← Chapters

ခြင်္သေ့ဟိန်းသံ

Vol. 21 Ch. 298

ခြင်္သေ့ဟိန်းသံ

Vol. 21 Ch. 298

မိုးမြေတစ်ခွင်တွင် တောက်ပသောအလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်လာသည်။

မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာပြီး အချင်းချင်း ရိုက်ခတ်မိကာ ပြန်လည်ငြိမ်သက်သွားကြသည်။

ထို့နောက် ဝိညာဉ်သင်္ကေတများက အုပ်စု (၄)စု ကွဲသွားပြီး များပြားလှစွာသော ဝိညာဉ်အလင်းတန်းများအဖြစ် ပေါင်းစပ်သွားကာ လေထုထဲတွင် ကြီးမားသော ကောင်းကင်ပလ္လင် (၄)ခု ထွက်ပေါ်လာသည်။

ရှီတိ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်ကောင်းကင်ပလ္လင်က လွှမ်းခြုံသွားပြီး ပလ္လင်အရွယ်အစားက မရပ်မနားကျုံ့ဝင်သွားကာ ပိုမိုသိပ်သည်းခိုင်မာလာသည်။ မပျက်ဆီးနိုင်သော ရွှေခန္ဓာ၏သိုင်းစွမ်းအားအစစ်အမှန်က ကပ်ဘေးများအားလုံးကို ဖယ်ရှားတော့မည့်အလား ထင်မှတ်ရသည်။

သူ့ဘေးတစ်ဖက်တစ်ချက်မှာတော့ အကြီးအကဲ’ဝမ်’ ၊ စီးမာချွေနှင့် ရန်နျဲ့တို့က သူတို့၏ ကောင်းကင်ပလ္လင်များကို ထုတ်ဖော်လိုက်ကြသည်။

အဖြူရောင်ပလ္လင်တစ်ခု ၊ အနက်ရောင်ပလ္လင်တစ်ခုနှင့် ခရမ်းရောင်ပလ္လင်တစ်ခုတို့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး စွမ်းအားလှိုင်းလုံးများ ဖုံးလွှမ်းသွားသည်။

အနက်ရောင်အိပ်မက်ဆိုးတောင်၏ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော ရန်နျဲ့၏လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာသည်။ သူက ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် ဓားရောင်ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော မုန်တိုင်းများ တိုက်ခတ်လာသည်။

သူက အနက်ရောင်အိပ်မက်ဆိုးတောင်၏ ထိပ်တန်းအကျဆုံးသိုင်းပညာတစ်ရပ်ဖြစ်သော မဟာခရမ်းရောင်ချီစွမ်းအားသိုင်းပညာကို ခရမ်းရောင်ကောင်းကင်ဓားသိုင်းနှင့်ပေါင်းစပ်ပြီး အမြင့်ဆုံးစွမ်းအားအသုံးပြုကာ ရှီတိကို အရင်ဆုံးဝင်ရောက်တိုက်ခိုက်လိုက်သည်။

ခရမ်းရောင်ကောင်းကင်ဓားသိုင်းက ကောင်းကင်ကိုထိုးခွင်းတော့မည့်အလား ပြင်းထန်သည့်အရှိန်အဟုန်ဖြင့်  မရေမတွက်နိုင်သော အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများကို ဖြစ်ပေါ်လာစေကာ ရှီတိကို ခုတ်ပိုင်းချလိုက်သည်။

ထိုအခါ ရှီတိ၏အဆင့်မြင့်မှော်ဝင်သံချပ်ကာဖြစ်သော နက်နဲအလင်းတန်းသံချပ်ကာမှ အလင်းရောင်များတောက်ပလာသည်။ သူက ရန်နျဲ့၏ ခရမ်းရောင်ကောင်းကင်ဓားသိုင်းကို ရှောင်တိမ်းခြင်းမပြုဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းပင်။

နှစ်ယောက်သားထိပ်တိုက်တွေ့သည်နှင့် အဆုံးမရှိသောရွှေရောင်အလင်းတန်းများနှင့် ခရမ်းရောင်ချီစွမ်းအားများက မိုးမြေတစ်ခွင်ပေါက်ကွဲထွက်ကာ မရေမတွက်နိုင်သော လေပြင်းများတိုက်ခတ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ လွှမ်းခြုံသွားသည်။

