← Chapters

#‌အစီအရင်ပေါင်းစပ်မှု၊ အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်#

Vol. 68 Ch. 964

#‌အစီအရင်ပေါင်းစပ်မှု၊ အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်#

Vol. 68 Ch. 964

အကြီးအကဲကျုံ့ကျုံ့ ဖန်ချန်း၏ အစီအရင်ထဲသို့ ကျဆင်းသွားပြီးနောက် မုဖူရှန်း ဒီဖြစ်နိုင်ချေကို မျှော်လင့်ထားပြီးဖြစ်သည်။ 

ထို့ကြောင့် အာကာသကို သီးသန့်ဖယ်ထုတ်ပစ်ရန်အတွက် သူအဆောင်တစ်ခုကို တိတ်တဆိတ်ချမှတ်ခဲ့သည်။ 

သို့စေကာမူ အကြီးအကဲကျုံ့ကို တခြားနည်းများဖြင့် ထွက်ပြေးခြင်းကနေ တားဆီးကာကွယ်ရန်အတွက် သူဝိဉာဉ်ချီကို ပိတ်ဆို့ပေးသည့် အဆောင်တစ်ချို့ကိုလည်း အသုံးပြုခဲ့သည်။ 

ဥပမာအားဖြင့် သွေးလွတ်မြောက်ခြင်းဖြစ်သည်။ 

ထို့ကြောင့် အဆောင်အရေအတွက်က အနည်းငယ်ပိုများနေသည်။ တကယ်တမ်းတွင် ဒါက အများကြီးရှိနေခြင်းသာဖြစ်သည်။ 

သို့စေကာမူ ဒါကမုဖူရှန်း‌၏ အတွေးဖြစ်သည့်တိုင် အကြီးအကဲကျုံ့ကမူ ဒီလိုမတွေးပေ။ 

ယခုလိုအချိန်တိုအတွင်း မုဖူရှန်းက အဆောင်များစွာကို ဖန်တီးခဲ့သည်။ 

မင်းရဲ့အဆောင်တွေက အလကားရနေတာလား!

ငါဖိနှိပ်ခံထားရသလို ဒီအစီအရင်ကြောင့်လည်း ဒဏ်ရာရနေပြီလေ!

မင်းဒီလိုလုပ်စရာ လိုသေးလို့လား!

အကြီးအကဲကျုံ့၏ အမူအရာက ပုံမှန်မဟုတ်စွာပင် ကြည့်ရဆိုးနေသည်။ သမားရိုးကျနည်းလမ်းများနှင့် သူဒီနေရာကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာကို အကြီးအကဲကျုံ့သိသည်။ 

သူ့လက်ရှိဒဏ်ရာများနှင့်ခွန်အားအရ တစ်ဘက်လူများက နတ်စစ်သည်နယ်ပယ်များ ဆိုလျှင်ပင် သူတို့လေးယောက်ကို ခုခံရန်ဟူသည် သေချာပေါက် မဖြစ်နိုင်ပေ။ 

အကြီးအကဲကျုံ့တစ်ခုခုပြောရန် ပြင်နေစဉ်မှာပင် ဖန်ချန်းရုတ်တရက် လက်ဖဝါးအစုံကို ပိတ်လိုက်သည်။ 

တစ်ချိန်တည်းမှာပင် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်တို့က တစ်ချိန်တည်းတွင် ပေါက်ကွဲသွားကြ၏။ 

အကြီးအကဲကျုံ့၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ သူ အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်က သူ့ထံကျူးကျော်၀င်ရောက်ပြီး ပုံရိပ်ယောင်ထဲ ကျဆင်းသွားမည့်အရေးကနေ အသိစိတ်ပင်လယ်ကို အစွမ်းကုန် ချက်ချင်းကာကွယ်လိုက်သည်။ 

သို့စေကာမူ အပြင်ပက နတ်ဆိုးနက်ချီ၏ ကျူးကျော်မှုကို သူအစွမ်းကုန်ခုခံခဲ့ရသည်။ ယခုတွင်မူ အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်ကို ခုခံရန်အတွက် သူဝိဉာဉ်ခွဲထုတ်နယ်ပယ်ကို သုံးရတော့သည်။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က ဒီအခိုက်အတန့်လေးကို အသုံးချသွား၏။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းလက်နက်များက အကြီးအကဲကျုံ့ကို ဝိုင်းရံကာ တိုက်ခိုက်သည်။ 

