← Chapters

ငါ့ရဲ့ လမ်းစဉ်က ပြည့်စုံသွားပြီ....

Vol. 16 Ch. 249

ငါ့ရဲ့ လမ်းစဉ်က ပြည့်စုံသွားပြီ....

Vol. 16 Ch. 249

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းသည့်အရှိန်က တစ်ခါမှမပြောင်းလဲခဲ့ဖူးပေ။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်ခုအတွက် ရက်ပေါင်း ၃၃၃ရက်ကြာမြင့်လေသည်။ လင်းယွမ်၏ ခွန်အား တိုးလာသော်လည်း စုစည်းမှုအရှိန်က တိုးမလာခဲ့ပေ။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်ခုကို ၃၁၀ရက်ပဲ ကြာတော့တာလား။ " လင်းယွမ်က လေဟာနယ်အက်ကွဲကြောင်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။

" အဲ့လိုကြောင့်ကိုး။ " လင်းယွမ်က အတွေးနက်သွားသည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ဘာလဲ။ ယခင် လင်းယွမ်က ၎င်းကို သူတစ်ခါမှမကြားဖူးသော စွမ်းအားတစ်ခုဟု ထင်ခဲ့လေသည်။ ယခု ၎င်းက ကမ္ဘာ၏ ပျက်ဆီးခြင်းနှင့် သက်ဆိုင်နေပုံရသည်။ ၎င်းပျက်ဆီးမှုက အခြေခံဖြစ်ပြီး ပြန်လည်ပြုပြင်၍ မရနိုင်ပေ။

အကယ်၍ ၎င်းက သာမန် လေဟာနယ်အက်ကြောင်းသာဖြစ်လျှင် ပဉ္စမမြောက် ဆင်းသက်ချိန်တွင် လင်းယွမ်က သူ၏ နောက်ဆုံးဆယ်စုနှစ်များကို အင်မော်တယ်တာအိုကမ္ဘာ၏ လေဟာနက်အက်ကွဲကြောင်းအတွင်း ကုန်ဆုံးခဲ့သည်။ အမှန်တွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းသည့်အရှိန်က တိုးလာသင့်ပေသည်။ သို့သော် လက်တွေ့တွင် မဖြစ်ခဲ့ပေ။

" အခွင့်အရေး ဒါက မဟာအခွင့်အရေးပဲ။ " လင်းယွမ်က အခြေအနေကို နားလည်ပြီးနောက် ဝမ်းသားသွားသည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ စွမ်းအားအရင်းအမြစ်ဖြစ်သည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား လုံလောက်သရွေ့ လင်းယွမ်က သူသွားချင်သည့် မည်သည့်ကမ္ဘာကိုမဆို သွားနိုင်လေသည်။ သူက အခြားကမ္ဘာမှ မရေတွက်နိုင်သော ရတနာများကိုလည်း ပြန်ယူလာနိုင်လေသည်။

" ငါပိုပြီးနီးကပ်သွားရင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ စုစည်းမှုအရှိန်က ပိုတိုးလာမှာလား။ " လင်းယွမ်က တွေးလိုက်သည်။ သူက ထာဝရလေဟာနယ်အက်ကွဲကြောင်းနှင့် ဝေးနေဆဲ ဖြစ်ပြီး အနီးသို့ မရောက်သေးပေ။

" ကောင်းပြီ။ ဒီလိုနေရာများက အရာရာဂရုစိုက်တာ အကောင်းဆုံးပဲ။ " ချပ်ဝတ်နှင့်လူက စကားပြောပြီးနောက် ထွက်ခွာသွားသည်။

လင်းယွမ်က ထိုနေရာတွင် ခနရပ်ပြီး လေဟာနယ်အက်ကွဲကြောင်းနှင့် နီးကပ်သွားသည်။

" ရတနာသိုက် ဒီမျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်က ငါ့ရဲ့ ရတနာသိုက်ပဲ။ "

ချီခွန်ပင်မကြယ်တွင် လင်းယွမ်က သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုစည်းမှုအရှိန် ပိုတိုးလာသည်ကို ခံစားလိုက်ရသည်။

