← Chapters

သတ္တမအလွှာသို့ ချိုးဖျက်ခြင်း....

Vol. 16 Ch. 250

သတ္တမအလွှာသို့ ချိုးဖျက်ခြင်း....

Vol. 16 Ch. 250

" ဆရာ အငယ်ဆုံး မရောက်သေးဘူး။ " လေးယောက်မြောက်တပည့် ဇူကောက ပြောလိုက်သည်။

သူက အချိန်အတော်ကြာ ကြည့်နေသော်လည်း သူတို့ဆယ့်နှစ်ယောက်သာ ရှိပြီး အငယ်ဆုံးတပည့် လင်းယွမ်က ရှိမနေပေ။ အခြားသူများကလည်း ချီခွန်ကြယ်သခင်ကို ကြည့်လိုက်သည်။

သူတို့က ၎င်းကို သတိထားမိကြသော်လည်း ချီခွန်ကြယ်သခင်ကို မမေးရဲကြပေ။

" အငယ်ဆုံးတပည့်လား။ " ချီခွန်ကြယ်သခင်က ဇူကောနှင့် ဆဋ္ဌမအလွှာတွင် ရှိနေသော အခြားတပည့်များကို ကြည့်လိုက်သည်။

ယခု သူတို့အား သင်ပေးမည့်အရာများကို လင်းယွမ်က နားလည်ထားပြီဖြစ်သည်။ လေဟာနယ်ပုံစံကို နောက်ဆုံးပြသောအချိန်တွင် ချီခွန်ကြယ်သခင်က လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် နားလည်မှုကို သတိပြုမိခဲ့သည်။

ယခုတစ်ကြိမ်တွင် သူက လင်းယွမ်ကို မခေါ်ဘဲ အဓိကအားဖြင့် လေးယောက်မြောက်တပည့်မှ စ၍ အခြားတပည့်များကို သင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ နှစ်အချို့ကြာလျှင် အငယ်ဆုံးတပည့်က သူတို့ကို ကျော်တက်သွားပေလိမ့်မည်။ လင်းယွမ်ပြသသော အရည်အချင်းများက လေးယောက်မြောက်တပည့်မှစ၍ ဆယ့်နှစ်ယောက်မြောက်တပည့်အထိ အားလုံးထက် သာလွန်လေသည်။

" ကောင်းပြီ။ ထပ်မပြောတော့နဲ့။ " ချီခွန်ကြယ်သခင်က ရှင်းပြမနေပေ။ " အခု ငါ လေဟာနယ်နိယာမကို သေချာပြပေးမယ်။ မင်းတို့နားလည်အောင် ကြိုးစားကြ။ "

ထိုသို့ပြောပြီး ချီခွန်ကြယ်သခင်က နေရာမှ ပျောက်ကွယ်သွားသည်။ ထိုဖြစ်ရပ်က တပည့်ဆယ့်နှစ်ယောက်၏ အမူအရာများကို ပြောင်းလဲသွားစေသည်။

သတ္တမအလွှာသို့ အချိန်အတော်ကြာကတည်းက ရောက်နေသော အကြီးဆုံးတပည့်များပင် လေးနက်သွားကြသည်။

ဝုန်း...

ထို့နောက် တပည့်ဆယ့်နှစ်ယောက်က သူတို့၏ ပတ်ဝန်းကျင်မှ လေဟာနယ်က လှည့်ပတ်နေသည်ကို ခံစားလိုက်ရသည်။

သူတို့၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း သေးငယ်သွားကြပြီး အနက်ရောင်အစက်ကလေးများအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားကြသည်။

သူတို့၏ ခေါင်းအထက်တွင် ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းက ကြယ်ပင်လယ်ခွန်ဖြစ်ပြီး သာမန်အသက်ဂြိုလ်များထက် အဆတစ်ရာလောက် ပိုမိုကြီးမားလေသည်။

တပည့်ဆယ့်နှစ်ယောက်က အလွန်သေးငယ်သွားသော အခြေအနေတွင် ကြယ်ပင်လယ်ခွန်က ပို၍ ကြီးကျယ်ခမ်းနားသွားပြီး အားလုံးကို ငုံ့ကြည့်လိုက်သည်။

" ငါတို့ ဒီအတိုင်း ဆက်သွားလို့မရဘူး။ " တပည့်ဆယ့်နှစ်ယောက်က မခုခံလျှင် သူတို့၏ စိတ်အခြေအနေများ ပျက်ပြားသွားပြီး ချီခွန်ကြယ်သခင်၏ ကြိမ်း​မောင်းခြင်းခံရတော့မည်ကို သတိပြုမိကြသည်။