အကြီးအကဲကျုံ့အံကြိတ်ကာ တိတ်တဆိတ်အော်ဟစ်ရင်း သူ့လက်မကို နှလုံးနေရာသို့ ညွှန်လိုက်သည်။ 

"နတ်ဘုရင်နယ်ပယ်ကို လျှော့မတွက်နဲ့..." သူပြောနေစဉ် အကြီးအကဲကျုံ့၏ မျက်လုံးများက တဖြည်းဖြည်းနီရဲလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းက အရူးအမူးကျယ်ပြန့်လာသည်။ 

သွေးပြန်ကြောများက အကြီးအကဲကျုံ့၏ ကိုယ်ထဲတွင် တီကောင်များပမာ တွားတွားသွားလာနေသည်။ 

အဆက်မပြတ်ထိုးတက်လာသည့်သွေးများကြောင့် သူ့ကိုယ်ထဲက အစိတ်အပိုင်းများစွာက စတင်သွေးရောင်ပြောင်းသွားပြီဟု ဆို၍ရသည်။ 

ဒီတဒင်္ဂမှာပင် သူ့အော်ရာက ထိုးတက်သွား၏။ 

"နတ်ခန္ဓာဂိုဏ်းက ဒီနတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှာ ခြေကုပ်ရယူနိုင်တာက ဒီသွေးကန့်သတ်လျှို့ဝှက်ကျင့်စဉ်ကြောင့်ပဲ၊ တကယ်လို့ ငါတို့ဘိုးဘေးတွေက ဒီအခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့အတွက် သွေးကန့်သတ်လျှို့ဝှက်ကျင့်စဉ်ကိုသာ မသုံးခဲ့ဘူးဆိုရင် နတ်ခန္ဓာဂိုဏ်းက အခုရှိနေတဲ့နေရာမှာ ရှိမှာမဟုတ်ဘူး"

အကြီးအကဲကျုံ့၏ ဒွာရခုနှစ်ပေါက်ကနေ သွေးများစိမ့်ထွက်လာသော်လည်း သူဆိုးယုတ်သည့် အပြုံးတစ်ပွင့်ကို ဖော်ထုတ်နေဆဲပင်။ ထို့နောက် သူသွေးရောင်နတ်ဆိုးတစ်ဦးပမာ ကျယ်လောင်စွာ ရယ်မောသည်။ 

"ဒါကငါ့နယ်ပယ်ကို ကျဆင်းသွားစေတယ်ဆိုပေမယ့် ငါမင်းတို့မျိုးမစစ်လေးယောက်ကို ဒီမှာထားခဲ့ပြီး အဲဒီဓားကို ပြန်ယူသွားရင် ငါ့ဂိုဏ်းနဲ့ နတ်ဆိုးဘုရင်ပိုင်နက်က ငါ့ကို သေချာပေါက်အကြပ်ကိုင်မှာမဟုတ်ဘူး"

ဒီမြင်ကွင်းကိုမြင်သောအခါ ဖန်ချန်း၏ အမူအရာက လေးနက်သွား၏။ 

သွေးကန့်သတ်လျှို့ဝှက်ကျင့်စဉ် ပေါက်ကွဲသွားသောအခါ မူလက ဖိနှိပ်ခံထားရသည့် အကြီးအကဲကျုံ့က ခွန်အားတစ်ချို့ကို ပြန်ရသွားပုံရသည်။ အနည်းဆုံးတော့ သူနတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်ခွန်အားကို ပြန်ရသွားလေပြီ။ 

လျှို့ဝှက်ကျင့်စဉ်၏ သက်ရောက်မှုအောက်တွင် ဒဏ်ရာများနှင့် သူ့ကိုယ်ထဲက အော်ရာပင်လျှင် ယာယီသက်သာလာခဲ့သည်။ 

‌ယဲ့ချိုးပိုင်မေးသည်။ 

"မင်းငါတို့အကူအညီလိုသေးလား"

