ထိုက်ကျိကမ္ဘာငယ်....
Vol. 16 Ch. 251
ချီခွန်ပင်မကြယ် ရှစ်စန်းတောင်ထိပ်ရှိ နန်းတော်ထဲတွင် လင်းယွက ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက ပြင်းထန်စွာ ဆူပွက်နေသည်။ အတွေးတစ်ချက်နှင့် သူက သတ္တမအလွှာသို့ တက်ရောက်နိုင်ပြီဖြစ်သည်။
" ငါ ယင်နဲ့ယန်ကို လေဟာနယ်နိယာမနဲ့ ပေါင်းစည်းပြီး ထိုက်ကျိကမ္ဘာငယ်ကို ဖန်တီးရမယ်။ "
လင်းယွမ်၏ ချီပင်လယ်ထဲမှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက နားမလည်နိုင်သော အော်ရာတစ်ခု ထွက်ပေါ်နေသည်။ သူက အခြေခံ လေဟာနယ်ပုံစံများကို နားမလည်ထားလျှင် ထိုအခိုက်အတန့်တွင် သူ၏ တိုးတက်မှုက ရပ်တန့်သွားပြီး သတ္တမအလွှာသို့ ရောက်သွားပေလိမ့်မည်။
သန့်စင်သောနယ်ပယ်၏ ဖိနှိပ်မှုနှင့် နက်နဲသော စွမ်းအားအရ သူက သာမန် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် သမ်မာနိုင်သော်လည်း သူတို့နှင့် တူညီသော အဆင့်တွင်သာ ရှိပြီး အဋ္ဌမအလွှာများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
" လေဟာနယ် " လင်းယွမ်၏ စိတ်က လှုပ်ရှားသွားသည်။
သူ၏ ဒန်တျန်အတွင်းမှ လေဟာနယ်စွမ်းအားများ ထွက်ပေါ်လာသည်။ လေဟာနယ်ပုံစံ ကိုးရာကျော်က ထောက်တိုင်များအဖြစ် စုစည်းလာပြီး လင်းယွမ်၏ ဒန်တျန်အတွင်း နေရာလွတ်တစ်ခု ဖြစ်ပေါ်လာသည်။
" ကမ္ဘာတစ်ခု..." လင်းယွမ်က သူ၏ ဒန်တန်အတွင်းမှ ချီပင်လယ်၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေသည်။
သေးငယ်သော နေရာလွတ်တစ်ခု ဖန်တီးခြင်းက ဆဋ္ဌမအလွှာများအတွက် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။
အင်မော်တယ်တာအိုကမ္ဘာတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များပင် အင်္ကျီလက်ထဲမှ စကြာဝဠာကို ခန အသုံးပြုချင်ကြသည်။
သို့သော် တည်ငြိမ်သော ကမ္ဘာငယ်တစ်ခု ဖန်တီးရန်မှာ လွန်စွာ ခက်ခဲလေသည်။ ကမ္ဘာက ပြင်ပမှာ စွမ်းအားများကို အဆက်မပြတ် စုပ်ယူပြီး ကြီးထွားနိုင်လေသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ အစွမ်းထက်ဆုံး အချက်မှာ သူတို့၏ အတွင်းကမ္ဘာက ကြောက်စရာကောင်းသော စွမ်းအားကို စုစည်းထားနိုင်သောကြောင့် ဖြစ်သည်။ အတွင်းကမ္ဘာ၏ ထောက်ပံ့မှုဖြင့် အလွန်ပြင်းထန်သော ဒဏ်ရာများပင် ပြန်လည်ကောင်းမွန်လာနိုင်သောကြောင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကို သတ်ရန် အလွန်ခက်ခဲလေသည်။
ဒဏ်ရာများမှ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ဆိုလိုပြီး စိတ်ဝိညာဉ်ဒဏ်ရာများကတော့ အခြေအနေပေါ်တွင် မူတည်လေသည်။ စိတ်ဝိညာဉ်က အလွန်ထူးခြားလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်ပင် စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် သတင်းပြန်မပို့နိုင်ဘဲ သေဆုံးခဲ့ဏလေသည်။
