← Chapters

အခြေအနေများကို ကျော်လွှားရန် သော့ချက်

Vol. 21 Ch. 293

အခြေအနေများကို ကျော်လွှားရန် သော့ချက်

Vol. 21 Ch. 293

ရန်ကျောက်ကဲက ဝါဒတောင်တည်ရှိရာနေရာသို့ အလေးအနက် စူးစိုက်ကြည့်လိုက်သည်။ ယခင်က ကြည်လင်ပြီး ဝိညာဉ်စွမ်းအားပြည့်ဝနေသည့် တောင်ထွတ်များသည်  ယခုတော့ အနက်ရောင်မိစ္ဆာချီစွမ်းအားများက ကောင်ကင်ထက်သို့လွင့်ပျံလျှက် တစ္ဆေတိုင်းပြည်တစ်ခုအလား ထင်မှတ်ရသည်။

“အခု မဟာငရဲကိုးထပ်တံခါးက တောင်ပေါ်မှာဖွင့်လှစ်ဖို့ ကြိုးစားနေတယ် ၊ ရှင်းတုန်းဖင်းက ဝါဒတောင်ပင်မအစီအရင်ကိုထိန်းချုပ်ပြီး ယွမ်ထျန်းနဲ့အတူ အဖေ့ကို တိုက်ခိုက်နေတယ် ၊ ဟက်... နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကတော့ ဒီအဖြစ်အပျက်ကို သွားရည်တမြားမြားနဲ့ ကြည့်နေကြတော့မှာပဲ”

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

“ဒီပြဿနာက တကယ့်ကိုခက်တော့တာပဲ”

အားဟူက သူ့ကို စိုးရိမ်စွာကြည့်လိုက်ရင်း...

“သခင်လေး... ဒါဖြင့် အိမ်တော်အကြီးအကဲ...”

ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ဝါဒတောင်ဆီသို့ စူးစိုက်ကြည့်နေသည်။

တောင်ထွတ်များအထက်တွင် လေထုက အဆက်မပြတ် ပုံပျက်နေပြီး အချိန်မရွေး အက်ကွဲကျိုးပျက်သွားတော့မည့်အလား ဖြစ်သည်။ အဆုံးမဲ့သောအဖျက်စွမ်းအားများက လေထုထဲမှ ပွင့်ထွက်လာပြီး ဝါဒတောင်ပေါ်သို့ ကျရောက်လာတော့မည့်ဟန် ထင်မှတ်ရသည်။

အနောက်ဘက် ရေကန်တောင်ထွတ်တည်ရှိရာတွင် ကြီးမားသည့်လက်ဖဝါးကြီးနှစ်ဖက်က ကောင်းကင်ထောက်တိုင်ကြီးအလား မိုးကောင်းကင်ကို ပင့် မ ထားပြီး သီးခြားနယ်မြေကို တတ်နိုင်သမျှတည်ငြိမ်အောင် ထိန်းချုပ်ရင်း ယွမ်ကျန်းဖုန်းတံခါးပိတ်ကျင့်ကြံရာနေရာကို ကာကွယ်ပေးထားသည်။

“အကြီးအကဲ’ဟယ်’က ဆရာဘိုးဘိုးကို ကာကွယ်ပေးထားတာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ထို့နောက် ရေစင်တောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မိစ္ဆာချီစွမ်းအားများ ကောင်းကင်ထက်သို့ လွင့်ပျံတက်နေပြီး တောင်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။

သို့သော် တောက်ပသည့်ဓားအလင်းတန်းတစ်ခုက မိစ္ဆာနယ်မြေကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေပြီး မိစ္ဆာနယ်မြေ ဆက်လက်ကျယ်ပြန့်လာခြင်းမရှိအောင် တားဆီးထားသည်။

“ဒါက... ဒါက ဒုတိယဆရာဦးလေး မိစ္ဆာနယ်မြေမဟာအစီအရင်ကို အတင်းအကျပ်ဖိနှိပ်ထာတာပဲ ဖြစ်ရမယ်”

ဂိုဏ်းထဲတွင် မည်သူက သစ္စာဖောက်ဖြစ်ကြောင်း မရေရာသည့်အတွက် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ချိုးဖျက်သည့်နည်းလမ်းကို ရန်ကျောက်ကဲက ဂိုဏ်းသို့ တရားဝင် တင်ပြခဲ့ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းသည်လည်း မိစ္ဆာနယ်မြေမဟာအစီအရင်နှင့်ပတ်သက်ပြီး အပြည့်အဝနားမလည်ကြသေးဘဲ သုတေသနလုပ်ဆဲအခြေအနေဖြစ်ကြောင်း သိရှိသောကြောင့် ဖြစ်သည်။

ငရဲသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်နိုင်ခြင်းမရှိဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာမှသာ စမ်းသပ်မှုများပြုလုပ်နေသည်မှာ ထင်ရှားသည်။

ကြည်လင်လျှို့ဝှက်ရေကန်တွင် မိစ္ဆာနယ်မြေမဟာအစီအရင်ပြုလုပ်ရန်အတွက် ငရဲမှမြစ်ဖျားခံလာသည့် ရေစီးကြောင်းတစ်ခုကို အသုံးပြုခဲ့သည်။

သို့ပေသိ ငရဲနှင့်အလှမ်းဝေးသည့် ကန္တာဒေသတွင် မည်သည့်အထောက်အကူမှမပါဝင်ဘဲ မိစ္ဆာနယ်မြေမဟာအစီအရင်ကို တည်ဆောက်နိုင်ခဲ့သည့်အပြင် မိစ္ဆာချီစွမ်းအားစီးဆင်းမှုကို လှည့်ပတ်ဆွဲငင်ကာ ငရဲကိုးထပ် ငရဲကိုးထပ်ဝင်ရောက်မည့်နေရာကို ပြောင်းလဲရန်ပင် ပြုလုပ်နိုင်ခဲ့သည်။

ရန်သူ့ဘက်မှတည်ဆောက်ထားသော မိစ္ဆာနယ်မြေမဟာအစီအရင်များကို ခွဲခြမ်းစိတ်ဖြာလေ့လာရင်း ထိုအစီအရင်ကို မည်သို့ချိုးဖျက်နိုင်ကြောင်း ရန်ကျောက်ကဲ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်လာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းဘက်မှကြည့်မည်ဆိုလျှင်လည်း ရန်ကျောက်ကဲ၏ မိစ္ဆာနယ်မြေမဟာအစီအရင်ချိုးဖျက်သည့်နည်းလမ်းများမှတစ်ဆင့် ထိုအစီအရင်ကို ပိုမိုကောင်းမွန်အောင်တည်ဆောက်ရန် လေ့လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သစ္စာဖောက် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးခင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ချိုးဖျက်သည့်နည်းလမ်း ပေါက်ကြားမည်စိုးရိမ်သဖြင့် ရန်ကျောက်ကဲက ဂိုဏ်းကိုတရားဝင်မတင်ပြခဲ့ဘဲ ဖခင်ဖြစ်သူ ရန်တိတစ်ယောက်တည်းကိုသာ ပြောပြခဲ့သည်။

သို့သော် ယခုတော့ ရန်တိမှာ သီးခြားနယ်မြေတွင် အပြင်းအထန် တိုက်ပွဲဆင်နွှဲနေရသဖြင့် ထိုနည်းလမ်းကို ဖန်ကျွင်းထံ လက်ဆင့်မကမ်းနိုင်ခဲ့ပေ။

ဖန်ကျွင်းမှာ မိစ္ဆာနယ်မြေ မဟာအစီအရင်ကို နှိမ်နင်းရန် သူ၏ကျင့်ကြံခြင်းစွမ်းအားကို အပြည့်အဝ အားကိုးနေခဲ့ရသည်။ ကံကောင်းသည်မှာ ဖန်ကျွင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားရုံသာမက ငရဲကိုးထပ်အပေါ် နားလည်နိုင်စွမ်းကလည်း အခြားသူများထက် သာလွန်သည်။

ကောင်းကင်ချုပ်လှောင်ချောက်နက်၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲဖြစ်သူ အကြီးအကဲ’ကုန်း’ကို ကာကွယ်ပေးပြီး အတွင်းမှထွက်လာသည့်ရန်သူများကို မတိုက်ခိုက်ခဲ့ရဘူးဆိုလျှင် သူ့အနေဖြင့် ထိုမျှ စွမ်းအားကုန်ခမ်းသွားမည် မဟုတ်ပေ။

ယခုတော့ သူက မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဝါဒတောင်ပိုင်နက်နယ်မြေတွင် မဟာငရဲကိုးထပ်တံခါးပွင့်လာမည်ကိုတော့ တားဆီးထားနိုင်ခဲ့သည်။

“အပြင်းထန်ဆုံးနဲ့ အဓိကအကျဆုံးအခြေအနေက အဖေ့ဘက်မှာ ရှိနေတာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

သူက မြေပြင်ထက် ဒူးတစ်ဖက်ထောက်ထိုင်ချရင်း လက်ဖဝါးများကို မြေပြင်ထက်ဖိကပ်ကာ ဝါဒတောင်ပင်မအစီအရင်၏ အပြောင်းအလဲများကို အဆက်မပြတ် အာရုံခံနေသည်။

