စစ်မြေပြင်သို့ ဝင်ရောက်ခြင်း....
Vol. 16 Ch. 241
" ငါ့ရဲ့ အဆင့်အတန်းကို လျို့ဝှက်ထားမယ်။ အဖွဲ့နောက်မလိုက်ဘူး။ တစ်ယောက်တည်းလှုပ်ရှားမယ်။ "
လင်းယွမ်၏ အဆင့်အတန်းဖြစ်သော ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်အနေဖြင့်သာ စစ်မြေပြင်သို့ သွားခဲ့လျှင် သတ္တမအလွှာနှင့် အဋ္ဌမအလွှာ မျိုးနွယ်ခြားများကို ဆွဲဆောင်မိသွားပေလိမ့်မည်။
အဖွဲ့များမှာ တစ်ဦးချင်းစီ၏ စွမ်းအားက မျိုးနွယ်ခြားစစ်မြေပြင်တွင် အရေးပါခြင်းမရှိသောကြောင့် သူတို့က ကောင်းမှုအမှတ်များ ရရှိရန် မျှော်လင့်ချက်ဖြင့် အတူပူးပေါင်းပြီး သန်မာသော မျိုးနွယ်ခြားများကို သတ်ဖြတ်ရန် ကြိုးစားကြခြင်းဖြစ်သည်။ ထို့ကြောင့် စစ်မြေပြင်ရှိ ဆင့်ကဲပြောင်းလဲသူအများစုက အဖွဲ့ဖွဲ့ရန် ရွေးချယ်ကြလေသည်။
သို့သော် လင်းယွမ်က မလိုအပ်ပေ။ သူက သန်မာသော မျိုးနွယ်ခြားများနှင့် သေသည်အထိ တိုက်ခိုက််ရန် ရည်ရွယ်ချက်မရှိပေ။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် သင့်ရဲ့ တောင်းဆိုမှုကို အတည်ပြုပြီး စစ်မြေပြင်ဝင်ခွင့်ကို ထည့်သွင်းပြီးပါပြီ။ " လွတ်လပ်ခြင်းနတ်ဘုရား၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။
စစ်မြေပြင်ဝင်ခွင့်က လူသားမျိုးနွယ်မဟာမိတ်အတွင်း လင်းယွမ်၏ အထောက်အထားဖြစ်ပြီး စစ်မြေပြင်တွင် လူသားမျိုးနွယ်များ ထိန်းချုပ်ထားသော ပိုင်နက်အတွင်း ဝင်ထွက်ခွင့်ပြုသော သက်သေအထောက်အထားတစ်ခု ဖြစ်လေသည်။
စစ်မြေပြင်ဝင်ခွင့်မရှိဘဲ မျိုးနွယ်ခြားစစ်မြေပြင်တွင် အထောက်အထားမရှိသော လူတစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ နှစ်ဖက်လုံး၏ တိုက်ခိုက်ခြင်းခံရနိုင်လေသည်။
" အားလုံး အဆင်သင့်ဖြစ်နေပြီ။ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ မီတာတစ်ရာကျော်ရှည်သော အာကာသယဉ်တစ်စီးက သူ၏ ရှေ့တွင် ပေါ်လာသည်။ စစ်သင်္ဘောက အနက်ရောင်ဖြစ်ပြီး နက်နဲသော အော်ရာတစ်ခု ထွက်ပေါ်နေသည်။
စကြာဝဠာနယ်နိမိတ်က ကျယ်ပြောပြီး ချီခွန်ကြယ်မှ စစ်မြေပြင် C24763သို့ အလင်းအလျင်ဖြင့် သွားလျှင်တောင် အချိန်အတော်ကြာမည်ဖြစ်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ပြင်ပသို့ ရောက်သည်နှင့် ၎င်းက လျင်မြန်စွာ အကောင်အထည်ဖြစ်တည်လာသည်။ ၎င်းမှာ လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်ပင် ဖြစ်၏။
" သွားတော့.." လင်းယွမ်က ယန်စိတ်ဝိညာဉ်ကိာ ကြည့်လိုက်သည်။
ယန်စိတ်ဝိညာဉ်က အပြုံးနှင့်အတူ အာကာသယာဉ်ထဲသို့ ဝင်ရောက်သွားသည်။ အာကာသယာဉ်က အသက်ဝင်လာပြီး ချီခွန်ပင်မကြယ်ဆီသို့ ဦးတည်သွားသည်။
