← Chapters

ရန်ကျောက်ကဲ၏မရဏအစီအရင်

Vol. 22 Ch. 311

ရန်ကျောက်ကဲ၏မရဏအစီအရင်

Vol. 22 Ch. 311

မိုးကြိုးတောင်ထွတ်မှ ဝိညာဉ်သင်္ကေတများက အချင်းချင်းရောယှက်နေပြီး ကလေးများမြေပြင်ထက်တွင် သစ်သားတုတ်ဖြင့်ရေးခြစ်ထားသည့်ပမာ မျဉ်းကြောင်းပုံစံများဖြင့် ရှုတ်ထွေးလျှက်ရှိသည်။

ထိုသို့ဘာမှထူးခြားဟန်မရှိသော သာမန်ဝိညာဉ်သင်္ကေတများက ရန်ကျောက်ကဲ ခြေတစ်ချက်ဆောင့်လိုက်သည်နှင့် အလင်းမှုံများလွင့်ပျံထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး တောက်ပလင်းထိန်သွားစေသည်။

ရန်ကျောက်ကဲက ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်၏။

ထို့နောက် မြေပြင်ထက်တွင် ဒူးတစ်ဖက်ထောက်ထိုင်ချရင်း ရေးဆွဲထားသောဝိညာဉ်သင်္ကေတများ၏ အလယ်ဗဟိုသို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဝိညာဉ်သင်္ကေတများ တဖျတ်ဖျတ်လင်းလက်လာပြီး အလင်းရောင်များ ချက်ချင်းထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဝါဒတောင်၏ တောင်ထိပ်များဆီမှ ထူးဆန်းသော ချီစွမ်းအားစီးကြောင်းများထွက်ပေါ်လာကာ လေထဲသို့ပျံသန်းသွားသည်။

ချီစွမ်းအားစီးကြောင်း စုစုပေါင်း (၉)ခုရှိပြီး အားလုံးက သွေးနီရောင်မှိန်ဖျော့ဖျော့ တောက်ပနေကြသည်။ ထိုချီစွမ်းအားစီးကြောင်းများက ထူးဆန်းလွန်းသဖြင့် မည်သည့်အရာဖြစ်ကြောင်း ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

ဟွမ်ကွမ်လီနှင့် တိုက်ခိုက်နေသော ယွမ်ကျန်းဖုန်း၏မျက်ဝန်းများတွင် ဝိညာဉ်သင်္ကေတများ ရုတ်တရက် တောက်ပလာသည်။ ထိုဝိညာဉ်သင်္ကေတများက ဝါဒတောင်ပင်မအစီအရင်၏ ဝိညာဉ်သင်္ကေတများ ဖြစ်သည်။

ထို့နောက် ယွမ်ကျန်းဖုန်း၏ဘယ်ဘက်မျက်လုံးအတွင်းမှ ဝိညာဉ်သင်္ကေတများက တဖြည်းဖြည်းကွယ်ပျောက်သွားသည်။

သို့သော် သူ၏နောက်ကျောထက်တွင် တည်ရှိနေသည့် ဝိညာဉ်သင်္ကေတက ဖျတ်ခနဲလင်းလက်လာသည်။ ထိုဝိညာဉ်သင်္ကေတက ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလာချင်း အကြီးအကဲ’ဟယ်’က သူ့ခန္ဓာကိုယ်ထက်သို့ ဖိကပ်လိုက်သည့် ဝိညာဉ်သင်္ကေတဖြစ်သည်။

သူမက ထိုဝိညာဉ်သင်္ကေတဖိကပ်ပြီးသည်နှင့် ယွမ်ကျန်းဖုန်းထံသို့ အသံပို့လွှတ်စနစ်ဖြင့် အစီအစဉ်ကို အမြန်ဆုံးအသိပေးခဲ့သည်။

ထို့ကြောင့် ယွမ်ကျန်းဖုန်းက အခြေအနေများကို အံ့အားသင့်ခြင်း မရှိပေ။

သူက ဝါဒတောင်ပင်မအစီအရင်စွမ်းအားကို စွန့်လွှတ်လိုက်ပြီး ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့်သာ ဟွမ်ကွမ်လီကို ဆက်လက်တိုက်ခိုက်သည်။

