← Chapters

လေဟာနယ်နိယာမကို လေ့လာခြင်း....

Vol. 16 Ch. 247

လေဟာနယ်နိယာမကို လေ့လာခြင်း....

Vol. 16 Ch. 247

" ငါက ရှစ်စန်းတောင်ထိပ်သခင်ဖြစ်နေပေမယ့် ရတနာတွေ သိပ်မရှိဘူး။ အခုတော့ အဆင်ပြေသွားပြီ။ " လင်းယွမ်က ကျေနပ်သွား၏။

ချီခွန့ကြယ်သခင်၏ တပည့်တစ်ယောက်အနေဖြင့် သူက အသက်ကယ်ပစ္စည်းများရှိသော်လည်း ရတနာများ သိပ်မရှိပေ။

ယခင် ဟေးယုမိုက ထိုတောင်ထိပ်သခင်တွင် ရတနာများ ချို့တဲ့သည်ဟု ယုံကြည်ပြီး တန်ဖိုးကြီး ရတနာတစ်ခုနှင့် ဆွဲဆောင်ခဲ့သည်။ ၎င်းက သာမန်သာဖြစ်သည်။

ဆင့်ကဲဲပြောင်းလဲသူများက ချမ်းသာကြွယ်ဝလာရန် နှစ်ပေါင်းများစွာ စုဆောင်းရလေသည်။ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သည်မှာ မကြာသေးသောကြောင့် ဝင်ငွေများစွာလည်း မရှိပေ။

" ဒီသိုလှောင်လက်ကောက်က တကယ်ရှားပါးရတနာပဲ။ " လင်းယွမ်က ငွေရောင်လက်ကောက်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

လေဟာနယ် သိုလှောင်ပ္စည်းတွေကြားမှာ အဆင့်အမျိုးမျိုး ရှိ၏။ အချို့က အတွင်းပိုင်းနေရာက ကျဉ်းမြောင်းပြီး သက်ရှိများလည်း မနေနိုင်ပေ။ အချို့ သိုလှောင်ရတနာများက ကျယ်ဝန်းပြီး လေဟာနယ်ကလည်း တည်ငြိမ်လေသည်။

" အဋ္ဌမအလွှာ ချပ်ဝတ်..." လင်းယွမ်က ငွေရောင်လက်ကောက်ကို လျင်မြန်စွာ သန့်စင်လိုက်ပြီး စိမ်းပြာရောင်ချပ်ဝတ်တစ်ခုကို ထုတ်လိုက်သည်။

ထိုချပ်ဝတ်က တစ်မီတာ အရွယ်အစားရှိပြီး ဆန်းကျယ်သော ပုံစံများ ရေးထွင်းထားသည်။ လင်းယွမ်က ၎င်းကို ထုတ်လိုက်သည်နှင့် လေထဲတွင် ပေါ်လာပြီး နက်နဲသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

" အဋ္ဌမအလွှာ ကာကွယ်ရေးလက်နက်။ ဒါက တကယ် အသက်ကယ်ပစ္စည်းပဲ။ "

လင်းယွမ်က ပြုံးလိုက်သည်။ ထိုအဋ္ဌမအလွှာ ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင် သူက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်ပေလိမ့်မည်။

" ဒီချပ်ဝတ်က ကိုယ်တိုင်လည်း သုံးရသလို ပြန်ရောင်းလည်းရတယ်။ "

အဋ္ဌမအလွှာ ချပ်ဝတ်ကို အဋ္ဌမအလွှာများသာ ဝတ်ဆင်ရမည်ဟု ကန့်သတ်မထားပေ။ သတ္တမအလွှာနှင့် ဆဋ္ဌမအလွှာတို့လည်း ဝတ်ဆင်နိုင်သော်လည်း အဋ္ဌမအလွှာချပ်ဝတ်၏ ကာကွယ်ရေးစွမ်းအားများကို အသုံးပြုနိုင်ခြင်းမရှိပေ။

" သတ္တမအလွှာနဲ့ ဆဋ္ဌမအလွှာ ရတနာတွေ..."

