← Chapters

ငါက သူတို့အတွက် ဗီလိန် မဟုတ်ဘူးလား

Vol. 21 Ch. 290

ငါက သူတို့အတွက် ဗီလိန် မဟုတ်ဘူးလား

Vol. 21 Ch. 290

….

သူမသည် ထိုသို့ ပြောလိုက်စဉ် အာရန်အား စူးစိုက်ကြည့်လိုက်ရာ သူမအမြင်တွင် အာရန်သည် အခြေအနေကို အခွင့်ကောင်းယူ၍ ဝိညာဉ်လောက ကို သိမ်းပိုက်ခဲ့သူပင် ဖြစ်သည်။

“တကယ်လို့ မင်းဟာ ဒီလိုပဲ ထင်နေတယ်ဆိုရင်တော့ နစ်ခရိုမန်ဆာမျှော်စင်ကို မင်း တကယ်ပဲ လျှော့တွက်နေမိတယ်လို့ပြောရမှာပဲ”

အာရန်သည် နစ်ခရိုမန်ဆာမျှော်စင် အကြောင်းကို များစွာ မသိသော ထိုကောင်မလေးအား ပြန်လည်ဖြေကြားလိုက်သည်။

သူမသည် ဝိညာဥ်ကရားအိုး ယူဆောင်လာသော အရိုးစု လစ်ချ်ကိုသာ သန်မာသည်ဟု ထင်နေခဲ့ပါက နစ်ခရိုမန်ဆာမျှော်စင် ၏ အစစ်အမှန် ခွန်အားကို သူမ အမှန်တကယ် မသိရှိထားခြင်းဖြစ်မည်ဟုသဘောပေါက်လိုက်၏။

၎င်းတို့၏ ခွန်အားအဆင့်မှာ ဤမျှသာဖြစ်ပါက ၎င်းတို့သည် မြောက်ပိုင်းတိုက်ကြီး ကို ယခုကဲ့သို့ လက်သံ‌ပြောင်ပြောင် အုပ်စိုးနေနိုင်မည် မဟုတ်ပေ။

သို့သော်လည်း နစ်ခရိုမန်ဆာမျှော်စင်သည် ယခုအချိန်ထိ အဘယ့်ကြောင့် လက်စားချေရန် မရောက်လာသေးသည်ကို သူ နားမလည်ခဲ့ပေ။

သူတို့ တကယ်ပဲ တွန့်ဆုတ်နေတာလား ဒါမှမဟုတ် ငါ မသိရှိသေးတဲ့ တခြားအရာတစ်ခုခုများ ရှိနေတာလား။

“တခြားတစ်ခုခုက သူတို့ကို အလုပ်များနေစေတာလား သန့်စင်အင်ပါယာတော့မဖြစ်နိုင်ဘူး ဒါဆို ဘာဖြစ်နိုင်မလဲ”

သူသည် တခြားသူများလည်း ကြားနိုင်ရန် အသံမြှင့်၍ ပြောဆိုလိုက်သည်။

“အာ ဟုတ်သားပဲ ငရဲလက်မှတ်...”

သူသည် သူ၏ နဖူးကို ညင်သာစွာ ပြန်ရိုက်လိုက်ရင်း မြောက်ပိုင်းတိုက်ကြီး ၏ ဇာတ်လမ်းအတွင်း မေ့နေခဲ့သည့်အရာတစ်ခုကို သတိရလိုက်သည်။

ငရဲ နှင့်ဆက်သွယ်သည့် အရာတစ်ခုကို နစ်ခရိုမန်ဆာမျှော်စင် က ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်၏။

မြောက်ပိုင်းမျှော်စင် ၏ စာအုပ်နာမည်မှာလည်း “ငရဲ မှ ပြန်လာသော နစ်ခရိုမန်ဆာ” ဟု ခေါ်ဝေါ်ကြလေသည်။

ထိုအရာသည် မြောက်ပိုင်းတိုက်ကြီးသည် ၎င်းတို့၏ အစစ်အမှန် ဇာတ်လမ်းကို စတင်ရန် နီးကပ်လာနေပြီဟုဆိုလိုနိုင်ပြီး ၎င်းကပင် သူတို့ကို အလုပ်များနေစေသည်ဟု ဆိုလိုသည်။

