ယီလန်၏ အနမ်း
Vol. 21 Ch. 288
.....
“သူမအတွက် အခန်းတစ်ခန်း စီစဉ်ပေးပါ သူမက နောက်သုံးရက်ကြာ လောက်ထိ ဒီတိုင်း အိပ်စက်နေလိမ့်မယ် အဲ့ဒီအချိန်မတိုင်ခင် ငါကိုယ်တိုင်ပြန်လာပြီး သူမကို ပြန်ခေါ်သွားပါ့မယ်”
အာရန်သည် ဂိတ်တံခါးပေါက် ထဲမှ ထွက်လာရာ သူ၏ ခေါင်းမှာ အနည်းငယ် မူးနောက်နေ၏။
သူသည် လဲကျလုနီးပါးဖြစ်ခဲ့ပြီး သူ့ဘေးမှ လိုက်ပါလာသော ယီလန် က ကူညီပေးထားရလေသည်။
“ရှင် နေကောင်းရဲ့လား”
ယီလန် က သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများဖြင့် မေးလိုက်သည်။
“ရှင့် မျက်နှာက နည်းနည်း ဖြူဖျော့နေတယ်”
“ကိုယ် အဆင်ပြေပါတယ် ဂိတ်တံခါးပေါက်ထဲကနေ ဖြတ်သန်းလာလို့ နည်းနည်းမူးသွားတာပါ”
အာရန်သည် ဆီရာ ကို ဖီလိုနာ ထံ လွှဲပြောင်းပေးလိုက်ပြီး သူ၏ ပတ်ဝန်းကျင်တစ်ခုလုံး ယိမ်းထိုးနေသည်ဟု ခံစားနေရသည့်တိုင်အောင် ဝိညာဥ်နန်းဆောင်၏ ပလ္လင်ရှိရာသို့ အားတင်း၍ လျှောက်သွားလိုက်သည်။
ကနဦး အနည်းငယ်မျှ မူးမိုက်ခြင်းကို ရုန်းကန်ပြီးနောက် အာရန်သည် ပလ္လင်ဆီ ရောက်ရှိသွားကာ ထိုအပေါ်တွင်ထိုင်ချလိုက်သောအခါ သူ၏ နှလုံးခုန်နှုန်းမှာ အတော်လေး မြန်ဆန်နေသည်ကို သတိထားမိလိုက်သည်။
“ငါ့ခန္ဓာကိုယ်က ဘာတွေဖြစ်နေတာလဲ ဂိတ်တံခါးပေါက်တွေကနေ ဖြတ်သန်းသွားတိုင်း တဖြည်းဖြည်း ပိုပိုဆိုးလာသလိုပဲ”
အာရန်သည် အသံထွက်၍ပြောလိုက်မိပြီး သူ၏ စနစ်သိုလှောင်ခန်းအတွင်းတွင်ထည့်ယူလာသော ရေအနည်းကို ထုတ်ယူ၍ သောက်လိုက်သည်။
ထို့နောက် တဝသောက်ပြီး၍ ကုန်သွားသော ပုလင်းအခွံကို ဘေးသို့ဖယ်ထားလိုက်ရာ အောက်သို့ ပြုတ်ကျသွားခဲ့၏။
‘ငါအစောပိုင်းက လွတ်မြောက်ခြင်းအဆောင် ကြောင့်လို့ ထင်ခဲ့မိတယ် ဒါပေမယ့် ယီလန်ရဲ့ဂိတ်ပေါက်မှာလဲ အတူတူပဲ ဖြစ်နေတယ် ငါ့ကိုယ်တွင်းမှာ တစ်ခုခု မှားယွင်းနေတာလား’ ဟု အာရန်သည် မျက်လုံးများကို မှိတ်ရင်း တွေးလိုက်မိသည်။
ထို့နောက် သူသည် ခန္ဓာကိုယ်ကို ဘေးသို့ လှည့်လိုက်ကာ လက်တင်ခုံပေါ်တွင် ခေါင်းကို မှီထားလိုက်ပြီး သူ၏ ပြင်းထန်စွာခုန်ပေါက်နေသော နှလုံးခုန်သံနှင့် ရင်ထဲရှိ မအီမသာ ခံစားချက်များကို ငြိမ်သက်နိုင်ရန် ကြိုးစားလိုက်သည်။
