← Chapters

နတ်ဘုရားမကောင်းချီးများကို ဝါးမြိုခြင်း

Vol. 21 Ch. 286

နတ်ဘုရားမကောင်းချီးများကို ဝါးမြိုခြင်း

Vol. 21 Ch. 286

---

အာရန်သည် နောက်လှည့်ကြည့်လိုက်သောအခါ သူ မြင်ဖူးသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။

ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည်နှင့် သူ၏မျက်နှာအမူအရာများမှာ ပိုမိုမှောင်မိုက်သွားခဲ့ရသည်။

အထူးသဖြင့် ဤသူသည် သူနှင့် ယခင်က တွေ့ဆုံဖူးသူတစ်ဦး ဖြစ်သောကြောင့်ပင်တည်း။

ထိုသူသည် သူ့အား မိစ္ဆာဂိုဏ်း ၏ အကြီးအကဲတစ်ဦးအဖြစ် သိရှိထားသူဖြစ်နေသည့်အပြင် သူ၏ ဓားဧကရာဇ်အော်ရာ ကိုပင် သိရှိထားသူလည်းဖြစ်၏။

ထိုပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်သည်ဆိုခြင်းထက် ထိုသူ တည်ရှိနေသည့် ဤနေရာကို ခန့်မှန်းမိလိုက်ခြင်းသည် အာရန်အားပို၍ပင် အံ့အားသင့်စေခဲ့သည်။

ထိုသူအားမြင်လိုက်ရသည်နှင့်ပင် သူသည် တောင်ပိုင်းတိုက်ကြီးတွင် မရှိတော့ကြောင်း သေချာသွားခဲ့၏။ သူသည် အရှေ့ပိုင်းတိုက်ကြီးတွင်လည်း မဟုတ်ပေ။

ထိုလူသည် သန့်စင်ဘုရားကျောင်း ၏ ရွှေရောင်သင်္ကေတများဖြင့် တန်ဆာဆင် ထားသည့် အဖြူရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားလေသည်။

ထိုသူ၏ ဆံပင်များသည် ရွှေရောင်အဆင်းရှိနေပြီး သူ၏ မျက်လုံးအရောင်နှင့်လည်း လိုက်ဖက်ညီလျက်ရှိ၏။

ထိုသူသည် အသက်သုံးဆယ်ထက် မကြီးသေးဘဲ သူ၏ ကိုယ်ခန္ဓာအနီးတဝိုက်တွင် နတ်ဘုရား

ကောင်းချီးစွမ်းအင်များဖြင့် ဝန်းရံနေပုံရသည်။

သူသည် အခြားမဟုတ် သန့်စင်ပုရောဟိတ်မ ၏ ဖိတ်ကြားချက်ကို သယ်ဆောင်လာခဲ့သော ဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီယယ်ပင် ဖြစ်

လေသည်။

သူသည် အရှေ့ပိုင်းတိုက်ကြီးတွင်ပင် အတော်လေး သန်မာနေသော်လည်း အနောက်ပိုင်းတိုက်ကြီးတွင်မူ သူ၏စွမ်းအားသည် လုံးဝ အဆင့်သစ်တစ်ခုကို ရောက်ရှိသွားသကဲ့သို့ပင်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဘုရားမ၏ အကာအကွယ်အောက်တွင် တည်ရှိနေသောကြောင့်ပင်တည်း။

ထိုအကာအကွယ်သည် နတ်ဘုရားမ၏ နယ်မြေဖြစ်သည့် အနောက်ပိုင်းတိုက်ကြီး တစ်ခုအတွင်း၌သာ တည်ရှိခြင်းဖြစ်သည်။

ထို့ကြောင့် အနောက်ပိုင်းတိုက်ကြီးမှ လူများသည် လုံးဝ မလိုအပ်ပါက မိမိတို့ တိုက်မှ ထွက်ခွာလေ့မရှိကြပေ။

ထို့ကြောင့် သူတို့ မြောက်ပိုင်းတိုက်ကြီးအား ရန်လိုမှုများရှိနေသော်လည်း အမှန်တကယ် ကျူးကျော်ခြင်းမျိုး မရှိခဲ့ကြခြင်း ဖြစ်သည်။

အာရန်သည် ထိုဘုန်းတော်ကြီးမှာ အရှေ့ပိုင်းတိုက်ကြီးသို့ ထပ်မံလာရောက်နေခြင်း ဖြစ်သည်ဟု ယုံကြည်လိုနေခဲ့သော်လည်း အမှန်တရားသည် ထိုသို့မဟုတ်ကြောင်း ရှင်းလင်းနေ၏။