ကြယ်နယ်မြေအတွင်း အချမ်းသာဆုံး ဂြိုလ်တစ်ခုဖြစ်သကဲ့သို့ ချီခွန်ပင်မကြယ်က နေစဉ် မရေတွက်နိုင်သော အာကာသယာဉ်များနှင့် စစ်သင်္ဘောများ ဝင်ထွက်နေလေသည်။ ထို့ကြောင့် လင်းယွမ်၏ အာကာသယာဉ်က လူများ၏ အာရုံစိုက်ခြင်းမခံရပေ။
အနက်ရောင်အာကာသယာဉ်က ချီခွန်ပင်မကြယ်၏ ကြယ်ကွင်းပြင်ထဲသို့ ဝင်ရောက်သွားပြီး ထွက်ခွာရန် ပြင်ဆင်နေသည်။
" မျိုးနွယ်ခြားစစ်မြေပြင်မှာ လေဟာနယ်နိယာမကို ဖမ်းဆုပ်နိုင်ဖို့ မျှော်လင့်ရမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ယန်စိတ်ဝိညာဉ်ကို စစ်မြေပြင်သို့ ပို့ရသည့် ရည်ရွယ်ချက်မှာ လေဟာနယ်ပုံစံ ၉၆၅မျိုးကို နားလည်ရန်သာမက နောက်ဆက်တွဲ လေဟာနယ်ပုံစံ ၇၇၈၂မျိုးကို ဖမ်းဆုပ်နိုင်ရန်လည်း ဖြစ်သည်။
" ငါ့အကောင့်ထဲမှာ ဘယ်လိုလုပ် ပိုက်ဆံတွေပိုများလာတာလဲ။ "
လင်းယွမ်က နန်းတော်ထဲသို့ ပြန်လာပြီး သူ၏ အကောင့်လက်ကျန်ငွေကို သာမန်အတိုင်း ကြည့်လိုက်သောအခါ သန်းချီသော ယဉ်ကျေးမှုငွေများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ယဉ်ကျေးမှုငွေ သန်းများစွာက ပဉ္စမအလွှာနှင့် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက်ပင် သေးငယ်သော ပမာဏမဟုတ်ပေ။
" ဒါ ဆုလား။ " လင်းယွမ်က ငွေရောက်လာသော နေရာကို ကြည့်လိုက်သောအခါ ဆုဟူသည်ကို တွေ့လိုက်ရသည်။
ငါတင်လိုက်တဲ့ ဗီဒီယိုတွေကြောင့်လား။
လွန်ခဲ့သောရက်အနည်းငယ်က လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပိုမိုကျယ်ပြန့်စေရန်အတွက် လမ်းညွှန်ဗီဒီယိုအချို့ကို တင်ခဲ့လေသည်။
လင်းယွမ်က ယွမ် အကောင့်ကို ဖွင့်ပြီး ဗီဒီယိုများအောက်မှ မှတ်ချက်များကို ကြည့်လိုက်သည်။
" ဟမ် " လင်းယွမ်၏ မျက်ခုံးများ ပင့်သွားသည်။
ဗီဒီယိုတိုင်း၏ အောက်တွင် မှတ်ချက်များက ဆယ်သန်းကျော်ရှိပြီး အများစုက သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများ မဟုတ်ကြပေ။
" သူတို့က ငါ့ကို တတိယအလွှာ၊ စတုတ္ထအလွှာနဲ့ ပဉ္စမအလွှာတွေအတွက် လမ်းညွှန်ဗီဒီယိုတွေ တင်ခိုင်းနေတာပဲ။ " လင်းယွမ်က သူတို့ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
ထိုကဲ့သို့ လမ်းညွှန်ဗီဒီယိုများက ဆန္ဒရှိသလို ဖန်တီး၍ မရပေ။ ၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် လင်းယွမ်၏ နားလည်မှုနှင့်မဆိုင်ပေ။ လင်းယွမ်က ၎င်းကို နက်ရှိုင်းစွာ နားလည်နေလျှင်တောင် အခြားသူများ နားလည်နိုင်မည်ဟု မဆိုလိုပေ။ ထို့ကြောင့် လမ်းညွှန်ဗီဒီယိုဖန်တီးရန် သာမန်ဆင့်ကဲပြောင်းလဲသူများ နားလည်အောင် ရိုးရှင်းသော နည်းလမ်းများဖြင့် ရှင်းပြရလေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပထမအလွှာ လေ့ကျင့်သူအရေအတွက်က တော်တော်တိုးလာတာလား။ "