ထို့ကြောင့်သာ ၎င်းတို့သည် ဝိညာဉ်လောကကို များစွာ ဂရုမစိုက်နိုင်ခြင်း ဖြစ်ပေမည်။

ယခုမှ ပြန်စဉ်းစားကြည့်မိရာ သူသည် ဆုလာဘ်အဖြစ် ရရှိခဲ့သော ငရဲလက်မှတ် တစ်ခု ရှိနေသေးသည်ကို သတိရမိသွားသည်။

ကံမကောင်းစွာဖြင့် ၎င်းကို မည်သို့အသုံးပြုရမည်ကို ရှင်းရှင်းလင်း သိထားခြင်း မရှိသေးပေ။

သူ အသက်သွင်းရန် ကြိုးစားတိုင်း ထိုအရာသည် အသက်ဝင်လာရန်အတွက် လိုအပ်သော စံနှုန်းများ မပြည့်မီသေးကြောင်းသာ ဖော်ပြထားလေသည်။

ငရဲလက်မှတ် ကို အသုံးပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ နစ်ခရိုမန်ဆာမျှော်စင် ထဲသို့ ဦးစွာ ဝင်ရောက်ရန်လိုအပ်မည်ဟု သူ ယုံကြည်ထားသည်။

ထို့သို့မဟုတ်ပါက လက်မှတ်ကို အသက်မသွင်းမီ ငရဲ ကို ဦးစွာ ဖွင့်လှစ်ရမည် ဖြစ်၏။

သူသည် မြောက်ပိုင်းတိုက်ကြီး ၏ ဇာတ်လမ်းကိုလည်း မဖတ်ရသေးသောကြောင့် နစ်ခရိုမန်ဆာမျှော်စင် က ငရဲ ကို အဘယ်ကြောင့် ဖွင့်လှစ်ရန် ကြိုးစားနေသည်ကို သူ မသိထားခဲ့ပေ။

သို့သော် ထိုဇာတ်လမ်း၏ အဓိကဇာတ်လိုက်သည် ငရဲ မှ ထိုအချိန်တွင် ပြန်ရောက်လာနိုင်မည်မှာ သိသာနေလေသည်။

နစ်ခရိုမန်ဆာမျှော်စင် သည် ထိုဇာတ်လမ်း၏ ဗီလိန်ဖြစ်သည်ဟု ယူဆထားသောကြောင့် ၎င်းဇာတ်လိုက်ကိုလွှတ်ပေးခြင်းသည် တမင်တကာ ပြုလုပ်ခြင်း မဖြစ်နိုင်ဟု တွေးမိလိုက်၏။

ဗီလိန်များ၏ အမြဲတန်းဆန့်ကျင်ဘက်ဖြစ်သော အဓိကဇာတ်လိုက် ကို ၎င်းဗီလိန်များက ကူညီရန်မှာ မဖြစ်နိုင်ပေ။

‘နေပါဦး ဒါနဲ့ ဒါက ဒီလောက် ရိုးရှင်းတဲ့ ဇာတ်လမ်းမဟုတ်ရင် ဘယ်လိုလုပ်မလဲ နစ်ခရိုမန်ဆာမျှော်စင် က အဲ့ဒီဇာတ်လမ်းမှာ ဗီလိန်မဟုတ်နေရင်ရော’

၎င်းသည် သူ မစဉ်းစားမိခဲ့ဖူးသော ဖြစ်နိုင်ခြေတစ်ခုလည်း ဖြစ်နေသည်။

သို့သော် စာရေးသူ ကို အကူအညီတောင်းခံခြင်းမရှိဘဲ ၎င်းကို အတည်ပြုနိုင်မည့် နည်းလမ်းမရှိသေးပေ။

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ မေးခွန်းဘောက်ချာကို ကြည့်ရှုရင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။

၎င်းသည် သူ့အား စာရေးသူ အား မည်သည့်မေးခွန်းတစ်ခုကိုမဆို အတင်းအကျပ် မေးမြန်းနိုင်စေပြီး စာရေးသူဆိုသူက ပြန်ဖြေဆိုရမည်ဖြစ်သည်။

၎င်းသည် မေးခွန်းဘောက်ချာ ကို အသုံးမပြုမီ အခြားမေးခွန်းများ မမေးနိုင်ဟု မဆိုလိုပါ။