“အဖေ့မှာ ကြယ်တာရာသန့်စင်ချီဝတ်ရုံ ရှိနေတုန်းပဲ ၊ သူက အဲဒါကို ဝတ်ဆင်ထားပေမယ့် သူရင်ဆိုင်နေရတဲ့သူနှစ်ယောက်မှာ ယွမ်ထျန်းက သိုင်းသူတော်စင်တစ်ယောက်ဖြစ်သလို ရှင်းတုန်းဖင်းကလည်း ပင်မအစီအရင်က စွမ်းအားတွေကို ရယူထားတဲ့အတွက် သိုင်းသူတော်စင်တစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှတယ်”

“သူတို့နှစ်ယောက်လုံးကို တောင့်ခံထားတဲ့ အဖေ့ကိုလည်း ကျေးဇူးတင်ရမယ် ၊ မဟုတ်ရင် ဒီနှစ်ယောက်ကြောင့် ဝါဒတောင်တစ်ခုလုံး အမှုန့်ဖြစ်နေလောက်ပြီ”

အဓိကနေရာမှာ ရန်တိရှိနေသည့် သီးခြားနယ်မြေဖြစ်သည်။ ထိုနေရာတွင် တိုက်ပွဲပြင်းထနနေပြီး သိုင်းသူတော်စင်အဆင့် တိုက်ပွဲဖြစ်သောကြောင့် သီးခြားနယ်မြေကို ပြိုပျက်မသွားအောင် ထိန်းမထားနိုင်လျှင် ဝါဒတောင်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်မည် အမှန်ပင်။

ထိုသို့သောအခြေအနေက အခြားသူများဆိုလျှင် အလွန်တရာ ကိုင်တွယ်ရခက်ခဲမည်ဖြစ်သည်။ အချို့သော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များသည်ပင် ထိုသို့သောအရည်အချင်းမျိုး မရှိနိုင်ကြပေ။

ထို့ပြင် ဖန်ကျွင်းက မိစ္ဆာနယ်မြေမဟာအစီအရင်ကို ချိုးဖျက်ပစ်နိုင်ပြီး အခြားအကြီးအကဲများက ဝါဒတောင်ရှေ့တန်းစစ်မျက်နှာပြင်တွင် အပြည့်အဝအောင်ပွဲခံနိုင်သည့်တိုင် ရန်တိက ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကို ရှုံးနိမ့်သွားမည်ဆိုပါက ဝါဒတောင်အခြေလှမည် မဟုတ်ပေ။ ထို့ကြောင့် ဝါဒတောင်ပင်မအစီအရင်ထိန်းချုပ်နိုင်စွမ်းကို ရန်တိပြန်လည်မရရှိပါက အခြေအနေက အလွန်တရာ ခက်ခဲသွားနိုင်သည်။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အဖေ တိုက်ပွဲမှာအနိုင်မရခဲ့ရင် တခြားအောင်ပွဲတွေကလည်း ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး ၊ အခြေအနေတွေက အဆိုးဘက်ကို ဦးတည်သွားမှာပဲ ၊ ကျွန်တော်တို့မှာ အချိန်သိပ်မကျန်တော့ဘူး”

ရန်ကျောက်ကဲက ရှီတိကိုလှမ်းကြည့်ရင်း...

“နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ အတော်တော့ ခက်ခဲလိမ့်မယ်”

သူက ဆက်ပြောသည်။

“ပြင်ပရန်သူတွေက ဝါဒတောင်ပင်မအစီအရင်ကို ရှင်းတုန်းဖင်းလက်ထဲရောက်သွားအောင် အခွင့်အရေးပေးခဲ့တယ် ၊ အခု အခြေအနေကို ပြောင်းပြန်လှန်ပစ်ရမယ် ၊ ကျွန်တော့်မှာ အစီအစဉ်တစ်ခုရှိတယ် ၊ ဒါပေမဲ့ ဝါဒတောင်အပြင်ဘက် ပတ်ပတ်လည် မတူညီတဲ့ နေရာ (၃)ခုမှာ ပြုလုပ်ရမှာဖြစ်လို့ လူ (၃)ဖွဲ့ခွဲ့ပြီး လမ်းကြောင်း (၃)ခု သွားဖို့လိုတယ်”