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်တိုင်းမှ လေ့ကျင့်သူအရေအတွက်ကို ကြည့်လိုက်သည်။ ဗီဒီယိုများ တင်သည့်နေမှစ၍ ပထမအလွှာ လေ့ကျင့်သူအရေအတွက်က သိသိသာသာ တိုးတက်လာခဲ့သည်။
ထို့အပြင် ဒုတိယအလွှာနှင့် တတိယအလွှာ အရေအတွက်များလည်း မြင့်မားလာခဲ့သည်။
" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
စကြာဝဠာထဲရှိ လူသားမျိုးနွယ်နယ်မြေ၏ နယ်နိမိတ်တွင် ဟင်းလင်းပြင်က အနည်းငယ် ပုံပျက်သွားပြီး အနက်ရောင်အာကာသယာဉ်တစ်စီး ပေါ်လာသည်။
" ၈၆၂ခုမြောက် လေဟာနယ်ရွေ့ပြောင်းခြင်း ပြီးပါပြီ။ မကြာခင် စစ်မြေပြင် C24763 ကို ရောက်ပါတော့မယ်။ " အာကာသယာဉ်၏ AI လက်ထောက်၏ အသံက ထွက်ပေါ်လာသည်။
" ရောက်ပြီလား။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။
ချီခွန်ပင်မကြယ်မှ ထွက်ခွာပြီး စစ်မြေပြင် C24763 သို့ ရောက်ရန် ၁၈ရက် ကြာသွားခဲ့သည်။
" အဲ့ဒါ မျိုးနွယ်ခြားစစ်မြေပြင်လား။ " လင်းယွမ်က တုန်လှုပ်သွားမိသည်။ သူက အဝေးရှိ ကြယ်စကြာဝဠာထဲတွင် လွင့်မြောနေသော တိုက်ကြီးတစ်တိုက်ကို မြင်လိုက်ရသည်။
" စစ်မြေပြင် C24763 က တိုက်ကြီးတစ်တိုက်ဖြစ်ပြီး အချင်း ၀.၂ အလင်းနှစ်၊ နှစ်ထရီလီယံ ကီလိုမီတာ ရှိပါတယ်။ " လင်းယွမ်၏ စိတ်ထဲတွင် စစ်မြေပြင်နှင့် ပက်သက်သော အချက်အလက်များ ပေါ်လာသည်။
စကြာဝဠာက ကျယ်ပြောပြီး ဂြိုလ်များက သာမန်နယ်မြေများဖြစ်ပြီး ဂြိုလ်များ၏ အလွန်တွင် အခြားဆန်းကျယ်သော နယ်မြေများလည်း ရှိသည်။ တိုက်သဏ္ဍန်နယ်မြေများက ကြီးမားလွန်းပြီး ၎င်းတို့ကို အလင်းနှစ်ဖြင့် တိုင်းတာရလေသည်။
" ငါတို့ ဘယ်ကဝင်မလဲ။ " လင်းယွမ်က ဦးတည်ရာကို ဆုံးဖြတ်လိုက်သည်။
စစ်မြေပြင်က အလွန်ကျယ်ပြောပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် စကြာဝဠာစွမ်းအားများက မြူများသဖွယ်ဖြစ်ပေါ်နေသည်။
ပုံမှန်အားဖြင့် ဆင့်ကဲပြောင်ူလဲသူများက စစ်မြေပြင်သို့ ဝင်ရောက်ရန် ကျပန်းရွေးချယ်ကြပြီး အတွင်းကျမှ အစီအစဉ်များ ချမှတ်ကြလေသည်။
" သွားမယ်။ " လင်းယွမ်က အာကာသယာဉ်ကို ထိန်းချုပ်ပြီး ဦးတည်ချက်တစ်ခုသို့ ပျံသန်းသွားသည်။
စစ်မြေပြင်၏ အစွန်ပိုင်းတွင် ပုံရိပ်အချို့က တောင်ချိုင့်ဝှမ်းတစ်ခုထဲတွင် မတ်တပ်ရပ်နေကြသည်။ သူတို့က ဟေးယွမ်မျိုးနွယ်မှဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်မှ အနက်ရောင်အော်ရာတစ်ခု ထွက်ပေါ်နေသည်။
ဟေးယွမ်မျိုးနွယ်က အမှောင်ချောက်နက်တွင် မွေးဖွားကြပြီး ဟေးယွမ်(အမှောင်ချောက်နက်)စွမ်းအားများကို စုပ်ယူကြလေသည်။
