ယန်စိတ်ဝိညာဉ် ပြန်ရောက်လာခြင်း....
Vol. 16 Ch. 246
အကြောင်းရင်းမှာ ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်ဖြင့် ဖန်တီးထားသော အတွင်းကမ္ဘာကြောင့်ဖြစ်သည်။
ထိုကမ္ဘာက မကြီးမားလျှင်တေင် ပြည့်စုံသော ကမ္ဘာတစ်ခု၏ စွမ်းအားက ဆင့်ကဲပြောင်းလဲသူများကို အံ့ဩစရာကောင်းသော အဆင့်သို့ ရောက်သွားစေသည်။
အတွင်းကမ္ဘာကို ဖန်တီးရန် အနည်းဆုံး သတ္တမအလွှာ ရှိရန်လိုအပ်ပြီး အဋ္ဌမအလွှာကို ရောက်မှ အပြည့်အဝ ဖြစ်ပေါ်လေသည်။
သို့သော် လင်းယွမ်ပို့သော အချက်အလက်များအရ မဟာပညာရှင်ထိုက်အဲက သတ္တမအလွှာနှင့် ကမ္ဘာဖွင့်လှစ်နိုင်ချေကို မြင်ရလေသည်။
မဟာပညာရှင်ထိုက်အဲ၏ ရှုထောင့်မှကြည့်လျှင် လင်းယွမ်၏ သီအိုရီက ကန့်သတ်ချက်များ အခြေအနေများနှင့် ရှိနေသည်မှာ ထင်ရှားလေသည်။
ဥပမာ ဆဋ္ဌမအလွှာတွင် လေဟာနယ်ပုံစံအားလုံးကို နားလည်ရန် လိုအပ်ပြီး ထိန်းချုပ်ထားသော တာအိုကလည်း ပြီးပြည့်စုံရန် လိုအပ်လေသည်။
ထိုနည်းလမ်းက သီးသန့်ဖြစ်ပြီး သာမန်ဆင့်ကဲပြောင်းလဲသူများ အောင်မြင်နိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်များသာ ၎င်းကို ကြိုးစားရန် မျှော်လင့်နိုင်ပေလိမ့်မည်။
သို့ဖြစ်စေ လင်းယွမ်၏ သီအိုရီများက အဋ္ဌမအလွှာမတိုင်မီ အတွင်းကမ္ဘာတစ်ခု ဖန်တီးရန်နှင့် ပက်သက်၍ အတိတ်မှ သေခ့ကဲပြောင်းလဲခြင်းပညာရှင်များ၏ စိတ်ကူးများနှင့် နှိုင်းယှဉ်ကာ ဖြစ်နိုင်ချေရှိလေသည်။
အဋ္ဌမအလွှာသို့ မရောက်မီ အတွင်းကမ္ဘာတစ်ခု ဖန်တီးရန် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက အမှန်တကယ် လေ့လာခဲ့ကြသည်။ လေ့လာချက်များအရ အခြေအနေများစွာရှိပြီး စကြာဝဠာရတနာများ၏ အကူညီကို လိုအပ်လေသည်။
ဥပမာ နည်းလမ်းတစ်ခုမှာ သတ္တမအလွှာတွင် ကမ္ဘာသစ်သီးကို စားသုံးပြီး အထူးနည်းစနစ်များဖြင့် ၎င်းကို သန့်စင်ခြင်းဖြစ်သည်။
သို့သော် ကမ္ဘာသစ်သီးက မည်မျှတန်ဖိုးကြီးသလဲ။ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် အတွင်းကမ္ဘာကို ဖန်တီးနိုင်ဖို့အတွက် အသုံးပြုမှာလား။
" ဘယ်ဆင့်ကဲပြောင်းလဲခြင်းပညာရှင်လဲ။ " လင်းယွမ်က ဖန်တီးသူထိုက်အဲ ပို့လိုက်သောစာကို ဖတ်ပြီး ဘာပြောရမှန်းမသိဖြစ်သွား၏။
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက လူသားမျိုးနွယ်၏ ရတနာများ ဖြစ်ကြသည်။ သို့သော် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ဖြစ်လာရန် ခွန်အားက ဒုတိယဖြစ်ပြီး အဓိကမှာ တည်ငြိမ်ပြီး ပြည့်စုံသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးနိုင်ရန် လိုအပ်လေသည်။
နှစ်ပေါင်းသန်းချီအတွင်း ချီခွန်ကြယ်နယ်မြေတွင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင် သုံးယောက်သာ ထွက်ပေါ်ခဲ့ပြီး သူတို့က လူသာမျိုးနွယ်၏ ပင်မကြယ်နယ်မြေသို့ ထွက်ခွာသွားကြပြီဖြစ်သည်။
