ့"
"ဒါဆို ဒီနေရာမှာ ဘာမှမဖြစ်သလိုမျိုး မင်းတို့ဘယ်လိုလုပ် ပြုမူနိုင်ရတာလဲ" အကြီးအကဲကျုံ့ဒေါသတကြီးပြောသည်။
"နတ်ဗိုလ်ချုပ်နယ်ပယ်ကျွမ်းကျင်သူတွေတောင် ဒီနေရာကို ခြေမချနိုင်ဘူး"
ဖန်ချန်းပြုံးသည်။
"လက်ရှိခင်ဗျားက ဒါတွေကို အရမ်းကြီးဂရုစိုက်နေစရာမလိုပါဘူး၊ အရင်ဆုံး ဘယ်လိုထွက်ရမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖန်ချန်းလက်အစုံကို ဖြန့်လိုက်သည်။
အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်နှင့် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်တို့က တစ်ချိန်တည်းတွင် မြှင့်တက်လာခဲ့သည်။
အပိုင်း(963) coming။