← Chapters

ဝမ်ယန်တော်ဝင်သားတော်၏ စိတ်ပျက်မှု....

Vol. 16 Ch. 253

ဝမ်ယန်တော်ဝင်သားတော်၏ စိတ်ပျက်မှု....

Vol. 16 Ch. 253

ချီခွန်ပင်မကြယ်။

အင်အားစုများစွာက ​မျှော်လင့်ချက်များနှင့် ချီခွန်မျိုးနွယ်၏ သတင်းကြေညာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ချီခွန်မျိုးနွယ်၏ အစဉ်အလာအရ တောင်ထိပ်သခင်တစ်ယောက်က သတ္တမအလွှာသို့ ရောက်သွားသည်နှင့် လူသိရှင်ကြား ကြေညာလေ့ရှိသည်။ ထို့အပြင် သတ္တမအလွှာတစ်ယောက်တိုးလာခြင်းက ချီခွန်မျိုးနွယ်၏ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးခြင်းလည်း ဖြစ်သည်။

" သေချာတယ် အဲ့ဒါ လေးယောက်မြောက် တောင်ထိပ်သခင်ဖြစ်ရမယ်။ "

" လျှောက်​ပြောမနေနဲ့ အဲ့ဒါ ခြောက်ယောက်မြောက်တောင်ထိပ်သခင်ပဲ။ "

အင်အားစုအများအပြားက အချင်းချင်း ငြင်းခုံနေကြသည်။ တောင်ထိပ်သခင်များနှင့် ရင်းနှီးသော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက သတင်းရရှိရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ခဲ့ကြသည်။ သို့သော် တောင်ထိပ်သခင်များက တုန့်ပြန်ခြင်းမရှိခဲ့ပေ။

နေ့တစ်ဝက်ကြာပြီးသောအခါ ချီခွန်မျိုးနွယ်က သတ္တမအလွှာသို့ တက်လှမ်းသွားသော တောင်ထိပ်သခင်ကို လူသိရှင်ကြားကြေညာခဲ့သည်။

" ကြေညာချက်ထွက်လာပြီ။ "

" ဘယ်တောင်ထိပ်သခင်လဲ။ "

" ကြည့်ရအောင် ရှစ်စန်းတောင်ထိပ်သခင်က သတ္တမအလွှာကို တက်လှမ်းသွားခဲ့ပါပြီ။ ဟမ် ရှစ်စန်းတောင်ထိပ်သခင်လား။ "

အင်အားစုများစွာက တိတ်ဆိတ်သွားကြသည်။ သို့သော် ခနကြာသောအခါ အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" ရှစ်စန်းတောင်ထိပ်သခင်။ "

" ရှစ်စန်းတောင်ထိပ်သခင်က ချီခွန်ကြယ်သခင်ရဲ့ တပည့်အသစ်မဟုတ်လား။ "

" သူက မကြာသေးခင်က ဆဋ္ဌမအလွှာကို ရောက်သွားတာလေ။ ငါမှတ်မိသလောက်ဆို ရှစ်စန်းတောင်ထိပ်သခင်က အလယ်အဆင့်အသက်ဂြိုလ်က လာတာပဲ။ "

" ရှစ်စန်းတောင်ထိပ်သခင်က သတ္တမအလွှာကို ရောက်သွားတာလား။ တစ်ခုခုများ မှားနေလား။ "

မရေတွက်နိုင်သောအင်အားစုများက မယုံကြည်နိုင်ဖြစ်နေကြသည်။ ဆယ့်နှစ်ယောက်မြောက် တပည့်က သတ္တမအလွှာသို့ ရောက်လျှင်တောင် သူတို့က ရှစ်စန်းတောင်ထိပ်သခင်ထက် ပိုလက်ခံနိုင်သေးသည်။

သို့သော် ချီခွန်မျိုးနွယ်၏ ကြေညာချက်က မှားယွင်းမည်မဟုတ်ပေ။ သူတို့က ရှစ်စန်းတောင်ထိပ်သခင်ဟုဆိုလျှင် အမှန်တကယ် ရှစ်စန်းတောင်ထိပ်သခင် ဖြစ်ပေလိမ့်မည်။

