တိုက်ခိုက်ခြင်း....
Vol. 16 Ch. 243
" ငါက အသက်ရှင်ဖို့ ဘာလုပ်ရမှာလဲ။ " လင်းယွမ်က တစ်ဖက်လူ၏ စကားအတိုင်း ပြန်ပြောလိုက်သည်။
သာမန်အားဖြင့် မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လူသားမျိုးနွယ်များက ဟေးယွမ်မျိုးနွယ်နှင့် ကြုံတွေ့ခဲ့လျှင် စကားမပြောဘဲ ချက်ချင်း တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့က ဟေးယွမ်မျိုးနွယ်ဝင်များကို သတ်ခြင်းဖြင့် ရတနာများနှင့် ကောင်းမှုအမှတ်များ ရရှိနိုင်လေသည်။
ဟေးယွမ်မျိုးနွယ်ကလည်း လူသားမျိုးနွယ်များကို သတ်ခြင်းဖြင့် ဆုလာဒ်များ ရရှိနိုင်ပြီး အင်ဆက်မျိုးနွယ်မှ လက်ဆောင်များပင် ပေးနိုင်လေသည်။
ထို့ကြောင့် အခြားအကြောင်းအရာများ မရှိလျှင် ထိုမျိုးနွယ်စုနှစ်ခုက တွေ့ဆုံသည်နှင့် တိုက်ခိုက်ကြလေသည်။
" ရိုးရှင်းပါတယ်။ ပထမဆုံး မခုခံနဲ့။ " ဟေးယွမ်မျိုးနွယ် နောက်တစ်ယောက်က ချဉ်းကပ်လာသည်။
" မင်းတို့ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးဖို့ လိုတယ်။ " လင်းယွမ်က ညင်သာစွာ ပြောလိုက်သည်။
" ဒါပေါ့..." ချဉ်းကပ်လာသော ဟေးယွမ်မျိုးနွယ်ဝင်က ပြုံးလိုက်သည်။
သို့သော် အခြားဟေးယွမ်မျိုးနွယ်ဝင်များ၏ မျက်နှာများပေါ်တွင် လှောင်ပြောင်လိုသော အမူအရာများ ပေါ်လာသည်။
မျိုးနွယ်စုအချင်းချင်းစစ်ပွဲတွင် အခြားမျိုးနွယ်တစ်ခု၏ စကားကို ယုံကြည်ခြင်းက နုံအခြင်းသာ ဖြစ်သည်။ ထိုလူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူက အတွေ့အကြုံရှိပုံမရပေ။
ထိုအခိုက်အတန့်တွင် လင်းယွမ်၏ ခန္ဓာကိုယ်က နေရာမှ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းတွင် ထိုက်ယန်အစစ်အမှန်မီးတောက်က ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းများစွာကို လွှမ်းခြုံသွားပြီး အရာအားလုံးကို လောင်ကျွမ်းသွားသည်။
" မကောင်းတော့ဘူး။ " ဟေးယွမ်မျိုးနွယ်များ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကြသည်။
လေထဲတွင် စိမ့်ဝင်နေသော ထိုက်ယန်အစစ်အမှန်မီးတောက်က ကြောက်စရာကောင်းအောင် စွမ်းအားကောင်းလှသည်။ လင်းယွမ်အနီးသို့ ချဉ်းကပ်လာသော ဟေးယွမ်မျိုးနွယ်ဝင်က သူ၏ အသွေးအသားများ စတင်လောင်ကျွမ်းလာသည်ကို ခံစားလိုက်ရသည်။
ဝုန်း....
သူက နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း ထိုက်ယန်အစစ်အမှန်မီးတောက်များဖြင့် ဖွဲ့စည်းထားသော လက်တစ်ဖက်က သူ့ကို ထိုးဖောက်သွားပြီး ဘာမှမကျန်အောင် လောင်ကျွမ်းသွားသည်။
ထိုက်ယန်အစစ်အမှန်မီးတောက်များက စုစည်းသွားပြီး လင်းယွမ်က ပြန်ပေါ်လာသည်။
" မြန်မြန် ပြေး..."
