မျိုးနွယ်ခြားများနှင့် ရင်ဆိုင်ခြင်း.....
Vol. 16 Ch. 242
လူသားမျိုးနွယ်က သူတို့နှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး သူတို့ဝင်ရောက်ခဲ့လျှင် ထိုလူချန်ခဲ့သော အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ချန်ခဲ့သော လေဟာနယ်စွမ်းအားများက နှစ်ထောင်ပေါင်းများစွာ ကြာလျှင်တောင် စွမ်းအားအချို့ ကျန်နေပေလိမ့်မည်။
" မင်းအရင်ဝင်..." ဟေးယွမ်မျိုးနွယ်ဝင်များထဲမှ အဖွဲ့ခေါင်းဆောင်က သူ၏ ဘေးမှတစ်ယောက်ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
" ခေါင်းဆောင်ဝေရှင်း ကျုပ်က အသန်မာဆုံးလည်းမဟုတ်ဘူး။ အဲ့ဒီအဆင့် ချန်ခဲ့တဲ့ လေဟာနယ်ဝင်ပေါက်ကို ဝင်ဖို့က အကြံကောင်းတစ်ခုတော့ မဟုတ်ဘူး။ "
ထိုအဖွဲ့၏ နာမည်က ရန်ဖန်းဖြစ်ပြီး သူက ခေါင်းဆောင်ဝေရှင်းကို သတိထားပြီး ပြောလိုက်သည်။
အဋ္ဌမအလွှာ စွမ်းအားရှင်တစ်ယောက် ချန်ခဲ့သော အမွေအနှစ်က မက်မောစရာကောင်းသော်လည်း ၎င်းကို လက်ခံရန် အသက်ရှင်နေရန်လည်း လိုအပ်လေသည်။ ပထမဆုံး ဝင်သူက အကြီးမားဆုံး အန္တရာယ်နှင့် ရင်ဆိုင်ရမည်မှာ သေချာလေသည်။
" ရန်ဖန်း မင်းရဲ့ ခွန်အားက မသန်မာပေမယ့် မင်းရဲ့ အသက်ကယ်နည်းစနစ်တွေက အားကောင်းတယ်။ မင်းဝင်သွားရင် အရင်သဘောတူထားအတိုင်း အားလုံးရဲ့ သုံးဆယ်ရာခိုနှုန်းကို မင်းရလိမ့်မယ်။ " အခြားအဖွဲ့ဝင်တစ်ဦးက ဝင်ပြောလိုက်သည်။
" ခေါင်းဆောင် ဝေရှင်း ကြားတယ်နော်။ " ရန်ဖန်းက အံကျိတ်လိုက်သည်။ အမှန်တော့ သူ့တွင် ရွေးချယ်စရာမရှိပေ။ သူမဝင်ချင်သော်လည်း ခေါင်းဆောင်ဝေရှင်းက သူ့ကို တောင်းဆိုနေသည်။
ခနကြာသောအခါ ဝေရှင်းက မျက်ခုံးများ ပင့်သွား၏။
" သေပြီ..." ခေါင်းဆောင်ဝေရှင်းက ပြောလိုက်သည်။
ရန်ဖန်းဝင်ပြီး မကြာမီ သူနှင့် ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားခဲ့သောကြောင့် သေဆုံးသွားပြီဟု အဓိပ္ပါယ်ရလေသည်။
" ရန်ဖန်းရဲ့ ရှင်သန်နိုင်စွမ်းနဲ့ သတ္တမအလွှာ စွမ်းအားရှင်တွေတောင် သူ့ကို အချိန်တိုအတွင်း မသတ်နိုင်သင့်ဘူးမဟုတ်လား။ " ကျန်သော မျိုးနွယ်ဝင်များက ထိတ်လန့်သွားကြသည်။
" အဲ့ဒါ ဒီလေဟာနယ်ဝင်ပေါက်က ပိုတန်ဖိုးရှိတယ်လို့ဆိုလိုတာပဲ။ " ခေါင်းဆောင်ဝေရှင်းက ပြောလိုက်သည်။
သူတို့က ထိုနေရာကို အမှတ်မထင်ဖြတ်သန်းခဲ့ကြပြီး ချိုင့်ဝှမ်းထဲတွင် အနားယူရန် ပြင်ဆင်နေစဉ် လေဟာနယ်ဝင်ပေါက်ကို တွေ့ခဲ့ကြခြင်း ဖြစ်သည်။
ဝင်ပေါက်က အော်ရာကို ဖုံးကွယ်ထားပြီး အလွယ်တကူ ရှာတွေ့မည်မဟုတ်ပေ။ သတ်မှတ်ထားသော အကွာအဝေးတစ်ခုသို့ ရောက်မှသာ တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိပေလိမ့်မည်။
ထို့ကြောင့် ထိုလေဟာနယ်ဝင်ပေါက်က နှစ်ထောင်ပေါင်းများစွာ ကြာမည်မှာ သေချာလေသည်။