ယွမ်ကျန်းဖုန်းထံမှ ရုတ်တရက် ဖိအားများလျော့ကျသွားကြောင်း ဟွမ်ကွမ်လီ ခံစားလိုက်ရသည်။ သို့သော် ယွမ်ကျန်းဖုန်းအနေဖြင့် တိုက်ခိုက်နေရင်း ခြေကုန်လက်ပမ်းကျသွားခြင်းမဟုတ်ကြောင်း သူ ကောင်းကောင်းသိရှိသည်။

ယွမ်ကျန်းဖုန်းသည် သူကဲ့သို့ပင် တံခါးပိတ်ကျင့်ကြံရာမှ အောင်မြင်စွာထွက်လာသူဖြစ်လေရာ သိုင်းစွမ်းနှင့်ပတ်သက်ပြီး ပြဿနာလုံးဝ မရှိနိုင်ပေ။

ယွမ်ကျန်းဖုန်း၏စွမ်းအားများ လျော့ကျသွားခြင်းမှာ ဝါဒတောင်ပင်မအစီအရင်ကို စွန့်လွှတ်လိုက်သောကြောင့်သာ ဖြစ်၏။

သို့ဆိုလျှင် ဝါဒတောင်ပင်မအစီအရင်စွမ်းအားက မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။

***

ရန်ကျောက်ကဲ မိုးကြိုးတောင်ထွတ်တွင် ရှိနေလေသည်။

သူ၏ဘယ်ဘက်မျက်လုံးတွင် ရွှေရောင်အလင်းတန်း (၃)ခု ဝန်းရံထားသည့် အဖြူရောင်အလင်းတန်းက ရုတ်တရက် တောက်ပလာသည်။ ထို့နောက် သူ၏ဘယ်ဘက်မျက်လုံးထဲတွင် ဝါဒတောင်ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။

သူ၏ညာဘက်လက်က မြေပြင်ထက်ဖိကပ်ထားပြီး ဘယ်ဘက်လက်က ကောင်းကင်ထက်သို့ ပင့်မြှောက်ထားသည်။

ရန်ကျောက်ကဲလှုပ်ရှားလိုက်သည်နှင့် လေထဲသို့ပျံသန်းဝင်ရောက်လာသော သွေးနီရောင်ချီစွမ်းအားများက ကောင်းကင်ထက်တွင်ရှိနေသော ဝါဒတောင်ပင်မအစီအရင်၏မျက်နှာပြင်မှ ဝိညာဉ်သင်္ကေတများဖြင့် ပေါင်းစပ်သွားသည်။

မူလက အဖြူရောင်တောက်ပနေသော ဝါဒတောင်ပင်မအစီအရင်သည် ဖျတ်ခနဲလင်းလက်သွားပြီး ထူးဆန်းသောသွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအချိန် ရေစင်တောင်အောက်ရှိ ကောင်းကင်ချုပ်လှောင်ချောက်နက်ထဲတွင် မြင့်မားသောမျှော်စင်ကြီးတစ်ခု တည်ရှိနေသည်။

ထိုမျှော်စင်ကြီး၏ပုံစံက မိစ္ဆာနယ်မြေမဟာအစီအရင် ဗဟိုချက်ဖြစ်သော ရွှေရောင်မျှော်စင်ကြီးနှင့် အတိအကျပင် တူညီနေသည်။

သို့သော် ယခုတော့ မျှော်စင်ကြီးက ရွှေရောင်တောက်ပနေခြင်း မရှိသလို ဝိညာဉ်သင်္ကေတကြိုးများဖြင့်လည်း တုတ်နှောင်ခံထားရခြင်းမရှိပေ။ မျှော်စင်ထိပ်တွင်ရှိနေသည့် သွေးနီရောင်အလင်းတံခါးသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

မျှော်စင်တစ်ခုလုံးက အနီရင့်ရောင်ပြောင်းလဲနေသည်။

ရန်ကျောက်ကဲ၏ ထူးခြားသောအစီအစဉ်ဖြင့် ထိုအနီရင့်ရောင်က ပြင်ပလောကသို့ ထွက်ပေါ်မလာဘဲ ကောင်းကင်ချုပ်လှောင်ချောက်နက်တည်ရှိရာ အမှောင်ထုထဲတွင်သာ ဖုံးကွယ်ထားခြင်း ခံခဲ့ရသည်။ မျှော်စင်အတွင်းထဲမှ မည်သည့်စွမ်းအားမှလည်း စိမ့်ထွက်နေခြင်း မရှိပေ။

