#ဝိုင်းရံပြီး အကြီးအကဲကျုံ့ကို သတ်ခြင်း#
Vol. 68 Ch. 963
"ဒီထက် ကြာဦးမှာလား"
နတ်ဆိုးနက်ချီအပိုင်းအခြားအပြင်ဘက်တွင် လန်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
"ယဲ့ချိုးပိုင်နဲ့ ကျန်တဲ့သူတွေရဲ့ နယ်ပယ်အရဆိုရင် သူတို့အထဲမှာ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်မှာမဟုတ်ဘူး၊ သူတို့မှာ နည်းလမ်းတစ်ခုခုမရှိသေးသရွေ့ အဝေးကြီးမသွားနိုင်ဘူး"
နတ်ခန္ဓာဂိုဏ်းက လူများကလည်း ခေါင်းညိတ်သည်။
"ဒါ့အပြင် အကြီးအကဲကျုံ့ရဲ့ခွန်အားနဲ့ဆိုရင် သူက သူတို့ထက်ပိုမြန်သင့်တယ်လေ"
"သူမတော်တဆမှုတစ်ခုခုကိုများ ကြုံကြိုက်ခဲ့ရတာများလား"
ကျုံ့ချန်ကောင်း ဟာသပြက်လုံးတစ်ခုလုံးကို ကြားလိုက်ရသည့်အလား ပြတ်သားစွာပင် ခေါင်းခါယမ်းရင်း လှောင်ပြောင်သည်။
"အဲမှာဘယ်လိုမတော်တဆမှုတွေ ရှိနိုင်မှာလဲ၊ နယ်ပယ်ကွာခြားချက်က အရမ်းကြီးမားတယ်၊ သူတို့မှာ နတ်ဗိုလ်ချုပ်နယ်ပယ်တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့ ခွန်အားရှိရင်တောင် သူတို့ နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်နဲ့ ကြုံရတဲ့အခါ ဒီလိုနယ်ပယ်ကွာဟချက်ကြီးနဲ့ ဘယ်လိုလုပ် မတော်တဆမှုတစ်ခု ရှိနိုင်မှာလဲ"
လူတိုင်းသဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။
ထိုစကားလုံးများကို ပြောလိုက်သောသူကလည်း ခေါင်းကုတ်ကာ ပြုံးလိုက်သည်။
ဒီလိုလက်တွေ့မကျသည့်အတွေးများက တကယ်တမ်းတွင် မလိုအပ်ပါ။
သို့စေကာမူ သူတို့မယုံကြည်သည့် မတော်တဆမှုက အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို သူတို့ဘယ်လိုလုပ် သိနိုင်မည်နည်း။
နတ်ဆိုးနက်ချီအပိုင်းအခြားအတွင်း အစွန်ပိုင်းတွင် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်တို့က တစ်ချိန်တည်းတွင် မြှင့်တက်လာခဲ့သည်။
အဖျက်အော်ရာနှင့် ပုံရိပ်ယောင်အော်ရာအလင်းတန်းများက အကြီးအကဲကျုံ့ကို ၀န်းရံပစ်သည်။
အကယ်၍ နတ်ဆိုးနက်ချီအပိုင်းအခြား အပြင်ဘက်တွင်ဆိုပါက အကြီးအကဲကျုံ့ ဒီအစီအရင်နှစ်ခုကနေ ခြိမ်းခြောက်မှုကို လုံး၀ခံစားရမည်မဟုတ်ပေ။
အစီအရင်နှစ်ခုကို ဖြည့်ပေးနေသည့် အော်ရာက မယုံနိုင်စရာကောင်းသော်လည်း အဆုံးသတ်တွင် အစီအရင်ကို စီစဉ်သူ၏ နယ်ပယ်က အရမ်းနိမ့်ကျပါသေးသည်။
ဒီအစီအရင်နှစ်ခု၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်ရန်ဟူသည် မဖြစ်နိုင်ပါ။
ယခုတွင်မူ သူကနတ်ဆိုးနက်ချီ၏ ဖိနှိပ်ထားခြင်းကို ခံရသည်။ အကြီးအကဲကျုံ့ ဒီနတ်ဆိုးနက်ချီကို စွမ်းအားအပြည့်ဖြင့် ခုခံလျှင်ပင် သူ့ခွန်အားအားလုံးနီးပါးကို သုံးရပေလိမ့်မည်။ ထိုသို့ဆိုပါက သူ့ခွန်အားက အကြီးအမား အားနည်းသွားပေလိမ့်မည်။
"မင်းတို့ဒါကိုဘယ်လိုလုပ်ခဲ့ကြတာလဲ၊ ဒီအော်ရာတွေက မင်းတို့ကို မသက်ရောက်ဘူးပေါ့" အကြီးအကဲကျုံ့၏မျက်နှာက အကြောက်တရားဖြင့် ပြည့်နှက်နေပြီး ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်သည်။
ဖန်ချန်းသူ့ကို လျစ်လျူရှုထားသည်။