" ငါပြောခဲ့တဲ့ သီအိုရီတွေကြောင့်လား။ " လင်းယွမ်က ထိုက်ကျိနှင့် လေဟာနယ်နိယာမကို အသုံးပြုပြီး ကမ္ဘာငယ်တစ်ခုဖန်တီးမည့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာ အကြောင်းကို ပြောပြခဲ့သည်။
သို့သော် ထိုအတွေးက လင်းယွမ်အတွက်သာ သင့်လျော်လေသည်။ ယခုအချိန်ထိ လင်းယွမ်သာ အောင်မြင်ပေလိမ့်မိည်။ ဆဋ္ဌမအလွှာတွင် လေဟာနယ်ပုံစံအားလုံးကို နားလည်ရမည်ဟူသော အချက်ဖြင့် ဆင့်ကဲပြောင်းလဲသူအားလုံးနီးပါးကို ပိတ်ဆို့ရန် လုံလောက်လေသည်။
မှန်၏ သိုင်းတာအိုကျင့်ကြံသူများအတွက်တော့ အများကြီးရှိလေသည်။ လေဟာနယ်နိယာမကို နားလည်ရန်က တစ်ခုသာ ဖြစ်၏။ အခြားသူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်သောအခါ သူတို့နားလည်ထားသော နိယာမကို အာရုံစိုက်နိုင်လေသည်။
သို့သော် လေဟာနယ်နိယာမမရှိဘဲ သူတို့က သတ္တမအလွှာတွင် ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပေ။
ထို့အပြင် လင်းယွမ်ကလည်း လေဟာနယ်နိယာမပုံစံများကို နားလည်ခြင်းဖြင့် သတ္တမအလွှာကဏ္ဍတွင် အတွင်းကမ္ဘာတစ်ခု ဖန်တီးနိုင်ကြောင်းကို ထည့်သွင်းထားမည်မဟုတ်ပေ။
" ငါက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်မဟုတ်ဘူး။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကို စတင်ရန်မပြောနှင့် သတ္တမအလွှာကဏ္ဍကိုပင် မဖန်တီးရသေးပေ။
" ဆင့်ကဲပြောင်းလဲခြင်းပညာရှင် မဟုတ်ဘူးလား။ " မဟာပညာရှင်ထိုက်အဲက မျက်မှောင်ကြုတ်သွား၏။ လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်မဟုတ်သည်ကို ယခင်စကားများအရ သူနားလည်လေသည်။
သို့သော် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်မဟုတ်ဘဲ သတ္တမအလွှာတွင် ကမ္ဘာဖွင့်လှစ်ရန် စိတ်ကူးကို ဘယ်လိုစဉ်းစားနိုင်မှာလဲ။
မဟာပညာရှင်ထိုက်အဲက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များအောက်ရှိ ဖန်တီးသူများကို နှိမ့်ချခြင်းမဟုတ်ပေ။ သို့သော် ထိုအဆင့်သို့ မရောက်ဘဲ ထိုအယူအဆများကို တွက်ချက်ရန် စိတ်ဝိညာဉ်၏ စွမ်းအားနှင့် တွက်ချက်နိုင်စွမ်း ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
" ဒီလိုပါရမီရှင်မျိုးက ကမ္ဘာကြီးမှာ တကယ်ရှိနိုင်တာလား။ " မဟာပညာရှင်ထိုက်အဲက အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲသို့ ဝင်ရောင်လာပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူများထဲမှ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