သူ့ပတ်ဝန်းကျင်ရှိ နတ်ဘုရားစွမ်းအင် ပမာဏကပင် ၎င်းကို သက်သေပြရန် လုံလောက်လေသည်။ ၎င်းစွမ်းအင်များသည် အခြားတိုက်ကြီးများသို့ သယ်ဆောင်သွား၍ မရပေ။

အာရန်ပင် ထိုရှားပါးအဆင့် လွတ်မြောက်ခြင်းအဆောင်သည် သူ့အား လုံးဝကွဲပြား၍ အလွန်‌ဝေးကွာသော နေရာရှိ တိုက်ကြီးတစ်ခုသို့ ပို့ဆောင်နိုင်လောက်သည်အထိ အစွမ်းထက်မည်ဟု မျှော်လင့်မထားခဲ့ပေ။

၎င်းသည် အရှေ့ပိုင်းတိုက်ကြီး၏ အဓိကဇာတ်လိုက် ရဲ့လန်၏ အသက်ကယ်ရတနာ နှင့် ဆင်တူနေပြီး သူ့အား မစ်ထ်နှင့်ရင်ဆိုင်ရာတွင် ထိုမျှထိ ယုံကြည်မှုရှိစေခဲ့ခြင်းလည်း ဖြစ်သည်။

“အသင့်ကို ကျွန်ုပ် မေးခွန်းမေးနေတယ်လေ သန့်ရှင်းတဲ့နယ်မြေမှာ သင်က ဒီလောက် ဆိုးရွားတဲ့ ရာဇဝတ်မှုမျိုးကို ဘယ်လိုများ ကျူးလွန်ရဲရတာလဲ”

ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူ၏ ခန္ဓာကိုယ်‌လောက် ကြီးမားသော ရွှေရောင်လက်ဝါးကပ်တိုင်ကြီးတစ်ခုကို ကိုင်ထားလျက် မေးလိုက်ခြင်းဖြစ်၏။

အာရန်သည် ထိုလက်ဝါးကပ်တိုင်နှင့် သူ့အား ယခင်က တွဲမြင်ဖူးခဲ့ခြင်း မရှိခဲ့သော်လည်း ထိုလက်ဝါးကပ်တိုင်သည် ထိုသူအား ပိုမိုသန်မာစေသည်ဟု သူ ခံစားမိနေသည်။

၎င်းသည် အနောက်ပိုင်းတိုက်ကြီး၏ ရတနာတစ်ပါးဖြစ်ဟန်ရပြီး အတွင်း၌ နတ်ဘုရားစွမ်းအင်အချို့ ပါဝင်နေဟန်လည်းရလေသည်။

“မဟုတ်ဘူး သူ့ကို မထိနဲ့” ဟု အာရန်က ရုတ်တရက် အော်လိုက်ကာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ နောက်ဘက်သို့ လက်ညှိုးထိုးလိုက်ပြီး သူသည် တစ်စုံတစ်ဦးအား ထိုအရာဆီမှ ကာကွယ်ရန် ကြိုးစားနေသကဲ့သို့ ပြုမူလိုက်လေ၏။

အံ့အားသင့်သွားသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ရုတ်တရက် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ သို့သော် သူ၏ နောက်တွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ရသောအခါ အနဲငယ် ကြောင်အသွားခဲ့သည်။

“ဘာပြောတာလဲ..”

ဒုတ်...

---

သူ၏ ဝါကျကို အဆုံးမသတ်နိုင်ခင်မှာပဲ ကျောက်တုံးတစ်လုံးက သူ့ခေါင်းနောက်ကို ‘ဒုတ်’ ခနဲအသံနှင့်အတူ ထိမှန်၍ လဲကျသွားစေခဲ့သည်။

ထိုဘုန်းတော်ကြီးသည် မြေပြင်ပေါ်လဲကျသွားသည့်အချိန်တွင် ကျောက်တုံးမှာ အာရန်ရဲ့လက်ထဲတွင်ပင် ကြေမွသွားခဲ့၏။

ကံကောင်းစွာပင် ဘုန်းတော်ကြီးမှာ ကျောင်းအုပ်သမီး ဆီရာကဲ့သို့ သန်မာသော ခန္ဓာကိုယ်တစ်ခုရှိမနေခဲ့ပေ။

“ဒီလို ဘိုးတော်ဘုရားလက်ထက်က လှည့်ကွက်နဲ့ ခုထိ ခံရတဲ့သူမျိုး ရှိနေသေးတာ တကယ် မယုံနိုင်စရာပဲ”

အာရန်သည် ရွှေရောင်လက်ဝါးကပ်တိုင်တစ်ခုကို ကောက်ယူရင်း တွေးမိလိုက်သော်လည်း ဘုန်းတော်ကြီး နာသန်နီယယ်မှာ ထိုလက်ဝါးကပ်တိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်ကို သတိပြုမိလိုက်၏။