" ဘုရားရေ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပါရမီက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။ နှစ်နှစ်အတွင်းမှာ ဆဋ္ဌမအလွှာကနေ သတ္တမအလွှာထိ ချိုးဖျက်နိုင်ခဲ့တယ်။ "

" ငါက နှစ်နှစ်ကြာတာတောင် စတုတ္ထအလွှာ အဆင့်သုံးက မတက်သေးဘူး။ "

ချီခွန်ပင်မကြယ်က တဖြည်းဖြည်း ပိုမိုပြင်းထန်သော ဆွေးနွေးမှုများက စတင်လာသည်။

ချီခွန်မျိုးနွယ်မှ တစ်စုံတစ်ယောက်က သတ္တမအလွှာသို့ တက်လှမ်းသည့်အကြောင်းကို ကန်လန်ကြယ်က အချိန်ကြာမှသာ သတင်းကို ရရှိခဲ့ကြသည်။

" ဘာလဲ။ လင်းယွမ်က သတ္တမအလွှာထဲ ရောက်သွားပြီလား။ "

" အဲ့လောက်တောင် မြန်လား။ "

" လွန်ခဲ့သော နှစ်အနည်းငယ်က လင်းယွမ်က စတုတ္ထအလွှာမှာပဲ ရှိနေခဲ့တာမဟုတ်လား။ "

ကန်လန်ကြယ်မှ နိုင်ငံသားအားလုံးက လုံးဝ တုန်လှုပ်သွားကြသည်။ အမှန်တွင် လင်းယွမ်က သတ္တမအလွှာသို့ တက်လှမ်းခြင်းက ကန်လန်ကြယ်အတွက် မည်သည့်အကျိုးကျေးဇူးမှ မရပေ။

သို့သော် လင်းယွမ်က ကန်လန်ကြယ်မှလာပြီး ထိုကဲ့သို့ အရည်အချင်းများကို ထုတ်ပြခဲ့သောကြောင့် ကန်လန်ကြယ်၏ နိုင်ကံသားအားလုံးက ဂုဏ်ယူရလေသည်။

ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်။

စွမ်းအားကြီးသော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ။

အဆင့်မြင့်အသက်ဂြိုလ်များပင် မထွက်ပေါ်နိုင်သော ပါရမီရှင်။

ထိုလူက သူတို့၏ ကန်လန်ကြယ်မှ လာခြင်းဖြစ်သည်။

ဝမ်ယန်ကြယ်နယ်မြေ၏ ဝမ်ယန်တော်ဝင်နယ်မြေ။

ဝမ်ယန်တော်ဝင်သားတော်က ပြင်းထန်သော အပူလှိုင်းများကို စုပ်ယူနေသည်။ ယန်ကိုးပါးနတ်သွေးကြောပိုင်ရှင်တစ်ယောက်အနေဖြင့် သူက ပြင်းထန်သောအပူကို လျစ်လျူရှုနိုင်လုနီးပါး ဖြစ်ပြီး မီးနိယာမနှင့် အလွန်လိုက်ဖက်လေသည်။

ယခု သူက ဆဋ္ဌမအလွှာသို့ တက်လှမ်းခဲ့ပြီး နေ၏ အပူကို စုပ်ယူနေသည်။ အခြားဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက နေ၏ အပူကို စုပ်ယူရဲကြမည်မဟုတ်ပေ။ သူတို့က ကြယ်ဖျက်ဆီးသူဟု ခေါ်ကြသော်လည်း သာမန်ဂြိုလ်များအတွက်သာ ဖြစ်သည်။ နေက သာမန်ဂြိုလ်တစ်ခုထက် အဆပေါင်း သန်းချီရှိလေသည်။

ကျင့်ကြံမှုပြီးနောက် ဝမ်ယန်တော်ဝင်သားတော်က VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