ဖန်ချန်း ပြတ်သားစွာပင် ခေါင်းခါယမ်းသည်။ 

"မလိုပါဘူး၊ အစ်ကိုကြီး၊ တိုက်ဆိုင်စွာပဲ ကျွန်တော့်မှာ အမြဲလိုလိုကြိုးစားကြည့်ချင်နေတဲ့ စိတ်ကူးတစ်ခုရှိတယ်"

ဖန်ချန်း၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်တို့ခေါင်းညိတ်ကြသည်။ 

အကြီးအကဲကျုံ့ဒါကို ကြားသောအခါ နှာခေါင်းရှုံ့သည်။ 

"မင်းကအတော်လေးမောက်မာတာပဲ၊ ဒီလိုအရမ်းမောက်မာလွန်းတဲ့အတွက် မင်းပေးဆပ်ရလိမ့်မယ်"

ဖန်ချန်းမဖြေပေ။ သို့စေကာမူ သူ့ကိုယ်ထဲကနေ ဆန်းကြယ်သည့်အစီအရင်အော်ရာတစ်ခုက ဖြည်းဖြည်းချင်းစီးဆင်းလာခဲ့သည်။ 

ဖန်ချန်း အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနှင့် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်တို့ကို တစ်ချိန်တည်းတွင် အတင်းအသက်သွင်းလိုက်သည်။ 

အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်တို့က စတင်ပေါင်းစည်းသည့် လက္ခဏာကို ပြသသည်။ 

သို့စေကာမူ အစီအရင်နှစ်ခု ထိတွေ့သွားသည့်အခိုက်အတန့်၌ ဖန်ချန်း၏အမူအရာက ရုတ်တရက်ပြောင်းသွားပြီး သူ့မျက်နှာက ဖြူရော်သွား၏။ 

ဒီလုပ်ရပ်က ဖန်ချန်းကိုယ်ပေါ်၌ ကြီးမားသည့် ၀န်ထုပ်၀န်ပိုးတစ်ခုကို ဖြစ်စေသည်မှာ ရှင်းနေသည်။ 

တစ်ချိန်တည်းမှာပင် အကြီးအကဲကျုံ့ကလည်း အစီအရင်နှစ်ခုအပေါ် တစ်ချိန်တည်းမှာပင် လက်သီးတစ်ချက် ပစ်ကျွေးလိုက်၏။ 

ဒါက အစီအရင်ကို တုန်ခါသွားစေသည်။ 

ဖန်ချန်း၏ပါးစပ်မှ သွေးများစီးကျနေသည်။ 

သို့စေသည့်တိုင် ဖန်ချန်း၏ မျက်လုံးများက စိတ်ပိုင်းဖြတ်မှုနှင့် ပြည့်နှက်နေသည်။ 

သူ့လက်အစုံနှင့် စည်းတံဆိပ်များဖန်တီးကာ မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနှင့် ပေါင်းစပ်လိုက်သည်။ သူ့အော်ရာက ထပ်မံပေါက်ကွဲသွားခဲ့သည်။ 

သူ အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်နှင့် အမှန်တကယ်ပင် အတင်းပေါင်းစပ်ပစ်ခဲ့သည်။ 

သူ့အော်ရာက မတည်ငြိမ်ဖြစ်နေသော်လည်း အစီအရင်နှစ်ခုကနေ ပေါက်ကွဲထွက်လာသည့် အော်ရာထဲတွင် အင်မော်တယ်ဆန္ဒက အမြစ်သုတ်သတ်ဖြတ်ခြင်း အစီအရင်နှင့်ပေါင်းစပ်သွားပြီး သတ်ဖြတ်ခြင်းဆန္ဒက ပုံရိပ်ယောင်အစီအရင်နှင့် ပေါင်းစပ်သွား၏။ 

ရုတ်ချည်းဆိုသလို သူ့အော်ရာက အရူးအမူး ထိုးတက်လာခဲ့သည်။ 

ပုံရိပ်ယောင်ထဲတွင် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုရှိပြီး သတ်ဖြတ်ခြင်းအစီအရင်ထဲတွင် ပုံရိပ်ယောင်တစ်ခုရှိသည်။ 

ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်က အစီအရင်တာအိုတွင်ပင် အင်မတန်ရှားပါးသည်။ လက်ရှိအစီအရင်စနစ်တွင် ဒါက တည်ရှိရန် မဖြစ်နိုင်ဟုဆိုပါက ပိုမှန်ပေလိမ့်မည်။ 