ထို့ကြောင့် တပည့်အားလုံးက သူတို့၏ စွမ်းအားကုန် ဖောက်ခွဲလိုက်ပြီး ကောင်းကင်မှ ကြယ်ပင်လယ်ခွန်ကို ခုခံရန် ကြိုးစားလိုက်ကြသည်။

သို့သော် ထိုခနတွင် ကြယ်ပင်လယ်ခွန်က ပျောက်ကွယ်သွားပြီး တပည့်ဆယ့်နှစ်ယောက်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသကဲ့သို့ လေဟာနယ်ကလည်း လျင်မြန်စွာ တည်ငြိမ်သွားသည်။

သို့သော် တပည့်ဆယ့်နှစ်ယောက်က စိတ်မအေးနိုင်ကြသေးပေ။ သူတို့မသိလိုက်ခင် ချီခွန်ကြယ်သခင်က သူတို့နောက်တွင် ရပ်ပြီး အောက်မှ ချီခွန်ပင်မကြယ်ကို ငုံ့ကြည့်နေသည်။ တစ်စုံတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

" ဟမ် " သတ္တမအလွှာမှ အကြီးဆုံးတပည့် မဟာတောင်ထိပ်သခင်က တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

" အဲ့ဒါ သတ္တမအလွှာကို ချိုးဖျက်နေတဲ့ အော်ရာမဟုတ်လား။ ညီငယ်လေး ညီငယ်လေးက သတ္တမအလွှာကို ချိုးဖျက်နေတာလား။ " အကြီးဆုံးတပည့် မဟာတောင်ထိပ်သခင်၏ အသံက အားလုံး၏ နားထဲသို့ ဝင်ရောက်သွားသည်။

" သတ္တမအလွှာကို ချိုးဖျက်နေတာလား။ " လေးယောက်မြောက်တပည့် ဇူကောက အံ့ဩပြီး မယုံကြည်နိုင်ဖြစ်သွားသည်။

ချီခွန်ကြယ်သခင်က ဇူကောနှင့် အခြားတပည့်များကို လှည့်ကြည့်လိုက်သည်။ " မြင်လား မင်းတို့ရဲ့ ညီငယ်လေးကို ဘာလို့မခေါ်ခဲ့တာလဲ သိပြီလား" ဟု ပြောနေသကဲ့သို့ပင်။

တပည့်ဆယ့်နှစ်ယောက်လုံးက လုံးဝ အံ့အားသင့်နေကြသည်။

" ညီငယ်လေးက သတ္တမအလွှာကို ရောက်တော့မှာလား။ " ၎င်းက တပည့်ဆယ့်နှစ်ယောက်လုံး၏ စိတ်ထဲမှ တူညီသော အတွေးပင် ဖြစ်သည်။

ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မဟာအဆင့်တစ်ခုကို ချိုးဖျက်သောအချိန်တွင် ရေထဲသို့ ခဲတစ်လုံး ပစ်ချလိုက်သည်နှင့် တူပြီး လှိုင်းများ ဖြစ်ပေါ်စေသည်။ သို့သော် ၎င်းကို သာမန်လူများနှင့် အားနည်းသော ဆင့်ကဲပြောင်းလဲသူများ သတိထားမိမည်မဟုတ်ပေ။ ဆဋ္ဌမအလွှာအချို့နှင် သတ္တမအလွှာများကတော့ သတိပြုမိကြလေသည်။

လင်းယွမ်က ကန်လန်ကြယ်ပေါ်တွင် ဆဋ္ဌမအလွှာသို့ ချိုးဖျက်ချိန်တွင် စီနီယာအကိုကြီးနှင့် နတ်ဆိုးကြွက်ဘုရင်တို့က သတိပြုမိခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် တပည့်ဆယ့်နှစ်ယောက်လုံးက ချီခွန်ပင်မကြယ်မှ သတ္တမအလွှာသို့ ချိုးဖျက်နေသည့် အော်ရာကို ချက်ချင်း ခံစားမိကြခြင်းဖြစ်သည်။ ထို့နောက် သူတို့က ထိုအော်ရာမှ လင်းယွမ်ဆီမှလာခြင်းဖြစ်သည်ကို နားလည်သွားကြသည်။