သူသည် ဂိတ်တံခါးပေါက် နှစ်ခုကို ဆက်တိုက်ဖြတ်သန်းခဲ့ရခြင်း မရှိသေးသော်လည်း အခြေအနေမှာ ရှုပ်ထွေးနေ၏။
ထို့နောက် တစ်ခဏတာမျှပင် သူသည် ရယ်ချင်စိတ် ပေါက်သွားခဲ့သည်။
တစ်ဖက်တွင် သူသည် မဟာအကြီးအကဲများနှင့် အဆင့်တူနေပြီဖြစ်၏။
သို့သော်အခြားတစ်ဖက်တွင်မူ သူသည် ထိုသို့ မအီမသာဖြစ်ခြင်းမျိုးမရှိဘဲ ဂိတ်တံခါးပေါက် များကိုပင် အသုံးပြုနိုင်ခြင်း မရှိတော့ပေ။
အာရန်သည် ထိုအကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။ ၎င်းသည် သူ၏ အမည်မသိသေးသည့် ထိုသွေးမျိုးဆက်နှင့်အတူ ပါလာသော ဘေးထွက်ဆိုးကျိုးတစ်ခုပင်လား။
သို့မဟုတ် သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်း မှာ မူလကတည်းက ရှိနေပြီးသားဖြစ်သည့် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးလာသည့် အခြားအရာတစ်ခုခုများလား။
အာရန်သည် မျက်လုံးများကို မှိတ်ထားစဉ် သူ၏ပါးပြင်တစ်ဝိုက်တွင် ထိတွေ့လာသော နူးညံ့သည့် လက်တစ်စုံကို ခံစားလိုက်ရ၏။
“မကြာခင် ရှင်နေပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ယီလန် ဆီမှ နူးညံ့သောအသံလေးတစ်ခုထွက်ပေါ်လာခဲ့သည်။
“မင်း အဲ့ဒါကို စောင့်လျှောက်သူ အနေနဲ့ ပြောနေတာလား ဒါဆိုရင်တော့ စိတ်မပူပါနဲ့ ကိုယ် မသေနိုင်ပါဘူး”
အာရန်သည် သူ၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသော်လည်း ပြုံးပြလိုက်၏။
“သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောနေတာပါ”
ယီလန်၏ ထိုအဖြေကြောင့် အာရန်ပင် အံ့အားသင့်သွားခဲ့ရသည်။
“မင်းက ကိုယ့်ကို သူငယ်ချင်းတစ်ယောက်လို့ တကယ်ပဲ ထင်နေတာလား” အာရန်က ခဏတာ တိတ်ဆိတ်ပြီးနောက် မေးလိုက်သည်။
“ကျွန်မ သူငယ်ချင်းဖြစ်ရတာကို ရှင်က မကြိုက်ဘူးလား”
ယီလန်မှ ပြန်မေးလိုက်ရင်း သူမသည် အနည်းငယ် စိတ်ပျက်သွားဟန် ရလေသည်။
“ဒါပေမဲ့ ရှင်က လူသားတစ်ယောက်ပဲလေ ဝိညာဉ်တစ်ယောက်ကို မုန်းတီးမယ်ဆိုလည်း နားလည်ပေးနိုင်ပါတယ်”
အာရန်မှာ ယီလန်၏စကားကြောင့် တိတ်ဆိတ်သွားခဲ့သည်။
လူသားများနှင့် ဝိညာဉ်များ သည် လုံးဝကွဲပြားသော တည်ရှိမှုများကြဖြစ်သည်မှာ မှန်သည်။
