← Chapters

နစ်ခရိုမန်ဆာမျှော်စင်၏ လှုပ်ရှားမှု

Vol. 21 Ch. 289

နစ်ခရိုမန်ဆာမျှော်စင်၏ လှုပ်ရှားမှု

Vol. 21 Ch. 289

…..

“အရာရာ အစီအစဉ်တကျပါပဲ သူမကို တစ်စက္ကန့်တောင်မလစ်ဟင်းအောင် စောင့်ကြည့်ဖို့ အစောင့်အရှောက်တွေလည်း သေခြာချထားပြီးပါပြီ”

ဝိညာဥ် နန်းတော်ခန်းမ ၏ ဝင်ပေါက်တံခါးမကြီးမှာ ပွင့်ထွက်လာခြင်းမရှိမှီမှာပင် တံခါးတစ်ဖက်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ဖီလိုနာ သည် သူမအား ပေးအပ်ထားသော အလုပ်ကို ပြီးစီးပြီးနောက် နန်းတော်ခန်းမ အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

သူမနှင့်အတူ ရှုယင်နှင့် စာချုပ်ဝိညာဉ်ချုပ်ထားသော သူမ၏သမီးဖြစ်သူ အက်စ်တလီနာပါ လိုက်ပါလာခဲ့သည်။

“မေမေ သူမ မျက်နှာက ဘာလို့ နီရဲနေတာလဲ”

အက်စ်တလီနာသည် အသက်ရှုမဝဖြစ်နေပုံရသော ယီလန်၏ ပုံကိုမြင်လိုက်သဖြင့် သူမမိခင် ဖီလိုနာ ကို တိုးတိုးလေး မေးလိုက်သည်။

အာရန်မှာ သူ၏ နောက်ကျောကို ၎င်းတို့ဘက်သို့ လှည့်ထားသောကြောင့် သူမသည် သူ၏မျက်နှာကိုတော့ မမြင်ရပေ။

အာရန်သည် သူ၏နှုတ်ခမ်းများကို သုတ်ရင်း နန်းတော်ပလ္လင် ဆီသို့ ပြန်လျှောက်သွားနေသည်ကိုသာ မြင်လိုက်ရ၏။

“ဂိတ်တံခါးပေါက် ထဲမှာ ပြဿနာလေးနဲနဲကြုံလိုက်ရလို့ ပင်ပန်းနေတာပါ”

အာရန်က ပလ္လင်တွင် ပြန်ထိုင်ရင်း အနည်းငယ် ရှင်းပြလိုက်သည်။

ဖီလိုနာ သည် အာရန်၏ ရှင်းပြချက်ကို နားမလည်နိုင်ခဲ့ပေ။ အာရန်နှင့် ယီလန် ရောက်ရှိလာစဉ်က သူမ ဤနေရာတွင် ရှိနေခဲ့သည်။

ထိုအချိန်က အသက်ရှူမဝသူမှာ ယီလန် မဟုတ်ဘဲ အာရန်သာဖြစ်လေသည်။

သူတို့နှစ်ဦး ရုတ်တရက် နေရာချင်းလဲသွားသကဲ့သို့ ဘာကြောင့် ခံစားနေရသည်ကို သူမ နားမလည်နိုင်ခြင်းဖြစ်လေသည်။

“အဲ့ဒါတွေကအရေးမကြီးပါဘူး ငါ ဒီနေရာကနေ ထွက်သွားတော့မယ် ငါမရှိတဲ့အချိန်မှာ ငါခေါ်လာတဲ့ ကောင်မလေးကို ဂရုစိုက်ဖို့က မင်းတို့ရဲ့တာဝန်ပဲ ပုံမှန်အတိုင်းသာဆို သူမက ဆေးအရှိန်ကြောင့် အိပ်ပျော်နေမှာမို့ နိုးလာမှာမဟုတ်ဘူး ဒါပေမယ့် သူမနိုးလာရင်တောင် သူမဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို သတိမထားမိဖို့ သေချာလုပ်ဆောင်ပေးပါ”

အာရန်သည် ဖီလိုနာ ကို များစွာ တွေးတောခွင့်မပြုဘဲ အကြောင်းအရာများကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

“ဖြစ်နိုင်ရင် ဝိညာဉ် တွေကို မမြင်ပါစေနဲ့ ပြီးတော့ ဒဏ်ရာမရအောင်လည်း သေချာဂရုစိုက်ပေးပါ”

“ဒီကောင်မလေးက ဘယ်သူမို့လို့ ဒီလောက် အလေးအနက်ထားခိုင်းတာလဲ”