အနီရင့်ရောင်မျှော်စင်ထက်တွင် ရေးသားထားသည့် ဝိညာဉ်သင်္ကေတများမှာ ရန်ကျောက်ကဲ မိုးကြိုးတောင်ထွတ်တွင် ရေးသားထားသည့် ဝိညာဉ်သင်္ကေတများနှင့် ဆင်တူနေသည်။

ဖန်ကျွင်းကတော့ မျှော်စင်ထက်တွင် တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်လေ၏။

သူက မလှုပ်မယှက်ငြိမ်သက်တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ရန်သူများ ဝါဒတောင်ကို ဝန်းရံတိုက်ခိုက်နေသည့် အပြင်းထန်ဆုံး အခိုက်အတန့်မှာပင် သူက လုံးဝလှုပ်ရှားခဲ့ခြင်း မရှိပေ။

ယခု ဝါဒတောင်ပင်မအစီအရင်တွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို ခံစားလိုက်ရသည့်အခါ သူ၏၏မျက်ဝန်းများက တောက်ပသောအလင်းရောင်ဖြင့် လင်းလက်သွားသည်။

သူက ရိုးရှင်းသည့်အလုပ်တစ်ခုကိုသာ ပြုလုပ်ခဲ့သည်။

ထိုင်ရာမှထလိုက်ပြီး အနီရင့်ရောင်မျှော်စင်ကြီးကို ကျောခိုင်းထွက်ခွာသွားခြင်းပင် ဖြစ်သည်။

ဖန်ကျွင်းထွက်ခွာသွားသည်နှင့် ငြိမ်သက်တိတ်ဆိတ်နေသော အနီရင့်ရောင်မျှော်စင်ကြီးမှ အလင်းရောင်များ ထွက်ပေါ်လာသည်။

ထူးဆန်းသောအနီရင့်ရောင်ချီစွမ်းအားစီးကြောင်းများက မိုးမြင့်ထက်သို့ ဖြတ်သန်းထွက်ခွာသွားကာ ဝါဒတောင်ပင်မအစီအရင်နှင့် ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုချီစွမ်းအားစီးကြောင်းများက ကောင်းကင်ချုပ်လှောင်ချောက်နက် အတွင်းပိုင်းအကျဆုံး မြေအောက်သို့လည်း ထိုးဖောက်ဝင်ရောက်သွားသည်။

အနီရင့်ရောင်တောက်ပနေသော ထူထဲသည့်သံကြိုး (၉)ချောင်း လေထဲတွင် ထွက်ပေါ်လာပြီး မျှော်စင်ကြီးကို ချုပ်နှောင်လိုက်ကြသည်။

ထိုအခါ ကြီးမားသော အနီရင့်ရောင်မျှော်စင်ကြီးမှာ တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်သွားသည်။

မိုးကြိုးတောင်ထွတ်တွင် အခြေအနေများကို စောင့်ကြည့်နေသော ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်၏။

ဝါဒတောင်ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများအားလုံး အနီရင့်ရောင်ပြောင်းလဲနေပေပြီ။

ရန်ကျောက်ကဲက ဘယ်ဘက်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အရှေ့ဆီသို့ ထိုးစိုက်ချလိုက်သည်။

သူ၏ဘယ်ဘက်လက်ဖမိုးထက်တွင်တည်ရှိနေသော မိစ္ဆာသင်္ကေတက ချက်ချင်းလင်းလက်လာသည်။ ထိုမိစ္ဆာသင်္ကေတက ကန္တာဒေသရှိ မဟာငရဲကိုးထပ်တံခါးကို ဆရာဦးလေး ‘ရှီတိ’နှင့်အတူ ချိတ်ပိတ်ခဲ့စဉ်က ရရှိခဲ့သည့် အမှတ်အသားဖြစ်သည်။

ဝါဒတောင်ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများ ပြင်းထန်စွာလှုပ်ခါသွားပြီး သွေးနီရောင်အလင်းတိုင်လုံးကြီးတစ်ခုက မြေပြင်ထက်ဆင်းသက်လာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲသည် အလင်းတိုင်လုံးကြီး၏ ဗဟိုချက်အဖြစ် တည်ရှိနေပြီး မရေမတွက်နိုင်သောဝိညာဉ်သင်္ကေတများက ပတ်ဝန်းကျင်သို့ ကျယ်ပြန့်စွာထွက်ပေါ်လာကာ တစ်ခုနှင့်တစ်ခု စတင်ချိတ်ဆက်ကြသည်။

