← Chapters

အဋ္ဌမအလွှာ၏ လိုအပ်ချက်များ....

Vol. 16 Ch. 252

အဋ္ဌမအလွှာ၏ လိုအပ်ချက်များ....

Vol. 16 Ch. 252

ရှစ်စန်းတောင်ထိပ်၏ နန်းတော်ထဲတွင် လင်းယွမ်က သတ္တမအလွှာသို့ ဝင်ရောက်ပြီးသောအခါ သူ၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာက အသွင်ပြောင်းလဲနေခဲ့သည်။ ယခု လင်းယွမ်၏ စွမ်းအားက အဆများစွာ တိုးလာရုံသာမက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိကမ္ဘာငယ်၏ ထောက်ပံ့မှုဖြင့် သူ၏ နိယာမများအပေါ် နားလည်မှုကလည်း ပို၍ တိုးလာခဲ့သည်။

ယခု လင်းယွမ်ကို သတ္တမအလွှာ ဘုရင်အဆင့်များသာ ယှဉ်နိုင်ပေလိမ့်မည်။

" ထိုက်ကျိအတွင်းကမ္ဘာ..." လင်းယွမ်၏ စိတ်က သူ၏ ဒန်တန်ထဲသို့ ဝင်ရောက်သွားသည်။

ထိုနေရာတွင် ကမ္ဘာငယ်လေးတစ်ခုက နည်ရှိနေပြီး လင်းယွမ်၏ စိတ်က ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထိုကမ္ဘာငယ်လေးထဲတွင် အဖြူအနက်လှည့်ပတ်နေပြီး အရာအားလုံးက ဖွံ့ဖြိုးနေဆဲ ဖြစ်သည်။

" ပုံမှန်ဆိုရင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတွေရဲ့ အတွင်းကမ္ဘာက အချင်းဝက် မိုင်တစ်ရာလောက်ရှိတယ်။ ဒါပေမယ့် ငါ့ရဲ့ ကမ္ဘာငယ်က အချင်းဝက် ဆယ်မိုင်ပဲရှိသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထိုကမ္ဘာငယ်လေးကို ဖန်တီးသူအနေဖြင့် လင်းယွမ်က ဖန်ဆင်းရှင်နတ်ဘုရားတစ်ဦးနှင့်တူပြီး ကမ္ဘာငယ်လေးအတွင်းမှ အရာအားလုံးကို တွေးရုံနှင့် သိနိုင်လေသည်။

" အဋ္ဌမအလွှာတွေဖန်တီးတဲ့ အတွင်းကမ္ဘာက သူတို့ရဲ့အခြေခံနဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကြောင့် အချင်းဝက်မိုင်တစ်ရာရှိတဲ့ကမ္ဘာကို ဖန်တီးနိုင်တာပဲ။ "

အဋ္ဌမအလွှာသို့ ရောက်သောကြောင့် သူတို့က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံကြခြင်းဖြစ်သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကဲ့သို့ အားကောင်းပြီး ဆဋ္ဌမအလွှာ အထွတ်အထိပ်ရောက်မှသာ အတွင်းကမ္ဘာဖန်တီးခြင်းဖြစ်သည်။

ဆဋ္ဌမအလွှာ အထွတ်အထိပ်တစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က လင်းယွမ်၏ လက်ရှိ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ထက် ပို၍ သန်မာလေသည်။ သူတို့ဖန်တီးသော ကမ္ဘာများ၏ အရွယ်အစားကလည်း သဘာဝအတိုင်း ပိုကြီးလေသည်။

အတွင်းကမ္ဘာ၏ ကနဦးအရွယ်အစားက သိပ်အရေးမကြီးပေ။ ၎င်းက တဖြည်းဖြည်း ကြီးထွားလာသောကြောင့် ဖြစ်သည်။ လက်ရှိ လင်းယွမ်၏ အတွင်းကမ္ဘာက ဆယ်မိုင်သာ ကျယ်ဝန်းသော်လည်း သူ၏ ခွန်အားတိုးတက်လာသည်နှင့်အမျှ အတွင်းကမ္ဘာ၏ အရွယ်အစားကလည်း တိုးလာမည်ဖြစ်သည်။

" ကမ္ဘာရဲ့စွမ်းအား..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ဂရုတစိုက် ကြည့်လိုက်သည်။

အတွင်းကမ္ဘာကို ဖန်တီးပြီးနောက် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကလည်း ပြောင်းလဲသွားပြီး ကမ္ဘာ၏ စွမ်းအားကို အသုံးပြုနိုင်ပြီဖြစ်သည်။

