ဘယ်ဆင့်ကဲပြောင်းလဲခြင်းပညာရှင်လဲ....
Vol. 16 Ch. 245
ချီခွန်ပင်မကြယ်၊ ရှစ်စန်းတောင်ထိပ်ရှိ နန်းတော်ထဲတွင် လင်းယွမ်က ထိုင်နေသည်။
လင်းယွမ်က ယန်စိတ်ဝိညာဉ်နှင့် စိတ်အသိမျှဝေထားသောကြောင့် ယန်စိတ်ဝိညာဉ်ဖြစ်ပျက်သမျှကို သိနေသည်။
" မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ကြီးမြတ်သူတွေကလွဲရင် အားလုံးက အသက်ရှင်ဖို့ ရုန်းကန်ရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ အတွေ့အကြုံများက သူ့ကို လေးနက်သွားစေသည်။ C24763 ကဲ့သို့ စစ်မြေပြင်ငယ်တစ်ခုကပင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို အသက်ဆုံးရှုံးစေခဲ့ရသည်။
" ဒါပေမယ့် ဒီနေ့ခေတ် လူသားမျိုးနွယ်က ပိုပြီး စွမ်းအားကောင်းလာပြီ။ "
အိုရင်၏ ခေတ်တွင် လူသားမျိုးနွယ်က မျိုးနွယ်ပေါင်းစုံနှင့် စစ်ပွဲဖြစ်နေပြီး အခြေခံအုတ်မြစ်နှင့် ပံ့ပိုးကူညီမှုများတွင် အနည်းငယ် အားနည်းပုံရလေသည်။
ဥပမာ ထိုခေတ်တွင် ကိုယ်ပွားနည်းစနစ်များ ရှားပါးနေဆဲ ဖြစ်သည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်ပင် ကိုယ်ပွားတစ်ခု မဖန်တီးထားခဲ့ပေ။
ယခု ချီခွန်မျိုးနွယ်တွင် ကိုယ်ပွားနည်းစနစ် ဆယ်ခုကျော် ရှိလေသည်။
" ဘာပဲဖြစ်ဖြစ် ဆက်ကျင့်ကြံရမယ်။ " ခနတွေးပြီးနောက် လင်းယွမ်က လေဟာနယ်ပုံစံများကို ဆက်လက်ဆင်ခြင်လိုက်သည်။
ကျင့်ကြံခြင်းမှလွဲ၍ လင်းယွမ်က VR ကမ္ဘာထဲတွင် အခြားဆင့်ကဲပြောင်းလဲသူများနှင့် ဆွေးနွေးလေသည်။ မတူညီသော ရှုထောင့်များက သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် များစွာ အထောက်အကူပြုလေသည်။
" ဒီလူရဲ့ အသိဉာဏ်က ငါ့ဆရာအောက် မနိမ့်ဘူး။ " လင်းယွမ်က VR ကမ္ဘာမှ ဖန်တီးသူများ၏ကမ္ဘာသို့ ဝင်ပြီး ထိုက်အဲဟုခေါ်သော ဖန်တီးသူနှင့် မကြာခန စကားပြောခဲ့လေသည်။
လင်းယွမ်နှင့် ထိုက်အဲတို့က နိယာမတစ်ခုကို အာရုံစိုက်ပြီး နားလည်ရန် ပိုကောင်းလား သို့မဟုတ် နိယာမများစွာကို အပေါ်ယံနားလည်ထားခြင်းက ပိုကောင်းလား ဟူသော ပို့စ်တစ်ခုတွင် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။
လင်းယွမ်က သူနှင့် မကြာခန စကားပြောလေ့ရှိပြီး ထိုက်အဲက ကျယ်ပြန့်သော အသိအမြင်များရှိသည်ဟု ခံစားမိလေသည်။
လင်းယွမ်က ထိုက်အဲအကြောင်း ရှာဖွေခဲ့သော်လည်း သူနှင့်ပက်သက်သော အချက်အလက်များကို ရှာတွေ့ခြင်းမရှိခဲ့ပေ။
လင်းယွမ်က စဉ်းစားနေစဉ် ဖန်တီးသူထိုက်အဲက မက်ဆေ့ချ်တစ်စောင် ပို့လာသည်။
" လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေမှာ ဘယ်အဆင့်က အရေးကြီးဆုံးလို့ မင်းထင်လဲ။ " စာကို ဖတ်ပြီးနောက် လင်းယွမ်က စဉ်းစားလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာမှ ဆဋ္ဌမအလွှာအထိ လက်ရှိ ပုံဖော်နေသော သတ္တမအလွှာတို့က လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
