← Chapters

မင်းတို့အားလုံးသေရမယ်

Vol. 22 Ch. 302

မင်းတို့အားလုံးသေရမယ်

Vol. 22 Ch. 302

ရန်ကျောက်ကဲက ရေခဲခေါင်းတလားကို သူ့ပခုံးပေါ်ထမ်းရင်း ရှေ့ဆက်လျှောက်သွားသည်။

သူ့ဦးခေါင်းထက်တွင် ဝါဒတောင်ပင်မအစီအရင်က အလင်းရောင်များတောက်ပကာ ရွေ့လျားပျံ့နှံ့နေသည်။ ပင်မအစီအရင်၏စွမ်းအားက ရန်ကျောက်ကဲထံသို့ ချိတ်ဆက်နေပြီး သူ့ကို ပိုမိုစွမ်းအားမြင့်မားလာစေသည်။

ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ဖြန့်လိုက်ရာ သူ့လက်ထဲတွင် ဓားတစ်လက် ထွက်ပေါ်လာသည်။ သူက ဓားကိုဆုပ်ကိုင်ပြီး အောက်ဘက်သို့ ခုတ်ပိုင်းချလိုက်သည်။

အလင်းတန်းများ တဖျတ်ဖျတ်လင်းလက်လာပြီး မရေမတွက်နိင်သော ဝိညာဉ်သ​ကေတများစုစည်းကာ ဝါဒတောင်ပင်မအစီအရင်က သိပ်သည်းလာပြီး ရန်ကျောက်ကဲလက်ထဲမှ ဓားဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။

ပင်မအစီအရင်စွမ်းအားဖြင့် ကြီးမားသော ဧရာမဓားသွားကြီးထွက်ပေါ်လာပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ များပြားလှစွာသောသိုင်းသမားများကို ခုတ်ပိုင်းသတ်ဖြတ်ပစ်လိုက်သည်။

သီးခြားနယ်မြေမှ အပေါ်ကတစ်ပေါက် ပွင့်သွားပြီး အတွင်းမှ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားထုကြီး ထွက်ပေါ်လာသည်။

ရန်‌ကျောက်ကဲက မိုးကုတ်စက်ဝိုင်းရှိရာသို့ လှမ်းကြည့်ပြီး ဘယ်လက်ကိုအသာမြှောက်ကာ ကောင်းကင်ကို လက်ဖဝါးဖြင့် ပင့်တင်လိုက်သည်။

ထို့နောက် သူ့လက်ချေင်းများအသာကွေးသွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်၏။

ထိုလှုပ်ရှားမှုနှင့်အတူ ကောင်းကင်ထက်မှ ဝါဒ‌တောင်ပင်မအစီအရင်က ပြင်းထန်စွာ ကျယ်ပြန့်လာပြီး မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်ကာ အလင်းမြူခိုးများအဖြစ် ပြောင်းလဲသွားသည်။

ထိုအလင်းမြူခိုးများက ပိုက်ကွန်တစ်ခုအလား သီးခြားနယ်မြေကို ဖုံးလွှမ်းသွားသည်။ ဝိညာဉ်သင်္ကေတအလင်းတန်းများ တည်ငြိမ်သွားသည်နှင့် သီးခြားနယ်မြေအတွင်း ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားထုကြီးက မြေပြင်ထက်ကျရောက်မလာတော့သလို သီးခြားနယ်မြေသည်လည်း တစ်ဖန်ပြန်လည်တည်ငြိမ်သွားသည်။

ပုံပျက်ပြီးတုန်ခါနေသောလေထုသည် ယခင်ကအတိုင်းပြန်လည်ကြည်လင်သွားပြီး ဝါဒတောင်ပင်မအစီအရင်သည်လည်း ကောင်းကင်ထက်တွင် မတည်ရှိသည့်အလား ပုံမှန်အနေအထားဖြင့် ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက ဝါဒတောင်ထက်တွင်ရှိနေသော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းကျင့်ကြံသူများကို အေးစက်စွာ ခေါင်းငုံ့ကြည့်လိုက်သည်။

ထို့နောက် သူက ဘယ်လက်ကိုမြှောက်ပြီး လေးလံသောစွမ်းအားများဖြင့် အောက်သို့ ရိုက်ချလိုက်သည်။

ထိုခဏတွင် ‌ကောင်းကင်ထက်ရှိ ဝါဒ‌တောင်ပင်မအစီအရင်မှ စွမ်းအားများထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းမျးက လျှပ်စီးကြောင်းများပမာ မြေပြင်ထက်သို့ သက်ဆင်းသွားသည်။ ကောင်းကင်ဘုံမှအပြစ်ပေးသည့်အလား ထင်မှတ်ရ၏။