" အချိန်ဘယ်လောက်တောင်ကြာသေးလို့လဲ။ " ၎င်းက သူတို့အားလုံး၏ ဒုတိယအတွေးဖြစ်၏။

ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ တက်လှမ်းခြင်းက လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ ၎င်းက အရေးကြီးသော အဆင့်တစ်ခု၊ ကန့်သတ်ချက်တစ်ခု ဖြစ်ပြီး လေးယောက်မြောက်မှ ဆယ့်နှစ်ယောက်မြောက်အထိ ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် ပိတ်မိနေကြဆဲ ဖြစ်သည်။

သူတို့အားလုံး၏ စိတ်ထဲတွင် လင်းယွမ်က ကြောက်စရာကောင်းသော အလားအလာနှင့် သူတို့ထက် သာလွန်ပြီး သတ္တမအလွှာသို့ ရောက်နိုင်သည်ဟု တွေးထားကြသော်လည်း အချိန်တော့လိုပေလိမ့်မည်။ လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်သည်မှာ ဘယ်လောက်တောင်ကြာသေးလို့လဲ။

" ညီငယ်လေး " မဟာတောင်ထိပ်သခင်က မျက်လုံးများ မှိတ်လိုက်သည်။

မကြာသေးမီက လင်းယွမ် ဆဋ္ဌမအလွှာသို့ အဆင့်ချိုးဖျက်ချိန်တွင် သူ၏ ကိုယ်ပွားတစ်ယောက်က ကန်လန်ကြယ်သို့ ကိုယ်တိုင်သွားပြီး စောင့်ကြပ်ပေးခဲ့သည်။

သို့သော် သူမမျှော်လင့်ထားသည်မှာ ယနေ့ လင်းယွမ်က ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ တင်လှမ်းသည်ကိုပင် ဖြစ်သည်။

" ဆရာ ညီငယ်လေး အဆင့်တက်တော့မယ်ဆိုတာ သိလား။ " ဇူကောက စိတ်လှုပ်ရှားစွာဖြင့် တံတွေးများ မျိုချလိုက်ပြီး သတိကြီးကြီးနှင့် မေးလိုက်သည်။

ဤတစ်ကြိမ်တွင် ချီခွန်ကြယ်သခင်က သူတို့အား ခေါ်ဆိုခဲ့သော်လည်း လင်းယွမ်ကို ချန်ထားခဲ့သောကြောင့် တစ်ခုခုကို သိထားနိုင်လေသည်။

" ပုံမှန်ပါပဲ။ " ချီခွန်ကြယ်သခင်က သူ၏ တပည့်များကို ကြည့်လိုက်သည်။

ယခင် လင်းယွမ်က သူနှင့် အခြေခံ လေဟာနယ်ပုံစံများအကြောင်း ဆွေးနွေးခဲ့ပြီး လေဟာနယ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက အလွန်ကြောက်စရာကောင်းသည်ကို သိခဲ့ရလေသည်။

လင်းယွမ်၏ နားလည်မှုက သာမန် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် ပိုပြီး ချီခွန်မျိုးနွယ်၏ အရင်းအမြစ်များနှင့်ဆိုလျှင် သတ္တမအလွှာသို့ ချိုးဖျက်ခြင်းက ချီခွန်ကြယ်သခင်၏ မျှော်လင့်ချက်အတွင်း ရှိနေသည်။

ချီခွန်ကြယ်သခင် မမျှော်လင့်ထားသည်မှာ လင်းယွမ်က အဆင့်တက်ရန် အလွန်လျင်မြန်စွာ ရွေးချယ်လိုက်သည်ကိုပင် ဖြစ်သည်။

ချီခွန်ကြယ်သခင်က လင်းယွမ်နှင့် အနည်းငယ်သာ ပြောဆိုဆက်ဆံဖူးသော်လည်း သူ၏ တပည့်က တည်ငြိမ်သော စိတ်ဓာတ်ရှိပြီး အာမခံချက်မရှိဘဲ လုပ်မည်မဟုတ်သည်ကို သူသိလေသည်။ ယခင် ဟေးယုမျိုးနွယ်၏ ဖိနှိပ်ခြင်း ခံရချိန်ကပင် သူ၏ အထောက်အထားကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

ယခု သူက သတ္တမအလွှာသို့ ချိုးဖျက်ရန် ရွေးချယ်လိုက်သည်ဖြစ်သောကြောင့် လင်းယွမ်တွင် ယုံကြည်မှုရှိသည်မှာ သေချာလေသည်။

" ညီငယ်လေးရဲ့ ကျင့်ကြံခြင်းအရှိန်က ဘယ်လိုလဲ။ "

" ငါက ဆဋ္ဌမအလွှာမှာ ပိတ်မိနေတုန်းပဲ။ ညီငယ်လေးကတော့ သတ္တမအလွှာကို ရောက်တော့မယ်။ "