" ကမ္ဘာရဲ့ သန္ဓေသားပုံစံ ဖြစ်ပေါ်နေပြီ။ " လင်းယွမ်က သူ၏ ဒန်တန်ထဲမှ သီးခြားလေဟာနယ်ပေါ်တွင် အာရုံစိုက်ထားသည်။
အခြေခံလေဟာနယ်ပုံစံ ၉၆၅ခု၏ ထောက်ပံ့မှုဖြင့် ထိုက်ယင်နှင့်ထိုက်ယန်တို့က ထိုက်ကျိစွမ်းအားအဖြစ် ဖြစ်ပေါ်ပြီး အရည်အသွေးပိုင်းက ပြောင်းလဲသွားသည်။ အော်ရာကလည်း ပြည့်စုံသွားပြီး ကမ္ဘာငယ်၏ သန္ဓေသားပုံစံ ဖြစ်ပေါ်လာသည်။
" ဟမ် " လင်းယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ကမ္ဘာငယ်၏ သန္ဓေသားပုံစံ ဖြစ်ပေါ်လာသည််နှင့် သူက ဆာလောင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ကမ္ဘာငယ်၏ သန္ဓေသားပုံစံက လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေသည်။
အမှန်တွင် လင်းယွမ်၏ ထိန်းချုပ်မှုနှင့် ထိုစုပ်ယူမှုကို လုံးဝ ဖြတ်တောက်ပစ်၍ ရလေသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်သည်နှင့် ထိုက်ကျိကမ္ဘာငယ်၏ အခြေခံကို ထိခိုက်သွားပေလိမ့်မည်။
" ငါပြင်ဆင်ထားလို့ တော်သေးတာပေါ့။ " သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အနီရောင်စိတ်ဝိညာဉ်အရည် ပုလင်းများ ပေါ်လာသည်။
လင်းယွမ်က အဆင့်တက်ရန်အတွက် လိုအပ်သမျှကို ပြင်ဆင်ခဲ့လေသည်။ အတွင်းကမ္ဘာကို ဖွင့်လှစ်ရန်အတွက် များပြားသော စွမ်းအားများကို စုပ်ယူရန် လိုအပ်ပြီး မည်မျှကြာသည်ကို မသိနိုင်ပေ။ ထို့ကြောင့် လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်များကို လုံလောက်အောင် ထုတ်ယူထားခဲ့သည်။
အမှန်တွင် စွမ်းအားများစုပ်ယူရန် စကြာဝဠာသလင်းကျောက်များက အနီရောင်စိတ်ဝိညာဉ်အရည်ထက် ပို၍ သက်ရောက်မှုရှိလေသည်။ သို့သော် လင်းယွမ်က ၎င်းတို့ကို အသုံးပြုရန် ဝန်လေးနေသည်။
စကြာဝဠာသလင်းကျောက်များက မျိုးနွယ်များကြားတွင် ကုန်သွယ်သော ငွေကြေးဖြစ်ပြီး လိုအပ်လျှင် အသုံးပြုရန် ပြင်ဆင်ထားသင့်လေသည်။ အနီရောင်စိတ်ဝိညာဉ်အရည်က သက်ရောက်မှုနည်းလျှင်တောင် လင်းယွမ်အတွက် ၎င်းက အရေးမကြီးပေ။
လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်များကို ဆက်တိုက်သောက်နေပြီး စွမ်းအားများက သူ၏ ဒန်တန်ထဲသို့ လျင်မြန်စွာ စီးဝင်လာသည်။ ထိုက်ကျိကမ္ဘာငယ်၏ သန္ဓေသားပုံစံကလည်း တဖြည်းဖြည်း ပြည့်လာခဲ့သည်။
ချီခွန်ပင်မကြယ်၏ အထက်တွင် ချီခွန်ကြယ်သခင်နှင့် တပည့်ဆယ့်နှစ်ယောက်က လင်းယွမ်၏ အပြောင်းအလဲများကို အာရုံစိုက်နေကြသည်။
" ဟမ် ညီငယ်လေးမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိပါတယ်။ သူ့ရဲ့ ပြင်ဆင်မှုတွေနဲ့ဆို အောင်မြင်နိုင်ပေမယ့် ဘာလို့ ဆဋ္ဌမအလွှာ အထွတ်အထိပ်မှာ ရှိနေတာလဲ။ " သုံးယောက်မြောက်တပည့်က သတ္တမအလွှာသို့ ရောက်နေပြီဖြစ်သော်လည်း အခြေအနေများကို သေချာအာရုံစိုက်နေပြီး သူက တစ်စုံတစ်ခုကို သတိပြုမိလိုက်လေသည်။