"သတ္တမအလွှာ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
အခြေခံလေဟာနယ်ပုံစံများကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းဖြင့် လင်းယွမ်က သိုင်းတာအို၏ တိကျသော ဥ်ိးတည်ချက်ကို တဖြည်းဖြည်း ရိပ်မိလာခဲ့သည်။ လင်းယွမ်က သတ္တမအလွှာကဏ္ဍကို ဖန်တီးလိုက်သည်နှင့် သူ၏ ပြောင်းလဲမှုက ယခင်ခြောက်ဆင့်ထက် များစွာကျော်လွန်သွားပေလိမ့်မည်။
" သူ မကြာခင် ပြန်လာသင့်တယ်မဟုတ်လား။ " ထိုက်အဲကို ပြန်ဖြေပြီးနောက် လင်းယွမ်က မျိုးနွယ်ခြားစစ်မြေပြင်ရှိရာသို့ ကြည့်လိုက်သည်။
သူ၏ အစီအစဉ်အရ လင်းယွမ်က ယန်စိတ်ဝိညာဉ်ကို လေဟာနယ်နိယာ နားလည်ရန် မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အစီအစဉ်များက နောက်ပိုင်းတွင် အပြောင်းအလဲများ ရှိနိုင်လေသည်။
လင်းယွမ်က အခြားကိစ္စများနှင့် မျိုးနွယ်ခြားများကို ရှောင်ရန် ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အမွေအနှစ်ကို ရရှိခဲ့လေသည်။
အလယ်အဆင့် စစ်မြေပြင်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အမွေအနှစ်ကို ရရှိရန် အလွန်ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်လေသည်။
လင်းယွမ်က အခွင့်အလမ်းနည်းပါးသောကြောင့် ထိုဖြစ်နိုင်ချေကို တစ်ခါမှမစဉ်းစားခဲ့ပေ။ သို့သော် သူက ထိုအဖြစ်နှင့် ကြုံတွေ့ခဲ့လေသည်။
ထိုအခြေအနေတွင် ယန်စိန်ဝိညာဉ်ကို အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ ရတနာများပိုက်၍ မျိုးန်ခယ်ခြားများ၏ စစ်မြေပြင်တွင် နေစေခြင်းက လင်းယွမ်ကို အိပ်ပျော်စေမည်မဟုတ်ပေ။
ယန်စိတ်ဝိညာဉ်က ပြန်လည်ဖန်တီးနိုင်သောကြောင့် ဆုံးရှုံးသွားလည်း ပြဿနာမရှိပေ။ သို့သော် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ ချပ်ဝတ်၊ စိတ်ဝိညာဉ်ကာကွယ်ရေးလက်နက်၊ စကြာဝဠာသလင်းကျောက်တစ်ထောင်တို့ပါ ဆုံးရှုံးသွားလျှင် လင်းယွမ်က အချိန်အတော်ကြာထိ ပြန်လည်သက်သာလာမည်မဟုတ်ပေ။
ထို့ကြောင့် ယန်စိတ်ဝိညာဉ်ကို ရတနာများ ပြန်လာပို့ပြီးမှ မျိုးနွယ်ခြားစစ်မြေပြင်သို့ ပြန်သွားရန် ညွှန်ကြားခဲ့သည်။
အလွန်ဝေးကွာသော သုတေသနဂြိုလ်ကြီးတစ်ခုပေါ်တွင် မဟာပညာရှင်ထိုက်အဲက ရှုပ်ထွေသော အလင်းမျက်နှာပြင်ကို ကြည့်နေသည်။ မကြာမီ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းသော အရိပ်အယောင်များ ပေါ်လာသည်။
" အဲ့ဒီမေးခွန်းကို ဖြေပြီးပြီလား ကြည့်ရအောင်..." မဟာပညာရှင်ထိုက်အဲက ဖန်တီးသူကမ္ဘာထဲသို့ ဝင်ပြီး လင်းယွမ်နှင့် စကားပြောထားသည်များကို ဖွင့်ကြည့်လိုက်သည်။