ကမ္ဘာ၏ စွမ်းအားက လင်းယွမ်၏ တိုက်ခိုက်မှုများကို မြှင့်တင်ပေးပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ပေးရုံသာမက အခြားအရာများကိုလည်း တိုးတက်စေလေသည်။

" ငါက သတ္တမအလွှာကို ခုမှရောက်ပေမယ့် ကမ္ဘာရဲ့ စွမ်းအားနဲ့ဆို ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သတ္တမအလွှာ အထွတ်အထိပ်ထိ ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကမ္ဘာ၏ စွမ်းအားက အဋ္ဌမအလွှာများ၏ သီးသန့်စွမ်းအားတစ်ခု ဖြစ်သည်။ လင်းယွမ်၏ အတွင်းကမ္ဘာက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် အားနည်းနေသေးသော်လည်း ကမ္ဘာ၏ စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ဆဲ ဖြစ်သည်။

အရေးကြီးဆုံးမှာ သတ္တမအလွှာ အထွတ်အထိပ်များက သူတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်ပြီး အဋ္ဌမအလွှာသို့ အဆင့်တက်ရန်သာ ကြိုးစားကြသည်။

သို့သော် လင်းယွမ်က သူ၏ အတွင်းကမ္ဘာကို ဖွင့်လှစ်ခဲ့ပြီးနောက် ကြီးထွားဖွံ့ဖြိုးနိုင်ပြီး တစ်နေ့တွင် လင်းယွမ်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်နိုင်ပေလိမ့်မည်။

" အတွင်းကမ္ဘာ..." လင်းယွမ်က သူ၏ ဒန်တန်အတွင်းမှ ကမ္ဘာကို သေချာအာရုံစိုက်လိုက်သည်။

အချင်းဝက်က ဆယ်မိုင်သာ ရှိသော်လည်း ၎င်းက ကြည့်စုံသော ကမ္ဘာတစ်ခုဖြစ်ပြီး ၎င်း၏ အော်ရာက နက်ရှိုင်းစွာ ပျံ့နှံ့နေသည်။ လင်းယွမ်ဆန္ဒမရှိလျှင် အခြားသူများက အတွင်းကမ္ဘာ၏ တည်ရှိမှုကို သိနိုင်မည်မဟုတ်ပေ။

" ယင်စိတ်ဝိညာဉ်..." လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။

သူ၏ မူလခန္ဓာအဆင့်တက်သွားသည်နှင့် သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုလုံးက ပို၍ သန့်စင်လာပြီး သတ္တမအလွှာသို့ ရောက်သွားခဲ့သည်။

" စိတ်မကောင်းစရာပဲ။ မူလစိတ်ဝိညာဉ်မှာ ရုပ်ခန္ဓာမရှိတော့ အတွင်းကမ္ဘာကို မဖန်တီးနိုင်ဘူး။ "

" ဒါပေမယ့် ယင်စိတ်ဝိညာဉ်နဲ့ ယန်စိတ်ဝိညာဉ်တို့ ပေါင်းစည်းပြီး ထိုက်ကျိကို လေဟာနယ်နိယာမနဲ့ ပေါင်းစပ်လိုက်ရင် စိတ်ဝိညာဉ်ကမ္ဘာတစ်ခု ဖြစ်လာနိုင်လား။ " လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။

ထိုက်ယင်နှင့် ထိုက်ယန်တို့က လေဟာနယ်နိယာမနှင့် ပေါင်းစပ်လျှင်တောင် ကမ္ဘာတစ်ခု မဖြစ်ပေါ်လာနိုင်သော်လည်း နှစ်ခုပေါင်းစည်းလျှင်တော့ ကွဲပြားသွားပေလိမ့်မည်။

" ဆရာနဲ့အကိုတွေ ရောက်နေတာလား။ " လင်းယွမ်က ထပြီး အပြင်သို့ ထွက်လိုက်သည်။

" ဆရာ... အကိုတို့..." လင်းယွမ်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

လင်းယွမ်က သူ၏ သတ္တမအလွှာသို့ တက်လှမ်းခြင်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။ သူက လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူ၏ အရည်အချင်းများက ပိုကြောက်စရာကောင်းသည်နှင့် အရင်းအမြစ်များလည်း ပိုရလာပေလိမ့်မည်။

" တော်တယ်။ " ချီခွန်ကြယ်သခင်က ပြုံး၍ လင်းယွမ်ကို ကြဘ့်လိုက်သည်။ " နှစ်နှစ်မကြည့်ခင် မင်းက သတ္တမအလွှာကို ရောက်နိုင်ခဲ့တယ်။ အဲ့ဒါက ဆရာထက် သာတယ်..."