မိုးကြိုးတောင်ထွတ်တွင် ဝါဒတောင်ပင်မအစီအရင်၏ သေးငယ်သောပုံစံတူတစ်ခု ထွက်ပေါ်လာသည်။

ပင်မအစီအရင် (၂) ခု။

အကြီးတစ်ခု ၊ အသေးတစ်ခု။

ထိုအစီအရင် (၂)ခုက ကွင်းဆက်နှစ်ခုပမာ ချိတ်ဆက်သွားပြီး တောင်ထွတ်ကို စတင်လှည့်ပတ်လေသည်။

ထို အစီအရင် (၂)ခုက အလင်းကွင်းနှစ်ခုပမာ တစ်ခုအတွင်း ၊ တစ်ခုကအပြင် ၊ တစ်ခုက နာရီလက်တံအတိုင်း ၊ တစ်ခုက နာရီလက်တံနှင့်ဆန့်ကျင်ဘက် အဆက်မပြတ် စတင်လှည့်ပတ်သည်။

တစ်ချိန်တည်းပင်...

ပြင်ပလောကတစ်ခုလုံး ၊ များပြားလှစွာသောတောင်တန်းများ - ထိုအရာများအားလုံး တစ်ခဏမျှ အတူတကွ တုန်လှုပ်သွားကြသည်။

ကောင်းကင်ချုပ်လှောင်ချောက်နက်အတွင်းရှိ အနီရင့်ရောင် မျှော်စင်ကြီးက အလျှင်အမြန် ကျုံ့ဝင်သွားစဉ် ကောင်းကင်ထက်မှ ဝါဒတောင်ပင်မအစီအရင်ကလည်း အမြင့်ဆုံးအဆင့် လှည့်ပတ်နေသည်။

မျှော်စင်ကြီး လုံးဝပျောက်ကွယ်သွားသည်နှင့် အနီရင့်ရောင်တောက်ပနေသော ဝါဒတောင်ပင်မအစီအရင်အလယ်တွင် သေးငယ်သောအနက်ရောင်အစက်တစ်ခု ထွက်ပေါ်လာသည်။ ဘာကြောင့်မှန်းမသိ ထိုအနက်ရောင်အစက်က အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလှသည်။

ထိုအနက်ရောင်အစက်က မရပ်မနားကျယ်ပြန့်လာပြီး နောက်ဆုံး တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုတွင်းနက်က ဘယ်ဆီဘယ်ဝယ်မသိနိုင်သော အခြားကမ္ဘာတစ်ခုဆီသို့ ဦးတည်နေဟန်ရှိပြီး အတွင်းထဲမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အငွေ့အသက်တစ်ခု ထွက်ပေါ်လျှက် ရှိသည်။

ဝါဒတောင်ပင်မအစီအရင်ဗဟိုချက်တွင် ထွက်ပေါ်လာသော အနက်ရောင်တွင်းနက်ကို သတိထားမိသည်နှင့် ကမ္ဘာအလင်းအရှင် ၊ လင်ထျန်းဖုန်းနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့က ပြောင်းလဲသွားသောမြင်ကွင်းကို တုန်လှုပ်စွာ လှမ်းကြည့်လိုက်ကြ၏။

တစ်ခုခုမှားယင်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်ပြီး နောက်ပြန်ဆုတ်ရန်ဟန်ပြင်လိုက်ကြသော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။

အနီရင့်ရောင်ဝါဒတောင်ပင်မအစီအရင်က ပြင်းထန်စွာပြိုကျလာပြီး ထူးဆန်းသောသွေးနီရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဝါဒတောင်ကို ကျူးကျော်လူသူရန်သူများအားလုံးထက်သို့ လွှမ်းခြုံသွားသည်။

ကမ္ဘာအလင်းအရှင် ၊ လင်ထျန်းဖုန်းမှ အစပြုပြီး နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများအားလုံးမှာ သွေးနီရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ခံရပြီး သူတို့ခန္ဓာကိုယ်များက တွင်းနက်ဆီသို့ အလိုအလျှောက် စုပ်ယူခံလိုက်ကြရသည်။