ဝိညာဉ်များသည် သရဲ၊ တစ္ဆေများ မဟုတ်သော်လည်း ၎င်းတို့အကြောင်းကို သိရှိသော လူသားအများအပြားက သရဲ၊တစ္ဆေများအဖြစ်သာ မြင်ကြလေသည်။
ဝိညာဉ်များအား ဆင့်ခေါ်ရန်အတွက်လည်း အသက်စွမ်းအားများစွာ ပေးဆပ်ရန် လိုအပ်သည်ဖြစ်ရာ ၎င်းတို့အား ပိုမိုဆိုးရွားသည့် တည်ရှိမှုများဟု မြင်စေခဲ့သောကြောင့် အခြေအနေက ပို၍ပင် ဆိုးရွားခဲ့သည်။
ရှုယင်မှ ဝိညာဉ် တစ်ဦးကို ဆင့်ခေါ်၍ မြို့တစ်မြို့လုံးကို မတော်တဆ ဖျက်ဆီးပစ်ခဲ့မိသကဲ့သို့ လူသားများအနက်အချို့သည် ဝိညာဉ်များအား မကောင်းသည့် အရာများအတွက် အသုံးပြုခဲ့ကြလေသည်။
စိတ်ပျက်အားငယ်စွာဖြင့် ယီလန် သည် သူမ၏ လက်ကို သူ၏ ပါးပြင်မှ ဖယ်ရှားလိုက်၏။
သို့သော် သူမသည် သူမ၏ လက်ကိုမဖယ်ရှားနိုင်ခင်မှာပင် အာရန်က သူမ၏ လက်များကို ဖမ်းကိုင်ထားလိုက်သည်။
သူသည် သူမ၏ လက်များကို သူ၏ နှုတ်ခမ်းနားသို့ ဆွဲယူကာ ညင်သာစွာ နမ်းရှုံ့လိုက်ရင်း “ကိုယ်က သူငယ်ချင်းထက် ပိုချင်တာဆိုရင်ရော” ဟု မေးလိုက်သည်။
“ရှင့်မှာ ရှုယင်တစ်ယောက်လုံး ရှိနေတယ်မဟုတ်ဘူးလား”
ယီလန်သည် သူမ၏ အသံကို သဲ့သဲ့လေး ကြားနိုင်ရုံမျှဖြင့် ပြန်မေးလိုက်သည်။
အာရန်သည် ပြန်မဖြေနိုင်ခဲ့ပေ။ ထို့ပြင် ခဏတာခန့် လုံးဝတိတ်ဆိတ်သွားခဲ့၏။
[ဂုဏ်ယူပါတယ် ... သင်သည် ရွေးချယ်စရာအသစ်များအား ထွက်ပေါ်လာအောင် ပြုလုပ်နိုင်ခဲ့ပါသည်။]
[ရွေးချယ်မှု တစ် - သင်သည် ယီလန်အား အမှန်တကယ်ချစ်မြတ်နိုးကြောင်း ယုံကြည်အောင်ပြောပြီး သူမကို နမ်းပါ။
ဆုလာဘ်- ဝိညာဉ်အသွင်အပြင် (ထူးခြားအဆင့်)]
[ရွေးချယ်မှု နှစ် - ယီလန်အား သူမစကားများသည် မှန်ကန်ကြောင်း ပြောကာ သူမ၏ လက်များကို လွှတ်ပေးလိုက်ပါ။ ထို့နောက် သူငယ်ချင်းအဖြစ်သာ နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း လက်ခံလိုက်ပါ။
ဆုလာဘ်- ရှေ့ဟောင်း ဝိညာဉ်အမွေအနှစ် အဆောင် (ရှားပါး)]
[ရွေးချယ်မှု သုံး - တိတ်ဆိတ်ခြင်းသည် အကောင်းဆုံးအဖြေဖြစ်သည်။ သင်သည် သူမအမေးကို ပြန်မဖြေဘဲ နေလိုက်ပါ။
ဆုလာဘ်- အဆင့်သုံး နတ်ဘုရားအဆင့်ဓား (အဆင့်မြင့်)]