မျိုးနွယ်ခြားများ၏ စစ်မြေပြင်များတွင် လူသားဆင့်ကဲပြောင်းလဲသူများက အချိန်မရွေး သေဆုံးသွားနိုင်လေသည်။ စွမ်းအားကြီးသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်ပင် စစ်မြေပြင်ငယ်တစ်ခုတွင် အသက်ဆုံးရှုံးခဲ့သည်မဟုတ်ပါလား။

သို့သော် ယခု လင်းယွမ်အတွက် မျိုးနွယ်ခြားများ၏ စစ်မြေပြင်များက ရတနာနယ်မြေများ၊ တော်ဝင်နယ်မြေများပင် ဖြစ်သည်။

လင်းယွမ်က သူ၏ မူလစိတ်ဝိညာဉ်ကို မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ လွှတ်လိုက်ကတည်း အကျိုးအမြတ်များ ရရှိနေခဲ့သည်။

ပထမအချက်မှာ လေဟာနယ်နိယာမကို နားလည်ခြင်းပင် ဖြစ်သည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိ လေဟာနယ်အတက်အကျများက ထင်ရှားသိသာပြီး နားလည်ရလွယ်ကူစေသည်။ ယခက လင်းယွမ်က အခြေခံ လေဟာနယ်ပုံစံ ကိုးရာကျော်ကို ဖြတ်ကျော်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဒုတိယအနေဖြင့် သူက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ အမွေအနှစ်ကို ရရှိခဲ့သည်။ ထိုရတနာများက ချီခွန်ကြယ်သခင်နှင့် မယှဉ်နိုင်သော်လည်း သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများ နှစ်ပေါင်းများစွာ စုဆောင်းထားသည်ထက် ပိုလေသည်။

" လေဟာနယ်အတက်အကျတွေက ပိုရှင်းလာတယ်။ " လင်းယွက ထိုင်နေပြီး ယင်စိတ်ဝိညာဉ်က လေဟာနယ်အက်ကွဲကြောင်းနှင့် နီးကပ်လာသည်နှင့်အမျှ ဉာဏ်အလင်းများလည်း ရရှိလာသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေဟာနယ်အတက်အကျများကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေဟာနယ်အတက်အကျများကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်သည်နှင့် လေဟာနယ်စွမ်းအားများ ထွက်ပေါ်လာပြီး ၉၅၁ခုမြောက် လေဟာနယ်ပုံစံ ပေါ်လာသည်။

" အံ့ဩစရာပဲ။ လေဟာနယ်ကို ဒီလို ခြယ်လှယ်နိုင်တာလား။ " လင်းယွမ်က သူ၏ လက်ကို မြှောက်၍ လေဟာနယ်ကို ဆော့ကစားနေပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသည်။

လင်းယွမ်၏ အမြင်တွင် လေဟာနယ်က ရေခဲ့သို့ စီးဆင်းနေပြီး သူ၏ လှုပ်ရှားမှုတိုင်းက ထိုစီးဆင်းမှုကို လှိုင်းဂယက်များ ထသွားစေသည်။

လှိုင်းများက မိုင်ပေါင်းများစွာ ပြန့်ကျဲသွားပြီး အဆက်မပြတ် ရောယှက်ကာ လေဟာနယ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်လေသည်။ အကြောင်းမှာ လင်းယွမ်က လေဟာနယ်၏ စွမ်းအားကို အနည်းငယ် ခြယ်လှယ်နိုင်သောကြောင့် ဖြစ်သည်။

" ဒီနေရာပဲ။ "

မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကွဲကြောင်းအနီးတွင် လင်းယွမ်က ရပ်တန့်လိုက်သည်။ ထိုနေရာက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းမှုကို အရှိန်မြှင့်ပေးနိုင်သော နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် သူက လေဟာနယ်အက်ကွဲကြောင်းနှင့် နီးကပ်လာသည်နှင့်အမျှ လေဟာနယ်ကိုလည်း ပို၍ နားလည်လာသည်။

" အခု အနန္တကမ္ဘာများ ဂိတ်တံခါးရဲ့ စုစည်းနှုန်းက..." လင်းယွမ်က မျက်လုံးများ မှိတ်ပြီး စစ်ဆေးလိုက်သည်။ " ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို ၂၉၈ထိ ရောက်သွားပြီ။ "

လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ ရက်ပေါင်း ၃၃၃ရက်နှင့် ယှဉ်လျှင် ၂၉၈ရက်က စွမ်းအားစုစည်းမှုနှုန်းကို ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာစေသည်။ အချိန်တိုအတွင်း မသိသာနိုင်သော်လည်း ကြာလာသည်နှင့်အမျှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများက များပြားလာမည်ဖြစ်သည်။

လင်းယွမ်၏ ခွန်အားနှင့် နှစ်ပေါင်းသောင်းချီ အသက်ရှင်ရန် လွယ်ကူလှသည်။ ထိုမျှ ရှည်ကြာသောအချိန်အတွင်း စုဆောင်းထားသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို စိတ်ကူးကြည့်နိုင်လေသည်။

လင်းယွမ်အတွက် အကြီးမားဆုံး သက်ရောက်မှုမှာ စုစည်းမှုအရှိန်တိုးလာခြင်းမဟုတ်ပေ။ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုဆောင်းရန် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သောကြောင့် ဖြစ်သည်။

ထိုထာဝရလေဟာနယ်အက်ကွဲကြောင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စည်းစည်းမှုအရှိန်ကို တိုးမြှင့်ပေးနိုင်လေသည်။

လင်းယွမ်က ပို၍ ကြီးမားသော ထာဝရလေဟာနယ်အက်ကွဲကြောင်းများသို့ သွားလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုစည်းမှုအရှိန်င ပို၍ပင် တိုးလာမည်မဟုတ်လား။

လက်ရှိ လေဟာနယ်အက်ကြောင်းက ဆယ်မီတာကျော်သာ ကျယ်ပြီး အလယ်အဆင့်နှင့် အဆင့်မြင့် စစ်မြေပြင်များတွင် မိုင်ထောင်ချီ မိုင်သောင်းချီကျယ်သော လေဟာနယ်အက်ကွဲကြောင်းများ ရှိလေသည်။

" အခုတော့ အလျင်မလိုသေးဘူး။ သတ္တမအလွှာ ချိုးဖျက်ပြီးတဲ့အချိန်ကို စောင့်ကြတာပေါ့။ " လင်းယွမ်က လေဟာနယ်အက်ကွဲကြောင်းနှင့် ပို၍ နီးကပ်သွားပြီး သူ၏ လေဟာနယ်အပေါ် နားလည်နိုင်စွမ်းကလည်း ကြောက်စရာကောင်းအောင် တိုးတက်လာသည်။ နေ့တစ်ဝက် သို့မဟုတ် တစ်ရက်လျှင် သူက လေဟာနယ်ပုံစံတစ်ခုကို နားလည်ခဲ့လေသည်။

လက်ရှိ လေဟာနယ်နိယာမကို နားလည်မှုနှုန်းနှင့်ဆိုလျှင် လင်းယွမ်က အခြေခံ လေဟာနယ်နိယာမပုံစံ ၉၆၅ခုကို ငါးရက် ခြောကခရက်အတွင်း နားလည်နိုင်မည်ဖြစ်သည်။ ထို့နောက် သူက သတ္တမအလွှာသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

ထိုသတ္တမအလွှာက သာမန်သတ္တမအလွှာမဟုတ်ပေ။ သာမန်သတ္တမအလွှာဆိုလျှင် လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာမှ အဆင့်သို့ ပြန်ရောက်သွားပေလိမ့်မည်။ သို့သော် လင်းယွမ်က ထိုသတ္တမအလွှာမျိုးကို သဘောမကျသောကြောင့် ယခုအချိန်ထိ အဆင့်မတက်သေးခြင်းဖြစ်သည်။

လင်းယွမ်ချိုးဖျက်ချင်သော သတ္တမအလွှာက သိုင်းတာအိုနှင့် လုံးဝလိုက်ဖက်သော ပြည့်စုံသည့် သတ္တမအလွှာဖြစ်လေသည်။

ထိုသို့ဖြင့် ခုနှစ်ရက်ကြာသွားခဲ့သည်။ ချီခွန်ပင်မကြယ်၏ ရှစ်စန်းတောင်ထိပ်ပေါ်ရှိ နန်းတော်ထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