ဖီလိုနာမှာ အာရန်သည် ထိုကောင်မလေးကို မည်သို့ဆက်ဆံရမည်ကို အထူးတောင်းဆိုနေသောကြောင့် သူမ မည်သူမည်ဝါဖြစ်သည်ကို အလွန် သိချင်စွာဖြင့် မေးလိုက်မိသည်။

အာရန်သည် သူမအား အနည်းငယ်မျှပင် ထိခိုက်မိမည်ကို စိုးရိမ်နေသည်မှာ ရှင်းလင်းနေ၏။

သို့သော် သူမသည် သူနှင့် ဤမျှ နီးစပ်သူဖြစ်နေပါလျှင် သူသည် ဤနေရာသို့ ခေါ်လာမည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် ကောင်မလေး၏ မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ် စဉ်းစားရကျပ်နေခဲ့သည်။

“သူမက မစ်ထ် ရဲ့ သမီးပဲ သူမသာ တစ်ခုခု ဖြစ်သွားရင် ငါကိုင်တွယ်နိုင်တဲ့အတိုင်းအတာကနေ လုံးဝ လွတ်ထွက်သွားလိမ့်မယ်”

အာရန်သည် သူ၏ခေါင်းမှာ အစောပိုင်းကထက် များစွာပိုမိုသက်သာလာသဖြင့် တည်ငြိမ်စွာ ပြန်လည်ပြောလိုက်သည်။

သို့သော်လည်း သူသည် ဂိတ်တံခါးပေါက် ကို ချက်ချင်း ဝင်ရန်မူ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမိသေး၏။

“မစ်ထ် ရဲ့ သမီး ဟုတ်လား” အက်စ်တလီနာ က အံ့ဩသင့်စွာဖြင့် ခပ်ကျယ်ကျယ်ပြန်ပြောလိုက်သည်။

သူမ၏မိခင်သည် လူသားကမ္ဘာရှိ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့် အရှင်သခင်များ ကို ၎င်းတို့၏ နာမည်အရင်းများဖြင့် တွဲမသိထားခဲ့ပေ။

သို့သော် ဝိညာဉ်မင်းသမီးလေး အက်စ်တလီနာမှာမူ ကွဲပြားသည်။

သူမသည် မစ်ထ် မည်သူဖြစ်ကြောင်း ကောင်းစွာ သိထားလေသည်။

မစ်ထ်ဆိုသူမှာ သူမ၏သမီးကို အလွန်အကျွံ အကာအကွယ်ပေးလေ့ရှိသည်ဟု နာမည်ကြီးသော တောင်ပိုင်းတိုက်ကြီး၏ အရှင်သခင်တစ်ဦး၏ နာမည်ဖြစ်ကြောင်း သိရှိထားလေသည်။

“ရှင်က တောင်ပိုင်းတိုက်အရှင်သခင် ရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တာလား” ဟု သူမ အံ့ဩသင့်စွာ ထပ်မံပြောလိုက်သည်။

“တောင်ပိုင်းတိုက် အရှင်သခင် ရဲ့ သမီးလား”

ဖီလိုနာ သည်လည်း သူမ၏သမီး၏ စကားများကို ကြားလိုက်သောအခါ ထပ်မံ အံ့အားသင့်သွားခဲ့သည်။

အာရန်သည် ကောင်မလေးကို ဒဏ်ရာမရစေလိုခြင်း သို့မဟုတ် ဝိညာဉ်များ ၏ ပတ်သက်မှုကို သိစေလိုခြင်းမရှိသည်ကို ယခုမှသာ လုံးဝ ရှင်းလင်းသွားခဲ့၏။

“သူမသမီး အဖမ်းခံရတာကို သူမ သိလား” ဟု ဖီလိုနာက မေးလိုက်သည်။

တောင်ပိုင်းအရှင်သခင် က မသိသေးလျှင် အခြေအနေက အနည်းငယ် တော်ဦးမည်ဖြစ်သည်။

နောက်သုံးရက်အတွင်း သူမသည် ထိုအရာကို မသိရှိသရွေ့ ၎င်းတို့သည် မိစ်ထ်၏ ရှာဖွေမှုမခံရပဲ ကောင်မလေးကို ပြန်လွှတ်ပေးနိုင်မည်ဖြစ်၏။

အာရန်သည် ဖီလိုနာ မည်သည့်အဖြေကို မျှော်လင့်နေသည်ကို သိရှိသွားရာ ခြောက်ကပ်စွာ ပြုံးလိုက်သည်။

သူ၏ စကားများကို မည်သို့ ကောင်းမွန်စွာ စီစဉ်ပြောဆိုရမည်ကို သူ စဉ်းစားနေစဥ်မှာပင် ယီလန် က ဦးအောင်ပြောလိက်သည်။

“ဘာလို့ မစ်ထ်က မသိရမှာလဲ သူက သူမမျက်စိရှေ့မှာတင်ပဲ သူမသမီးကို ပြန်ပေးဆွဲခဲ့တာလေ”

ယီလန်သည် ထိုသို့ ပြောလိုက်စဉ် သူမ၏ နှုတ်ခမ်းအောက်ပိုင်းကို ညင်သာစွာ ကိုက်လိုက်မိရာ အာရန်၏ ရနံ့အချို့ ထိုနေရာတွင် ကျန်သေးသယောင်ခံစားမိလိုက်၏။

“သူက ဘာလုပ်လိုက်တယ်...”