" ငြင်းပြန်ပြီလား။ " ဝမ်ယန်တော်ဝင်သားတော်က သူစိန်ခေါ်ခဲ့သော စာကို ကြည့်လိုက်သည်။

ဆဋ္ဌမအလွှာသို့ ဝင်ရောက်ချိန်တွင် သူက လင်းယွမ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် စိန်ခေါ်ခဲ့သည်။ နောက်ဆုံးအကြိမ် လင်းယွမ်ကို ရှုံးနိမ့်ခြင်းက သူ၏ စိတ်ထဲတွင် အရှက်ရစရာတစ်ခု ဖြစ်လာခဲ့သည်။ ယခု ဆဋ္ဌမအလွှာသို့ ရောက်ပြီးနောက် ဝမ်ယန်တော်ဝင်သားတော်က သူ၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် လင်းယွမ်ကို စိတ်ခေါ်ခဲ့သည်။

" သူလက်မခံရဲတာလား။ " ဝမ်ယန်တော်ဝင်သားတော်က နားမလည်နိုင်ဖြစ်နေသည်။

၎င်းက လင်းယွမ် အကြိမ်ကြိမ် ငြင်းဆိုခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်ဖြစ်လေသည်။

ဝှစ်....

ထိုအချိန်တွင် အနက်ရောင်နှင့် လူတစ်ယောက်က ပေါ်လာသည်။

" အရှင်..." ထိုလူက ဝမ်ယန်တော်ဝင်သားတော်ကို အရိုအသေပေးလိုက်သည်။

" ဘာလဲ။ " ဝမ်ယန်တော်ဝင်သားတော်က လင်းယွမ်၏ ကိစ္စကို စဉ်းစားပြီး သာမန်အတိုင်း မေးလိုက်သည်။

" အရှင် ချီခွန်မျိုးနွယ်က ရှစ်စန်းတောင်ထိပ်သခင်အကြောင်း သတင်းရလို့ပါ။ "

" ဘာသတင်းလဲ။ " ဝမ်ယန်တော်ဝင်သားတော်က စိတ်ဝင်စားသွားသည်။

သူ့အတွက် လင်းယွမ်က ပြိုင်ဘက်တစ်ယောက်ဖြစ်သောကြောင့် အရေးပါလေသည်။

" အရှင် ချီခွန်မျိုးနွယ်ရဲ့ တောင်ထိပ်သခင်တစ်ယောက်က သတ္တမအလွှာကို တက်လှမ်းသွားပြီလို့ သတင်းရပါတယ်။ " အနက်ရောင်နှင့်လူက လေးနက်စွာ ပြောလိုက်သည်။

" အို့..." ထိုစကားကို ကြားသောအခါ ဝမ်ယန်တော်ဝင်သားတော်၏ စိတ်ဝင်စားမှုက လျော့နည်းသွားသည်။

သူက လင်းယွမ်ကိုသာ စိတ်ဝင်စားပြီး သတ္တမအလွှာသို့ တက်လှမ်းသွားသော အခြားတောင်ထိပ်သခင်များက သူနှင့်မသက်ဆိုင်ပေ။

ကြယ်နယ်မြေတစ်ခုတွင် သတ္တမအလွှာသို့ တက်လှမ်းခြင်းက အဓိကဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ကြယ်မဟာမိတ်တွင်တော့ ၎င်းက သာမန်သာဖြစ်သည်။

" သတ္တမအလွှာကို တက်လှမ်းသွားတဲ့ တောင်ထိပ်သခင်က..." အနက်ရောင်နှင့်လူက ဆက်ပြောလိုက်သည်။ " ရှစ်စန်းတောင်ထိပ်သခင်ပါ။ "

" ဟမ်...." ဝမ်ယန်တော်ဝင်သားတော်က ချက်ချင်း ထိတ်လန့်သွားပြီး မတ်တပ်ရပ်၍ အနက်ရောင်နှင့်လူကို ပြန်မေးလိုက်သည်။

" မင်းဘာပြောလိုက်တာလဲ။ "