ထိုအချိန် အကြီးအကဲ’ဝမ်’က ရှီတိဦးခေါင်းထက်သို့ ရောက်ရှိလာပြီး ကြောက်မက်ဖွယ်ရာ ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်သည်။

မိုးကောင်းကင်ကြီးတစ်ခုလုံး ရှီတိဦးခေါင်းထက်သို့  ပြိုကျလာသည့်အလား ထင်မှတ်ရ၏။

ရှီတိကအသက်တစ်ချက်ရှူထုတ်ရင်း ကြုံးဝါးအော်ဟစ်လိုက်ကာ ညာလက်သီးဖြင့် ရန်နျဲ့၏ဘယ်ဘက်နံရိုးဆီသို့ ထိုးနှက်လိုက်သည်။ ပြင်းထန်လွန်းသည့်စွမ်းအားကြောင့် ရန်နျဲ့ နောက်ပြန်ဆုတ်သွားရသည်။

ထို့နောက် ရှီတိ၏ဘယ်ဘက်လက်မှ ရွှေရောင်အလင်းတန်းများတောက်ပလာပြီး ပြိုကျလာသောကောင်းကင်ကို ပင့်တင်လိုက်သည့်အလား အကြီးအကဲ’ဝမ်’ ၏ ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ခုခံလိုက်သည်။

မိုးကောင်းကင်ကြီးပမာ ခမ်းနားပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းသောလက်ဝါးရိုက်ချက်များက အောက်ဘက်သို့ အဆက်မပြတ် ကျရောက်လာသည်။

သို့သော် ရှီတိသည် တစ်ချက်မယိမ်းယိုင်သည့် ကောင်းကင်ထောက်တိုင်ကြီးပမာ ခုခံထားသည်။

သူတို့လက်ဖဝါးများထိမိသည့်အခါ ရှီတိမျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် လက်ခနဲ တောက်ပသွားသည်။ သူ၏ဘယ်ဘက်လက်က အဆက်မပြတ်အထက်သို့တွန်းတင်လျှက် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။ ပြိုကျလာသောကောင်းကင်ကြီးသည် ရှီတိ၏စွမ်းအားကို မခံနိုင်ဘဲ အကြီးအကဲ’ဝမ်’ မှာ နောက်ဆုတ်လိုက်ရသည်။

ရှီတိ၏တိုက်ခိုက်မှုက အကြီးအကဲ’ဝမ်’နှင့် ရန်နျဲ့တို့ (၂)ယောက်လုံးကို အံ့သြတုန်လှုပ်သွားစေသည်။

ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်တွင်ပါဝင်သော ကောင်းကင်ဝါဒလက်ဝါးသိုင်းက အစွန်းရောက်ရှစ်ပါး သိုင်းပညာ(၈)ရပ်တွင်ပါဝင်သော ရွှေခန္ဓာသိုင်းပညာကို မယှဉ်နိုင်ပေဘူးလား။

အမှန်တော့ ကောင်းကင်ဝါဒလက်ဝါးသိုင်းက ရွှေခန္ဓာသိုင်းပညာထက် နိမ့်ကျနေခြင်း မဟုတ်ပေ။ ရှီတိက အကြီးအကဲ’ဝမ်’ ထက် စွမ်းအားမြင့်မားနေခြင်းသာ ဖြစ်သည်။

မိုးကောင်းကင်က ပြိုကျလာချင်သည့်တိုင် ရှီတိက ပြင်းထန်လွန်းသောစွမ်းအားဖြင့် တုန်လှုပ်ဖွယ်ရာ ပင့် မ ထားလေရာ ကောင်းကင်မှာ အထက်သို့ ပြန်တက်သွားရသည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ ရှီတိ၏စွမ်းအားများက မရပ်မနားမြင့်တက်လာပြီး ကောင်းကင်ကို ပင့်တင်ရုံသာမက အခြားတစ်ဖက်သို့ မှောက်လှန်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

ရှီတိ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အကြီးအကဲ’ဝမ်’ ၏ အဖြူရောင်ကောင်းကင်ပလ္လင်မှာ မှောက်လှန်ခံလိုက်ရသည့်အလား လဲပြိုကျသွားသည်။