ဝိညာဉ်မင်းသမီးလေး အက်စ်တလီနာ က မယုံကြည်နိုင်စွာ ဖြင့်ပြန်ပြောလိုက်သည်။

“သူက ဘယ်လိုလုပ်ပြီး ခုထိအသက်ရှင်နေသေးတာလဲ”

‘တစ်ခါတစ်လေကျ ငါလည်း အဲ့ဒါကိုပဲ တွေးနေမိတယ်’

အာရန်သည်လည်း ထိုသို့တွေးလိုက်မိသော်လည်း သူ၏ အတွေးများကိုမူ အပြင်သို့ မထုတ်ဖော်ခဲ့ပေ။

“မစ်ထ် က အဲ့ဒီကောင်မလေးကို ဝိညာဉ်လောကထိ ခြေရာခံနိုင်မှာ မဟုတ်ဘူး အနည်းဆုံးတော့ နောက်ရက်အနည်းငယ်အတွင်း ဘာမှဖြစ်လာမှာ မဟုတ်တဲ့အတွက် ဒါကို မင်းတို့ ဘာမှစိတ်ပူစရာ မလိုဘူး ငါက သူမကို ရှေ့လာမယ့်ရက်တွေမှာ အလုပ်များနေအောင် အတုအယောင် သဲလွန်စတွေ အများကြီး ထားခဲ့ပြီးပြီ ဒါပေမဲ့ ဒီမှာ တလွဲတချော်တွေတော့ထပ်မဖြစ်မိစေနဲ့ပေါ့”

“ဒီလို အန္တရာယ်များတဲ့သူကို ခေါ်လာရအောင် ရှင်ဘာတွေများ စဉ်းစား...”

အက်စ်တလီနာသည် ပြဿနာအကြီးကြီးများ စတင်ဖြစ်ပေါ်နေပြီကို ခံစားမိလိုက် အာရန်အားမေးရန်ပြင်လိုက်သော်လည်း သူမ၏ စကားမဆုံးမီမှာပင် သူမမိခင် ဖီလိုနာ က သူမ၏ ပါးစပ်ကို အတင်းပိတ်လိုက်သည်။

အက်စ်တလီနာသည် ခေတ္တတိတ်ဆိတ်သွားသော်လည်း သူမသည် မကျေနပ်သေးပေ။

သူမ အာရန်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ကတည်းက တစ်ခေါက်ကလေးပင် မငြိမ်ချမ်းခဲ့ဘဲ ပြသနာများသာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေခဲ့သည်။

“အရှင့်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး ဘာမှ မမှားအယွင်းမဖြစ်အောင် သေချာလုပ်ဆောင်ပါ့မယ်”

ဖီလိုနာ က အာရန် ဤမျှလျင်မြန်စွာ စွမ်းအားများကြီးထွားလာသည်ကို အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

မကြာသေးမီအချိန်တစ်ခုကပင် သူမရှေ့ရှိ ထိုအမျိုးသားသည် အတော်လေး အားနည်းနေခဲ့သည်။

သို့သော် ယခုမူ သူသည် ပထမဝိညာဉ်ဘုရင်မ ၏ စွမ်းအားများကို အသုံးမပြုပါဘဲနှင့်ပင် မစ်ထ် ၏သမီးကို သူမ၏မျက်စိရှေ့မှပင် ပြန်ပေးဆွဲနိုင်လောက်သည်အထိ သူသည် အလွန်သန်မာနေပြီဖြစ်၏။

သူမသည် အာရန်အား အတော်လေး စူးစမ်းလိုစိတ် ရှိနေခဲ့၏။

ဤအစီအစဉ်နောက်ကွယ်ရှိအရာအားလုံးကို ကြိုးကိုင်နေသူသည် သူမရှေ့ရှိ ထိုအမျိုးသား ကိုယ်တိုင်သာဖြစ်နေပါက ထိုအရာအားလုံးကို သူသည် ကြိုတင် စဉ်းစားထားပြီး ဖြစ်မည်သည်ဟု သူမ ယုံကြည်လိုက်သည်။