ဝါဒတောင်ပင်မအစီအရင်၏ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော လျှပ်စီးမိုးရွာသွန်းခြင်းတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများအားလုံး သစ်ရွက်လေးများပမာ လွင့်စင်ထွက်သွားကြသည်။

ရန်ကျောက်ကဲ ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိဘဲ ရှီတိလဲလျောင်းရာ ရေခဲခေါင်းတလားကို ပခုံးထပ်ထမ်းရင်း ရှေ့ဆက်လျှောက်နေသည်။ ရွှီဖေးနှင့် ယင်လုန်ထူတို့သည်လည်း သူ့နောက်မှ တပ်ကြပ်မကွာ လိုက်ပါလာသည်။ ဝိညာဉ်သင်္ကေတများဖြင့် တောက်ပနေသော ကောင်းကင်လမ်းကြီးသည် နောက်ဆုံးတော့ ဝါဒတောင်သို့ ရောက်ရှိသွားသည်။

သူက တစ်လမ်းလုံးသတိတစ်ချက်မလစ်ဘဲ အဓိကတောင်ထွတ်ဖြစ်သော မိုးထိတောင်ထိပ်သို့ ရောက်ရှိလာသည်။

ထိုနေရာတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းဆရာသခင် (၂)ယောက်ကိုတွေ့ရှိလေရာ ရန်ကျောက်ကဲက လက်ဖဝါးနှင့်ရိုက်ချလိုက်သည်။ ထိုသူ (၂)ယောက်မှာ ချက်ချင်းပင်အမှုန့်ကြေကာ အခိုးအငွေ့အဖြစ် ပြောင်းလဲသွားတော့၏။

ရှီတိ၏ရုပ်အလောင်းထည့်ထားသော ရေခဲခေါင်းတလားကို ရန်ကျောက်ကဲက မိုးထိတောင်ထက်တွင် အသာချလိုက်သည်။ ထို့နောက် သူက ရှီတိမျက်နှာကိုကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

ဝါဒတောင်ပင်မအစီအရင်၏ စွမ်းအားကြောင့် ရန်ကျောက်ကဲသည် ဗလာနယ်လေထုကို အောင်မြင်စွာဖြတကျော်ပြီး သီးခြားနယ်မြေထဲသို့ ဝင်ရောက်လာသည်။

သီးခြားနယ်မြေထဲတွင် ရှည်လျားသည့်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရန်တိ ၊ ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့အားလုံးမှာ ဒဏ်ရာပရပွနှင့် ဖရိုဖရဲပုံစံများ ဖြစ်နေကြသည်။

ရန်ကျောက်ကဲက အကြီးအကဲ’ရှင်း’ကို စိုက်ကြည့်ရင်း...

“ရှင်း... တုန်း ... ဖင်း”

အော်ဟစ်ရင်း သူက လက်ဖဝါးများကို ဆန့်ထုတ်ကာ ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်သည်။

သီးခြားနယ်မြေထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာပြီး ဧရာမလက်ဖဝါးကြီးတစ်ဖက် ပေါ်လာသည်။

ထိုလက်ဖဝါးကြီး၏ လှုပ်ရှားမှုက ရန်ကျောက်ကဲလက်ဝါးရိုက်ချက်ဖြင့် ထပ်တူကျနေပြီး ကောင်းကင်ကိုလွှမ်းခြုံထားသောလက်ဝါးရိုက်ချက်က ရှင်းတုန်းဖင်းထံသို့ ကျရောက်သွားသည်။

တစ်ခဏအတွင်း သီးခြားနယ်မြေတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်။

ရန်ကျောက်ကဲ သီးခြားနယ်မြေအတွင်းရောက်လာသည်နှင့် ရှင်းတုန်းဖင်းက ကောင်းကင်ထက်သို့မော့ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။

သူ့မျက်ဝန်းများက အဖြူရောင်အလင်းတန်းနှင့် ရွှေရောင်အလင်းတန်း (၃)ခု တောက်ပနေသော ရန်ကျောက်ကဲ၏ ဘယ်ဘက်မျက်လုံးထက်သို့ ကျရောက်သွားသည်။

ရှင်းတုန်းဖင်းက...