“ပြုလုပ်မယ့်သူတွေအားလုံးက လုံလောက်တဲ့ကျင့်ကြံခြင်းအဆင့် ရှိရမယ် ၊ ဒါမှမဟုတ်ရင် အစီအရင်ပြောင်းလဲတဲ့ပညာ ကျွမ်းကျင်ရမယ် ၊ ကျွန်တော်က ဦးဆောင်ပြီးတစ်နေရာကိုသွားမယ် ၊ ပထမဆရာဦးလေးက နောက်တစ်နေရာကို ဦးဆောင်ပြီးသွားပါ ၊ ဒါပေမဲ့ တတိယနေရာကိုသွားဖို့က တောင်ပေါ်မှာ လူရှိပါ့မလား မသိဘူး ၊ အကြီးအကဲ’ဟယ်’က ဆရာဘိုးဘိုးကို စောင့်ရှောက်နေရတယ် ၊ အကြီးအကဲ’ကျန်း’က ဒဏ်ရာဘယ်လောက်ပြင်းထန်လဲ မသိရသေးဘူး”

ရှီတိက ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းကို ကြည့်လိုက်ရင်း...

“ဂိုဏ်းတူညီလေးဖန်ကျွင်းက မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားတယ် ၊ သူက အာရုံပျံ့လွင့်လို့ မဖြစ်ဘူး ၊ အကြီးအကဲ’ကျန်း’က ဒဏ်ရာအပြင်းအထန်ရထားတယ်ဆိုတော့ ဂိုဏ်းတူညီမလေး’ဖူအန်းစု’ ကို သွားရှာရမယ်”

ရန်ကျောက်ကဲကလည်း သူတို့နှစ်ယောက်ကိုကြည့်ရင်း...

“မင်းတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မယ် ၊ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ချိုးဖျက်တဲ့ နည်းလမ်းတွေကို ငါသိတယ် ၊ မင်းတို့ထဲကတစ်ယောက်က ရေစင်တောင်ထွတ်က မိစ္ဆာနယ်မြေထဲကိုဝင်ရောက်ပြီး ဒုတိယဆရာဦးလေးကို အဲဒီနည်းလမ်းတွေပြောပြရမယ် ၊ ကျန်တဲ့တစ်ယောက်ကတော့  အကြီးအကဲ’ကျန်း’ နဲ့ ဆရာဒေါ်လေး’ဖူ’ကို သွားရှာပြီး ငါတို့ဂိုဏ်းရဲ့ပင်မအစီအရင်ကို ပြန်လည်ပြုပြင်ဖို့ နည်းလမ်းကို ပြောပြရယ်”

ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး ပြိုင်တူပြောလိုက်ကြသည်။

“ဒုတိယဆရာဦးလေးကိုရှာဖို့ မိစ္ဆာနယ်မြေထဲကို ကျွန်မ ဝင်မယ်”

မိစ္ဆာနယ်မြေမဟာအစီအရင်အတွင်းသို့ ဝင်ရောက်ခြင်းက ပို၍အန္တရယ်များသောအလုပ်ဖြစ်သည်။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“အခုချိန်က တစ်‌ယောက်နဲ့တစ်ယောက် အားနာနေရမယ့်အချိန်မဟုတ်ဘူး ၊ ဂိုဏ်းတူညီမလေး’ဖန်း’က ပန်ပန်ကိုစီးပြီး ဆရာဦးလေး’ဖန်ကျွင်း’ကို အရင်သွားရှာပါ ၊ လမ်းမှာရန်သူနဲ့တွေ့ရင် တတ်နိုင်သမျှ ရှောင်ပါ ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’က အကြီးအကဲ’ကျန်း’ နဲ့ ဆရာဒေါ်လေး’ဖူ’ကို သွားရှာပါ”

ဖန်းယွင်ရှန်း ခေါင်းညိတ်လိုက်သည်။ သူမဘေးတွင်ရှိနေသော စစ်ခုန်ချင်းကလည်း တည်ကြည်သည့်မျက်နှာထားဖြင့် ခေါင်းညိတ်ရင်း ရန်ကျောက်ကဲစကားကို နာခံသည်။

ထို့နောက် ရန်ကျောက်ကဲက မိစ္ဆာနယ်မြေမဟာအစီအရင်ကို ချိုးဖျက်သည့်နည်းလမ်းကို ဖန်းယွင်ရှန်းအား ပြောပြလိုက်သည်။

ဖန်းယွင်ရှန်းက အစီအရင်ပညာကိုသိပ်နားမလည်သော်လည်း ဆင်ခြေတက်မနေဘဲ ရန်ကျောက်ကဲပြောပြသည့်နည်းလမ်းကို စိတ်ထဲတွင်အလွတ်မှတ်သားလိုက်၏။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အန္တရယ်ကင်းပါစေ”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“ရှင်ရောပဲ...”