လူသားမျိုးနွယ်၏ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ မျက်နှာသာပေးခြင်း၊ နတ်ဘုရားသုံးပါး၏ နှစ်သက်ခြင်းကို ခံရပြီး မဟာပညာရှင်ထိုက်အဲက အလွန်ယုံကြည်မှုရှိခဲ့လေသည်။ ယခု လင်းယွမ်နှင့်တွေ့ချိန်တွင် သူက အသက်ကြီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ချီခွန်ပင်မကြယ်။
လင်းယွမ်က စဉ်းစားနေသည်။ " အဲ့ဒီ ဖန်တီးသူထိုက်အဲက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်လား။ "
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်အရေအတွက်က အဋ္ဌမအလွှာများထက်ပင် နည်းလေသည်။
VRညကမ္ဘာအတွင်း ဖန်တီးသူများ၏ ကမ္ဘာထဲရှိ လူအားလုံးက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူများဖြစ်ကြသည်။ သို့သော် သူတို့ထဲတွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူ ဘယ်နှစ်ယောက်များပါနိုင်မှာလဲ။
" လေဟာနယ်နိယာမ..." လင်းယွမ်က လေဟာနယ်နိယာမများကို ဆက်လက်လေ့လာလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိ လေဟာနယ်အတက်အကျများက လင်းယွမ်အတွက် လေဟာနယ်ကို နားလည်ရန် ခက်ခဲမှုကို လျှော့ချပေးနိုင်လေသည်။
" ဟမ် ယန်စိတ်ဝိညာဉ်က ချီခွန်ကြယ်နယ်မြေထဲ ဝင်လာပြီလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။
ယင်စိတ်ဝိညာဉ်ဖြစ်စေ ယန်စိတ်ဝိညာဉ်ဖြစ်စေ နှစ်ခုလုံးက လင်းယွမ်၏ အစိတ်အပိုင်းများ ဖြစ်ပြီး သူတို့က အလွန်ဝေးကွာလျှင်တောင် သူတို့၏ တည်နေရာကို ခံစားနိုင်လေသည်။
" ယင်စိတ်ဝိညာဉ်ကလည်း မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ကို ဝင်သွားလောက်ပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
လေဟာနယ်နိယာမများ လေ့လာခြင်းကို မနှောင့်နှေးစေရန် ယန်စိတ်ဝိညာဉ်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ အမွေအနှစ်များကို ပြန်ယူလာချိန်တွင် လင်းယွမ်က ယင်စိတ်ဝိညာဉ်ကို စစ်မြေပြင်သို့ ထပ်လွှတ်ခဲ့သည်။ သူတို့က စိတ်အသိအတူတူသာ ဖြစ်သောကြောင့် လေဟာနယ်နိယာမကို မည်သူလေ့လာသည်ဖြစ်စေ အတူတူသာ ဖြစ်သည်။
ကျင့်ကြံပြီးနောက် လင်းယွမ်က ကန်လန်ကြယ်၏ VRကမ္ဘာသို့ ဝင်လိုက်သည်။
" ရှောင်ယွမ် " သူ၏ မိခင် လုချုံးက လင်းယွမ်ကို တွေ့သောအခါ ပြုံး၍ နှုတ်ဆက်လိုက်သည်။
" ဟုတ်ကဲ့ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူ၏ အဖေ လုချောင်ချန်ကလည်း ဘေးတွင် ရှိနေသည်။
" အဖေတို့ ပင်မကြယ်ကို လာဖို့ တကယ် အစီအစဉ်မရှိဘူးလား။ " လင်းယွမ်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
လင်းယွမ်က ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်ဖြစ်ကြောင်း ကြေညာပြီးနောက် သူက သူ၏ မိဘများကို ချီခွန်ပင်မကြယ်သို့ ပြောင်းရွေ့လာရန် ပြောခဲ့လေသည်။ အဆုံးတွင် ချီခွန်ပင်မကြယ်က ကန်လန်ကြယ်ထက် များစွာ ကောင်းမွန်လေသည်။