“ဝါဒတောင်ပင်မအစီအရင်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မင်း ဘယ်လိုထူးခြားတဲ့ပညာကို အသုံးပြုလိုက်တာလဲ”

ထို့နောက် သူက လက်ကိုမြှောက်လိုက်ပြီး ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့်ပင် ရန်ကျောက်ကဲကို ရိုက်ချလိုက်သည်။

လက်ဖဝါးနှစ်ဖက် ဆုံမိသည်နှင့် လေထုတစ်ခုလုံး တုန်လှုပ်သွားပြီး မိုးမြေလမ်းကြောင်းများနှင့် ကမ္ဘာလောကကြီးတစ်ခုလုံး မရပ်မနားပြောင်းပြန်လန်ကာ ဝေဝါးသွားသည်။

ရန်ကျောက်ကဲက ရှင်းတုန်းဖင်းကို လက်ဝါးဖြင့်ရိုက်ချရင်း တစ်ချိန်တည်းမှာပင် ဖခင်ဖြစ်သူ ရန်တိထံသို့ ကျန်လက်တစ်ဖက်ဖြင့် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ရန်ကျောက်ကဲ၏လက်သီးချက် ဝင်ရောက်လာသည်နှင့် ဝါဒတောင်ပင်မအစီအရင်၏ ပြင်းထန်ပြီး အဆုံးမရှိသောစွမ်းအားသည် မိုးမြေစွမ်းအားများမှတစ်ဆင့် ရန်တိခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားသည်။

ရန်တိ၏မျက်ဝန်းများက နတ်ဒေဝါတစ်ပါးပမာ အလင်းရောင်များတောက်ပလာပြီး ဝါဒတောင်ပင်မအစီအရင်စွမ်းအားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ တဟုန်ထိုးလွှမ်းခြုံသွားသည်။

သလင်းသားပမာကြည်လင်သော မရေမတွက်နိုင်သည့် ချီစွမ်းအားစီးကြောင်းများက ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။ သီးခြားနယ်မြေက သူ၏မူလဖန်ဆင်းရာဖြစ်သော ပင်မအစီအရင်ဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ချိတ်ဆက်နေခြင်းပင်။

ရန်တိက ဓားကိုဝှေ့ယမ်းပြီး မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ကို အပြင်းအထန် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သားအဖနှစ်ယောက်၏စွမ်းအားများ ပေါင်းစပ်မိသွားကြသည်။

ရန်ကျောက်ကဲက နဂါးတစ်ကောင်ပမာ ဒေါသတကြီးကြုံးဝါးသံတစ်ချက်ပြုရင်း ရှင်းတုန်းဖင်းကို စူးစိုက်ကြည့်နေသည်။

စောစောက ‌ပေါက်ကွဲလုနီးပါးဖြစ်နေသော မီးတောင်သည် ယခုတော့ လုံးဝပေါက်ကွဲသွားဟန်တူသည်။

ရန်ကျောက်ကဲ၏ ရှည်လျားသောကြုံးဝါးသံအောက်တွင် ကောင်းကင်ဝါဒလက်ဝါးသိုင်းသည်လည်း ရုတ်တရက် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်နေရသော ရှင်းတုန်းဖင်းက ထိုအချက်ကို သိသိသာသာ ခံစားလိုက်ရ၏။

ထိုလက်ဝါးရိုက်ချက်သည် မိုးမြေကိုမှောက်လှန်နိုင်သော စွမ်းအားများပါဝင်နေခြင်း မဟုတ်တော့ဘဲ မိုးမြေပင် မရှိတော့သည့်အနေအထား ဖြစ်သည်။

မိုးမြေမဖြစ်တည်ခင် ကမ္ဘာကြီး၏ ပရမ်းပတာမူလအနေအထားကဲ့သို့ ဖြစ်သည်။

“ယင်” မရှိ ၊ “ယန်” မရှိ ၊ အစမရှိ ၊ အဆုံးမရှိ ၊ လှုပ်ရှားမှုမရှိ ၊ တည်ငြိမ်မှုမရှိ ၊ အချိန်ကာလမရှိ...။

ထို့နောက် ပရမ်းပတာအခြေအနေက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

ပရမ်းပတာအခြေအနေ ငြိမ်းသတ်သွားသည့်အခါ စကြာဝဠာအသစ်တစ်ခု တစ်ဖန်ပြန်လည်မွေးဖွားလာသည်။

ရှေးခေတ်အချိန်အခါ မိုးမြေတည်ထောင်ခြင်းသည် နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားလာသည့်အလား ဝါဒတောင်ပင်မအစီအရင်တစ်ခုလုံးက ပုံမှန်မဟုတ်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ကြီးမားပြီး နှိုင်းယှဉ်မရအောင်ခမ်းနားကာ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဖိအားကြီးက ရှင်းတုန်းဖင်း၏ ကောင်းကင်ဝါဒလက်ဝါးရိုက်ချက်ကို ဖြတ်ကျော်သွားသည်။