လင်းယွမ်က ငွေရောင်လက်ကောက်ထဲမှ ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ရတနာများကို ထုတ်လိုက်သည်။ ထိုလက်နက်များက အိုရင်တွေ့ရှိခဲ့သော အရာများ ဖြစ်ပေလိမ့်မည်။

" ပြီးတော့ စကြာဝဠာသလင်းကျောက် တစ်ထောင်..." လင်းယွမ်က သန့်စင်သော စကြာဝဠာစွမ်းအားများ စီးဆင်းနေသည့် လက်သီးအရွယ် သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။

" စကြာဝဠာသလင်းကျောက်တစ်ခုကို စကြာဝဠာငွေ သန်းတစ်ရာ၊ ယဉ်ကျေးမှုငွေ တစ် ထရီလီယံနဲ့ ညီမျှတယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။

ယဉ်ကျေးမှုငွေက ကုန်သွယ်မှုများ ပြုလုပ်ရာတွင် အသုံးပြုကြပြီး သတ္တမအလွှာနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက အရောင်းအဝယ်ပြုလုပ်ရန် စကြာဝဠာငွေများကို အသုံးပြုကြသည်။

စကြာဝဠာသလင်းကျောက်များက ခွန်အားပြန်လည်ဖြည့်ရာတွင်လည်း အထောက်အကူဖြစ်သောကြောင့် မျိုးနွယ်ပေါင်းစုံ လက်ခံထားသော ကုန်သွယ်မှုငွေကြေးဖြစ်လာခဲ့သည်။

" အနီရောင်စိတ်ဝိညာဉ်အရည်ထဲက စွမ်းအားထက် ပိုသန့်စင်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်ပြီး ငွေရောင်လက်ကောက်ထဲမှ နောက်ဆုံးရတနာကို ကြည့်လိုက်သည်။

ထိုရတနာက အားလုံးထက် ပိုတန်ဖိုးရှိလေသည်။ အဋ္ဌမအလွှာ ချပ်ဝတ်၊ သတ္တမအလွှာနှင့် ဆဋ္ဌမအလွှာ ရတနာများ၊ စကြာဝဠာသလင်းကျောက်များ အားလုံးပေါင်းလျှင်တောင် ထိုရတနာကို မယှဉ်နိုင်ပေ။

" အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ..."

ရတနာအားလုံးထဲတွင် စိတ်ဝိညာဉ်ကာကွယ်ရေးရတနာက တန်ဖိုးအရှိဆုံး ဖြစ်သည်။

စိတ်ဝိညာဉ်က အသက်၏ စိတ်အသိနှင့် အစစ်အမှန်ဝိညာဉ်တို့ပါဝင်လေသည်။ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများအတွက် ရုပ်ခန္ဓာပျက်ဆီးခြင်းက အစစ်အမှန် သေဆုံးခြင်းမဟုတ်ပေ။ သို့သော် စိတ်ဝိညာဉ်ထိခိုက်သွားသည်နှင့် စိတ်အသိနှင့် အစစ်အမှန် ဝိညာဉ်တို့ကို ထိလိုက်လေသည်။

အိုရင်ချန်ခဲ့သော ရတနာများထဲတွင် သံသယဝင်စရာမလိုဘဲ ၎င်းက တန်ဖိုးအရှိဆုံး ဖြစ်လေသည်။

" ဒါက ရေစက်လေးလိုပဲ။ " လင်းယွမ်က စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ထုတ်လိုက်သည်။

၎င်းက လက်မအရွယ် အပြာရောင်ရေစက်တစ်ခုနှင့်တူပြီး သေချာကြည့်လျှင် မျက်နှာပေါ်မှ အက်ကြောင်းများကို မြင်တွေ့ရပေလိမ့်မည်။

" အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်က ရုပ်ခန္ဓာကို ကာကွယ်ဖို့ ချပ်ဝတ်ရှိတဲ့အပြင် စိတ်ဝိညာဉ်ကို ကာကွယ်ဖို့ ဒါရှိပေမယ့် ဟေးယွမ်ချင်းယုရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုအောက်မှာ သေဆုံးခဲ့ရတယ်။ ဒီစိတ်ဝိညာဉ်အကာအကွယ်က ပျက်ဆီးလုနီးပါး ဖြစ်နေပြီ။ " လင်းယွမ်က တွေးလိုက်သည်။

စိတ်ဝိညာဉ်ကာကွယ်ရေးရတနာများက စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်သော်လည်း ထိခိုက်မှုမရှိဟု မဆိုလိုပေ။ အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာများပင် ၎င်းတို့၏ ကန့်သတ်ချက် ရှိလေသည်။