[ရွေးချယ်မှု လေး - ယီလန်သည် သင့်အတွက် သာမန်စောင့်လျှောက်သူဝိညာဉ် တစ်ဦးသာဖြစ်ကြောင်း ပြောလိုက်ပါ။ သူမ၏ အလုပ်မှာ သင့်အမိန့်များကို နာခံပြီး သင့်စကားများကို လက်ခံရန်သာဖြစ်သည်၊ သင်၏ စကားများကို မေးခွန်းထုတ်ရန် မဟုတ်ပါ။
ဆုလာဘ်- ဝိညာဉ်စောင့်လျှောက်သူ စိုးမိုးခြင်းအဆောင် (ရှားပါးအဆင့်)]
အာရန်သည် ခေါင်းမူးနောက်နေသေးသဖြင့် မြင်ကွင်းများ သိပ် မသဲမကွဲဖြစ်နေသည့်တိုင် ရွေးချယ်စရာများကို ကျိုးစား ဖတ်ရှုခဲ့သည်။
သူသည် ထိုအရာများကိုဖတ်ရှုနေခဲ့သဖြင့် ယီလန် ၏ မေးခွန်းပြီးနောက် ဤအခန်းတစ်ခုလုံးသည် တိတ်ဆိပ်မှုတစ်ခုဖြင့် လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ”
ယီလန် သည် သူမ၏ လက်ကို အာရန်၏ ဆုတ်ကိုင်ထားမှုမှ ပြန်လည်ဆွဲထုတ်လိုက်သည်။
“ဆီရာ အတွက် သေခြာ စီစဉ်ပေးထားရဲ့လားဆိုတာ ဖီလိုနာ ဆီကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်”
သူမသည် ထွက်သွားရန် နောက်သို့ လှည့်လိုက်သည့်အချိန်တွင် သူမနောက်မှ ခြေသံများကပ်လိုက်လာသည်ကို ကြားလိုက်ရသည်။
စိတ်ရှုပ်ထွေးစွာဖြင့် သူမသည် နောက်သို့လှည့်ကြည့်လိုက်ရာ သူမရှေ့တွင် ရပ်နေသော အာရန်ကို တွေ့လိုက်ရသည်။
“ရှင်ဘာလုပ်နေတာလဲ ရှင် နားနေသင့်တယ်လေ”
သူမသည် အာရန်ကို ပြန်လည်အနားယူရန်ပြောရင်း တွဲပေးရန် လက်လှမ်းလိုက်သည်။
သို့သော် သူမ၏ လက်တစ်ဖက်သည် ရုတ်တရက် အာရန်မှ ဆွဲယူလိုက်ခြင်းကိုခံလိုက်ရကာ သူမအား သူနှင့်ပိုမိုနီးကပ်အောင် ဆွဲခေါ်လိုက်သည်။
ထို့နောက် အာရန်၏ နွေးထွေးသော နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများကို ထိတွေ့လိုက်သဖြင့် ယီလန် ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သူမ၏ နှုတ်ခမ်းများသည် လောဘတကြီး နမ်းရှိုက်နေသော အာရန်၏ နှုတ်ခမ်းများဆီမှ မငြင်းဆန်နိုင်တော့ပဲ ဒီအတိုင်း ငြိမ်သက်နေလိုက်မိ၏။
သူမ သတိမထားမိခင်မှာပင် သူမ၏ မျက်လုံးများသည် မှိတ်မိသွားခဲ့ပြီး အာရန်အား အလိုရှိသလို လုပ်ဆောင်ခွင့်ပြုထားလိုက်မိလေသည်။
အချိန်အတော်ကြာပြီးနောက် အာရန်မှ နောက်သို့အနည်းငယ်ဆုတ်လိုက်သော အခါမှသာ ၎င်းတို့၏ နှုတ်ခမ်းများသည် ခွာသွားခဲ့သည်။
“အဲ့ဒါက မင်းရဲ့ မေးခွန်းအတွက် အဖြေလို့ယူဆလို့ရမလား” ဟု အာရန်က မေးလိုက်သည်။