တစ်ချိန်တည်းပင် ရှင်းတုန်းဖင်းလက်ထဲတွင် ဓားရောင်များတောက်ပလာပြီး အဆုံးမဲ့ကောင်းကင်ဓားဝိညာဉ်က ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ရန်ကျောက်ကဲကလ လက်နှစ်ဖက်ကို ရှေ့သို့အသာဆန့်ထုတ်ကာ အသက်တစ်ချက်ရှူသွင်းလိုက်သည်။ ထို့နောက် လက်အုပ်ချီသည့်သဏ္ဌန် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပူးကပ်လိုက်၏။

ရန်ကျောက်ကဲ လှုပ်ရှားလိုက်သည်နှင့် သီးခြားနယ်မြေထဲတွင် မရေမတွက်နိုင်သော တုန်လှုပ်ဖွယ်ရာ ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ကြီးမားသောလက်ဖဝါးကြီးနှစ်ဖက်ထွက်ပေါ်လာသည်။ ထိုလက်ဖဝါးကြီးနှစ်ဖက်က ရန်ကျောက်ကဲလက်များလှုပ်ရှားသည့်အတိုင်းလိုက်လံလှုပ်ရှားကာ ရှင်းတုန်းဖင်း၏ ဓားဝိညာဉ်ကို ဖမ်းယူဆုပ်ကိုင်ထားလိုက်သည်။

ရန်ကျောက်ကဲက ရှင်းတုန်းဖင်းကို အေးစက်စွာဖြင့်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ပြင်းထန်သည့်စွမ်းအားတစ်ခု တိုက်ရိုက်ထွက်ပေါ်လာပြီး ရှင်းတုန်းဖင်း၏ အဆုံးမဲ့ကောင်းကင်ဓားဝိညာဉ်ကို ဖြိုခွင်းပစ်လိုက်သည်။

ရှင်းတုန်းဖင်း မျက်ခုံးများကို တွန့်ချိုးထားပြီး ရန်ကျောက်ကဲနှင့် ဝါဒတောင်ပင်မအစီအရင်ကို အတင်းအကျပ် ရင်ဆိုင်ခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက ချက်ချင်းပင် မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ နှင့် ပူးပေါင်းတိုက်ခိုက်ရန် နောက်ဆုတ်သွားသည်။

ထိုအချိန် ယွမ်ထျန်းမှာ ရန်တိ၏ ဓားချက်များကို ရှောင်တိမ်းနေရသည်။

ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းလိုက်သည်။

အဆုံးမရှိသောစွမ်းအားလှိုင်းလုံးကြီးများထွက်ပေါ်လာပြီး ရှင်းတုန်းဖင်းနှင့် မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်သွာသည်။

တစ်ချိန်တည်းမှာပင် ရန်တိက သူ၏တစ်ဖက်သွားဓားဖြင့် မိုးမြေကိုပိုင်းခြားကာ လေထုကိုချိုးဖျက်ပြီး ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းကို တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်နှင့် ရန်တိ၏ ဓားဝိညာဉ်တို့ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ်ရာ အော်မြည်နေသော စွမ်းအားလှိုင်းလုံးများ မြင့်တက်လာကာ ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းကို ဝါးမြိုသွားသည်။

ဓားအလင်းရောင်နှင့်အတူ လေထုတစ်ခုလုံး ငြိမ်သက်သွားသည်။

ထို့နောက် ရန်ကျာက်ကဲ၏လက်ဝါးရိုက်ချက်နှင့်အတူ ဝါဒတောင်ပင်မအစီအရင်က အဆက်မပြတ်လည်ပတ်နေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအားပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး ၎င်းစွမ်းအားကြီးက ရှင်းတုန်းဖင်း၏လက်တစ်ဖက်ကို ပြတ်ထွက်သွားစေသည်။

တစ်ချိန်တည်းပင် ရန်တိက ဓားဖြင့် ပြင်းထန်စွာထိုးနှက်လိုက်ရာ ယွမ်ထျန်းလက်ထဲမှ မှော်ဝင်ကြာပွတ် အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် သွေးစွန်းဒဏ်ရာများ ထွက်ပေါ်လာသည်။

ရန်တိ၏ဓားချက်ကို အချိန်မီ မရှောင်တိမ်းနိုင်ခဲ့လျှင် သူ့ရင်ဘတ်တွင် အပေါက်တစ်ပေါက် သေချာပေါက် ဖြစ်သွားပေမည်။

ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ အလျှင်အမြန်နောက်ဆုတ်သွားသည်နှင့် ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်အနေအထားကို ပြောင်းလဲလိုက်သည်။ သူ၏လက်များက သီးခြားနယ်မြေတစ်ခုလုံးကို ပိတ်ကာထားပြီး ရန်သူ (၂)ယောက်အား အောက်ဖက်သို့ ဖိနှိပ်ထားသည်။

ထိုခဏတွင် သီးခြားနယ်မြေက တဖြည်းဖြည်းကျုံ့ဝင်လာပြီး အဆုံးမရှိသောဖိအားများက ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့၏ ခန္ဓာကိုယ်များကို ချုပ်နှောင်လိုက်သည်။

ရန်တိ၏ ကြယ်တာရာသန့်စင်ချီဝတ်ရုံထက်မှ အနက်ရောင်နှင့် အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ချီစွမ်းအားများက သူ၏ကောင်းကင်နဂါးဓားကို အရှိန်အဟုန် ပိုမိုမြင့်မားလာစေသည်။

ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားချက်သက်ဆင်းလာသည်နှင့် ရှင်းတုန်းဖင်းနှင့် ဟွမ်ထျန်းတို့မှာ လှုပ်ရှားနိုင်ခြင်း မရှိကြတော့ပေ။ စွမ်းအားကုန်သုံးပြီး တောင့်ခံထားရန်သာ တတ်နိုင်ကြတော့သည်။

ယွမ်ထျန်းထက် ကျင့်ကြံခြင်းအဆင့်နိမ့်ကျသော ရှင်းတုန်းဖင်းဆိုလျှင် ထက်ရှသောဓားဝိညာဉ်၏ အေးစိမ့်မှုကြောင့် ခန္ဓာကိုယ်ပင် စတင်ပျက်ဆီးလာပြီ ဖြစ်သည်။

ထိုအချိန် ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုယှက်လိုက်ရာ ဝါဒတောင်ပင်မအစီအရင်က ရုတ်တရက် ပြောင်းပြန်လှည့်ပတ်သွားသည်။

ဤသို့ ရုတ်တရက် ပြောင်းပြန်လှည့်ပတ်သွားခြင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာကြီးတစ်ခုလုံးကို စုတ်ဖြဲပစ်တော့မည့်အလား တုန်လှုပ်ဖွယ်ရာ စွမ်းအားတစ်ခု မွေးဖွားလာစေသည်။

ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ နှစ်ယောက်စလုံး ဖိအားများကို တောင့်ခံရန် ကြုံးဝါးအော်ဟစ်လိုက်ကြသည်။

ယွမ်ထျန်း၏ရင်ဘတ်မှ ဓားဒဏ်ရာများက ပွင့်ထွက်တော့မည့်အလား တဖြည်းဖြည်းအက်ကွဲလာသည်။

သိုင်းသူတော်စင်တစ်ယောက်၏ ခန္ဓာကိုယ်က မပျက်ဆီးနိုင်ဟု ဆိုသော်လည်း ယခုတော့ ကွဲကြေပြိုကျလုနီးပါး ဖြစ်နေပေပြီ။

ရှင်းတုန်းဖင်း၏ခန္ဓာကိုယ်ကတော့ လုံးဝအက်ကွဲနေပြီး သွေးစများက မိုးရေစက်များပမာ စီးကျနေကာ အခြေအနေ ပိုမိုဆိုးရွားသည်။

သူ့တစ်ကိုယ်လုံးမှာ ဖိအားများကြောင့် အသားပြားဖြစ်တော့မည့်အလား ထင်မှတ်ရသည်။

ထိုအချိန် ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့၏မျက်ဝန်းများထဲတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည့် အမူအရာများ ထွက်ပေါ်လာသည်။

ကြုံးဝါးသံများနှင့်အတူ အနက်ရောင်မိစ္ဆာချီစွမ်းအား အများအပြား သူတို့၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

သူတို့၏မျက်ဝန်းများက အဝါရောင်ပြောင်းလဲသွားပြီး သွေးနီရောင်အလင်းတန်းများ တစ်ပြိုင်တည်း ထွက်ပေါ်လာကြသည်။

“ဟ ဟ...နတ်ဆိုးတွေ...”

ရန်ကျောက်ကဲ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များက ဘဝဂ်ထိတိုင် ပျံ့လွင့်သွားသည်။

“အေး... မင်းတို့တွေ နတ်ဆိုးဖြစ်လာမယ့်အချိန်ကို ငါ စောင့်နေတာ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ၏အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်ပြီး အထဲမှ လေးတစ်လက်နှင့် မြား (၃)ချောင်းကို ထုတ်ယူလိုက်လေတော့၏။

***

All Chapters