သူမလုပ်ရန်လိုအပ်သည်မှာ သူ၏ အစီအစဉ်များကို မဖျက်ဆီးမိစေရန် သူခိုင်းသည့်အရာများကို သေချာစွာ လုပ်ကိုင်ရမည်ဖြစ်လေ၏။

မည်သို့ပင်ဖြစ်စေ သူမတို့သည် သူ၏ စကားများကို ဆန့်ကျင်၍ မရပေ။

“မင်းက အလုပ်ကောင်းကောင်းကျိုးစားတတ်တာပဲ”

အာရန်သည် ဖီလိုနာ မည်မျှ ကောင်းမွန်စွာနာခံတတ်သည်ကို မြင်လိုက်ရသည်။

သူမသည် သူ ထိမ်းချုပ်နိုင်သည့် ဝိညာဥ်များအနက် ဝိညာဉ်လောက ကို သူ့အစား အုပ်စိုးရန် အကောင်းဆုံး ကိုယ်စားလှယ်ပင် ဖြစ်လေသည်။

အက်စ်တလီနာ နှင့် အခြားစိတ်မရှည်သော ဝိညာဥ်ဗိုလ်မှူးများနှင့် မတူဘဲ သူမသည် ပိုမို ဉာဏ်ပညာကြီးမားပြီး အခြေအနေအရ လိုက်လျောညီထွေဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်ကိုလည်း သိရှိထား၏။

“ဒါနဲ့ ဒီအတောအတွင်း နစ်ခရိုမန်ဆာမျှော်စင် ကနေကော ဘာလှုပ်ရှားမှုတွေများ ရှိလာသေးလား”

အာရန်က နစ်ခရိုမန်ဆာမျှော်စင် အကြောင်းကို ကြားသိရသည်မှာ အတော်လေး ကြာပြီဖြစ်ကြောင်း သတိရမိကာ မေးလိုက်သည်။

သူသည် ဝိညာဉ်လောကတွင် နစ်ခရိုမန်ဆာမျှော်စင် ၏ အရေးကြီးသော အဖွဲ့ဝင်တစ်ဦးကို သတ်ခဲ့မိသည်။

သူသည် ၎င်းတို့၏ တပ်ဖွဲ့တစ်ခုလုံး ထိုအရာကို လက်စားချေရန်အတွက် ဝိညာဉ်လောက ကို ဖျက်ဆီးရန် ကျူးကျော်ဝင်ရောက်လာမည်ဟုပင် မျှော်လင့်ခဲ့သော်လည်း ယခုအချိန်အထိ ထိုအကြောင်းကို မည်သည့်အရာမှ မကြားရသေးပေ။

၎င်းသည် မဖြစ်ပျက်ခဲ့ခြင်းလား သို့မဟုတ် ဖီလိုနာ က သူ့ကို စိတ်အနှောင့်အယှက်မပေးဘဲ ကိုယ်တိုင် ကိုင်တွယ်ခဲ့ခြင်းလားဟု သူ တွေးမိနေခဲ့၏။

“ဘာမှ မရှိလာခဲ့ဘူး အဲ့ဒီနေ့ကတည်းက အကြောင်းအရာတစ်ခုခုကြောင့် ကျူးကျော်မှု တစ်ခုတစ်လေမှ ထပ်ပြီး မဖြစ်ပွားခဲ့ဘူး” ဖီလိုနာ က ရှင်းပြလိုက်သည်။

“အဲ့ဒီလို ယာယီငြိမ်းချမ်းနေခဲ့တာကြောင့်လည်း ကျွန်မတို့ နယ်စပ်မြို့ကို ပြန်လည်တည်ဆောက်ပြီး အားဖြည့်ထားနိုင်ခဲ့ပါတယ်”

“ဟုတ်တာပေါ့ သူတို့ဘယ်လာရဲမလဲ သူတို့ ကြောက်သွားပြီလေ အထူးသဖြင့် အဲ့ဒီထူးဆန်းတဲ့ အိုး မရှိဘဲနဲ့ သူတို့ ဝိညာဉ် တွေကိုအနိုင်ယူလို့ မရဘူးလေ” အက်စ်တလီနာ က ဂုဏ်ယူစွာ ပြောလိုက်သည်။

“အဲ့ဒီ အိုးသာ မရှိခဲ့ရင် ကျွန်မတို့ ဟိုအရိုးစုစုတ် လစ်ချ်ဆိုတဲ့ကောင် ကို ဘယ်သူ့အကူအညီမှ မလိုဘဲ တိုက်ခိုက်နိုင်ခဲ့မှာ အသေအခြောပဲ”

#Catfoot

All Chapters