ထိုအချိန် နက်မှောင်သည့်အလင်းတန်းတစ်ခုက ရှီတိထံသို့ ဝင်ရောက်လာသည်။ ထိုအရာက ဓားဝိညာဉ်တစ်ခုဖြစ်ပြီး ရှီတိကို ထိုးစိုက်ချလိုက်သည်။

ထိုဓားချက်တွင် စွမ်းအားအပြည့်ပါဝင်နေပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများဖြင့် ရှီတိ၏ရင်ဘတ်မှ ဒဏ်ရာဟောင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။

ရှီတိ၏မျက်ဝန်းများ လျှပ်စီးပမာလင်းလက်သွားပြီး ညာဘက်လက်သီးဖြင့် အပြင်းအထန် ထိုးနှက်ကာ ရန်နျဲ့၏ဓားချက်ကို နောက်တစ်ကြိမ် ခုခံလိုက်သည်။

တစ်ချိန်တည်းပင် စီးမာချွေ၏လှံချက်ကလည်း ဝင်ရောက်လာလေရာ ရှီတိက အကြီးအကဲ’ဝမ်’ကို ဖိနှိပ်ထားသော သူ၏ဘယ်လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စီးမာချွေ၏လှံချက်ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။ သူ၏လှုပ်ရှားမှုက နှေးကွေးဟန်ရှိသော်လည်း တိကျလွန်း၏။

ရှီတိ၏လက်သီးချက်က အနက်ရောင်နဂါးကြီး၏လည်ပင်းကိုထိမှန်သွားလေရာ နဂါးကြီးက ကျောရိုးကျိုးသွားသည့်အလား နာကျင်စွာ အော်ဟစ်လိုက်သည်။

စီးမာချွေ၏လှံရှည်ကို ဘယ်ဘက်လက်သီးဖြင့် ထိုးနှက်လိုက်ပြီးနောက် ရှီတိက လက်ချောင်းများကို ဖြန့်လိုက်သည်။ သူ၏လှုပ်ရှားမှုက အလွန်တရာ ပေါ့ပါးလှသည်။

မည်သည့်မှော်ဝင်လက်နက်မဆို ခံနိုင်ရည်ရှိပုံရသော ရွှေရောင်အလင်းကွင်းတစ်ခု ရှီတိလက်ချောင်းများထက်မှ ထွက်‌ပေါ်လာသည်။

စီးမာချွေက လှံကိုပြန်လည်ရုတ်သိမ်းပြီး နောက်ဆုတ်လိုက်ချင်သော်လည်း သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော အနက်ရောင်နဂါးကြီးမှာ ရှီတိလက်ထဲမှ ရွှေရောင်အလင်းကွင်းဖြင့် စွပ်မိသွားပြီး စီးမာချွေမှာ နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

ရှီတိက ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်စဉ် ထိုအနက်ရောင်နဂါးကြီးက လွတ်လမ်းမရှိကြောင်းသိလိုက်ရသဖြင့် ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ရွှေရောင်အလင်းကွင်းကို သူ့ခန္ဓာကိုယ်တွင်းသို့ စုပ်ယူပြီး ဖျက်ဆီးပစ်လိုက်သည်။

သို့ပေသိ ကြီးမားသောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး စီးမာချွေမှာ ရှီတိအနားသို့ ဆွဲယူခြင်းခံလိုက်ရသည်။

စီးမာချွေမှာ သူ့လက်တွင်ဆုပ်ကိုင်ထားသည့် မှော်ဝင်လက်နက်တစ်ခုဖြစ်သောလှံရှည်ကို စွန့်လွှတ်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။ မဟုတ်ပါက ရှီတိ၏ ဆွဲငင်ခြင်းကိုခံရကာ အခြေလှမည် မဟုတ်ပေ။

ရှီတိက ညာဘက်လက်ကို ပင့်မြှောက်လိုက်ပြီး အဖျက်စွမ်းအားများကိုထုတ်ဖော်ကာ စီးမာချွေကို ရိုက်ချလိုက်သည်။

စီးမာချွေ သူ့ကိုယ်သူ ဟန်ချက်ညီအောင် မထိန်းနိုင်တော့သည့်အချိန် အကြီးအကဲ’ဝမ်’ နှင့် ရန်နျဲ့တို့က ရှီတိထံသို့ တိုက်ကွက်အသစ်များဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာကြသည်။