" မသေချာဘူး။ သူက ဆဋ္ဌမအလွှာကနေ သတ္တမအလွှာရဲ့ ပြောင်းလဲမှုတွေကို ခံစားနေတာ ဖြစ်နိုင်လား။ "
" ဖြစ်နိုင်တယ်။ ညီငယ်လေးကတော့ တကယ်ပါပဲ။ အခြားသူတွေမပြောနဲ့ ငါတို့တောင် ဆဋ္ဌမကနေ သတ္တမအလွှာကို ချိုးဖျက်ရင် မြန်မြန်အဆင့်တက်လိုက်ကြတာပဲ။ ဒါပေမယ့် ညီငယ်လေးက အေးအေးဆေးဆေးပဲ။ " ဒုတိယတပည့်က သက်ပြင်းချလိုက်သည်။
" အော်ရာပြောင်းလဲမှုတွေကို ကြည့်ရတာ ညီငယ်လေးက သတ္တမအလွှာကို ရောက်ဖို့ သေချာနေပြီ။ "
လင်းယွမ်က နှစ်နှစ်အတွင်း ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ချိုးဖျက်ခဲ့ပြီး အောင်မြင်မှုကလည်း အလွန်ချောမွေ့နေခဲ့သည်။
စီနီယာအကိုကြီးက သူ သတ္တမအလွှာသို့ ချိုးဖျက်ချိန်တွင် ကြုံတွေ့ခဲ့ရသော အတားအဆီးများနှင့် စမ်းသပ်မှုများကို လင်းယွမ်နှင့် နှိုင်းယှဉ်ကြည့်သောအခါ သက်ပြင်းသာ ချမိလေသည်။
" ဟမ် " ခံစားချက်များပြည့်နှက်နေသော တပည့်ဆယ့်နှစ်ယောက်နှင့် ယှဉ်လျှင် ချီခွန်ကြယ်သခင်က အပြင်တွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း စိတ်ထဲတွင် အံ့ဩမှု၊ မသေချာမှုများနှင့် ပြည့်နှက်နေသည်။
" ကမ္ဘာဖွင့်လှစ်ခြင်းကို ငါဘာလို့ခံစားနေရတာလဲ။ " ချီခွန်ကြယ်သခင်က ရှစ်စန်းတောင်ထိပ်မှ ထွက်ပေါ်လာသော အော်ရာပြောင်းလဲမှုများကို ပြင်းထန်စွာ အာရုံခံနေသည်။
လင်းယွမ် အဆင့်တက်နေသည်ကို အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် သူ၏ စိတ်အာရုံကိုပင် ဖြန့်ကျက်ခြင်းမရှိဘဲ လေဟာနယ်အတက်အကျများကိုသာ မှီခိုပြီး လင်းယွမ်၏ အော်ရာကို အာရုံခံနေခဲ့သည်။
" ဖြစ်နိုင်တာက..." ချီခွန်ကြယ်သခင်က ကြယ်ပင်လယ်ခွန်ဖြစ်သကဲ့သို့ လေဟာနယ်သက်ရှိတစ်မျိုးဖြစ်ပြီး လေဟာနယ်အတက်အကျများနှင့် အလွန်အကဲဆတ်လေသည်။
ထိုခနတွင် သူက လင်းယွမ်၏ အော်ရာမှာ သာမန်သတ္တမအလွှာသို့ ချိုးဖျက်ခြင်းများနှင့် ကွဲပြားနေသည်ကို အာရုံခံမိခဲ့သည်။
" အဲ့ဒါက ထူးခြားတဲ့ လေဟာနယ်ရတနာတစ်ခု ဖြစ်နိုင်လား ဒါမှမဟုတ်..." ချီခွန်ကြယ်သခင်က လေးနက်စွာ စဉ်းစားနေသည်။
သူသာမက တပည့်ဆယ့်နှစ်ယောက်တွင်လည်း အထူးရတနာများ ရှိသောကြောင့် လင်းယွမ်တွင် လေဟာနယ်ရတနာတစ်ခု ရှိသည်မှာ သဘာဝကျလေသည်။
နေ့တစ်ဝက်ကြာသွားခဲ့သည်။
" အခုတည်ငြိမ်သွားသင့်ပြီ။ "
" ရှစ်စန်းတောင်ထိပ် အပြင်ဘက်မှာ သွားစောင့်ရအောင်။ "
လင်းယွမ်၏ အော်ရာက သတ္တမအလွှာသို့ အပြည့်အဝ ရောက်သွားသည်ကို အာရုံခံမိသောအခါ ချီခွန်ကြယ်သခင်က တပည့်ဆယ့်နှစ်ယောက်ကို ဦးဆောင်ပြီး ရှစ်စန်းတောင်ထိပ်သို့ သွားလိုက်သည်။
" ညီငယ်လေး မင်းက ငါတို့ကို နေရခက်အောင် တကယ်လုပ်တာပဲ။ "