ချီခွန်ကြယ်သခင်က သတ္တမအလွှာသို့ ရောက်ရန် နှစ်ထောင်ချီကြာခဲ့လေသည်။ သို့သော် သူ၏ အစစ်အမှန်ပုံစံက ကြယ်ပင်လယ်ခွန်ဖြစ်ပြီး ထိုကဲ့သို့ အထူးသက်ရှိများက အဆင့်တက်ရန် အချိန်ကြာလေသည်။ ၎င်းတို့၏ သက်တမ်းက နှစ်ပေါင်းသန်းချီ ရှိပြီး နှစ်ထောင်ချီက သေးငယ်သော အချိန်လေးသာ ဖြစ်သည်။

" ညီငယ်လေး မင်း ကျင့်ကြံတာကို လျှော့ပါဦး။ မဟုတ်ရင် မင်းငါ့ကို ကျော်တက်သွားလိမ့်မယ်။ " အကိုသုံးက တစ်ဖက်မှ ဟာသပြောလိုက်သည်။

ချီခွန်မျိုးနွယ်တွင် မဟာတောင်ထိပ်သခင်နှင့် သတ္တမအလွှာ အထွတ်အထိပ် ဘုရင်အဆင့် ဖြစ်ပြီး ဒုတိယနှင့် တတိယတို့က သတ္တမအလွှာ အမတ်အဆင့်များ ဖြစ်ကြလေသည်။

လင်းယွမ်က သတ္တမအလွှာသို့ ရောက်သွားပြီးနောက် တတိယအကို၏ မျက်လုံးထဲတွင် သူက အမတ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေးစွမ်းအားတွင် ချီခွန်ကြယ်သခင်သာ လင်းယွမ်ကို ဖိနှိပ်နိုင်ပြီး စီနီယာအကိုကြီးပင် သူ၏ ပြိုင်ဘက်မဖြစ်နိုင်လောက်တော့ပေ။

" ဆရာလေး အာ..." ဇူကောနှင့် အခြားသူများက စကားပြောရန် တုန့်ဆိုင်းသွားကြသည်။

" ညီအကိုအချင်းချင်း အပြောအဆို ပြောင်းလဲဖို့မလိုပါဘူး။ " ၎င်းကို မြင်သောအခါ လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ချိန်တွင် ဇူကောနှင့် အခြားသူများက လင်းယွမ်ကို ဂရုစိုက်ခဲ့ကြပြီး သူတို့ကြားမှ ဆက်ဆံရေးက ကောင်းမွန်လေသည်။ ထို့ကြောင့် လင်းယွမ်က သတ္တမအလွှာသို့ ရောက်သွားသော်လည်း သူတို့ထက် သာလွန်သည်ဟု မခံစားရဘဲ အားလုံးက သူ၏ စီနီယာအကိုများသာ ဖြစ်ကြလေသည်။

" ဟားဟား တပည့်လေး မင်းက အဲ့လိုလုပ်တော့ သူတို့ကြိုးစားကျင့်ကြံဖို့ တွန်းအားမရှိတော့ဘဲနေမှာပေါ့။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

" ဆရာ...." ဇူကောနှင့်အခြားသူများက မျက်နှာများ နီမြန်းသွားကြသည်။

" တပည့်လေး မင်းရဲ့ အသက်အရွယ်နဲ့ သတ္တမအလွှာကို တက်လှမ်းနိုင်တာ အန်းနန်ကြယ်မဟာမိတ်မှာတောင် အရမ်းရှားတယ်။ " ချီခွန်ကြယ်သခင်၏ အမူအရာက လေးနက်သွားသည်။ " ဒါပေမယ့် မမောက်မာနဲ့။ မင်းရဲ့ အရည်အချင်းနဲ့ သတ္တမအလွှာကို ရောက်တာက ဘာမှမဟုတ်ဘူး။ အဋ္ဌမအလွှာက မင်းရဲ့ အဓိကပစ်မှတ်ပဲ။ ဒါမှမဟုတ် အဋ္ဌမအလွှာထက်တောင် ကျော်လွန်နိုင်တယ်။ "