သူ ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်ကို တိုက်ခိုက်ကာ အကြီးအကဲကျုံ့အား တိုက်ခိုက်သတ်ပစ်ခွင့်မပေးဘဲ ယင်းအစား သူ့လက်ရှိခွန်အားနှင့် ရန်သူကို ထိတ်လန့်စေရန်အတွက် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်နှင့် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်တို့ကို တစ်ချိန်တည်းတွင် သုံးနိုင်မလားဆိုတာ ကြည့်ချင်သည်။
အစီအရင်နှစ်ခုကို အောင်မြင်စွာ တစ်ချိန်တည်းတွင် ချပြီးနောက် ဖန်ချန်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ဘယ်လက်နှင့် ထိန်းချုပ်ပြီး အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်ကို ညာလက်နှင့် ထိန်းချုပ်လိုက်၏။
ထို့နောက် သူ့ညာလက်က အကြီးအကဲကျုံ့ရှိရာဘက်သို့ စည်းတံဆိပ်တစ်ခုဖန်တီးသည်။
ငွေရောင်အလင်းက သူ့အရေပြားမျက်နှာပြင်က ငွေရောင်အရေပြားအဖြစ် ပြောင်းလဲသွားသည့်အလား ဖန်ချန်း၏ ခန္ဓာကိုယ်မျက်နှာပြင်၌ လင်း၀င်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲတွင် သွေးရောင်က အထဲကနေ အပြင်ထိ လင်း၀င်းနေသည်။
ငွေရောင်အရေပြား၊ သွေးကြွက်သား!
အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်ထဲတွင် အင်မော်တယ်ချီစီးကြောင်းများက အကြီးအကဲကျုံ့၏ အသိစိတ်ကို ကျုးကျော်ကာ သူ့အသိစိတ်နှင့် စိတ်အခြေအနေမှတဆင့် မြင်ကွင်းတစ်ခုကို တည်ဆောက်သည်။
အကြီးအကဲကျုံ့ ကြက်သေသေသွားသည်။
ဒီအခိုက်အတန့်၌ ဖန်ချန်းအနည်းငယ် မျက်မှောင်ကြုတ်ရင်း ဘယ်လက်ကို တင်းတင်းဆုပ်လိုက်သည်။
အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ထဲတွင် အမြစ်သုတ်သတ်ဖြတ်ခြင်းဆန္ဒအမျှင်စများက ဆူပွက်လာပုံရပြီး ဒီလေဟာနယ်ထဲတွင် အဓိကရုဏ်းဖြစ်နေသည်။
ထို့နောက် အမြစ်သုတ်သတ်ဖြတ်ခြင်း အော်ရာအမျှင်စများက လက်နက်အမျိုးမျိုးအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲကျုံ့ကို ဝိုင်းရံကာ သူ့လွတ်မြောက်မည့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်သည်။
ဒါက အကြီးအကဲကျုံ့၏ကိုယ်ကို ရုတ်တရက် ထိုးဖောက်ပစ်သည်။
လေထုကို ချိုးဖျက်တော့မည့်အော်ရာက ဒီလေဟာနယ်ထဲတွင် တုန်ခါနေပြီး ပတ်ပတ်လည်က နတ်ဆိုးနက်ချီများပင် ရှောင်တိမ်းကြသည်။
ဒါက ရှောင်ဟိုင်၏ သွေးအဆီအနှစ်အော်ရာ၏ လွှမ်းမိုးမှုကြောင့်ပင်။
မဟုတ်ပါက သူ့လက်ရှိခွန်အားနှင့် ဖန်ချန်း၏ တိုက်ခိုက်မှုနည်းလမ်းကို ဒီနတ်ဆိုးနက်ချီထဲတွင် သေချာပေါက် ထုတ်လွှတ်နိုင်မည်မဟုတ်။
သို့စေကာမူ အကြီးအကဲကျုံ့က နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကျွမ်းကျင်သူဖြစ်သည်။
အမြစ်သုတ်သတ်ဖြတ်ခြင်းလက်နက်များက သူ့ကိုယ်ကို ထိုးဖောက်တော့မည့်အချိန်တွင် အကြီးအကဲကျုံ့ ရုတ်တရက် တုန်ယင်သွားပြီး အစွမ်းထက်အော်ရာတစ်ခုက သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာသည်။
ပုံရိပ်ယောင်ထဲကနေ အတင်းလွတ်မြောက်လာပြီးနောက် သူရုတ်တရက်မြေကို တက်ဆောင့်ကာ ရှေ့သို့လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
လက်သီးအရိပ်များက ကျယ်ပြန့်လာပြီး တောင်ငယ်လေးများအဖြစ် ပြောင်းလဲကာ ပတ်ပတ်လည်က အမြစ်သုတ်သတ်ဖြတ်ခြင်းလက်နက်များအား တိုက်ခိုက်သည်။
ဂျုန်း......!