" မင်းတို့တွေ..." ခေါင်းဆောင်ဝေရှင်းက ကျန်ရှိသော ဟေးယွမ်မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။
" ခေါင်းဆောင်ဝေရှင်း ရန်ဖန်းက သေသွားရင်တောင် ကျုပ်တို့လည်း သေမှာလို့ ပြောလို့မရဘူး။ " အဖွဲ့ဝင်အချို့က ပြန်လည် စိတ်လှုပ်ရှားလာကြသည်။
" အမှန်ပဲ..." ခေါင်းဆောင်ဝေရှင်းက အခြားအဖွဲ့ဝင်များ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။
သို့သော် လေဟာနယ်ဝင်ပေါက်အတွင်းမှ အမွေအနှစ်ကိုတော့ ရယူရပေလိမ့်မည်။
" မျိုးနွယ်ကို ပြန်အစီရင်ခံရမလား။ " ခေါင်းဆောင်ဝေရှင်းက စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသည်။
ဟေးယွမ်မျိုးနွယ်၏ အင်အားဖြင့် သူတို့က သန်မာသူများကို စေလွှတ်လိုက်လျှင် အတွင်းမှ ရတနာများကို ယူနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ခြင်းဖြင့် ခေါင်းဆောင်ဝေရှင်းက ဝေစုအနည်းငယ်သာ ရနိုင်ပေလိမ့်မည်။
" ဟမ် " ခေါင်းဆောင်ဝေရှင်းက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိပြီး ဦးတည်ချက်တစ်ခုသို့ မော့ကြည့်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင်အာကာသယာဉ်တစ်စီးက သူတို့ဆီသို့ ပျံသန်းလာသည်။
" လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်လား။ " ခေါင်းဆောင်ဝေရှင်းက ချက်ချင်း ခန့်မှန်းလိုက်သည်။
ဟေးယွမ်မျိုးနွယ်က နည်းပညာချို့တဲ့ပြီး လေဟာနယ်ရွေ့ပြောင်းခြင်းကို လုပ်ဆောင်နိုင်သည့် စစ်သင်္ဘောများကို တည်ဆောက်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဟေးယွမ်မျိုးနွယ်က ခရီးသွားရန် အာကာသယာဉ်များကို မှီခိုခြင်းမရှိပေ။
" ခေါင်းဆောင်ဝေရှင်း ကျွန်တော်တို့ အဲ့ဒီလူသားမျိုးနွယ်ကို ဖမ်းပြီး လေဟာနယ်ဝင်ပေါက်ထဲကို ဝင်ခိုင်းလို့ရတယ်။ "
" ဒီလေဟာနယ်ဝင်ပေါက်ကို ဖန်တီးသူကလည်း လူသားမျိုးနွယ်ဆိုတော့ သူဝင်သွားရင် အန္တရာယ်ရှိမှာမဟုတ်ဘူး။ သူ ရတနာတွေရရင် ကျွန်တော်တို့က သူ့ဆီက ပြန်ယူလိုက်ရုံပဲ။ " ဟေးယွမ်မျိုးနွယ်ဝင်တစ်ယောက်က ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျန်လူများကလည်း သဘောတူလိုက်ကြသည်။ ထိုနည်းဖြင့် သူတို့က စွန့်စားရန် မလိုအပ်သည့်အပြင် မျိုးနွယ်သို့လည်း ဝေစုအများကြီး ပေးရန် မလိုအပ်ပေ။
ခေါင်းဆောင်ဝေရှင်း၏ မျက်လုံးများကလည်း တောက်ပသွားသည်။ " ကောင်းပြီ။ "
ထို့နောက် သူက အနက်ရောင်အာကာသယာဉ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ချိုင့်ဝှမ်းအတွင်းရှိ ဟေးယွမ်မျိုးနွယ်များကလည်း စိတ်ဓာတ်တက်ကြွနေကြသည်။ အစတွင် သူတို့က လေဟာနယ်ဝင်ပေါက်ကို မျိုးနွယ်သို့ အစီရင်ခံရန် စီစဉ်ထားကြသည်။ ဘာမှမရသည်နှင့်စာလျှင် ဝေစုအနည်းငယ်ရခြင်းက ပိုကောင်းလေသည်။