" ညီငယ်လေးက အသက်သုံးဆယ်တောင် မပြည့်သေးဘူးမဟုတ်လား။ "

" ငါ အသက်သုံးဆယ်တုန်းက စတုတ္ထအလွှာနဲ့ ပဉ္စမအလွှာမှာ လည်နေတုန်းပဲရှိသေးတယ်။ "

တပည့်ဆယ့်နှစ်ယောက်က အံ့အားသင့်စွာဖြင့် ဆွေးနွေးလိုက်ကြသည်။ လင်းယွမ်၏ ကျင့်ကြံခြင်းအရှိန်က အလွန်ကြောက်စရာကောင်းသည်ကို သူတို့နားလည်လာကြသည်။

ချီခွန်ကြယ်နယ်မြေ၏ ရှည်လျားသော သမိုင်းကြောင်းနှင့် အန်းနန်ကြယ်မဟာမိတ်တွင် အသက်သုံးဆယ်အောက်ရှိ သတ္တမအလွှာများ ရှိခဲ့လေသည်။

သို့သော် ထိုဆင့်ကဲပြောင်းလဲသူအများစုက များပြားသော အခွင့်အလမ်းများ ကြုံတွေ့ခဲ့ပြီး ဆဋ္ဌမအလွှာသို့ စောစီးစွာ ဝင်ရောက်ခဲ့ပြီး သတ္တမအလွှာသို့ အဆင့်မတက်မီ ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်နီးပါး ကြာမြင့်လေသည်။

လင်းယွမ်ကဲ့သို့ ဆဋ္ဌမအလွှာသို့ ရောက်ပြီး တစ်နှစ်ကျော်ကြာပြီးနောက် သတ္တမအလွှာသို့ ချိုးဖျက်ခြင်းက မရှိသလောက် ရှားပါးလေသည်။

" အခု လူသားမျိုးနွယ်ရဲ့ မှတ်တမ်းထဲမှာ အသက်သုံးဆယ်အောက် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတွေက ဆယ်ရာခိုင်နှုန်းက သတဖတမအလွှာမှာ ရှိနေတယ်၊ နှစ်ဆယ်ရာခိုင်နှုန်းက မတော်တဆမှုတွေကြောင့် သေဆုံးသွားကြတယ်၊ ခုနှစ်ဆယ်ရာခိုင်နှုန်းက အဋ္ဌမအလွှာကို ရောက်ခဲ့ကြတယ်။ ကြည့်ရတာ ညီငယ်လေးသာ မသေရင် အဋ္ဌမအလွှာကို မကြာခင် ရောက်လိမ့်မယ်။ " ဒုတိယတပည့်က ရေရွတ်လိုက်သည်။

အခြားအချက်များကို ဘေးဖယ်ပြီး ထိုကြောက်စရာကောင်းသော ​ကျင့်ကြံခြင်းအရှိန်နှင့်ပင် လင်းယွမ်က လူသားမျိုးနွယ်၏ ထင်ရှားသော လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ နောက်နှစ်သန်းပေါင်းများစွာ ကြာသည့်တိုင် အသက်သုံးဆယ်အောက် သတ္တမအလွှာများကို ဖော်ပြရာတွင် လင်းယွမ်က အဓိကနေရာတွင် ပါဝင်ပေလိမ့်မည်။

ထိုကဲ့သို့ ထူးချွန်ထက်မြက်သောလူက သူတို့၏ ညီငယ်လေးပင် ဖြစ်သည်။

" ကောင်းပြီ။ သေချာခံစားကြည့်ကြ။ ဒီလိုအခွင့်အရေးမျိုးက ရခဲတယ်။ " ချီခွန်ကြယ်သခင်က သူ၏ တပည့်များကို ကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့ " တပည့်ဆယ့်နှစ်ယောက်လုံးက စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။

အထူးသဖြင့် လေးယောက်မြောက်မှ ဆယ့်နှစ်ယောက်မြောက်အထိ တပည့်များက သေချာ အာရုံစိုက်နေကြသည်။

ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ချိုးဖျက်နေသော အော်ရာက ကြယ်စကြာဝဠာထဲသို့ ရိုက်ခတ်လာသည်။ ထိုသိမ်မွေ့သော ပြောင်းလဲမှုက ဆဋ္ဌမအလွှာ အထွတ်အထိပ်ရှိ ဆင့်ကဲပြောင်းလဲသူများအပေါ် လှုံ့ဆော်ပေးနိုင်လေသည်။

All Chapters