နှစ်ဘက်က အပြင်းအထန်တိုက်မိစဉ် ကျယ်လောင်သည့်အသံများ ထွက်ပေါ်နေသည်။
ထူထဲသည့်မီးခိုးများက ဘက်ပေါင်းစုံကနေ ထိုးတက်လာပြီး အော်ရာက ဆက်တိုက်ပေါက်ကွဲနေသည်။
ဖန်ချန်း ထူထဲသည့်မီးခိုးကို စူးစိုက်စွာ ကြည့်နေသည်။ ထူထဲသည့် မီးခိုးများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသောအခါ အကြီးအကဲကျုံ့၏ အနည်းငယ် ကွေးနေသည့်ကိုယ်က ပေါ်လာခဲ့သည်။
အကြီးအကဲကျုံ့၏အော်ရာက ယခုအချိန်တွင် အနည်းငယ်အားနည်းနေသည်။ သူရှေ့က ဖန်ချန်းအား အထိတ်တလန့်ကြည့်ရင်း အေးစက်စွာပြောသည်။
"မင်းရဲ့အစီအရင်နဲ့ခွန်အားက ဟောင်တျန်းနတ်ပိုင်နက်က ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းက ပြုစုပျိုးထောင်ပေးနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး"
ယခုလိုတိုက်ခိုက်ရေးစွမ်းအားမျိုးက သူ့လက်ရှိနယ်ပယ်၏ အမြင်ကိုပင် ကျော်လွန်နေလေပြီ။
တစ်ချိန်တည်းမှာပင် ဒါက နတ်ဆိုးနက်ချီ၏ ဖိနှိပ်မှုထဲတွင် ဖြစ်နေသေးသည်။
ယခုလိုခွန်အားမျိုးက ဒုတိယတန်းစားဂိုဏ်းများ၏ ထိပ်သီးပါရမီရှင်များတွင်ပင်လျှင် မရှိပါ။
အကြီးအကဲကျုံ့ထိတ်လန့်စွာပြောသည်။
"မင်းတို့က ကိုယ်ရေးအထောက်အထားကို ဖုံးကွယ်ထားကြတာပဲ၊ မင်းတို့က ဘယ်သူတွေလဲ"
ဖန်ချန်း၏အမူအရာက တည်ငြိမ်နေပြီး သူ့လက်အစုံက အကြီးအကဲကျုံ့ကို ပစ်မှတ်ထားဆဲဖြစ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။
"ခင်ဗျားနှလုံးသားထဲမှာ ဒါကို ခန့်မှန်းထားပြီးသားပဲမလား"
အကြီးအကဲကျုံ့နောက်ဆုံးတော့ သူ့အတွေးများကို အတည်ပြုနိုင်ခဲ့သည်။
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက များပြားလှသည့် လျှို့ဝှက်နယ်မြေများရှိသည့် နေရာမဟုတ်သလို လေ့ကျင့်ရန်အတွက်လည်း အရမ်းကြီးမသင့်တော်ပါ။
တခြားကြယ်ပိုင်နက်က ကျင့်ကြံသူများက ယခုလိုအဝေးကြီးကိုသွားစရာမလို။ ထို့ကြောင့် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသတွင် လေ့ကျင့်ရန်အတွက် အထူးတလည်လာတာကို ပြောနေစရာပင်မလို။
သူတို့လေ့ကျင့်ရန်လာလျှင်ပင် ကိုယ်ပိုင်အထောက်အထားများကို ဖုံးကွယ်ထားနေစရာမလိုပေ။
ဒီလိုဆိုပါက ယခုလိုအချိန်မျိုးတွင် မည်သည့်အတွက်ကြောင့် သူတို့၏ ကိုယ်ပိုင် အထောက်အထားများကို ဖုံးကွယ်ထားရလေသနည်း။
အကြီးအကဲကျုံ့ နတ်ဆိုးဘုရင်ပိုင်နက်၏ ယုံကြည်စွာ အပ်နှံမှုများကို တွေးမိသည်။