သာမန်ပုံရိပ်ယောင်အစီအရင်များက လူတစ်ယောက်ကိုသာ ပစ်မှတ်ထားနိုင်ပြီး သူတို့၏ စိတ်အခြေအနေကို ဖျက်ဆီးကာ ပြိုလဲသွားစေရန်အတွက် အစီအရင်ထဲ ဆွဲသွင်းပစ်ခြင်းပင်။ 

ရှင်းရှင်းဆိုရပါက ဒါကမှော်ဆန်သည့် ပျက်စီးမှုဖြစ်သည်။ 

သတ်ဖြတ်ခြင်းအစီအရင်များကမူ လူများကို တိုက်ရိုက်ပင် ထိခိုက်စေသည်။ 

ဒီနှစ်ခုပေါင်းစပ်သွားသောအခါ ဘယ်လို ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ ရှိလာနိုင်လေသနည်း။ 

အနည်းဆုံးတော့ လက်ရှိဖန်ချန်းက မသိသလို အကြီးအကဲကျုံ့ကလည်း မသိပေ။ သူထိတ်လန့်သွားသည့်တိုင် အစွမ်းကုန် လက်သီးတစ်ချက် ထိုးလိုက်သေးသာ်။ 

လက်သီးအမှတ်အသားက တောင်တစ်လုံး ပြိုကျပြီး မြေကြီးအက်ကွဲသွားသည့်ပမာ ဖြစ်ပြီး အာကာသက ဆက်လက်တုန်ခါနေသည်။ 

ပတ်ပတ်လည်က နတ်ဆိုးနက်ချီများကလည်း လှိုင်းများကို ထုတ်လွှတ်သည်။ 

သွေးကန့်သတ်လျှို့ဝှက်ကျင့်စဉ်အောက်တွင် လက်သီးချက်က အဆုံးမဲ့သွေးရောင် သတ်ဖြတ်ခြင်းဆန္ဒဖြင့် ရောယှက်နေသည်။ 

ဒါကိုမြင်သော် ဖန်ချန်းနောက်ထပ် တုံ့ဆိုင်းမနေတော့ပါ။ 

လက်သီးအစုံကို ကျစ်ကျစ်ဆုပ်ရင်း သူအကြီးအကဲကျုံ့ရှိရာသို့ ခေါင်းကို ရိုက်ပစ်သည့်ပမာ ထိုးနှက်လိုက်၏။ 

"အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်း အစီအရင်....."

သူပြောပြီးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာဖျက်လှံတစ်ချောင်းက အရူးအမူးစတင်သိပ်သည်းလာခဲ့သည်။ 

သို့စေကာမူ အရင်ကနှင့်ယှဉ်ပါက ဒီကမ္ဘာဖျက်လှံက ပုံရိပ်ယောင်အစီအရင်၏ အော်ရာအမျှင်တန်းများစွာကို သယ်ဆောင်ထားသည်။ 

လှံကိုမပစ်လွှတ်ခင်မှာပင် အကြီးအကဲကျုံ့တစ်ယောက် ကမ္ဘာဖျက်ပုံရိပ်ယောင်ထဲ ကျဆင်းသွားသည့်ပမာပင် ခံစားလိုက်ရသည်။ 

ပုံရိပ်ယောင်ထဲတွင် ဂိုဏ်းကဖျက်ဆီးခံနေရပြီး သူ့ခန္ဓာနှင့်ဝိဉာဥ်ကလည်း ဖျက်ဆီးခံရသည်။ 

ဒီကမ္ဘာဖျက်ပုံရိပ်ယောင်က အရင်ကထက် ပို၍ပင်ပြင်းထန်အားကောင်းကာ တစ်ချိန်တည်းမှာပင် ချိုးဖျက်ရန်အတွက် ပိုခက်ခဲသည်။ 

ပုံရိပ်ယောင်နယ်မြေအပြင်ဘက်တွင် အကြီးအကဲကျုံ့၏မျက်နှာက အကြောက်တရားနှင့် ပြည့်နှက်နေသည်။ 