တစ်ခုက သာမန်အလယ်အဆင့် အသက်ဂြိုလ်၊ နောက်တစ်ခုက ကြယ်နယ်မြေတစ်ခုလုံး၏ အချမ်းသာဆုံးနှင့် အတိုးတက်ဆုံး ပင်မကြယ် နှစ်ခုက နှိုင်းယှဉ်စရာပင် မလိုပေ။
ထို့အပြင် သူ၏ မိဘများက ချီခွန်ပင်မကြယ်သို့ ပြောင်းရွေ့လာလျှင် ကန်လန်ကြယ်ကထက်ပင် အဆင့်အတန်းမြင့်သွားကြပေလိမ့်မည်။ ရှစ်စန်းတောင်ထိပ်သခင်၏ မိဘများအနေဖြင့် လင်းချောင်ချန်နှင့် လုချုံးတို့က ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူများပင် လေးစားကပေလိမ့်မည်။
" ရှောင်ယွမ် ထားလိုက်တော့။ " လင်းချောင်ချန်က ပြောလိုက်သည်။ " အဖေတို့က ငယ်ငယ်ကတည်းက ကန်လန်ကြယ်မှာ နေလာခဲ့တာ။ ကန်လန်ကြယ်က နိမ့်ကျရင်တောင် အဖေတို့ မွေးရပ်မြေပဲ။ အခု အလယ်ပိုင်းကုန်းမြေရဲ့ အကြီးဆုံးအိမ်ကြီးမှာနေရတာနဲ့တင် အဖေတို့ ကျေနပ်ပါပြီ။ "
" ဟုတ်တယ် ရှောင်ယွမ်။ သာကိစ္စကိုပဲ အာရုံစိုက်ပါ။ အမေတို့ကို နောက်ဆံတင်းမနေနဲ့။ "
ထိုစကားကိုကြားသောအခါ လင်းယွမ်က ခေတ္တ တိတ်ဆိတ်သွားပြီး မတိုက်တွန်းတော့ပေ။ သူ၏ မိဘများက အေးအေးဆေးဆေး နေချင်ကြသူများ ဖြစ်ကြသည်။
" ကောင်းပြီလေ။ အမေတို့ ပြဿနာတစ်ခုခုရှိရင် ဟိုမင်ကို ပြောလိုက်ပါ။ " လင်းယွမ်က ပြောလိုက်သည်။
ဟိုမင်က လင်းယွမ်၏ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သည်။
လင်းယွမ်က ချီခွန်ပင်မကြယ်ကို သွားချိန်တွင် သူက ဟိုမင်ကို ချန်ထားခဲ့သည်။ ထို့အပြင် လီမင်အဖွဲ့အစည်း ဥက္ကဋ္ဌ၏ အစောင့်တပ်ဖွဲကလည်း သူ၏ မိဘများကို ကာကွယ်ပေးနေကြသည်။ သူ၏ မိဘများအတွက် ကာကွယ်မှုက အလွန်လုံလောက်နေပြီဖြစ်ပြီး ကန်လန်ကြယ်အုပ်ချုပ်သူကိုပင် ဖိနှိပ်နိုင်လေသည်။
" ရှောင်ယွမ် အရမ်းစိတ်ပူမနေနဲ့။ အမေတို့ VR ကမ္ဘာမှာ ရှိတာပဲ။ သားကို တွေ့ချင်ရင် အချိန်မရွေးတွေ့လို့ရတယ်လေ။ " လုချုံးက ပြောလိုက်သည်။
" အမှန်ပဲ။ " လင်းချောင်ချန်ကလည်း ခေါင်းငြိမ့်လိုက်သည်။
သူ၏ မိဘများနှင့် စကားခနပြောပြီးနောက် လင်းယွမ်က VR ကမ္ဘာမှ ပြန်ထွက်လာသည်။
" ပြန်ရောက်လာပြီ။ " လင်းယွမ်က နန်းတော်ထဲမှ ထွက်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင်အာကာသယာဉ်တစ်စင်းက ဖြည်းညင်းစွာ ဆင်းသက်လားည်။
ဝှစ်...
ထိုက်ယန်စွမ်းအားများထွက်ပေါ်လာပြီး လင်းယွမ်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည််။
ယန်စိတ်ဝိညာဉ်ကို မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ လွှတ်ခြင်းက လေဟာနယ်နိယာမများကို မလေ့လာလိုက်ရသော်လည်း ကြီးမားသော အကျိုးအမြတ်များ ရရှိခဲ့လေသည်။
လင်းယွမ်က နန်းတော်ထဲသို့ ပြန်သွားပြီး သူ၏ ရှေ့တွင် ငွေရောင်လက်ကောက်တစ်ခု ပေါ်လာသည်။
ထိုငွေရောင်လက်ကောက်၏ ပုံစံက ရှေးခေတ်ပုံစံဖြစ်ပြီး လက်ရှိ လူသာမျိုးနွယ်၏ စကြာဝဠာ ရတနာများ ပြုလုပ်ပုံနှင့်ကွဲပြားလေသည်။