နတ်ဆိုးဘုရင်ပိုင်နက်အတွက် နတ်ဆိုးနက်ချီ၏ ကိစ္စရပ်ကို ဖြေရှင်းရန်အတွက် သူတို့အား ကူညီမည့် အခြေအနေတွေထဲက တစ်ခုက အပြင်လူများကို တင်းကျပ်စွာ စောင့်ကြပ်ခြင်းပင်။ သူတို့ကို၀င်ခွင့်မပေးခင် သက်သေအထောက်အထားတသီကြီးလိုအပ်သည်။
တစ်ချိန်တည်းမှာပင် ဒီကာလအတောအတွင်း နတ်ဆိုးဘုရင်ပိုင်နက်က အပြင်လူများ၏ ကိုယ်ပိုင်အထောက်အထားများကို စုံစမ်းစစ်ဆေးမှုအား တိုးမြှင့်ရန်အတွက် နောက်ထပ်အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။
ဒီဖြစ်ရပ်များအားလုံးက အတူတကွ ဆက်စပ်နေသည်။
သူတို့၏ကိုယ်ပိုင်အထောက်အထားများကို ဖော်ထုတ်ပြီးပြီဆိုတာကို ခန့်မှန်းရန်အတွက် မခက်ခဲပါ။
ဒီလူလေးယောက်က နတ်ဆိုးဘုရင်ပိုင်နက်က ရှာဖွေနေသည့် လူများပေတည်း။
သူတို့ကို နတ်ဆိုးဘုရင်ပိုင်နက်ကဲ့သို့ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းကပင် အလွန်အမင်း တန်ဖိုးထားလေရာ သူတို့၏ ခွန်အားနှင့် ပါရမီက ဘယ်လိုလုပ် ဆိုးရွားနိုင်မည်နည်း။
ဒီအခိုက်အတန့်၌ အကြီးအကဲကျုံ့ ရုတ်တရက် နှာခေါင်းရှုံ့သည်။
"ငါထွက်သွားပြီးတဲ့အခါကျရင် ဒီသတင်းကို နတ်ဆိုးဘုရင်ပိုင်နက်ကို ချက်ချင်းသတင်းပို့လိုက်မှာကို မင်းတို့မကြောက်ဘူးလား"
"သူတို့ရဲ့စရိုက်အရဆိုရင် မင်းတို့ နတ်ဆိုးဘုရင်ပိုင်နက်လက်ထဲ ကျသွားမယ်ဆိုရင် မင်းတို့အသက်ရှင်ကျန်နိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"
မုဖူရှန်းရယ်မောသည်။
"ခင်ဗျားကြိုးစားကြည့်လို့ရတယ်"
အကြီးအကဲကျုံ့အနည်းငယ် ကြက်သေသေသွားသည်။
ထို့နောက် သူအဆောင်တစ်ခုကို ထုတ်ယူပြီး ထွက်ပြေးရန်အတွက် ပြင်ဆင်လိုက်၏။
သိူ့စေကာမူ အဆောင်ကိုအသုံးပြုသောအခါ အာကာသအတက်အကျများမရှိတာကို သူသတိထားမိသွားသည်။ ပတ်ပတ်လည်က အာကာသက သီးသန့်ဖယ်ထုတ်ခံထားရသည့်အလားပင်။
ဒီအချိန်မှာပင် မုဖူရှန်းလက်ကို ဖွင့်လိုက်သည်။
အကြီးအကဲကျုံ့၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် အဆောင်အနည်းဆုံး ၅၀ကျော်က တစ်ခုပြီးတစ်ခု အာကာသကို သီးသန့်ဖယ်ထုတ်ပစ်သည့် အော်ရာတစ်ခုစီကို ထုတ်လွှတ်နေသည်။
"အများကြီးပဲ"
အကြီးအကဲကျုံ့၏ ထိတ်လန့်မှုကို ရင်ဆိုင်ရင်း မုဖူရှန်းခေါင်းကုတ်ပြီး ရှက်ရှက်နှင့် ပြုံးလိုက်သည်။
"ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်က လုံခြုံမှုခံစားချက်မရှိဘဲ မွေးဖွားလာသူဆိုတော့ ကြိုတင်ကာကွယ်မှုအားလုံးကို လုပ်ထားရတယ်လေ၊ ကျုပ်မတော်တဆအများကြီး သုံးလိုက်မိတယ်"
အပိုင်း(964) coming။