" ဒီဆင့်ကဲပြောင်းလဲသူက သာမန်ဆဋ္ဌမအလွှာတွေ မယှဉ်နိုင်တဲ့ လူသားမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ "
" သေစမ်း အစကတည်းက သူ့ရဲ့ ခွန်အားကို ထုတ်ပြခဲ့ရင် ငါတို့ လှုပ်ရှားရဲမှာတောက်မဟုတ်ဘူး။ သူက ငါတို့ဝိုင်းလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။ "
ဟေးယွမ်မျိုးနွယ်ဝင်များ၏ အမူအရာများက မဲမှောင်နေကြသည်။ လင်းယွမ်က ထိုက်ယန်အစစ်အမှန်မီးတောက်နယ်ပယ်ကို ထုတ်ဖော်ပြီး မိုင်ပေါင်းများစွာကို လွှမ်းခြုံလိုက်သည်နှင့် တပြိုင်နက် သူတို့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို နားလည်သွားကြသည်။
ဆဋ္ဌမအလွှာတစ်ယောက်က နယ်ပယ်စွမ်းအားကို ပိုင်ဆိုင်ခြင်းက အထူးအဆန်းမဟုတ်သော်လည်း ထိုက်ယန်အစစ်အမှန်မီးတောက်များနှင့် ပြည့်နှက်နေသော နယ်ပယ်တစ်ခုက သူတို့ကို စိတ်ကူးမယဉ်နိုင်သော ဖိနှိပ်မှုကို ပေးစွမ်းနိုင်လေသည်။
ဟေးယွမ်မျိုးနွယ်ဝင်များက ထိုက်ယန်နယ်ပယ်မှ နောက်ဆုတ်ရန် ကြိုးစားလိုက်ကြသော်လည်း နောက်ကျသွားခဲ့လေပြီ။
လင်းယွမ်၏ ခန္ဓာကိုယ့က တဖန်ပျောက်ကွယ်သွားပြီး အဆုံးမဲ့ထိုက်ယန်စွမ်းအားများ ထွက်ပေါ်လာသည်။
ချက်ချင်း သူက ဟေးယွမ်မျိုးနွယ်ဝင်တစ်ယောက်၏ ရှေ့တွင် ပေါ်လာသည်။
" ခေါင်းဆောင် ကယ်ပါဦး..." ထိုလူက ခနအော်ရန် အချိန်ရလိုက်ပြီး ထိုက်ယန်အစစ်အမှန်မီးတောက်၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။
" ငါ " နောက်ထပ် ဟေးယွမ်မျိုးနွယ်ဝင်က မလိုလားသော အမူအရာနှင့် ရှိနေသော်လည်း သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ် အားလုံး လောင်ကျွမ်းသွားခဲ့သည်။
လင်းယွမ်က ဟေးယွမ်မျိုးနွယ်ဝင်ကို သတ်ဖြတ်ပြီးနောက် သူ၏ အကြည့်က နောက်ဆုံးတစ်ယောက်အပေါ်သို့ ကျတရာက်သွားသည်။
ယခုလေးတင် ဟေးယွမ်မျိုးနွယ်ဝင်များ၏ စကားအရ ထိုလူက သူတို့၏ ခေါင်းဆောင်ဖြစ်ပုံရလေသည်။ လင်းယွမ်က ယခင် ဟေးယွမ်မျိုးနွယ်ဝင်များကို သတ်ဖြတ်နေချိန်တွင် ထိုလူက ဝင်ရောက်ကူညီရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ယင်းအစား သူ၏ မျိုးနွယ်ဝင်များ သေဆုံးသွားသည်ကို အေးစက်စွာ ကြည့်နေခဲ့သည်။
" အထင်ကြီးစရာပဲ။ " ခေါင်းဆောင် ဝေရှင်းက လင်းယွမ်ကို ကြည့်လိုက်သည်။
သူက ထိုက်ယန်အစစ်အမှန်မီးတောက်နယ်ပယ်ထဲတွင် ရှိနေသော်လည်း ကြောက်ရွံ့မှုကို မပြပေ။ ဆဋ္ဌမအလွှာ စွမ်းအားရှင်များကိုပင် ဘာမှမကျန်အောင် လောင်ကျွမ်းနိုင်သော ထိုက်ယန်အစစ်အမှန်မီးတောက်များက သူနှင့် မီတာအနည်းငယ်အကွာသို့ ရောက်လျှင် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
သူက လင်းယွမ်၏ ခွန်အားကို စမ်းသပ်ချင်သောကြောင့် သူ၏ မျိုးနွယ်ဝင်များကို မကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ဟေးယွမ်မျိုးနွယ်အတွင်း ပြိုင်ဆိုင်မှုက ပြင်းထန်ပြီး သူတို့က အခြားသူများနှင့် ရုန်းကန်တိုက်ခိုက်ရင်း ရှေ့ဆက်ခဲ့သူများဖြစ်ကြသည်။
" ဒါပေမယ့် အခု မင်းသေရမယ့်အချိန်ကျပြီ။ " ခေါင်းဆောင်ဝေရှင်း၏ မျက်နှာပေါ်တွင် ရက်စက်မှုက ထင်ရှားနေသည်။
ဟေးယွမ်မျိုးနွယ်က အင်းဆက်မျိုးနွယ်မဟာမိတ်နှင့် ပူးပေါင်းခဲ့သောကြောင့် အခြေအနေများကိုက်ညီလျှင် အင်းဆက်မျိုးနွယ်မှ လက်ဆောင်များရရှိနိုင်လေသည်။ ယင်းတို့ထဲတွင် လူသားမျိုးနွယ်၏ ထိပ်တန်းပါရမီရှင် ဆင့်ကဲပြောင်းလဲသူများကို သတ်ဖြတ်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်မှ ဆဋ္ဌမအလွှာ ပါရမီရှင်တစ်ယောက်က သာမန်သတ္တမအလွှာထက်ပင် ပို၍ တန်ဖိုးရှိလေသည်။
" စုစည်းစမ်း " ခေါင်းဆောင်ဝေရှင်းက လင်းယွမ်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်လေသည်။
တစ်ဖက်လူက သူ့ကိုသူ ထိုက်ယန်အစစ်အမှန်မီးတောက်အဖြစ် ပြောင်းလဲပြီး ထိုက်ယန်အစစ်အမှန်မီးတောက်နယ်ပယ်ကို မှီခိုခြင်းထက် မပိုပေ။
ဝုန်း...