ပုံမှန်စကြာဝဠာစွမ်းအားများနှင့် ယှဉ်လျှင် ဟေးယွမ်စွမ်းအားက ထူးဆန်းပြီး ပြင်ပစကြာဝဠာခဲတ်ခင် ဟေးယွမ်မျိုးနွယ်များနှင့် တွေ့လျှင် အလွယ်တကူသိနိုင်လေသည်။
ဟေးယွမ်မျိုးနွယ်က အခြားမျိုးနွယ်များကဲ့သို့ လျို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ပြီး အခြားမျိုးနွယ်ကြီးများ ဖမ်းဆီးခြင်းကို မခံခဲ့ရပေ။ သူတို့က အင်းဆက်မျိုးနွယ်ကို အချိန်မီလက်အောက်ခံခဲ့ပြီး အမှောင်ချောက်နက်၏ နှလုံးသားကိုလည်း ပေးအပ်ခဲ့သည်။ အင်းဆက်မျိုးနွယ်၏ ကာကွယ်မှုနှင့် အခြားမျိုးနွယ်အများစုက ဟေးယွမ်မျိုးနွယ်ကို မထိရဲကြပေ။
" ဒီလေဟာနယ်ဝင်ပေါက်က အဋ္ဌမအလွှာ ဒါမှမဟုတ် အနည်းဆုံး သတ္တမအလွှာ ဘုရင်အဆင့်တစ်ယောက် ဖန်တီးခဲ့တာဖြစ်ရမယ်။ "
ဟေးယွမ်မျိုးနွယ်မှလူများက ချို့ဝှမ်းထောင့်ရှိ လေဟာနယ်အကာအကွယ်တစ်ခုကို စိုက်ကြည့်ပြီး စိတ်လှုပ်ရှားနေကြသည်။
မျိုးနွယ်ခြားစစ်မြေပြင်တွင် သန်မာသော လူများက တိုက်ခိုက်ကြပြီး တစ်ခါတစ်ရံ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားတတ်ကြလေသည်။ ထိုအခါ သူတို့၏ စခန်းများကို ပြန်မဆုတ်နိုင်တော့ဘဲ ဒဏ်ရာကုသရန် လျို့ဝှက်နေရာအချို့တွင် ပုန်းအောင်းရလေသည်။ သို့သော် ဒဏ်ရာများ မသက်သာခဲ့လျှင် သူတို့က ထိုနေရာတွင်သာ သေဆုံးရလေသည်။
အပြင်လူများက သူတို့ချန်ခဲ့သော ရတနာများကို ရယူရန် မလွယ်ကူပေ။ လက်ရှိ လေဟာနယ်ဝင်ပေါက်ကဲ့သို့ပင် တည်ငြိမ်သော လေဟာနယ်ကို ဖန်တီးထားခြင်းက ထိုလူမှာ လေဟာနယ်နိယာမအပေါ်ဘနက်ရှိုင်းသော နားလည်မှုရှိပြီး အနည်းဆုံး လေဟာနယ်ပုံစံ ၉၆၅ မျိုးကို ကျွမ်းကျင်ထားပေလိမ့်မည်။
ထို့ကြောင့် ထိုလူက အနည်းဆုံး လေဟာနယ်နိယာမကို ကျွမ်းကျင်သော သတ္တမအလွှာ ဘုရင်အဆင့် သို့မဟုတ် အဋ္ဌမအလွှာ တည်ရှိမှုတစ်ခု ဖြစ်ပေလိမ့်မည်။
အဋ္ဌမအလွှာတစ်ယောက်၏ အမွေအနှစ်ကို စဉ်းစားကြည့်ရုံဖြင့် ဟေးယွမ်မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားရလေသည်။
" အဲ့ဒါက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူ ချန်ခဲ့တာဖြစ်ရမယ်။ " ခေါင်းဆောင်ဖြစ်သူက ခနလေ့လာပြီး မျက်မှောင်ကြုတ်သွားသည်။
ထိုလေဟာနယ်ဝင်ပေါက်က ဟေးယွမ်မျိုးနွယ်ဝင် အဋ္ဌမအလွှာတစ်ယောက် ချန်ထားခဲ့ခြင်းဖြစ်လျှင် သူတို့က ချက်ချင်း ဝင်ရဲလေသည်။
သူတို့အားလုံးက ဟေးယွမ်မျိုးနွယ်ဝင်များ ဖြစ်ကြပြီး လုံခြုံမှုအတွက် ထောင်ချောက်များတပ်ဆင်ထားလျှင်တောင် ၎င်းက အခြားမျိုးနွယ်များကို နှိမ်နင်းရန် ဖြစ်သည်။ သူတို့ချန်ခဲ့သော အမွေအနှစ်ကို သူတို့မျိုးနွယ်များ၏ လက်ထဲသို့ ကျရောက်ရန်သာ ရည်ရွယ်လေသည်။ ထို့ကြောင့် ဟေးယွမ်မျိုးနွယ်ဝင်များက အမွေအနှစ်ကို ရရှိရန် သူတို့၏ အော်ရာကို ထုတ်ဖော်ရုံသာ လိုအပ်လေသည်။