" ဒီတစ်ခါ သူဘယ်လိုတောင်လေ့ကျင့်နေတာလဲဆိုတာ ငါတို့ သိအောင်လုပ်ရမယ်။ "
" အာ...ငါတို့ သူနဲ့တွေ့ရင် အကိုကြီးလို့ ခေါ်ရမလား ညီငယ်လေးလို့ပဲ ခေါ်ရမလား။ "
တပည့်ဆယ့်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပြောနေကြသည်။
လူသားမျိုးနွယ်တွင် ရင်းနှီးသော ဆက်ဆံရေးမရှိလျှင် ခွန်အားကသာ လေးစားရာဖြစ်လေသည်။ ဥပမာ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ငယ်ရွယ်လျှင်တောင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူက အကြီးအကဲတစ်ယောက်အဖြစ် ဆက်ဆံရလေသည်။
ချီခွန်ပင်မကြယ်က ကြယ်နယ်မြေ၏ ပင်မကြယ်တစ်ခုအနေဖြင့် ချမ်းသာကြွယ်ဝသော ဂြိုလ်တစ်ခု ဖြစ်သည်။ နေရာတိုင်းတွင် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများကို မြင်တွေ့နိုင်ပြီး ဆဋ္ဌမအလွှာများနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများလည်း ရှိနေသည်။
ချီခွန်ပင်မကြယ်၏ ဗဟိုမှ ထွက်ပေါ်လာသော အော်ရာကို ဆဋ္ဌမအလွှာများနှင့် သတ္တမအလွှာများကလည်း သတိထားမိကြလေသည်။
" ချီခွန်မျိုးနွယ်က တစ်ယောက်ယောက်က သတ္တမအလွှာကို ရောက်သွားပြီလား။ "
" ချီခွန်ကြယ်သခင်ရဲ့ တပည့်တွေကို သင်ကြားပေးနိုင်တဲ့ အရည်အချင်းကတော့ တကယ်ကို အထင်ကြီးစရာပဲ။ "
" ချီခွန်ကြယ်သခင်က တပည့်တွေ အများကြီး လက်မခံတာ နှမြောစရာပဲ။ နှစ်တစ်သောင်းမှာ တပည့်ဆယ်သုံးယောက်ပဲရှိတယ်။ "
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ချီခွန်ကြယ်သခင်ကို ချီးကျူးစကား ပြောဆိုနေကြသည်။
" မှန်တယ်။ ဒီတစ်ခါ သတ္တမအလွှာကို တက်လှမ်းသွားတဲ့သူက ဘယ်တောင်ထိပ်သခင်ဖြစ်မယ်လို့ထင်လဲ။ " ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က စပ်စုပြီး မေးလိုက်သည်။
" လေးယောက်မြောက်တပည့် ဖြစ်သင့်တယ်။ သူက ဆဋ္ဌမအလွှာမှာ ရှိနေတာ အကြာဆုံးဖြစ်တဲ့အပြင် သတ္တမအလွှာနဲ့လည်း အရမ်းနီးကပ်နေပြီ။ "
" မဟုတ်သေးဘူး။ ခြောက်ယောက်မြောက်တပည့်ကလည်း အရည်အချင်းရှိပြီး အထူးခန္ဓာကိုယ်လည်း ရှိတယ်။ ချီခွန်ကြယ်သခင်ရဲ့ တပည့်တွေထဲမှာ သူက အဖြစ်နိုင်ဆုံးလို့ ငါထင်တယ်။ "
" သူက ဖြစ်နိုင်ချေရှိပေမယ့် မျိုးနွယ်ခြားတွေရဲ့ တိုက်ပွဲမှာ ဒဏ်ရာရခဲ့တယ်လေ။ အဲ့ဒါကြောင့် သူက သတ္တမအလွှာကိုတော့ မရောက်လောက်သေးဘူး။ ရှစ်ယောက်မြောက်တပည့်က ဖြစ်နိုင်ချေအရှိဆုံးလို့ ငါထင်တယ်။ "
" ငါက ငါးယောက်မြောက်တပည့်လို့ ထင်တယ်။ "
ဆင့်ကဲပြောင်းလဲသူများက လေးယောက်မြောက်တပည့်မှ ဆယ့်နှစ်ယောက်မြောက်တပည့်အထိ လူတိုင်းကို ခန့်မှန်းနေကြသည်။ သူတို့၏ အမြင်များက ကွဲပြားသော်လည်း တူညီသော အချက်တစ်ခုတော့ ရှိလေသည်။ သတ္တမအလွှာကို တက်လှမ်းသွားသူက ရှစ်စန်းတောင်ထိပ်သခင်တော့ မဖြစ်နိုင်ပေ။