အကယ်၍ တိုက်ခိုက်မှုတစ်ခုက ထိုကန့်သတ်ချက်များထက် ကျော်လွန်သွားလျှင် စိတ်ဝိညာဉ်ရတနာကို ထိုးဖောက်ပြီး စိတ်ဝိညာဉ်ကို ထိခိုက်ပေလိမ့်မည်။

" ဟေးယွမ်ချင်းယုမှာ အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ထိုးဖောက်နိုင်တဲ့ စွမ်းအားရှိတာလား။ "

အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာဟု ခေါ်ဆိုခြင်းမှာ အဋ္ဌမအလွှာရှိသော စိတ်ဝိညာဉ်တိုက်ခိုက်မှုအများစုကို ခုခံနိုင်သောကြောင့် ဖြစ်သည်။

" မျိုးနွယ်ခြားတွေ..." လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ၏ စစ်ပွဲတွင် လူသားမျိုးနွယ်က အသာစီးရနေသော်လည်း သန်မာသော လူများစွာ သေနေကြဆဲ ဖြစ်သည်။

" ဒါက ထိခိုက်နေပြီ။ " လင်းယွမ်က အပြာရောင်အစက်လေးက်ု ထိလိုက်သည်။ ယ

၎င်းက ထိခိုက်ထားလျှင်တောင် အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာဖြစ်နေဆဲဖြစ်သည်။ လင်းယွမ်သာ ဆန္ဒရှိလျှင် ၎င်းကို အဋ္ဌမအလွှာ ချပ်ဝတ် လေးငါးခုနှင့် လဲလှယ်နိုင်လေသည်။

" ဒါကို ပြင်လို့ရနိုင်မလား ဆရာကို မေးကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က ပြန်လည်ပြုပြင်ချင်သော်လည်း ချီခွန်ကြယ်သခင်တွင် နည်းလမ်းရှိမှသာ ၎င်းကို ပြန်လည်ပြုပြင်နိုင်ပေလိမ့်မည်။

အိုရင်၏ အမွေအနှစ်နှင့် ပက်သက်၍ ပေါက်ကြားသွားလျှင်တောင် ကိစ္စမရှိပေ။ အိုရင်က လွန်ခဲ့သော နှစ်တစ်သန်းနီးပါးမှ သေဆုံးသွားခဲ့ပြီဖြစ်ပြီး သီးခြားဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လေသည်။ ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် မည်သူမှ ရန်ရှာရဲမည်မဟုတ်ပေ။

" အထူးသက်ရှိသွေးအဆီအနှစ်..." လင်းယွမ်က ခရမ်းရောင်အရည်များနှင့် ပြွန်တစ်ခုကို ယူလိုက်သည်။

ထိုကဲ့သို့ သွေးအဆီအနှစ်မျိုးက ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် များစွာ အကျိုးရှိမည်မဟုတ်ပေ။ ၎င်းက မျိုးနွယ်တစ်ခု၏ သွေးမျိုးဆက်ထဲသို့ ထည့်သွင်းခြင်းက အကောင်းဆုံးဖြစ်လေသည်။ ၎င်းက သန်မာသော ဆင့်ကဲပြောင်းလဲသူမျိုးနွယ်ဖြစ်လာပေလိမ့်မည်။

ထိုအထူးသက်ရှိသွေးအဆီအနှစ်က ပို၍ သန့်စင်ပြီး သားစဉ်မြေးဆက် နိုးထလာနိုင်သော သွေးမျိုးဆက် ဖြစ်လာနိုင်ချေ ပိုမိုမြင့်မားလေသည်။

" ငါလည်း အနာဂတ်မှာ ဒီလိုသွေးအဆီအနှစ်နဲ့ အားကောင်းတဲ့ မိသားစုတစ်ခု ဖန်တီးလို့ရတယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