အချိန်ကအလွန်အရေးကြီးနေသည်ဖြစ်ရာ ဖန်းယွင်ရှန်းက သူမမှတ်သားရမည့်အရာများကို သေသေချာချာ မှတ်သားပြီးနောက် ပန်ပန်ပေါ်သို့ ခုန်တက်လိုက်သည်။

ပန်ပန်ကလည်း အရင်ကလို ပျင်းရိပျင်းတွဲပုံစံမျိုး မဟုတ်တော့ဘဲ ခြေလက်များကို ဆန့်ထုတ်ကာ အဝေးဆီသို့ လျှင်မြန်စွာ ပြေးထွက်သွားလေသည်။

ရန်ကျောက်ကဲက ရှီတိနှင့်အခြားသူများကိုလှည့်ကြည့်ရင်း...

“ဒီနည်းလမ်းက ဂိုဏ်းရဲ့ ပင်မအစီအရင်ကို ပြန်လည်ပြုပြင်ပေးနိုင်တယ် ၊ ရှင်းတုန်းဖင်းက ပင်မအစီအရင်ကိုအသုံးပြုပြီး ဝါဒတောင်ကို ဖျက်ဆီးမပစ်ခင် ကျွန်တော်တို့ ဒီအစီအရင်ကို အကောင်အထည်ဖော်ရမယ် ၊ အဲဒီအစီအရင်က ကောင်းကင် ၊ မြေကြီး ၊ လူသားဆိုတဲ့ အရာတွေပေါ်မှာ အခြေခံတယ် ၊ ကျွန်တော်တို့က ဝါဒတောင်အပြင်ဘက် မတူညီတဲ့ နေရာ (၃)ခုမှာ ဒီအစီအရင်ကို တစ်ပြိုင်တည်းပြုလုပ်ရမယ် ၊ ဘယ်နေရာတွေမှာ ပြုလုပ်ရမလဲဆိုတာ ကျွန်တော် အတိအကျ တွက်ချက်ပြီးပါပြီ”

ရန်ကျောက်ကဲက အစီအရင်ပြုလုပ်ရမည့်နေရာ (၃)နေရာအား ရှီတိနှင့် စစ်ခုန်ချင်းကို ပြောပြပြီးနောက် ရွှီဖေးကို လှည့်ကြည့်လိုက်သည်။

“ဒီအစီအရင်ပြုလုပ်တဲ့နေရာမှာ လူ (၂)ယောက် ပူးပေါင်း လုပ်ဆောင်ဖို့လိုတယ် ၊ တစ်ယောက်က ပဲ့ကိုင်သူဖြစ်ပြီး တစ်ယောက်ကတော့ အဲဒီလူကိုကူညီရမယ် ၊ ဒီတော့ ဂိုဏ်းတူအစ်ကို’ရွှီ’က ပထမဆရာဦးလေးကို ကူညီပေးပါ ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ကလည်း အကြီးအကဲ’ကျန်း’နဲ့ ဆရာဒေါ်လေး’ဖူ’တို့ကို ရှာတွေ့ရင် ဒီအတိုင်းဆက်လုပ်ပါ ၊ ပထမဆရာဦးလေး ၊ အကြီးအကဲ’ကျန်း’ နဲ့ ဆရာဒေါ်လေး’ဖူ’တို့အားလုံး တစ်ပြိုင်တည်းလုပ်နိုင်ရင်တော့ အောင်မြင်ဖို့က ပိုပြီးလွယ်ကူလိမ့်မယ်”

ရွှီဖေးနှင့် စစ်ခုန်ချင်းတို့ ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ရန်ကျောက်ကဲက အားဟူကိုလှည့်ကြည့်လိုက်ပြီး...

“အားဟူ မင်းက ငါ့ကိုကူညီရမယ်”

အားဟူက လေးနက်စွာ ခေါင်းညိတ်သည်။

ရှီတိက ရန်ကျောက်ကဲကိုကြည့်ရင်း...

“မင်းက အစီအရင်ပညာကျွမ်းကျင်တယ်ဆိုပေမယ့် အခု အခြေအနေတွေက အရမ်းရှုတ်ထွေးနေတယ် ၊ အမတဝိညာဉ်အဆင့် ဒါမှမဟုတ် အမတလက်ဖွဲ့အဆင့် ရန်သူတွေနဲ့ ရင်ဆိုင်တွေ့ရရင် မင်းတို့နှစ်ယောက်အတွက် အန္တရယ်ရှိနိုင်တယ် ၊ ဆိုတော့... မင်းတို့နှစ်ယောက်တည်းသွားလို့ အဆင်ပြေပါ့မလား”

***

All Chapters