ကြယ်မဟာမိတ်ညီလာခံ.....
Vol. 16 Ch. 254
ထိုအပူချိန်ကို ခံနိုင်ရန် ဝမ်ယန်အစစ်အမှန်သလင်းကျောက်ကဲ့သို့ ပြင်ပအကူအညီများလိုအပ်လေသည်။ ဂြုလ်အတွင်းမှ ပြင်းထန်သောအပူက ဝမ်ယန်အစစ်အမှန်သလင်းကျောက်ကြောင့် လျှော့နည်းသွားလျှင်တောင် ဝမ်ယန်တော်ဝင်သားတော်က အဆုံးမဲ့နာကျင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပြီး မတော်တဆမှုတစ်ခုက သူ့ကို ပြာဖြစ်သွားစေနိုင်လေသည်။
ဝမ်ယန်တော်ဝင်သားတော် မွေးဖွားချိန်တွင် ဝမ်ယန်ကြယ်သခင်က အခြားနည်းလမ်းများနှင့် ဝမ်ယန်အစစ်အမှန်သလင်းကျောက်ထဲတွင် ချိတ်ပိတ်ခဲ့ပြီး ဂြိုလ်၏ အတွင်းပိုင်းတွင် ကျင့်ကြံစေခဲ့သည်။
သို့သော် ထိုနည်းလမ်းကို ဒုတိယအကြိမ် အသုံးမပြုနိုင်သောကြောင့် ဝမ်ယန်အစစ်အမှန်သလင်းကျောက်၏ ကာကွယ်မှုရှိလျှင်တောင် ဝမ်ယန်တော်ဝင်သားတော်က ဂြိုလ်အတွင်းပိုင်းသို့ သွားလျှင် အသက်အန္တရာယ်ရှိနိုင်လေသည်။
" အရှင် အဲ့ဒါက..." အနက်ရောင်နှင့်လူက တုန့်ဆိုင်းသွားသည်။
" ငါပြောသလိုလုပ်ပါ။ " ဝမ်ယန်တော်ဝင်သားတော်၏ အကြည့်များက ပြတ်သားလေသည်။
ရှစ်စန်းတောင်ထိပ်သခင်က သတ္တမအလွှာကို တက်လှမ်းသွားတော့ရော ဘာဖြစ်လဲ။ ဂြုလ်အတွင်း နာကျင်စွာ ကျင့်ကြံပြီး ငါးနှစ် သို့မဟုတ် ဆယ်နှစ်အတွင်း သူလည်း သတ္တမအလွှာသို့ ရောက်ပေလိမ့်မည်။ ထိုအချိန်တွင် သူ ဝမ်ယန်တော်ဝင်သားတော်က ရှစ်စန်းတောင်ထိပ်သခင်ကို ထပ်မံစိန်ခေါ်မည်ဖြစ်သည်။
ချီခွန်ပင်မကြယ်၊ ရှစ်စန်းတောင်ထိပ်၏ နန်းတော်ထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်နေသည်။ သူ၏ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က ပေါ်လာသည်။
သူ၏ စွမ်းအားအဆင့်ကို အတည်ပြုပြီးနောက် လင်းယွမ်က VR ကမ္ဘာတွင်လည်း သတ္တမအလွှာသို့ ရောက်သွားခဲ့သည်။ ၎င်းက ပြင်ပနှင့် ကွာခြားမှုမရှိဘဲ သူ၏ ဒန်တန်ထဲတွင် ထိုက်ကျိကမ္ဘာငယ်က လှည့်ပတ်နေသည်။
" စကြာဝဠာပတ်ဝန်းကျင်ကို ပုံဖော်လိုက်ပါ။ " လင်းယွမ်၏ အတွေးနှင့်အတူ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။
ကြယ်အစုအဝေးတစ်ခုပေါ်လာပြီး ကြီးမားသော ကြယ်ကြီးတစ်လုံးက အဝေးတွင် အလင်းရောင်နှင့် အပူလှိုင်းများ ထုတ်လွှတ်နေပြီး ၎င်း၏ပတ်လည်တွင် ဂြိုလ်ဆယ့်နှစ်လုံးက လှည့်ပတ်နေသည်။
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက သူတို့၏ စွမ်းအားအပြည့်ကို ကြယ်စကြာဝဠာထဲတွင်သာ ထုတ်လွှတ်နိုင်ကြသည်။
သို့သော် ကြီးမားလှသော မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် သတ္တမအလွှာများမပြောနှင့် အဋ္ဌမအလွှာများပင် တိုက်ခိုက်နိုင်လေသည်။
ဝုန်း ဝုန်း ဝုန်း....