ထိုစဥ် ထိုဘုန်းတော်ကြီး၏ ကိုယ်ခန္ဓာပတ်လည်ရှိ ရွှေရောင်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ကုစားပေးလျက်ရှိကာ မကြာမှီမှာပင် သူ၏ မျက်လုံးများ ပြန်လည် ဖွင့်လာနိုင်ခဲ့သည်။

“သင့်မှာ နောင်တတရားမဘူး နတ်ဘုရားမ ဖရေးယား ရဲ့ ကရုဏာတော်နဲ့ အသင်က မထိုက်တန်ဘူး ဒါကြောင့် သံသရာစက်ဝိုင်းထဲ တစ်ဖန်ပြန်ဝင်ရောက်ပြီး နောက်ဘဝမှာပဲ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ပါ”

နာသန်နီယယ်သည် ထိုသို့ ပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားစွမ်းအင်များ၏ ပံ့ပိုးမှုဖြင့် လေပေါ်သို့ မြင့်တက်လာခဲ့၏။

“ဟူး... မင်းကို သတ်စရာ မလိုတော့ဘူးလို့ ငါ ထင်ခဲ့တာ” ဟု အာရန်က နာသန်နီယယ် လေထဲသို့ တက်သွားသည်ကို စိုက်ကြည့်နေသည်။

နာသန်နီယယ်နှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူ၏ ကျင့်စဥ်အဆင့်နှင့်ဆိုက ယခုအချိန်တွင် သူသည်အမှန်တကယ် ထွက်ပြေးဖို့ စီစဥ်နေလောက်ပြီဖြစ်သည်။

သို့သော် ယခုမူ အရာရာ ကွဲပြားသွားပြီဖြစ်၏။ နာသန်နီယယ်သည် သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်ကထက် ယခုမှာ အိမ်ကွင်းအားသာချက်ကြောင့် ပိုမိုသန်မာလာခဲ့ရင်ကော ဘာအ‌ရေးနည်း။

သူသည်လည်း ယခင်ကထက် များစွာ ပိုသန်မာနေပြီမဟုတ်ပါလား...။

တကယ်တမ်းပြောရမည်ဆိုလျှင် သူသည် ဒုတိယနဲ့ တတိယ အတားအဆီးနံရံများ ကို ကျော်ဖြတ်ပြီးကတည်းက သူ၏ ခွန်အားမှာ ယခင်နှင့်နှိုင်းယှဥ်စရာမလိုအောင်ပင် ပိုမိသန်မာလာခဲ့ပြီး ဖြစ်သည်။

သန့်စင်ဘုရားကျောင်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ဦးသည် စွမ်းအားကြီးသည်မှာ မှန်သော်လည်း ကာဒီနယ်ရဟန်းအမတ်များ သို့မဟုတ် ဂိုဏ်းအုပ်ဘုန်တော်ကြီး များလောက် မသန်မာပေ။

အရှေ့ပိုင်းတိုက်ကြီး၏ စံနှုန်းများအရ ကာဒီနယ်ရဟန်းအမတ် တစ်ဦးသည် မိစ္ဆာဂိုဏ်းမှ ဘိုးဘေးအကြီးအကဲများနှင့် ခန့်မှန်းခြေအားဖြင့် အဆင့်တူညီလေ၏။

အကြီးတန်းဂိုဏ်းအုပ်ဘုန်တော်ကြီးများမှာမူ ပိုမိုသန်မာသော မဟာအကြီးအကဲအဆင့်များနှင့် နှိုင်းယှဉ်နိုင်သည်။

နာသန်နီယယ်သည် အကြီးတန်းဂိုဏ်းအုပ်ဘုန်တော်ကြီးတစ်ဦး အဆင့်ထိ မရောက်သေးသည့်အပြင် သူ၏ ခွန်အားသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ အားလုံးထဲတွင်ပင် အနိမ့်ဆုံးအဆင့်၌ ရှိနေသေးသည်ဟု သတ်မှတ်နိုင်၏။

ထို့ကြောင့် နတ်ဘုရားမ၏ အကာအကွယ်ဖြင့်ပင် နာသန်နီယယ်သည် နှိုင်းယှဉ်ကြည့်လျှင် မဟာအကြီးအကဲ အဆင့်သို့သာ ရောက်ရှိနေသေးပြီး ထိုအရာသည် အမှန်တကယ်အားဖြင့်တော့ အားနည်းသည်ဟုတော့ မဆိုသာပေ။