ဝမ်ယန်တော်ဝင်သားတော်က အံ့ဩသွားပြီး သူနားကြားမှားသလားဟုပင် ထင်မိသွားသည်။ သို့သော် သူ၏ အဆင့်နှင့် ထိုကဲ့သို့ အနီးမှ ပြောသော စကားကို နားကြားမှားစရာအကြောင်းမရှိပေ။ ထို့ကြောင့် သူက အနက်ရောင်နှင့်လူ မှားပြောသည်ဟု ထင်မိသွားသည်။

" အရှင် ကျွန်တော်လည်း ဒီသတင်းကို ကြားတော့ မဖြစ်နိုင်ဘူးလို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် ထပ်ခါထပ်ခါ အတည်ပြုပြီးတဲ့နောက်မှာ ရလဒ်ကတော့ အတူတူပါပဲ။ " အနက်ရောင်နှင့်လူက သတိထားပြီး ပြောလိုက်သည်။

ဝမ်ယန်တော်ဝင်သားတော်က နောက်ဆုံးတိုက်ပွဲတွင် သူ၏ စိတ်ကို ပြင်းထန်စွာ သက်ရောက်ခဲ့ပြီး ဆဋ္ဌမအလွှာသို့ ရောက်ချိန်တွင် ရှစ်စန်းတောင်ထိပ်သခင်နှင့် မည်မျှတိုက်ခိုက်ချင်နေသည်ကို သူက ကောင်းကောင်းသိလေသည်။

ယန်ကိုးပါးနတ်သွေးကြော၏ ထောက်ပံ့မှုဖြင့် ဝမ်ယန်တော်ဝင်သားတော်၏ ကျင့်ကြံမှုက ချောမွေ့နေခဲ့ပြီး သူနှင့် ရွယ်တူများထက် သာလွန်ခဲ့သည်။

သို့သော် ပြိုင်ပွဲတွင် ရှစ်စန်းတောင်ထိပ်သခင်က ဝမ်ယန်တော်ဝင်သားတော်၏ ယုံကြည်မှုကို ရိုက်ချိုးသွားခဲ့သည်။

ထိုတိုက်ပွဲပြီးနောက် ဝမ်ယန်တော်ဝင်သားတော်က တံခါးပိတ်ကျင့်ကြံခဲ့ပြီး ဆဋ္ဌမအလွှာသို့ ချိုးဖျက်ရန် ကြိုးစားခဲ့သည်။ သူ၏ ယန်ကိုးပါးနတ်သွေးကြောဖြင့် ဆဋ္ဌမအလွှာသို့ ရောက်ချိန်တွင် အခြားဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် သာလွန်မည်မှာ အမှန်ဖြစ်သည်။

ထို့ကြောင့် ဝမ်ယန်သားတော်က စိန်ခေါ်မှုကို ယုံကြည်မှုရှိစွာ ပေးပို့ခဲ့သည်။ သို့သော် လင်းယွမ်၏ အ​ကြိမ်များစွာ ငြင်းဆိုမှုက ဝမ်ယန်တော်ဝင်သားတော်ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

ဝမ်ယန်တော်ဝင်သားတော်က VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ချီခွန်မျိုးနွယ်၏ ကြေညာချက်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။

ဝမ်ယန်တော်ဝင်သားတော်က ကြေညာချက်ကို အကြိမ်များစွာ ဖတ်နေသည်။

" ရှစ်စန်းတောင်ထိပ်သခင်..."

ဝမ်ယန်တော်ဝင်သားတော်၏ အကြည့်များက ရှုပ်ထွေးနေသည်။ ကြေညာချက်က စစ်မှန်ကြောင်း သံသယရှိစရာပင် မလိုပေ။

ချီခွန်မျိုးနွယ်၏ ကြေညာချက်များက အတည်ပြုမှုများစွာ လုပ်ဆောင်ရပြီး ကြယ်သခင်၏ ခွင့်ပြုချက်လည်း လိုအပ်လေသည်။