" သတ္တမအလွှာလား။ " လင်းယွမ်၏ အဖြေကို မြင်ချိန်တွင် မဟာပညာရှင်ထိုက်အဲက ပြုံးလိုက်သည်။
" ဟားဟား ဒီတစ်ခါ မင်းမှားသွားပြီ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေမှာ အရေးကြီးဆုံး အဆင့်က အဋ္ဌမအလွှာပဲ။ "
" အဋ္ဌမအလွှာကို ချိုးဖျက်ဖို့ ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ဖို့ လိုတယ်။ "
" ခန္ဓာကိုယ်ထဲမှာ ကမ္ဘာတစ်ခု ဖန်တီးခြင်း။ ကမ္ဘာကို အခြေခံအဖြစ် အသုံးပြုပြီး လူတစ်ယောက်က ဆက်လက်တက်လှမ်းရမယ်။ မဟုတ်ရင် အဆင့်ချိုးဖျက်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။ " မဟာပညာရှင်ထိုက်အဲက ဂုဏ်ယူနေသော်လည်း အနည်းငယ် စိတ်ရှုပ်နေသည်။
လမ်းစဉ်များစွာကို လမ်းစဉ်တစ်ခုတည်းက ထိန်းချုပ်သည်ဟူသော အမြင်ရှိသည့် လင်းယွမ်က ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ထားသင့်သည်ဟု သူထင်လေသည်။
ကမ္ဘာဖွင့်လှစ်ခြင်းကို သတိမပြုမိလျှင်တောင် သတ္တမအလွှာနှင့် အဋ္ဌမအလွှာကြားမှ ကြီးမားသော ကွာခြားမှုကို နားလည်သင့်ပေသည်။ သူက သတ္တမအလွှာကို အရေးကြီးဆုံးလို့ ဘာလို့တွေးနေသေးတာလဲ။
" မဟုတ်သေးဘူး။ ဒီလိုအမှားမျိုး ဘယ်လိုလုပ်မှားနိုင်မှာလဲ။ " မဟာပညာရှင်ထိုက်အဲက သူ၏ မေးစေ့ကို ပွတ်နေသည်။
" ဘာလို့သတ္တမအလွှာလဲ။ " အတန်ကြာစဉ်းစားပြီးနောက် မဟာပညာရှင်ထိုက်အဲက လင်းယွမ်ကို မလှောင်သေးဘဲ ဖြေရှင်းချက်ပေးရန် စာပို့လိုက်သည်။
ချီခွန်ပင်မကြယ်တွင် လင်းယွမ်က ကျင့်ကြံရန် ပြင်ဆင်နေသကဲ့သို့ ထိုက်အဲဆီမှ စာတစ်စောင်လက်ခံလိုက်ရသည်။
" ဘာလို့သတ္တမအလွှာလဲ။ " လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံးကို အခြေခံပြီး သတ္တမအလွှာက အရေးကြီးဆုံးဟု ယုံကြည်လေသည်။
သူ၏ အမြင်တွင် သူက သတ္တမအလွှာကို ဖန်တီးလိုက်သည်နှင့် ထိုက်ယင်၊ ထိုက်ယန်၊ ထိုက်ကျိနှင့် လေဟာနယ်နိယာမတို့က အကြီးမားဆုံး အသွင်ပြောင်းလဲသွားပေလိမ့်မည်။ လေဟာနယ်နိယာမ၏ အားဖြည့်မှုကြောင့် ထိုက်ကျိနယ်ပယ်က ထိုက်ကျိကမ္ဘာငယ်ဖြစ်သွားပေလိမ့်မည်။ ၎င်းက လင်းယွမ် သတ္တမအလွှာက အရေးကြီးဆုံးဟု တွေးသည့် အကြောင်းရင်းဖြစ်သည်။
" လမ်းစဉ်တစ်ခုမှာ များပြားတဲ့ လမ်းစဉ်တွေ ပါဝင်ဖို့ များပြားတဲ့ လမ်းစဉ်တွေကို အမိန့်ပေးဖို့ လေဟာနယ်နိယာမကို ပေါင်းစည်းရမယ်။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သီအိုရီအချို့ကို မျှဝေပေးလိုက်သည်။
ထိုသီအိုရီများကို လင်းယွမ်က ယခင်နေ့များတွင် နားလည်ခဲ့ပြီး ၎င်းတို့ကို အပြင်လူများ နားလည်ရန် ခက်ခဲလေသည်။