စွမ်းအားလှိုင်းတစ်ခုက ခေါင်းဆောင်ဝေရှင်းကို ဗဟိုပြုပြီး အဖက်ဖက်သို့ ပျံ့နှံ့လာသည်။
စွမ်းအားလှိုင်းဖြတ်သွားသည့် နေရာတိုင်း ထိုက်ယန်အစစ်အမှန်မီးတောက်နယ်ပယ်က ပြိုကွဲသွားပြီး ပို၍ ပြင်ထန်သော နယ်ပယ်တစ်ခု ထွက်ပေါ်လာပြီး ထိုက်ယန်အစစ်အမှန်မီးတောက်နယ်ပယ်ကို ဖိနှိပ်သွားသည်။
" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
" အသုံးမဝင်ဘူး။ ငါ့မျိုးနွယ်ရဲ့ အမှောင်ချောက်နက်နယ်ပယ်က အရာအားလုံးကို ခွဲထုတ်န်ုင်တယ်။ မင်း..." ဝေရှင်းက စကားပြောရန် ပြင်လိုက်သည်။
ထိုခနတွင် လေဟာနယ်လှိုင်းများ ထွက်ပေါ်လာပြီး လင်းယွမ်က ခေါင်းဆောင်ဝေရှင်း၏ ရှေ့သို့ နေရာရွေ့ပြောင်းလာသည်။
" ဘာလဲ " ခေါင်းဆောင်ဝေရှင်းက မျက်လုံးများ ပြူးသွားသည်။
လင်းယွမ်၏ လေဟာနယ်နိယာန ထိန်းချုပ်မှုက ဆဋ္ဌမအလွှာထက် ကျော်လွန်ပြီး သတ္တမအလွှာသို့ ရောက်နေခဲ့သည်။ ရိုးရှင်းစွာ ပြောရလျှင် လင်းယွမ်က ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ စွမ်းအားကိုသာ အသုံးပြုနိုင်သော်လည်း ခွန်အားနိယာမကို နားလည်ထားခြင်းကြောင့် သတ္တမအလွှာနှင့်မခြားပဲ သာမန်တိုက်ခိုက်မှုတစ်ခုက ဆဋ္ဌမအလွှာတစ်ယောက်ကို အလွယ်တကူ ချေမှုန်းပစ်နိုင်လေသည်။
ခေါင်းဆောင်ဝေရှင်း၏ အမြင်များဝေဝါးလာပြီး သူ၏ စိတ်ထဲတွင် မကျေနပ်ချက်တစ်ခု ပေါ်လာသည်။ မင်းက သတ္တမအလွှာဆိုရင် ဘာလို့ ဆဋ္ဌမအလွှာယောင်ဆောင်ရတာလဲ။ သူများကို အနိုင်ကျင့်ဖို့အတွက်လား။
ဝုန်း....