လင်းယွမ်က ကမ္ဘာငယ်၏ စွမ်းအားကို အနည်းငယ် အသက်သွင်းလိုက်ပြီး လက်တစ်ချက်ဝှေ့ရမ်းလိုက်သည်နှင့် အဝေးရှိ ဂြိုလ်ပေါ်သို့ ကျရောက်သွားသည်။
ဝုန်း ဝုန်း ဝုန်း....
ကြီးမားသော စွမ်းအားက လေဟာနယ်အတွင်း ဖြတ်သန်းသွားပြီး ဆက်လက်ရွေ့လျားသွားသည်။ မကြာမီ ကီလိုမီတာသန်းပေါင်းများစွာ အဝေးရှိ ဂြိုလ်တစ်လုံးက ပေါက်ကွဲသံများနှင့်အတူ အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။
" သာမန်ရိုက်ချက်တစ်ခုက ဂြိုလ်တစ်လုံးကို ဖျက်ဆီးနိုင်တယ်။ " လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။
ကြယ်ဖျက်ဆီးသူများဟု သိကြသော ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ဂြိုလ်များကို ဖျက်ဆီးနိုင်သော်လည်း ဂြိုလ်တစ်လုံးကို ထိုးဖောက်ရန် အကြိမ်များစွာ တိုက်ခိုက်ရန် လိုအပ်လေသည်။ ဂြိုလ်တစ်ခုကို မရေတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲရန် ဆဋ္ဌမအလွှာ အထွတ်အထိပ်များသာ လုပ်နိုင်မည်ဟု ခန့်မှန်းရလေသည်။
သို့သော် လင်းယွမ်က နိယာမများကို အသုံးမပြုဘဲ ကမ္ဘာ၏ စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုခဲ့လေသည်။
" ကမ္ဘာရဲ့ စွမ်းအားက ဆန်းကျယ်လွန်းတယ်။ "
" ငါ့ရဲ့ လက်ရှိ ကမ္ဘာငယ်က အချင်းဝက် ဆယ်မိုင်ပဲရှိတာတောင် ဒီလောက် ကြောက်စရာကောင်းနေပြီ။ အဋ္ဌမအလွှာတွေလို မိုင်တစ်ရာသာ ရှိရင်..." လင်းယွမ်၏ အမူအရာက မျှော်လင့်ချက် အပြည့်နှင့် ဖြစ်သည်။
သို့သော် သူ၏ အတွင်းကမ္ဘာက မိုင်တစ်ရာရှိလျှင်တောင် အဋ္ဌမအလွှာကို ယှဉ်ပြိုင်ရန် ခက်ခဲလေသည်။ နောက်ဆုံးတွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက အတွင်းကမ္ဘာရှိသည့်အပြင် သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က သတ္တမအလွှာများထက် သာလွန်လေသည်။
" အဋ္ဌမအလွှာကို တက်လှမ်းဖို့ ပထမလိုအပ်ချက်က ငါအောင်မြင်ထားတဲ့ အတွင်းကမ္ဘာကို ဖွင့်လှစ်တာဖြစ်လို့ စိတ်ပူစရာမလိုတော့ဘူး။ " လင်းယွမ်က VR ကမ္ဘာမှ ထွက်လာသည်။
အတွင်းကမ္ဘာကို ဖွင့်လှစ်လိုက်ခြင်းက လင်းယွမ်အတွက် အလွန်အကျိုးရှိလေသည်။ တိုက်ခိုက်ရေးစွမ်းအားက ဒုတိယသာဖြစ်ပြီး ပိုအရေးကြီးသည်မှာ အတွင်းကမ္ဘာ၏ လည်ပတ်မှုဖြင့် လင်းယွမ်က နိယာမများကို ပို၍ နက်ရှိုင်းစွာ နားလည်လာသည်။
အတွင်းကမ္ဘာက စကြာဝဠာထဲရှိ မူလကမ္ဘာနှင့် မယှဉ်နိုင်သော်လည်း သူဆင်းသက်ခဲ့သော် ကမ္ဘာငါးခုအောက် နိမ့်ကျခြင်းမရှိပေ။ အဆုံးတွင် ၎င်းက ပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်သည်။ ခြင်ဘယ်လောက်သေးသေး သက်ရှိသာ ဖြစ်လေသည်။
" ဒုတိယအချက်က အဋ္ဌမအလွှာ ချိုးဖျက်ချိန်တွင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ဖို့ ငါ့ရဲ့စိတ်စွမ်းအားက လုံလောက်အောင် သန်မာဖို့ လိုအပ်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွက်ချက်လိုက်သည်။