ချီခွန်မျိုးနွယ်က ထိုသတင်းကို ကြေညာခဲ့ပြီး အချိန်ကြာသည်အထိ ပြောင်းလဲမှုမရှိသောကြောင့် သတ္တမအလွှာသို့ တက်လှမ်းသွားသူမှာ အမှန်ပင် ရှစ်စန်းတောင်ထိပ်သခင် ဖြစ်လေသည်။

" အဲ့လောက်တောင်မြန်တာလား။ "

သတ္တမအလွှာသို့ တက်လှမ်းခြင်းက အောင်မြင်ရန် ဆုံးဖြတ်နိုင်သော အရာမဟုတ်ဘဲ လုံလောက်သော ပြင်ဆင်မှုများနှင့် ခိုင်မာသော အခြေခံရှိရန် လိုအပ်လေသည်။

ဝမ်ယန်တော်ဝင်သားတော်က သူ့တွင် လုံလောက်သော အခြေခံအုတ်မြစ်ရှိသော်လည်း သတ္တမအလွှာသို့ တက်လှမ်းရန် အနည်းဆုံး ဆယ်စုနှစ်တစ်ခုမှ ဆယ်စုနှစ်အချို့ထိ ကြာပေလိမ့်မည်။

ဝမ်ယန်တော်ဝင်သားတော်က ဝမ်ယန်အစစ်အမှန်သလင်းကျောက်ထဲတွင် ချိတ်ပိတ်ပြီး ဂြိုလ်တစ်ခုထဲတွင် ရာစုနှစ်တစ်ခုကြာအောင် အိပ်ပျော်စေခဲ့သည်။ သို့သော် ထိုကျင့်ကြံမှုအားလုံးက သူ၏ အခြေခံအတွက်သာဖြစ်ပြီး ဆဋ္ဌမအလွှာသို့ ချိုးဖျက်ရန် အချိန်တစ်ခု လိုအပ်ခဲ့လေသည်။

" ငါ သူ့ကို စိန်ခေါ်ချင်သေးလား။ " ဝမ်ယန်တော်ဝင်သားတော်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ရှစ်စန်းတောင်ထိပ်သခင်က သူ၏ စိန်ခေါ်မှုများအား အကြိမ်ကြိမ် ငြင်းပယ်နေသည့် အကြောင်းရင်းကို သိချင်နေခဲ့သည်။

သူကြောက်လို့လား။ မဟုတ်ပေ။ ရှစ်စန်းတောင်ထိပ်သခင်က စိန်ခေါ်မှုကို လက်မခံသည့်အကြောင်းရင်းမှာ သူ့ကို အနိုင်ကျင့်သကဲ့သို့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

" အရှင် အဆင်ပြောရဲ့လား။ " ဝမ်ယန်တော်ဝင်သားတော်၏ မာနကြောင့် ၎င်းကသူ့အတွက် ပြင်းထန်သော ထိုးနှက်မှုတစ်ခု ဖြစ်မည်ကို အနက်ရောင်နှင့်လူက သိလေသည်။

" ငါကို စိတ်မပူနဲ့။ " ဝမ်ယန်တော်ဝင်သားတော်က ခေါင်းခါလိုက်သည်။

သူက အနက်ရောင်နှင့်လူကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ " သွား ဆရာဆီက ဝမ်ယန်အစစ်အမှန်သလင်းကျောက် အပိုင်းတစ်ခု တောင်းခဲ့။ ငါ ကျင့်ကြံဖို့ ဂြိုလ်ရဲ့ အတွင်းပိုင်းကို ဝင်တော့မယ်။ "

ဂြိုလ်၏ အတွင်းပိုင်းအပူချိန်က ပြင်ပထက် ပို၍ ပြင်းထန်လေသည်။ ဝမ်ယန်တော်ဝင်သားတော်၏ ရုပ်ခန္ဓာအရ ဂြိုလ်မျက်နှာပြင်ပေါ်တွင် အချိန်တစ်ခုအထိသာ နေနိုင်လေသည်။ သို့သော် ဂြိုလ်၏ အတွင်းပိုင်းကို ဝင်လျှင် သတ်​သေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

All Chapters