တစ်ဖက်တွင် မဟာပညာရှင်ထိုက်အဲက စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ သူက လင်းယွမ်၏ အဖြေက မည်သည့်အရာဖြစ်စေ အဋ္ဌမအလွှာက မေးခွန်းထုတ်စရာမလိုဘဲ အရေးကြီးဆုံးဖြစ်ကြောင်းကို ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်ဖြင့် ထောက်ပြမည်ဖြစ်သည်။
မက်ဆေ့ချ်ရောက်လာချိန်တွင် မဟာပညာရှင်ထိုက်အဲက ချက်ချင်း ကြည့်လိုက်သည်။
" ဒါ..." မဟာပညာရှင်ထိုက်အဲက မှင်သက်သွား၏။
သူပြန်လည်ငြင်းခုံရန် ပြင်ဆင်ထားသည်များက ရုတ်တရက် တားဆီးခံလိုက်ရသည်။ လင်းယွမ်ပို့လိုက်သော မက်ဆေ့ချ်က ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်တစ်မျိုး ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
သို့သော် သတ္တမအလွှာမှာ ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်ကို ဘယ်လိုသုံးနိုင်မှာလဲ။
မဟာပညာရှင်ထိုက်အဲက မယုံကြည်နိုင်ဖြစ်သွားပြီး စတင်တွက်ချက်လိုက်သည်။ လင်းယွမ်ပေးပို့သော သီအိုရီများကို အခြေခံ၍ အောင်မြင်နိုင်ခြေကို တွက်ချက်နေသည့် အလင်းမျက်နှာပြင်တစ်ခုက သူ၏ ရှေ့တွင် လှုပ်ရှားနေသည်။
တစ်နာရီကျော်ကြာပြီးနောက် မဟာပညာရှင်ထိုက်အဲက မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
" အဲ့ဒါက တကယ်အောင်မြင်နိုင်တယ်လို့ ထင်ရတယ်။ " သူ၏ စိတ်ကို ပြန်လည်စုစည်းပြီး မဟာပညာရှင် ထိုက်အဲက လေးနက်သော အမူအရာနှင့် လင်းယွမ်ကို စာပြန်ပို့လိုက်သည်။
" မင်းကဘယ်သူလဲ ဘယ်ဆင့်ကဲပြောင်းလဲခြင်းပညာရှင်လဲ။ "
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက အဋ္ဌမအလွှာသို့ တက်လှမ်းရန် ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်က အရေးပါသည်ကို တွေ့ရပေလိမ့်မည်။ ၎င်းက အဋ္ဌမအလွှာကို ချိုးဖျက်ရန် လိုအပ်ချက်များထဲမှ တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ကမ္ဘာတစ်ခု ဖန်တီးရပေလိမ့်မည်။
ထိုကမ္ဘာက နေရာလွတ်တစ်ခုမဟုတ်ဘဲ အသက်များ ရှင်သန်နိုင်ပြီး အမွေအနှစ်များ လက်ဆင့်ကမ်းနိုင်သော ကမ္ဘာအစစ်ဖြစ်သည်။
လူသားများ၏ ခန္ဓာကိုယ်က စကြာဝဠာထဲရှိ ဂြိုလ်အရွယ်အစားရှိသော အထူးသက်ရှိများနှင့် ယှဉ်လျှင် အားနည်းလှသည်။ ဥပမာ ကြယ်ပင်လယ်ခွန်များက အရွယ်ရောက်ပြီးချိန်တွင် ဆဋ္ဌမအလွှာသို့ ရောက်နေပြီး ဂြိုလ်များကို ၎င်းတို့၏ အစားအစာအဖြစ် ဝါးမျိုကြသည်။
၎င်းက ရုပ်ခန္ဓာ၊ သွေးမျိုးဆက်၊ မျိုးနွယ် စသည့် ကြီးမားသော ကွာဟချက်များကြောင့် ဖြစ်သည်။ တူညီသောအဆင့်တွင် အထူးသက်ရှိများက ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။
သို့သော် အဋ္ဌမအလွှာသို့ ရောက်သည်နှင့် လူသားများနှင့် အထူးသက်ရှိများကြားမှ ကွာဟမှုက ကျဉ်းမြောင်းသွားပြီး အားသာလုနီးပါပင် ဖြစ်သွားသည်။