ခွန်အားနှင့်မတူဘဲ စိတ်စွမ်းအားက တိုင်းတာရန် ခက်ခဲလှသည်။ တစ်ခါတစ်ရံ သေမျိုးများ၏ စိတ်စွမ်းအားက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် ပိုမိုသန်မာနိုင်လေသည်။
" ဖြည်းဖြည်းပေါ့။ အလျင်မလိုသေးပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။
မူလကမ္ဘာရှိ ဆင့်ကဲပြောင်းလဲသူများ၏ စ်တ်စွမ်းအားကို သန်မာစေသော နည်းလမ်းမှာ အသက်ရှင်နေထိုင်ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခြင်း၊ အမျိုးမျိုးသော စိတ်ခံစားချက်များကို ကြုံတွေ့ပြီး ချစ်ခင်နှစ်သက်သူများ မျက်စိရှေ့တွင် သေဆုံးသွားကြခြင်းကို မျက်မှောက်ပြုခြင်းတို့ဖြစ်သည်။
ထိုမှ စိတ်စွမ်းအားက တဖြည်းဖြည်း သန်မာလာပြီး နောက်ဆုံး စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်နိုင်သည့် အဆင့်သို့ ရောက်လာမည်ဖြစ်သည်။
" ငါ အခြားကမ္ဘာမှာ ဖြတ်သန်းခဲ့တဲ့ နှစ်တွေက ငါ့ရဲ့ စိတ်စွမ်းအားကို သန်မာစေတာပဲ မဟုတ်လား။ " လင်းယွမ်က အတွေးဝင်သွား၏။
လူသားမျိုးနွယ်၏ နယ်စပ်ဒေသအစွန်တွင် ကြောက်စရာကောင်းသော စိတ်အသိများ ဆင်းသက်လာသည်။
" ဘာဖြစ်တာလဲ။ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အရည်အချင်းက အခြားတောင်ထိပ်သခင်တွေထက် နည်းနည်းပဲ အားကောင်းတယ်လို့ ပြောတာမဟုတ်ဘူးလား။ နှစ်အနည်းငယ်အတွင်းမှာ သတ္တမအလွှာကို ရောက်သွားတယ်။ အဲ့ဒါက နည်းနည်းအားကောင်းတာလား။." ပထမဆုံး စိတ်အသိက စိတ်စွမ်းအားလှိုင်းများ ထုတ်လွှတ်လိုက်သည်။
နှစ်နှစ်အတွင်း ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ရောက်ရှိခဲ့သော ပါရမီက နှစ်တစ်ရာ၊ နှစ်တစ်သောင်းကြာရင် ဘယ်လိုလုပ်မလဲ။
သူတို့က ရှစ်စန်းတောင်ထိပ်သခင်၏ အရည်အချင်းကို စောစောက သိခဲ့လျှင် မည်မျှပေးဆပ်ရသည်ဖြစ်စေ သူတို့က သူ့ကို ရအောင် လုပ်ကြံသတ်ဖြတ်ကြပေလိမ့်မည်။ ယခုတော့ ပေးဆပ်ရမည့် တန်ဖိုးက မြင့်မားသွားပြီဖြစ်သည်။
" ငါလည်း မသေချာဘူး။ အရင် ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ပါရမီကို ဘယ်သူဆုံးဖြတ်ခဲ့တာလဲ။ သူတို့က အပြစ်ပေးခံရသင့်တယ်။ " ဒုတိယစိတ်အသိက ပြတ်သားစွာ ပြောလိုက်သည်။
" အမှန်တော့ သူတို့အပြစ်လည်းမဟုတ်ဘူး။ ရှစ်စန်းတောင်ထိပ်သခင်က အရမ်းနှိမ့်ချနေခဲ့တယ်။ သူက ဆဋ္ဌမအလွှာကို ချိုးဖျက်ဖို့ အခြားကြယ်နယ်မြေက ဆင့်ကဲပြောင်းလဲသူတွေကို စိန်ခေါ်တုန်းကတောင် သူ့ရဲ့ အချက်အလက်တွေကို ဘယ်သူသိလို့လဲ။ " တတိယစိတ်အသိက ငြင်းလိုက်သည်။
၎င်းမှာ အမှန်ပင်ဖြစ်သည်။ ဝမ်ယန်တော်ဝင်သားတော်ကဲ့သို့ ပါရမီရှင်များပင် သူတို့၏ အချက်အလက်များက ကြယ်နယ်မြေများတွင် ပျံ့နှံ့နေကြသည်။
" ဒီကိစ္စကို အခုပြောနေလို့ ဘာမှမထူးတော့ဘူး။ အခုငါတို့ ဘာလုပ်သင့်လဲ။ " စတုတ္ထစိတ်အသိက ပြောလိုက်သည်။