လင်းယွမ်က အိုရင်၏ အမွေအနှစ်အပြင် ဟေးယွမ်မျိုးနွယ်များဆီမှ ရတနာအနည်းငယ် ရရှိခဲ့သည်။ သို့သော် သူတို့၏ ရတနာများက အိုရင်နှင့်တော့ မယှဉ်နိုင်ပေ။ ထို့အပြင် ဟေးယွမ်မျိုးနွယ်ဝင်များက စစ်မြေပြင်သို့ ဝင်သည်နှင့် သူတို့၏ တန်ဖိုးကြီးရတနာများကို မျိုးနွယ်စုတွင် ထားခဲ့ကြလေသည်။

" တိုက်ပွဲဗီဒီယိုကို တင်မယ်။ " လင်းယွမ်က ဟေးယွမ်မျိုးနွယ်ဝင်များကို သတ်ဖြတ်သည့် မှတ်တမ်းအား လွတ်လပ်ခြင်းနတ်ဘုရားကို တင်ပြလိုက်သည်။

၎င်းက လွတ်လပ်ခြင်းနတ်ဘုရားဆီမှ ကောင်းမှုအမှတ်များ ရရှိရန် အရေးကြီးသော အထောက်အထားဖြစ်လေသည်။

" ဗီဒီယိုက စစ်မှန်ကြောင်း အတည်ပြုပြီးပါပြီ။ ကောင်းမှုအမှတ် ငါးထောင်ရရှိပါတယ်။ " လွတ်လပ်ခြင်းနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။

" ကောင်းမှုအမှတ် ငါးထောင်..." လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

ကောင်းမှုအမှတ် ငါးထောင်က များသည်ဟု ထင်ရသော်လည်း နိုင်ငံသားအဆင့်တစ်မှ သုံးအထိ မြှင့်တင်ရန်ပင် မလုံလောက်ပေ။ အဆင့်တစ်မှ နှစ်ကို ကောင်းမှုအမှတ် တစ်ထောင်၊ နှစ်မှသုံးသို့ ငါးထောင်လိုအပ်လေသည်။ သို့သော် ထိုကောင်းမှုအမှတ် ငါးထောင်က ဆဋ္ဌမအလွှာ မျိုးနွယ်ခြားငါးယောက်ကို သတ်ရန် လိုအပ်လေသည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးဖို့ အာရုံစိုက်တာမှ ပိုကောင်းဦးမယ်။ " လင်းယွမ်က ဟေးယွမ်မျိုးနွယ်ဝင်ငါးယောက်ကို သာမန်အတိုင်း သတ်လိုက်သော်လည်း ပြဿနာများ ဖြစ်လာနိုင်လေသည်။ သူက ထိုနည်းလမ်းဖြင့်သာ ကောင်းမှုအမှတ်များ ရှာဖွေလျှင် မကြာမီ ပြဿနာတောထဲသို့ ခုန်ဆင်းရပေလိမ့်မည်။

စစ်မြေပြင် C24763။

လင်းယွမ်၏ ယင်စိတ်ဝိညာဉ်က အာကာသယာဉ်ကိုစီးပြီး ဦးတည်ချက်တစ်ခုသို့ ပျံသန်းနေသည်။

" ဟမ် အံ့ဩစရာကောင်းတဲ့ လေဟာနယ်အတက်အကျတွေပဲ..." လင်းယွမ်က အသက်ပြင်းပြင်းရှူပြီး ပတ်ဝန်းကျင်မှ လေဟာနယ်အတက်အကျများကို အာရုံစိုက်လိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေဟာနယ်အတက်အကျများကို အာရုံခံပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေဟာနယ်အတက်အကျများကို အာရုံခံပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

ယင်စိတ်ဝိညာဉ်က လင်းယွမ်နှင့် စိတ်အသိမျှဝေထားသောကြောင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ပြီး စစ်မြေပြင်သို့ ဝင်လိုက်သည်နှင့် လေဟာနယ်အတက်အကျများကို ချက်ချင်း ခံစားခဲ့ရသည်။

" အခုထိတော့ မျိုးနွယ်ခြားတွေနဲ့ မတွေ့သေးဘူး။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

၎င်းက အထူးအခြေအနေများမှ လွဲ၍ သာမန်သာဖြစ်၏။ လူတိုင်းက မျိုးနွယ်ခြားများနှင့် မကြုံတွေ့နိုင်ပေ။ မျိုးနွယ်ခြားများကို ရှာဖွေလိုလျှင် စစ်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သော စစ်မြေပြင်ဗဟိုသို့ သွားရပေလိမ့်မည်။

All Chapters