သို့သော် ယခုအခါ လူသားမျိုးနွယ်တစ်ယောက်က သူတို့ဆီသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သည်။ သူတို့သာ ထိုလူကို ထိန်းချုပ်ပြီး လေဟာနယ်ဝင်ပေါက်ထဲသို့ ဝင်စေလျှင် လေဟာနယ်ဝင်ပေါက်ဖန်တီးသူနှင့် မျိုးနွယ်အတူတူ ဖြစ်သောကြောင့် အတွင်းမှ ရတနာများကို အလွယ်တကူရပေလိမ်မည်။ ထိုအချိန်တွင် သူတို့က ရတနာများကို ခွဲဝေယူရုံသာဖြစ်သည်။
" သိပ်စိတ်လှုပ်ရှားမနေနဲ့။ အရင်ဆုံး အဲ့ဒီအာကာသယာဉ်ထဲက လူအရေအတွက်နဲ့ ခွန်အားကို အရင်လေ့လာရမယ်။ " ခေါင်းဆောင် ဝေရှင်းက သူ၏ သတိထားမှုကို မလျှော့ပေ။
စစ်မြေပြင်တွင် သတိတစ်ချက်လွတ်သွားခြင်းက သေဆုံးခြင်းသို့ ဦးတည်နိုင်လေသည်။ ပြန်လည်ရှင်သန်နိုင်သော လူသားမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နှင့်ယှဉ်လျှင် သူတို့၏ သေဆုံးခြင်းက အမှန်တကယ် သေဆုံးခြင်းဖြစ်ပြီး မျိုးနွယ်စုက အထွတ်အထိပ်မျိုးနွယ်ကို ပြန်ရှင်အသက်သွင်းရန် တောင်းဆိုလျှင်တောင် သူတို့က ကြီးမားသော အရင်းအမြစ်များကို အသုံးပြုကြမည်မဟုတ်ပေ။
" ကောင်းပြီ..." အပြာရောင်အသားအရေနှင့် ဟေးယွမ်မျိုးနွယ်ဝင်တစ်ယောက်က အပြာရောင် ကျောက်တုံးတစ်ခုကို ထုတ်လိုက်သည်။
ထို့နောက် သူက ကျောက်တုံး၏ မျက်နှာပြင်တစ်ဖက်ကို အာကာသယာဉ်ရှိရာသို့ လှည့်လိုက်သည်။
တုန်ခါမှုတစ်ခု ပျံ့နှံ့လာသည်။ ထိုအပြာရောင်ကျောက်တုံးက ပတ်ဝန်းကျင်ရှိ ရန်သူများ၏ အရေအတွက်နှင့် သူတို့၏အဆင့်များကို ပြသနိုင်လေသည်။
မျိုးနွယ်စုများ၏ စစ်မြေပြင်တွင် တူညီသေူ အဆင့်ရှိသူကို သတ်ရန် ခက်ခဲသကဲ့သို့ အားနည်းသူများကို သတ်ရန်လည်း ခက်ခဲလေသဘ်။
အကြောင်းရင်းမှာ ထိုရှာဖွေခြင်းကျောက်တုံးများကြောင့် ဖြစ်သည်။
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က သူ၏ အဆင့်ကို ဆဋ္ဌမအလွှာသို့ လျှော့ချပြီး အားနည်းသော မျိုးနွယ်ခြားများကို သတ်ဖြတ်ရန် လက်တွေ့တွင် မဖြစ်နိုင်ပေ။ ထိုကျောက်တုံး၏ ရှာဖွေခြင်းကို သတ္တမအလွှာများပင် မလွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်။
" ခေါင်းဆောင် အာကာသယာဉ်ထဲမှာ လူတစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ သူက သတ္တမအလွှာကို မရောက်သေးဘူး။ " အပြာရောင်အသားအရေနှင့် လူက ပြောလိုက်သည်။
" သတ္တမအလွှာကို မရောက်သေးတာ ကောင်းတယ်။ " ခေါင်းဆောင်ဝေရှင်းက ခေါင်းငြိမ့်လိုက်သည်။
သူတို့အားလုံးက ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် ရှိကြပြီး ခေါင်းဆောင် ဝေရှင်းက ထိုအထွတ်အထိပ်၏ အထွတ်အထိပ်တွင် ရှိနေလေသည်။ သူတို့အတူပူးပေါင်းလိုက်လျှင် ဆဋ္ဌမအလွှာ လူသားမျိုးနွယ်တစ်ယောက်ကို ဖမ်းဆီးရန် မခက်ခဲပေ။