အားလုံးက သိုင်းစွမ်းများထုတ်ဖော်ကာ ကျရောက်လာသည့်အန္တရယ်ကို ကာကွယ်ရန် အလျှင်အမြန်ကြိုးစားလိုက်ကြသည်။

ကမ္ဘာအလင်းအရှင်၏ လက်ဖဝါးထက်မှ အဆုံးမရှိသော အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် သူ၏ကောင်းကင်ပလ္လင်ထက်တွင် နေမင်း (၈)စင်းထွက်ပေါ်လာသည်။ နေသူတော်စင်ဂိုဏ်း၏ ထိပ်တန်းအဆင့်သိုင်းပညာဖြစ်သော ‘အလုံးစုံတောက်ပသိုင်းပညာ’ ကို ထုတ်ဖော်လိုက်ခြင်းပင်။

လင်ထျန်းဖုန်းက ဒေါသတကြီးကြုံးဝါးရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ မိုးကြိုးလျှပ်စီးစွမ်းအားများ ထွက်ပေါ်လာသည်။ သူ၏ကောင်းကင်ပလ္လင်ထက်မှ ခရမ်းစိမ်းရောင်လျှပ်စီးများသိပ်သည်းသွားပြီး ကောင်းကင်မိုးကြိုးခန်းမ၏ ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သော မိုးကြိုးဘုရင်ဓားသိုင်း (၉)ကွက်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်တစ်ခုလုံး မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နက်သွားသည်။

ရန်တိလက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရထားသော ဖန်းပေါ်ထိုင်မှာလည်း ရှိသမျှစွမ်းအားကို အစွမ်းကုန်ထုတ်ဖော်ကာ ထူးဆန်းသည့်တွင်းနက်၏စုပ်ယူနေမှုကို တတ်နိုင်သမျှ တားဆီးရန် ကြိုးပမ်းလိုက်၏။

အကြီးအကဲ’ဟယ်’ နှင့် တိုက်ခိုက်နေသော ကောင်းကင်မိုးကြိုးခန်းမမှ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဆံဖြူအဘိုးကြီးသည်လည်း ချက်ချင်းပင် သူ၏ကောင်းကင်ပလ္လင်ကိုဖော်ထုတ်လိုက်ပြီး မိုးမြေတုန်လှုပ်စေသောစွမ်းအားများဖြင့် တွင်းနက်မှ စုပ်ယူခြင်းကို ကာကွယ်ထားလိုက်သည်။

အနီရောင်အလင်းတန်းများက ရန်တိ ၊ အကြီးအကဲ’ဟယ်’ နှင့် အခြားသောဝါဒတောင်သိုင်းသမားများအပေါ် သက်ရောက်မှုမရှိပေ။ သူတို့က ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ရှင်းလင်းနေကြသည်။

အနီရောင်အလင်းတန်းများ၏ ဆွဲငင်မှုကို ရန်သူများက စွမ်းအားအပြည့်ဖြင့်တောင့်ခံရန် ကြိုးစားကြသော်လည်း ဝါဒတောင်သိုင်းသမားများ၏တိုက်ခိုက်မှုကိုလည်း တစ်ဖက်ခံကြရသည့်အခါ တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ လျှပ်စီးပမာလျှင်မြန်သောအရှိန်အဟုန်ဖြင့် တွင်းနက်ထဲသို့ စုပ်ယူခံလိုက်ကြရ၏။

တွင်းနက်ထဲမှ ကြောက်မက်ဖွယ်ရာရောင်ဝါကို ခံစားရသည်နှင့် လူတိုင်း တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

“ငရဲကိုးထပ်...”