ရန်နျဲ့က ဓားကိုဝှေ့ယမ်းလိုက်လေရာ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ခရမ်းရောင်ချီစွမ်းအားများ အကန့်အသတ်မရှိလွှမ်းခြုံသွားပြီး လေပြင်းများတိုက်ခတ်လာကာ ကောင်းကင်တစ်ခုလုံးသို့ ဖုံးအုပ်သွားသည်။

သူ၏ဓားချက်ကျရောက်လာသည်နှင့် ခရမ်းရောင်ကောင်းကင်ပြင်ကြီးတစ်ခုလုံး ရှီတိထံသို့ ကျရောက်သွားသည့်အလား ဖြစ်သည်။

ခရမ်းရောင်ကောင်းကင်ပြင်ကြီးထက်မှ မရေမတွက်နိုင်သော အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများ ထွက်ပေါ်လာလေရာ ရှီတိမှာ အနောက်ဘက်သဲကန္တာရကြီးအတွင်းသို့ ခဏမျှရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။

တစ်ဖက်တွင်လည်း အကြီးအကဲ’ဝမ်’ ၏ ‌လက်ဝါးရိုက်ချက်က နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။

ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်တိုင် ရှီတိ၏မျက်ဝန်းများက ကျောက်ဆိုင်ကျောက်သားများပမာ ခိုင်ခန့်တည်ငြိမ်နေပြီး တစ်ချက်လေးပင် လှိုင်းမထပေ။

ရှီတိက သူ၏ရွှေရောင်ကောင်းကင်ပလ္လင်နှင့် တစ်သားတည်းပေါင်းစပ်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေစင်သားပမာ မာကျောလျှက် အဆုံးမရှိသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထက်မှ နက်နဲအလင်းတန်းသံချပ်ကာကလည်း တောက်ပလာပြီး ရန်နျဲ့၏ ခရမ်းရောင်ကောင်းကင်ဓားသိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်သည်။ သူ၏ဘယ်ဘက်လက်က ရပ်တန့်ခြင်းမရှိဘဲ စီးမာချွေကို ရှေ့သို့ဆွဲယူလိုက်ပြီး ညာဘက်လက်သီးက စီးမာချွေ၏ရင်ဝသို့ ပြင်းထန်စွာကျရောက်သွားကာ တည့်တည့်ထိမှန်သွားသည်။

အနက်ရောင်ကောင်းကင်ပလ္လင် အက်ကွဲသွားပြီး စီးမာချွေ၏ပါးစပ်မှ သွေးများအန်ကျလာသည်။

ရှီတိက သူ၏ ရွှေခန္ဓာစွမ်းအားကို အမြင့်ဆုံးအဆင့်လှည့်ပတ်လိုက်ပြီး ရန်နျဲ့၏ဓားကို တောင့်ခံလိုက်သည်။ ထိုအချိန် အကြီးအကဲ’ဝမ်’ ၏လက်ဝါးရိုက်ချက် ဝင်ရောက်လာသဖြင့် ခန္ဓာကိုယ်ကို အနည်းငယ်တိမ်းကာ ရှောင်လိုက်သော်လည်း အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ လက်ဝါးရိုက်ချက် ထိမှန်သွားကာ နောက်သို့ ယိမ်းယိုင်သွားရသည်။

ကြီးကျယ်ခမ်းနားသော ၊ အကန့်အသတ်မဲ့သော ၊ ပြင်းထန်သော ၊ ရက်စက်ကြမ်းတမ်းသောစွမ်းအားများဖြင့် ပြည့်နက်နေသည့် ကောင်းကင်ဝါဒလက်ဝါးသိုင်းက တောင်တစ်လုံးပြိုကျလာသည့်အလား ဝင်ရောက်လာလေရာ ရှီတိမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။

သူ၏နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ်စီးကျလာ၏။

ရန်နျဲ့က ဒေါသတကြီး ကြုံးဝါးလိုက်ရင်း...