လေဟာနယ်စွမ်းအားများ ထွက်ပေါ်လာပြီး ပြောင်းပြန်ပိရမစ်သဏ္ဍန် လေဟာနယ်ပုံစံတစ်မျိုးဖြစ်ပေါ်လာသည်။ လင်းယွမ်၏ လေဟာနယ်အပေါ် နားလည်မှုက ပြည့်စုံမှုတစ်ခု ဖြစ်ပေါ်လာသည်။

" ၉၆၅ခုမြောက် လေဟာနယ်ပုံစံ။ " လင်းယွမ်က ခေါင်းငုံ့ပြီး ရေရွတ်လိုက်သည်။ " အားလုံးကို နားလည်သွားပြီ။ "

လင်းယွမ်က သူ၏ ပတ်ဝန်းကျင်တွင် ကြည်လင်မှုတစ်ခုကို ခံစားနေရသည်။ လေဟာနယ်ပုံစံအားလုံးကို နားလည်ပြီးနောက် လင်းယွမ်၏ လေဟာနယ်အပေါ် နားလည်မှုက အဆင့်သစ်တစ်ခုသို့ ရောက်သွားသည်။

" ဒီလိုပဲဖြစ်သင့်တယ်။ ငါ့ရဲ့ သိုင်းတာအို သတ္တမအလွှာက ဒီလိုပဲဖြစ်သင့်တယ်။ "

" ငါ့ရဲ့လမ်းစဉ်က ပြည့်စုံသွားပြီ။ " လင်းယွမ်က လေဟာနယ်နိယာမအပေါ် နားလည်မှုက လုံလောက်သွားပြီဖြစ်သောကြောင့် သိုင်းတာအို၏ သတ္တမအလွှာကဏ္ဍကို ဖန်တီးနိုင်သွားပြီဖြစ်သည်။

တစ်နာရီကြာပြီးသောအခါ လင်းယွမ်က သတ္တမအလွှာကဏ္ဍ၏ ကနဦးအပိုင်းကို ဖန်တီးနိုင်ခဲ့သည်။

" ကဲ အဆင့်တက်မယ်။ " လင်းယွမ်က တွန့်ဆုတ်မနေပေ။

သူက သတ္တမအလွှာသို့ ချိုးဖျက်ခြင်းကို အတွေ့အကြုံရှိပြီးသားဖြစ်ပြီး လေဟာနယ်အပေါ် နားလည်မှုနှင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သတ္တမအလွှာသို့ အဆင့်တက်ရန် ရာနှုန်းပြည့်နီးပါးပင် ဖြစ်သည်။

" စမယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။

ချီခွန်ပင်မကြယ်၏ ကီလိုမီတာဆယ်သန်းအကွာတွင် လေဟာနယ်က တွန့်လိမ်သွားသည်။ အနီရောင်ဝတ်ရုံနှင့် ချီခွန်ကြယ်သခင်က လက်နောက်ပစ်၍ တိတ်ဆိတ်စွာ ပေါ်လာသည်။

မနီးမဝေးတွင် ချီခွန်ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်က ရပ်နေကြသည်။ အငယ်ဆုံးတပည့်လေး လင်းယွမ်မှလွဲ၍ ထိုနေရာတွင် အားလုံးရှိနေကြသည်။

" အားလုံးရောက်ပြီ။ " ချီခွန်ကြယ်သခင်က တပည့်ဆယ့်နှစ်ယောက်ကို ကြည့်လိုက်သည်။ " ငါမင်းတို့ကို လေဟာနယ်နိယာမကို ပြမယ်။ "

ချီခွန်ကြယ်သခင်က သာမန်အတိုင်း ပြောလိုက်သည်။

VR ကမ္ဘာက ပြင်ပကမ္ဘာမှအရာအားလုံးကို ပုံတူကူးယူနိုင်သော်လည်း လေဟာနယ်နိယာမကို ပြည့်စုံစွာ ပုံတူမကူးနိုင်ပေ။ ထို့ကြောင့် ချီခွန်ကြယ်သခင်က ပြင်ပကမ္ဘာတွင် သူ၏ တပည့်များအား လေဟာနယ်နိယာမကို သင်ကြားပေးခြင်းဖြစ်သည်။

" ဆရာ အငယ်ဆုံး မရောက်သေးဘူး။ "

All Chapters