" ငါတို့ဘာလုပ်သင့်လဲ။ ငါတို့ဘာလုပ်နိုင်မှာလဲ..." ပထမစိတ်အသိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ယခု ရှစ်စန်းတောင်ထိပ်သခင်က သတ္တမအလွှာထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူ့ကို ကျိန်စာနှင့် သတ်ရန်လည်း မဖြစ်နိုင်တော့ပေ။ နောက်ဆုံး အောင်မြင်ခဲ့လျှင်တောင် ရှစ်စန်းတောင်ထိပ်သခင်၏ အရည်အချင်းများနှင့် လူသားမျိုးနွယ်က သူ့ကို ချက်ချင်း အသက်ပြန်သွင်းကြပေလိမ့်မည်။
" အခွင့်အရေးမရှိတော့ဘူး။ ရှစ်စန်းတောင်ထိပ်သခင်က အရမ်းသတိထားလွန်းတယ်။ ဆဋ္ဌမအလွှာကို ရောက်ပြီးတဲ့နောက်မှာ သူက ချီခွန်ပင်မကြယ်က တစ်ခါမှ ထွက်မလာခဲ့ဘူး။ "
စိတ်အသိများက အပြန်အလှန် ဆွေးနွေးနေကြသည်။
" နောက်နှစ်ပေါင်းထောင်ချီကြာရင် လူသားမျိုးနွယ်တွေ ဖွင့်လှစ်ထားတဲ့ စစ်မြေပြင်မှာ ဒုတိယချီခွန်ကြယ်သခင် ထွက်ပေါ်လာလိမ့်မယ်။ အဲ့အချိန်ထေု ငါတို့လူတွေ ဘယ်လောက်တောင်သေမလဲ မသိဘူး။ " ပထမစိတ်အသိက သက်ပြင်းချလိုက်သည်။
" ဒုတိယချီခွန်ကြယ်သခင်လား။ " ကျန်စိတ်အသိများက တုန်လှုပ်သွားကြသည်။
ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကြားတွင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ အလယ်အဆင့် စစ်မြေပြင်တွင် ချီခွန်ကြယ်သခင်ပေါ်လာလျှင် လူတိုင်းထွက်ပြေးရပေလိမ့်မည်။ သူ၏ အစစ်အမှန်ခန္ဓာ ကြယ်ပင်လယ်ခွန်နှင့် မျိုးနွယ်ခြားများ၏ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းခဲသူများစွာကို သတ်ပစ်နိုင်စွမ်းရှိလေသည်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများသာ ချီခွန်ကြယ်သခင်ကို တားနိုင်ပေလိမ့်မညိ။
ချီခွန်ပင်မကြယ်တွင် လင်းယွမ်က ဆက်လက်ကျင့်ကြံနေသည်။ ထိုအချိန်တွင် AI ၏ အသံက ထွက်ပေါ်လာသည်။
" သခင် ကြယ်မဟာမိတ်ညီလာခံ စတင်တော့မယ်။ သခင် တက်ရောက်ချင်လား။ "
" ကြယ်မဟာမိတ်ညီလာခံ..." လင်းယွမ်က အံ့ဩသွား၏။
ကြယ်မဟာမိတ်ညီလာခံနှင့် ပက်သက်သော အချက်အလက်များက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
အန်းနန်ကြယ်မဟာမိတ်ညီလာခံက ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်ကျင်းပပြီး ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ဖြစ်သည်။ အန်းနန်ကြယ်မဟာမိက ကြယ်နယ်မြေ ရာများစွာဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် မဟာမိတ်အဖွဲ့ဖြစ်သည်။
ကြယ်နယ်မြေများကြားတွင် အကျိုးစီးပွား ခွဲဝေမှုနှင့် ဖြေရှင်းမရသော အခြေအနေများအတွက် ကြယ်မဟာမိတ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ကြယ်မဟာမိတ် ညီလာခံ၏ ရည်ရွယ်ချက်မှာ ကြယ်နယ်မြေများကြား ပဋိပက္ခများကို ဖြေရှင်းရန်ဖြစ်သည်။ နတ်ဘုရားသုံးပါးက ဘက်လိုက်ခြင်းမရှိခဲ့သော်လည်း တစ်ခါတစ်ရံ တရားမျှတစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ဘဲ ဖုံးကွယ်ထားနိုင်သော အန္တရာယ်များလည်း ရှိလေသည်။
ချီခွန်ကြယ်သခင်က အန်းနန်ကြယ်မဟာမိတ်အတွင်းရှိ အင်အားကြီးကြယ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။