" လောလောဆယ် အဋ္ဌမအလွှာအကြောင်း အရင်ပြောရအောင်။ " ချီခွန်ကြယ်သခင်က ဆက်ပြောလိုက်သည်။ " အဋ္ဌမအလွှာကို တက်လှမ်းဖို့က အခြေအနေသုံးမျိုးရှိတယ်။ "

" ပထမတစ်ချက် အတွင်းကမ္ဘာကို ဖွင့်ထားရမယ်။ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတွေအတွက် အတွင်းကမ္ဘာက အခြေံအုတ်မြစ်ဖြစ်ပြီး ကမ္ဘာရဲ့ စွမ်းအားကို အသုံးပြုတာက အဋ္ဌမအလွှာရဲ့ အစွမ်းထက်ဆုံး နည်းလမ်းပဲ။ "

" ဟုတ်ကဲ့..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူက အတွင်းကမ္ဘာကို ဖွင့်ထားပြီဖြစ်သောကြောင့် ထိုအချက်ကို နားလည်လေသည်။

" ဒုတိယအချက် ကိုယ့်ကိုကိုယ် အားကိုးဖို့ လုံလောက်တဲ့စိတ်ဆန္ဒရှိရမယ်။ သန်မာတဲ့ စိတ်စွမ်းအားမရှိရင် အဋ္ဌမအလွှာကို ချိုးဖျက်နေတုန်းမှာ ကျရှုံးသွားနိုင်တယ်။ "

၎င်းကို ပြောချိန်တွင် ချီခွန်ကြယ်သခင်၏ အမူအရာက ပို၍ လေးနက်လာသည်။ အတွင်းကမ္ဘာကို ဖွင့်ရန် ကမ္ဘာသစ်သီးကဲ့သို့သော ရတနာများကို အသုံးပြုနိုင်လေသည်။

သို့သော် သန်မာသော စိတ်စွမ်းအားက မိမိအပေါ်တွင်သာ မူတည်လေသည်။ ဆင့်ကဲပြောင်းလဲသူအများစုက ထိုအဆင့်ကို မအောင်မြင်ခဲ့ကြပေ။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ဥပမာ အင်မော်တယ်တာအိုကမ္ဘာမှ အသုံးအနှုန်းနှင့်ဆိုလျှင် သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းရန် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ရပေလိမ့်မည်။

စိတ်နှလုံးနတ်ဆိုးကပ်ဘေးက စိတ်မှဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပြင်ပပစ္စည်းများ အသုံးမဝင်ဘဲ မိမိကိုသာ အားကိုးရပေလိမ့်မည်။

ချီခွန်ကြယ်သခင်က ထိုအချက်ကို အလေးအနက်ပြောခြင်းမှာ လင်းယွမ်က ငယ်ရွယ်ပြီး စိတ်နှလုံးနတ်ဆိုးအကြောင်းကို မရင်းနှီးသေးသောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် သက်တမ်းပိုကြာသည်နှင့် အတွေ့အကြုံပိုများလာသောကြောင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ကျော်လွှားရန် အခွင့်အရေးပိုများလေသည်။

" တတိယအချက်ကတော့ မင်း သတ္တမအလွှာရဲ့ ကန့်သတ်ချက်ကို ရောက်တဲ့အခါ သိလာလိမ့်မယ်။ " ချီခွန်ကြယ်သခင်က ယခုမှ သတ္တမအလွှာသို့ ဝင်ရောက်လာသော လင်းယွမ်အတွက် အလွန်အကျွံ သိရန် မလိုအပ်ဟု တွေးမိလေသည်ယာ

" ကောင်းပြီ ငါတို့ ပြန်ရမယ့်အချိန်ရောက်ပြီ။ မင်းက ခုမှ သတ္တမအလွှာကို ရောက်တာဆိုတော့ အဲ့ဒီစွမ်းအားနဲ့ ရင်းနှီးဖို့ အချိန်တစ်ခု လိုလိမ့်မယ်။ "

ချီခွန်ကြယ်သခင်က စီနီယာအကိုကြီးကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ " မင်းရဲ့ ညီငယ်လေး သတ္တမအလွှာကို ရောက်သွားတဲ့အကြောင်း ကြေညာလိုက်ဦး။ "

" ဟုတ်ကဲ့ " စီနီယာအကိုကြီးက ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ " အခု အပြင်ကလူတွေက ဘယ်တောင်ထိပ်သခင်က သတ္တမအလွှာကို ရောက်သွားတာလဲဆိုတာ တွေးနေကြလောက်ပြီ။ "

All Chapters