ခေါင်းဆောင်ဝေရှင်း၏ ခန္ဓာကိုယ်က လောင်ကျွမ်းသွားပြီး သန့်စင်သော စွမ်းအားများအဖြစ် လင်းယွမ်ဆီသို့ စီးဝင်သွားကြသည်။
" သိုလှောင်လက်စွပ်..." လင်းယွမ်က သူ၏ ညာလက်ကို ဆန့်လိုက်ပြီး ခေါင်းဆောင်ဝေရှင်း၏ သိုလှောင်လက်စွမ်က သူ၏ လက်ထဲသို့ ရောင်လာသည်။ ဟေးယွမ်မျိုးနွယ်ဝင်များကို သတ်ပြီး လင်းယွမ်က သူတို့၏ သိုလှောင်လက်စွပ်များကို ရယူနိုင်လေသည်။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို သန့်စင်သော စွမ်းအားများအဖြစ် လောင်ကျွမ်းသွားပြီးနောက် ထိုက်ယန်စိတ်ဝိညာဉ်အတွက် အာဟာရဖြစ်သွား၏။
" ဟေးယွမ်မျိုးနွယ်ရဲ့ တခြားအဖွဲ့ဝင်တွေ မရှိတော့ဘူးလား။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သကဲ့သို့ သူ၏ အာရုံက မိုင်ထောင်ပေါင်းများစွာ လွှမ်းခြုံထားပြီး အခြားသက်ရှိများ မရှိသည်ကို အတည်ပြုလိုက်နိုင်သည်။
" အားလုံးကို မှတ်တမ်းတင်ထားတယ်မဟုတ်လား။ " လင်းယွမ်က သူ၏ AI လက်ထောက်ကို ပြောလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများကို သတ်ပြီး သက်ဆိုင်ရာဆုလာဒ်များ ရရှိနိုင်လေသည်။ ၎င်းက နတ်ဘုရားသုံးပါး ဖန်တီးထားသော ဆော့ဖ်ဝဲဖြစ်လေသည်။ တိုက်ပွဲများနှင့် သတ်ဖြတ်ခြင်းများကို မှတ်တမ်းတင်ထားပြီး သူတို့က စုရပ်သို့ ပြန်ရောက်လျှင် နတ်ဘုရားသုံးပါးဆီသို့ တင်ပြန်ုင်လေသည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လေဟာနယ်အတက်အကျများစွာ ရှိလေသည်။ ထို့ကြောင့် တစ်ခါတစ်ရံ အချို့နေရာများက နတ်ဘုရားသုံးပါးနှင့် မဆက်သွယ်နိုင်ပေ။ စစ်မြေပြင်မှ ထွက်မှသာ သို့မဟုတ် တပ်ရင်းသို့ ပြန်ရောက်မှာသာ နတ်ဘုရားများနှင့် ဆက်သွယ်နိုင်လေသည်။
" ဒီဟေးယွမ်မျိုးနွယ်ဝင်တွေက ငယ့ကို ဘာလို့စပြီးတိုက်ခဲ့ကြလဲ။ " လင်းယွမ်က မြေပြင်သို့ ဆင်းသက်ပြီး မျက်မှောင်ကြုတ်နေသည်။
ဟေးယွမ်မျိုးနွယ်ဝင်များက လင်းယွမ်ကို တစ်စုံတစ်ခု ခိုင်းလိုသောကြောင့် ချက်ချင်း သတ်ဖြတ်ရန် မကြိုးစားခဲ့ကြပေ။ ၎င်းက ဟေးယွမ်မျိုးနွယ်ဝင်များ မလုပ်နိုင်ဘဲ လင်းယွမ်သာ လုပ်နိုင်သောအရာ ဖြစ်လေသည်။
အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် လင်းလက်သွားပြီး သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာလိုက်သည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က ချိုင့်ဝှမ်းထဲသို့ ရောက်လာသည်။
" လေဟာနယ်ဝင်ပေါက်တစ်ခုလား။ " လင်းယွမ်က ဂရုတစိုက်လေ့လာလိုက်သည်။ " လေဟာနယ်နိယာမ အသုံးပြုပုံကို ကြည့်ရတာ လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ရမယ်။ "
" အော် အဲ့ဒါကြောင့်ကိုး။ " လင်းယွမ်၏ အမူအရာက ရှင်းလင်းသွားသည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ မလာမီ လင်းယွမ်က စစ်မြေပြင်မှ အခွင့်အလမ်းများစွာကို သိခဲ့ရသည်။
အခွင့်အလမ်းတစ်ခုမှာ ယခင် စွမ်းအားရှင်များ ချန်ခဲ့သော ရတနာများ ဖြစ်သည်။ စစ်မြေပြင်တွင် နတ်ဘုရားသုံးပါးနှင့် အချိန်မရွေး မဆက်သွယ်နိုင်ပေ။
အချို့ စွမ်းအားကြီး ဆင့်ကဲပြောင်းလဲသူများက ဒဏ်ရာအပြင်အထန် ရခဲ့ကြပြီး သူတို့မသေမီ ရတနာများကို ချန်ထားခဲ့ကြသည်။
ထို့အပြင် သူတို့၏ အမွေအနှစ်များကို အခြားမျိုးနွယ်များ မရရှိစေရန်နှင့် လူသားမျိုးနွယ်များသာ လက်ခံနိုင်သော လှည့်ကွက်များကို ချန်ထားခဲ့ပြီး အခြားမျိုးနွယ်များကို ပစ်မှတ်ထားခဲ့ကြသည်။