လင်းယွမ်က အာကာသယာဉ်ကို ထိန်းချုပ်ပြီး စစ်မြေပြင်ထဲသို့ ဝင်ရောက်လာသည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လေဟာနယ်အတက်အကျများစွာရှိပြီး လေဟာနယ်ရွေ့ပြောင်းခြင်းကို အသုံးပြုရန် မလွယ်ကူပေ။
" မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်မှာတောင် ငါက ကံကောင်းရင် မျိုးနွယ်ခြားတွေနဲ့ တွေ့နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်က ကျယ်ပြောလှပြီး အချင်း ၀.၂ အလင်းနှစ်ရှိလေသည်။ ထိုနေရာတွင် ဆင့်ကဲပြောင်းလဲသူ သန်းချီကို ထားခဲ့လျှင်တောင် သမုဒ္ဒရာထဲမှ ရေစက်လေးကဲ့သို့ ဖြစ်နေပေလိမ့်မည်။
" ငါ ဘယ်မျိုးနွယ်ခြားနဲ့မှ မတွေ့ရင် အကောင်းဆုံးပဲ။ အဲ့ဒါဆို အချိန်ကုန်ခံစရာမလိုတော့ဘူး။ "
မျိုးနွယ်ခြားများနှင့် တိုက်ခိုက်ခြင်းက အချိန်ကုန်သည့်အပြင် အန္တရာယ်လည်း ရှိလေသည်။ လင်းယွမ်၏ စစ်မြေပြင်သို့ လာသည့်ရည်ရွယ်ချက်က ထာဝရလေဟာနယ်အက်ကြောင်းမှ လေဟာနယ်နိယာမကို နားလည်ရန် ဖြစ်သည်။
" ဟမ် " လင်းယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူက အာကာသယာဉ်ကို ဖြတ်သန်းသွားသော အတက်အကျတစ်ခုကို ခံစားလိုက်ရသည်။
" မျိုးနွယ်ခြားတွေလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
သူက အာကာသယာဉ်ကို အရှိန်လျှော့ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ကြောက်စရာကောင်းသော စွမ်းအားလှိုင်းတစ်ခု ဆင်းသက်လာသည်။
ဝုန်း....
လင်းယွမ်၏ အာကာသယာဉ်က ပေါက်ကွဲသွားသည်။
ဝှစ်....
လင်းယွမ်က မနီးမဝေးတွင် ပေါ်လာသည်။
တစ်ချိန်တည်းတွင် ဟေးယွမ်မျိုးနွယ်ဝင်များက သူ့ကို ဝိုင်းလိုက်ကြသည်။
" မဆိုးဘူး။ ခွန်အားတော့ရှိသားပဲ။ " ခေါင်းဆောင်ဝေရှင်းက လင်းယွမ်ကို စိုက်ကြည့်နေသည်။
ယခု တိုက်ခိုက်မှုက အာကာသယာဉ်ကို ထိုးဖောက်သွားခဲ့ပြီး သူက လင်းယွမ်ကို ဒဏ်ရာရသွားမည်ဟု ထင်ခဲ့သော်လည်း လင်းယွမ်၏ ခွန်အားက သူတို့ခန့်မှန်းထားသည်ထက် သာလွန်နေပုံရလေသည်။
သို့သော် ခေါင်းဆောင်ဝေရှင်းက မအံ့ဩပေ။ ထိုတိုက်ခိုက်မှုမှ လင်းယွမ်က သတ္တမအလွှာဆင့်ကဲပြောင်းလဲသူတစ်ယောက် မဟုတ်သည်ကို အတည်ပြုသွားပြီဖြစ်သည်။
" မျိုးနွယ်ခြားတွေ..." လင်းယွမ်က သူ၏ ပတ်ပတ်လည်မှ ဟေးယွမ်မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။
" သူတို့က ငါ့ကို မသတ်ချင်ကြဘူးလား။ " လင်းယွမ်က လေးနက်စွာ စဉ်းစားလိုက်သည်။
ထိုဟေးယွမ်မျိုးနွယ်ဝင်များ၏ ခွန်အားအရ သူတို့လေးနက်စွာ တိုက်ခိုက်လျှင် ယခုလောက်ထိ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။
" လူသားမျိုးနွယ် မင်း အသက်ရှင်ချင်ရင် ငါတို့ပြောတာ နားထောင်ရမယ်။ " ဟေးယွမ်မျိုးနွယ်ဝင်တစ်ယောက်က သူတို့အသာစီးရနေသည်ဟု တွေးပြီး ပြောလိုက်သည်။