ယီလန် သည် မူးမေ့လဲမတတ် ရင်ခုန်သံများ ဒုံးစိုင်းနေခဲ့ကာ အာရန်အား ငေးကြည့်နေမိ၏။
သူမ၏ အနည်းငယ်ရောင်ရမ်းနေသော နှုတ်ခမ်းဖူးဖူးလေးများသည် ပြန်လည် ပွင့်ဟသွားခဲ့ပြီး တစ်ခုခု ပြောရန် ကြိုးစားလိုက်သော်လည်း စကားတစ်လုံးပင် မပြောနိုင်မီ သူမ၏ နှုတ်ခမ်းများသည် တစ်ဖန်ပြန်လည် နမ်းရှိုက်ခံလိုက်ရပြီး အာရန်၏ လက်များသည် သူမ၏ နောက်ကျောသို့ ရွေ့လျားသွားခဲ့သည်။
[ဂုဏ်ယူပါတယ် သင်ဟာ ရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးစီးခဲ့ပြီ။]
[သင်သည် ဝိညာဉ်အသွင်အပြင် ကိုရယူနိုင်ခဲ့ပါပြီ]
[ဝိညာဉ်ပုံစံ ဖန်တီးခြင်း စတင်ပါပြီ။]
[ပြီးစီးသွားသည်နှင့် သင်သည် မိမိကိုယ်တိုင်အတွက် ထူးခြားသော ဝိညာဉ်သူရဲကောင်းတစ်ဦးပုံစံကို အလိုရှိတိုင်း ပြောင်းလဲနိုင်မည်ဖြစ်ကာ ထိုအရာအတွက် သင်၏ သက်တမ်း အနည်းငယ်ကို ပေးဆပ်ရပါလိမ့်မည်။]
[ဝိညာဉ်ပုံစံ ပြီးစီးမှု- ၀.၁%]
[၀.၅%]
[၁%]
[၂%]
[၅%]
[၈%]
[၁၁%]
[၁၅%]
[၁၉%]
[၂၁%]
[၂၇%]
[၃၅%]
[၃၉%]
[၄၅%]
[၄၉%]
အာရန်၏ ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု အသိပေးချက်များ ဆပ်တိုက်ပေါ်ထွက်လာခဲ့ကာ သူ၏ရှေ့တွင် ဖန်သားပြင်အများအပြား ပေါ်လာခဲ့သည်။
ဖန်သားပြင်အောက်ခြေတွင် ဘားတန်းတစ်ခုလည်း ပေါ်လာခဲ့ပြီး နံပါတ်များသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ပြောင်းလဲနေခဲ့၏။
သို့သော်လည်း သူသည် ၎င်းတို့ကို ဂရုစိုက်နိုင်သည့် အခြေအနေတွင် ရှိမနေခဲ့ပေ။
ပိုကောင်းသော အရာတစ်ခုတွင် နစ်မြုပ်နေသောကြောင့် ဖြစ်သည်။
ကနဦးတွင် သူ၏ ခေါင်းမှာ နာကျင်နေသေးသော်လည်း ယီလန် ကို နမ်းရှုံ့လိုက်သည်နှင့် သူ၏ ခေါင်းကိုက်ခြင်းဝေဒနာမှာ သက်သာလာခဲ့ပြီး သူ၏ အခြေအနေသည်လည်း တိုးတက်လာခဲ့သည်မှာ အဘယ်ကြောင့်မှန်း နားမလည်နိုင်ဖြစ်နေရလေသည်။
၎င်းသည် ယီလန် ကြောင့်လား သို့မဟုတ် ဝိညာဉ်ပုံစံ ဟုခေါ်သော အရာကို ရရှိခဲ့ခြင်းကြောင့်လားဆိုသည်ကိုမူ သူ မသေသေခြာခြာမသိနိုင်ပါ။
သူ့တွင် စဉ်းစားစရာများစွာ ရှိနေသေးသော်လည်း ယခုအချိန်တွင် ထိုအရာများကို ချက်ချင်း စူးစမ်းလိုစိတ် မရှိနေသေးပေ။
#Catfoot