အစပိုင်းတွင် အာရန်သည် နာသန်နီယယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိုခြင်းမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့တွင် ရန်လိုမှုများစွာ မရှိခဲ့သောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် အာရန်သည် ၎င်းအား မေ့လဲသွားအောင်သာ ကြိုးစားခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ထိုဘုန်းတော်ကြီးမှာ သူ၏ နတ်ဘုရားစွမ်းအင်များကိုထပ်မံ အသုံးပြုလိုက်သည်နှင့် အခြားသူများ ဤနေရာသို့ ရောက်ရှိလာရန်မှာ များစွာ အချိန်ကြာတော့မည်မဟုတ်ပေ။

သူ့အား ကောင်းမွန်စွာ ဆက်ဆံ‌ပေးရန် အာရန်၌ အချိန်ရှိမနေတော့ပေ။

“မင်း စောစောကတကယ်ပဲ မေ့သွားသင့်တယ်” ဟု အာရန်က သက်ပြင်းချရင်း တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် သူ၏ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံ ဖယ်ရှားရန် နဂါးလျှာအစွမ်းကို အသုံးပြုရင်း သူ၏အရှိန်ကိုပင်ထပ်မံ မြှင့်တင်လိုက်၏။

“သင့်လို လူဆိုးတစ်ဦးမှာ ဘယ်လို အခွင့်အရေးမှ မရှိတော့ဘူး...” ဟု နာသန်နီယယ်သည် အောက်သို့ ငုံ့ကြည့်ပြီး ပြောလိုက်စဥ်သူ၏ စကားမဆုံးခင်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အာရန်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင် နဂါးတစ်ကောင်၏ လက်သဲနှင့်ဆင်တူသော အရာတစ်ခုသည် သူ၏ ရင်ဘတ်နောက်မှ ရှေ့သို့ ထုတ်ချင်းဖောက် ဖောက်ထွက်သွား၏။

အာရန်သည် သူ့နောက်တွင် ရပ်လျက်ရှိနေပြီး သူ့လိုပင် လေထဲတွင် မတ်တပ်ရပ်နေလေသည်။

“ငါ ပြောခဲ့သလိုပဲ မင်း တကယ်ပဲ သတိမေ့သွားခဲ့သင့်တယ် ဒါဆို ငါ ဒီလို လုပ်စရာ မလိုဘူးပေ့ါ မင်း ပြောတဲ့ သံသရာစက်ဝိုင်းထဲကို မင်းကိုယ်တိုင်ဝင်ရောက်တဲ့အခါ ငါ့ကို အပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ်”

အာရန်သည် ဘုန်းတော်ကြီး၏နှလုံးသားကို နဂါးလက်သဲဖြင့် ဆုပ်ကိုင်ရင်း အပြင်သို့ ဆွဲထုတ်လိုက်သည်။

“ဖိတ်ကြားချက်တစ်ခုနဲ့ ဒီကို ရောက်လာခဲ့ရင် မင်းက ငါတို့ရဲ့ လမ်းပြ ဖြစ်လာလိမ့်မယ်လို့ ငါ တကယ်ကြီးထင်ထားခဲ့တာ ခုတော့ ငါတို့အတွက် လမ်းပြအသစ်တစ်ယောက်ကို မင်းတို့နတ်ဘုရားမက ထပ်ပြီး စီစဉ်‌ပေးရတော့မယ် ထင်တယ်”

အာရန်သည် သူ့အား မယုံကြည်နိုင်စွာဖြင့် နောက်ပြန်ငေးကြည့်နေသော ဘုန်းတော်ကြီး နာသန်နီယယ်ရှေ့တွင် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါဆို သင်က... သင်က...”

ထို့နောက် သူ မြင်လိုက်ရသည်မှာ သူ၏နှလုံးကို တစ်ကိုက်ချင်းစီ စိတ်ပြေနပြေ ကိုက်ဝါးနေသော အာရန်၏ ပုံရိပ်ပင်ဖြစ်ကာ ထို့နောက်တွင် သူ၏ ‌အမြင်အာရုံများသည် တဖြည်းဖြည်း မှုန်ဝါးကာ

နောက်ဆုံး၌ အမှောင်ထဲ ကျသွားလေတော့၏။

သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားစဉ် သူနောက်ဆုံး ကြားလိုက်ရသည့် ဝါကျတစ်ကြောင်းမှာ....

“ဘာက ပိုစွမ်းမလဲ မသိဘူး နတ်ဘုရားမရဲ့‌ ကောင်းချီးအကာအကွယ်လား ဒါမှမဟုတ် ဝါးမြိုသူအစွမ်းလား”

“အွမ်း..”

အာရန် နာသန်နီယယ်၏ နှလုံးကို ပထမဆုံးတစ်ကိုက် ကိုက်လိုက်သည်နှင့် သန့်စင်ပုရောဟိတ်မသည် သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကာ သူမ၏ ရှေ့ရှိ ရုပ်တုကြီးပင် တုန်ယင်သွားခဲ့သည်။

All Chapters