သွေးနီရောင်အလင်းတန်းများက လေထုထဲတွင်ရှိနေသည့် ဟွမ်ကွမ်လီဆီသို့လည်း အလွတ်မပေးဘဲ ဝင်ရောက်လာသည်။

ဟွမ်ကွမ်လီက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး အနီရောင်အလင်းတန်း နောက်ပြန်ဆုတ်သွားအောင် ရိုက်ထုတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ယွမ်ကျန်းဖုန်း၏လက်ဝါးရိုက်ချက် ဝင်ရောက်လာသဖြင့် ဟွမ်ကွမ်လီ အာရုံထွေပြားသွားပြီး သွေးနီရောင်အလင်းတန်း၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

သူက သွေးနီရောင်အလင်းတန်းကို ချိုးဖျက်ထွက်ချင်သော်လည်း ယွမ်ကျန်းဖုန်းက တောင်များပြိုကျပြီး ပင်လယ်ပြောင်းပြန်လှန်မည့် အရှိန်အဟုန်ဖြင့် အဆက်မပြတ်တိုက်ခိုက်နေလေရာ သူ့ကိုဆွဲခေါ်နေသည့် တွင်းနက်ကြီးကို အာရုံမစိုက်နိုင်တော့ပေ။

လက်ထဲတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ကိုင်ဆောင်ထားသော ထိပ်တန်းအဆင့် သိုင်းသူတော်စင်ကြီးတစ်ယောက်ဖြစ်သည့်တိုင် ဟွမ်ကွမ်လီမှာ သွေးနီရောင်အလင်းတန်း၏ ဆွဲငင်အားကို မည်သို့မှ မခုခံနိုင် ဖြစ်ရသည်။

အချိန်ခဏအတွင်းမှာပင် သူက တွင်းနက်ကြီးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။

ဟွမ်ကွမ်လီ၏မျက်လုံးများက ကောင်းကင်ကိုပင်လောင်ကျွမ်းပစ်တော့မည့်အလား ဒေါသမီးတောက်များ လောင်ကျွမ်းနေသည်။

တွင်းနက်ထဲမှထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာရောင်ဝါကိုခံစားရင်း အံတင်းတင်းကြိတ်ရင်း သူ့လက်ထဲမှ ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ ကို တစ်ချက်ကြည့်လိုက်သည်။

“ယား...”

ကောင်းကင်တုန်လှုပ်စေသော ကြုံးဝါးသံကြီးတစ်သံပြုလုပ်ရင်း ဟွမ်ကွမ်လီသည် သူ့လက်ထဲမှ ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ အား လွှတ်ချလိုက်တော့၏။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းမှ ပြင်းထန်သောရွှေရောင်အလင်းတန်းများ တောက်ပလာချိန်တွင် ဟွမ်ကွမ်လီက သူ့ကိုဆွဲငင်နေသည့် သွေးနီရောင်အလင်းတန်းမှ အစွမ်းကုန်ရုန်းထွက်လိုက်သည်။

လွတ်မြောက်သွားပြီးနောက် သူက နီရဲနေသောမျက်ဝန်းများဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ နေသူတော်စင်ဂိုဏ်း၏ ဘိုးဘွားပိုင်ရတနာပစ္စည်းဖြစ်သော ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှားပါးအထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ၊  “မဟာနေမင်းတိုင်းတာခြင်းပေတံ” သည် တွင်းနက်ထဲသို့ စုပ်ယူခံလိုက်ရပြီး ဒဏ္ဍာရီထဲမှ ငရဲကိုးထပ်သို့ ပို့ဆောင်ခံလိုက်ရပြီ ဖြစ်သည်။

ဝါဒတောင်ကောင်းကင်ထက်တွင် အနီရင့်ရောင်ပင်မအစီအရင်က အဆက်မပြတ်လှည့်ပတ်နေပြီး ရန်သူများအားလုံးကို အဆက်မပြတ်စုပ်ယူသတ်ဖြတ်နေသည့် လူသတ်အစီအရင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ပင်မအစီအရင်ဗဟိုချက်မှ တွင်းနက်ကြီးသည် အသားကြိတ်စက်ကြီးအလား ၊ ကောင်းကင်ကိုမျိုချတော့မည့် သားရဲကြီးတစ်ကောင်အလား ရန်သူများအားလုံးကို ဝါးမျိုဖျက်ဆီးပစ်နေသည်။

ကမ္ဘာအလင်းအရှင် ၊ ဖန်းပေါ်ထိုင် ၊ လင်ထျန်းဖုန်း အပါအဝင်...

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ ကျူးကျော်လာသောရန်သူမှန်သမျှ ထိုတွင်းနက်ကြီးထဲတွင် မြှုပ်နှံသဂြိုဟ်ခံလိုက်ရပြီဖြစ်လေသည်။

***

All Chapters