“သံမဏိခြင်္သေ့ဘုရင်က ဒီနေ့တော့ ခြင်္သေ့အသေကောင် ဖြစ်ရတော့မယ်”

သူ၏ မဟာခရမ်းရောင်ချီစွမ်းအားက ကြောက်မက်ဖွယ်ရာမြင့်တက်လာပြီး သူ့လက်ထဲမှ အလင်းရောင်အိပ်မက်ဆိုးဓားက ဟာရီကိန်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ လေလှိုင်းများက မိုးနှင့်မြေကို နှစ်ပိုင်းကွဲသွားစေပြီး မိုးကုတ်စက်ဝိုင်းကို ပိုင်းဖြတ်ချလိုက်သလို ရှီတိကို ခုတ်ပိုင်းချလိုက်သည်။

နက်နဲအလင်းတန်းသံချပ်ကာနှင့် ရှီတိ၏ခန္ဓာကိုယ်ထက်တွင် များပြာလှစွာသော ဓားဒဏ်ရာများက ကြေကွဲဖွယ်ရာ ထင်ကျန်လျှက် ရှိသည်။

သို့တိုင် ရှီတိ၏မျက်ဝန်းများထဲတွင် အကြောက်တရားကို မတွေ့ရသလို ယိမ်းယိုင်သွားမှုကိုလည်း မတွေ့ရပေ။ သို့သော် ယခင်က သူ့မျက်ဝန်းများထဲတွင် တစ်ခါမှမတွေ့မြင်ရဖူးသည့်အရာများကို ယခု တွေ့မြင်ရမည် ဖြစ်သည်။

ကြမ်းတမ်းပြင်းထန်မှု ၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာခြင်းများ။

“မင်းတို့အားလုံးကို ဒီနေရာမှာ သင်္ဂြိုဟ်ပစ်မယ် ၊ ငါ့ အသွေး အသားနဲ့ အရိုးတွေ စတေးခံရမယ်ဆိုရင်တောင်မှပေါ့”

ထို့နောက် ရှီတိက ဒေါသအပြင်းအထန်ထွက်နေသည့် ခြင်္သေ့ကြီးတစ်ကောင် ဟိန်းဟောက်လိုက်သည့်ပမာ ကောင်းကင်ကိုးထပ်ကိုပင် တုန်လှုပ်စေသော ကြုံးဝါးသံကြီးတစ်သံ ပြုလုပ်လိုက်သည်။

ထိုက့်နောက် ရှီတိက စီးမာချွေ၏လှံရှည်ကို လွှတ်ပေးလိုက်ပြီး ရန်နျဲ့၏ဓားချက်ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။ ထို့နောက် သူ၏ပုံရိပ်က ဆတ်ခနဲ တစ်ပတ်လည်သွားပြီ အကြီးအကဲ’ဝမ်’ ရှေ့သို့ ရောက်ရှိသွားသည်။

ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာသော ရှီတိ၏ပုံစံက နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည် အမှန်ပင်။

ရှီတိခန္ဓာကိုယ်မှ သူ၏ရွှေခန္ဓာအသွင်အပြင်က ပျောက်ကွယ်သွားပြီး သူ၏လက်သီးများကသာ ရွှေသားပမာ တောက်ပလျှက် ရှိသည်။

သူက အကြီးအကဲ’ဝမ်’ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်ပြီး ‌ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ချိုးဖျက်ပစ်လိုက်သည်။

ထို့နောက် နောက်ထပ်လက်သီးချက်များ ဆက်တိုက်ထုတ်လွှတ်ရင်း အကြီးအကဲ’ဝမ်၏ ကောင်းကင်ပလ္လင်ကို အစိတ်စိတ်အမွှာမွှာ ထိုးခွင်းပစ်လိုက်သည်။

ဤကဲ့သို့သော ရွှေခန္ဓာစွမ်းအားကို တစ်ခါမှ မတွေ့မြင်ဖူးသဖြင့် အကြီးအကဲ’ဝမ်’မှာ မှင်တက်သွားသည်။

ရွှေခန္ဓာ၏စွမ်းအားက ခံစစ် တိုက်စစ် နှစ်ခုလုံး အသုံးပြုနိုင်သည့်တိုင် တကယ်တမ်းတွင် ခံစစ်ကို အဓိကထားသည်။ ယခု ရှီတိက သူ၏လက်သီးများတွင် ရွှေခန္ဓာစွမ်းအားကို အပြည့်အဝထည့်သွင်းပြီး တိုက်စစ်ကို အဓိကထား အသုံးပြုနေသည်။