သူပုံရိပ်ယောင်ကို ချိုးဖျက်ရန်အတွက် ကိုယ်ပိုင်ခွန်အားကို အဆက်မပြတ်သုံးနေသည့်တိုင် ဒါက သူအသက်ရှူကြိမ်ရေ တစ်ကြိမ်၊ နှစ်ကြိမ်အတွင်း ချိုးဖျက်နိုင်သည့် အရာတစ်ခုမဟုတ်ပါ။ 

သို့စေကာမူ အသက်ရှူကြိမ်ရေတစ်ကြိမ်၊ နှစ်ကြိမ်ကိုမဆိုထားနဲ့၊ စစ်မြေပြင်၌ သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် အသက်ရှူကြိမ်ရေတစ်ကြိမ်ကပင် သေစေလောက်သည်။ 

နောက်အခိုက်အတန့်၌ ကမ္ဘာဖျက်လှံက သွေးရောင်လက်သီးချက်ကို ထိုးဖောက်သွားပြီး ထိုနေရာ၌ရပ်မနေဘဲ ချက်ချင်းဆိုသလို အကြီးအကဲကျုံ့၏ကိုယ်ကိုလည်း ထိုးဖောက်သွား၏။ 

ထိုးဖောက်သွားသည့်အချိန်မှာပင် မရေမတွက်နိုင်လောက်သည့် အမြစ်သုတ်သတ်ဖြတ်ခြင်းချီနှင့် ပုံရိပ်ယောင်ချီတို့က အကြီးအကဲကျုံ့၏ကိုယ်ထဲသို့ ချက်ချင်း တိုး၀င်သွားသည်။ 

ချိုးဖျက်ခံရတော့မည့် ကမ္ဘာဖျက်ပုံရိပ်ယောင်က ဒီတဒင်္ဂဤ ထပ်မံခိုင်ခံ့လာပြန်သည်။ 

အကြီးအကဲကျုံ့က နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်သည့်တိုင် သူ့ဝိဉာဉ်က ဖန်ချန်း၏ ပုံရိပ်ယောင်အမြစ်သုတ် သတ်ဖြတ်ခြင်းအစီအရင်ထဲတွင် ဖျက်ဆီးခံရသည်။ 

ဒါက အလွန်၀မ်းနည်းစရာကောင်းသည့် အဖြစ်နှင့် သေဆုံးရခြင်းဟုပင် ဆို၍ရသည်။ 

သူလက်တွေ့ဘ၀ကိုပင် ပြန်မလာနိုင်ခဲ့ဘဲ ပုံရိပ်ယောင်ထဲတွင် သေဆုံးသွားခဲ့ရသည်။ 

တစ်ချိန်တည်းမှာပင် နတ်ခန္ဓာဂိုဏ်းတွင် အကြီးအကဲကျုံ့၏ ဝိဉာဉ်တုံကင်က ပြိုကွဲပျက်စီးသွား၏။ 

စောင့်ကြပ်နေသည့် အကြီးအကဲမှာ ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို ဂိုဏ်းအပါအ၀င်၊ ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများထံပါ သတင်းပို့လိုက်သည်။ 

ဒီသတင်းကို လက်ခံရရှိသောအခါ နတ်ခန္ဓာဂိုဏ်းက ဒေါသထွက်သွားခဲ့သည်။ 

ကျုံ့ချန်ကောင်းကမူ ထိုနေရာ၌ပင် ကြက်သေသေလျက် ရှိနေသည်။ 

ဒါကိုမြင်သောအခါ အကြီးအကဲများ၊ လန်ဟိုင်နှင့် ကျန်သောသူများ၏ နှလုံးများက တုန်ယင်သွားကြရသည်။ 

"ဘာဖြစ်သွားတာလဲ"

ကျုံ့ချန်ကောင်း၏ မျက်နှာကြွက်သားများက အဆက်မပြတ်ရှုံ့တွနေပြီး သူ့မျက်လုံးများက မယုံနိုင်မှုကို ဖော်ပြနေသည်။ 

သူလူတိုင်း၏ မေးခွန်းကို တစ်လုံးချင်း ဖြေကြားလိုက်၏။ 

"အကြီးအကဲကျုံ့ရဲ့....ဝိဉာဉ်တုံကင်က.... ပြိုကွဲသွားပြီ"

အပိုင်း(965) coming။ 

All Chapters