ယခင်က ခံစစ်အဓိကဖြင့် မပျက်ဆီးဘဲ ထာဝရတည်ရှိသော ရွှေခန္ဓာ။

ယခုတော့ တိုက်စစ်အဓိကဖြင့် တိုက်ခိုက်စွမ်းရည် ပြိုင်ဘက်ကင်းသော ရွှေခန္ဓာ။

ရှီတိသည် ခံစစ်ကိုလုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။

ရန်နျဲ့၏ဓားချက်က သူ့ထံဝင်ရောက်လာသည့်အခါ ခုခံခြင်းမပြုတော့ဘဲ နက်နဲအလင်းတန်းသံချပ်ကာဖြင့် အတင်းအကျပ် ရင်ဆိုင်လိုက်သည်။

တိုက်ပွဲတစ်လျှောက်လုံး ရှီတိကို ဆက်တိုက်ကာကွယ်ပေးခဲ့သည့် နက်နဲအလင်းတန်းသံချပ်ကာသည် ယခုတစ်ကြိမ်တွင်တော့ ခံနိုင်ရည်မရှိတော့ဘဲ အက်ကွဲသွားခဲ့လေသည်။

သို့ပေသိ ရှီတိက အရေးမစိုက်ဘဲ နောက်ထပ်လက်သီးချက်တစ်ချက်ဖြင့် အကြီးအကဲ’ဝမ်’ ၏ ရင်ဝကို ထိုးစိုက်ချလိုက်သည်။ ပြင်းထန်သည့်လက်သီးချက်က ဝါဒတောင်၏ ဝါရင့်အကြီးအကဲ ၊ အကြီးအကဲ’ဝမ်’၏ ရင်ဘတ်ကို အတွင်းသို့ ထိုးဖောက်ပြီး ကျွံဝင်သွားသည်။

ထို့နောက် ရှီတိက ရန်နျဲ့ကို လှည့်ပြီးတိုက်ခိုက်ရန် ဟန်ပြင်လိုက်ချိန် မှောင်မိုက်သည့်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

နဂါးဟိန်းသံတစ်သံထွက်ပေါ်လာပြီး လှံရှည်တစ်လက်က ရှီတိရင်ဘတ်မှ ဒဏ်ရာဟောင်းကို တိုက်ရိုက်ထိုးစိုက်မိသွားသည်။

ခန္ဓာကိုယ်တစ်ခုလုံး လှံရှည်ဖြင့် ထိုးဖောက်ခံလိုက်ရသည့်အခါ ရှီတိပါးစပ်မှ သွေးများအန်ကျလာသည်။

အကြေးခွံနဂါးဘုရင် ‘စီးမာချွေ’ က သွေးနီရောင်တောက်နေသည့် အဝါ‌ရောင်မျက်လုံးများဖြင့် ရှီတိကို စိုက်ကြည့်နေသည်။

ယခင်က အမှောင်ဘက်ခြမ်းသို့ လုံးလုံးလျားလျား ကျရောက်ခြင်းမရှိသေးသော စီးမာချွေသည် ယခုတော့ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားပြီ ဖြစ်သည်။ စောစောက ရှီတိ၏တိုက်ခိုက်မှုကြောင့် ရရှိထားသောဒဏ်ရာများ ချက်ချင်းပြန်လည်ကောင်းမွန်သွားစေရန် အမှောင်ဘက်ခြမ်းသို့ ကျရောက်ခံလိုက်ခြင်းပင်။

သို့သော် ရှီတိ၏အကြည့်များကို ရင်ဆိုင်လိုက်ရသည်နှင့် စီးမာချွေ မည်သို့မှမထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

ရှီတိက ခြင်္သေ့ကြီးတစ်ကောင်ပမာ နောက်တစ်ကြိမ် ကြုံးဝါးဟိန်းဟောက်လိုက်ရင်း မိုးကောင်းကင်ကိုပင် အက်ကွဲသွားစေလောက်အောင် အဖျက်စွမ်းအားမြင့်မားသော သူ၏လက်သီးချက်များက စီးမာချွေနှင့် ရန်နျဲ့တို့၏ ရင်ဝသို့ အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်သွားတော့သည်။

လက်သီးချက်ထိမှန်ခံရသည်နှင့် အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် (၂)ယောက် ပါးစပ်ထဲမှ  သွေးများအဆက်မပြတ်အန်ထွက်လာလေရာ ကောင်းကင်တစ်ခုလုံးသည်ပင် အနီရောင်စွန်းထင်းသွားရလေသည်။

***

All Chapters