သို့သော် ထိုမေးခွန်းများကို ဖြေဆိုမည်မဖြေဆိုဘူးဆိုသည်မှာ ထိုစာရေးဆရာဆိုသူ ၏ ဆန္ဒအပေါ်တွ၍် လုံးဝမူတည်နေ၏။

“ဖေး မှာရှိတဲ့ မူလအတိုင်းတစ်ကြိမ်ထိန်းသိမ်းထားခွင့် အကျိုးသက်ရောက်မှုအစွမ်း သာ ရှိနေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

အာရန်သည် စနစ်သိုလှောင်ခန်းကို ပိတ်လိုက်ရင်း ဖေး ကို အနည်းငယ် မနာလိုဖြင့်ဟန်ဖြင့် ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်မိသည်။

ဖေး သည် မေးခွန်းဘောက်ချာ တစ်ခုကို နှစ်ကြိမ်အထိ အသုံးပြုနိုင်ခဲ့သော်လည်း သူ့အတွက်မူ တစ်ကြိမ်စီသာ အသုံးပြုနိုင်ခဲ့၏။

သို့သော်လည်း ယခုမေးခွန်းဘောက်ချာသည် သူ၏ တတိယမြောက် မေးခွန်းဘောက်ချာတစ်ခု ဖြစ်နေသောကြောင့် သူ အလွန်စိတ်ပျက်နေ၍ မသင့်တော်ကြောင်း သိ‌နေသည်။

သူသည် ဤကမ္ဘာနှင့် ၎င်းတို့၏ လက်ရှိအခြေအနေများအကြောင်းကို ဖေး ထက် များစွာ ပိုမိုသိရှိထားပြီး ၎င်းသည် သူတို့နှစ်ဦး၏ မကြာမှီက ထိပ်တိုက် တွေ့ဆုံခဲ့မှုတွင် ရှင်းလင်းစွာ သိသာခဲ့လေသည်။

“ရှင် တစ်ခုခု ပြောလိုက်တာလား”

ယီလန် က အာရန် ရေရွတ်နေသည်ကို ကောင်းစွာ မကြားရသောကြောင့် မေးလိုက်သည်။ သူမသည် သူ့ဆီသို့ ပိုမိုနီးကပ်စွာ ချဥ်းကပ်သွားလိုက်သည်။

“ဟုတ်တယ် ငါတို့ ပြန်သင့်ပြီလို့ထင်တယ် ဒီမှာ အနားယူတာ လုံလောက်ပြီ”

အာရန်သည် ဖီလိုနာ ကို ပြောလိုက်ရာ သူ၏ ကျန်းမာရေးအခြေအနေသည် ဂိတ်တံခါးပေါက် ထဲမှ ထွက်လာစဉ်ကထက်များစွာ ပိုမိုကောင်းမွန်နေပုံရသည်။

“ခုချက်ချင်း ထွက်သွားတော့မလို့လား ကျွန်မ...ကျွန်မ ရှင်အလိုရှိမယ်ဆိုရင် ဒီနေရာအကြောင်းကို ပိုပြီးသိအောင် လိုက်ပြပေးလို့ရပါတယ်”

ဖီလိုနာ သည် အနည်းငယ် တွန့်ဆုတ်စွာဖြင့် အာရန်အနီးသို့ ချဉ်းကပ်ကာ မေးလိုက်သည်။

“နောက်တစ်ခါ လာရင် မင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံပါ့မယ်”

အာရန်က တည်ငြိမ်စွာ ပြန်ပြောလိုက်ရင်း သူသည် သူမကို သူ့နယ်မြေကို လက်နက်ချခိုင်းရန် အခြေခံအားဖြင့် ခြိမ်းခြောက်ခဲ့မိသော်လည်း ဖီလိုနာ က သူ့အပေါ် ဘာကြောင့် ဤမျှ ကောင်းပေးနေသည်ကို သူ နားမလည်ခဲ့ပေ။

အာရန်သည် ဝိညာဉ်စာချုပ် ကြောင့်လားဟု တွေးမိလိုက်သော်လည်း အကြောင်းတစ်ခုခုကြောင့် ထိုသို့ဖြစ်ဟန်မတူပေ။

ထို့နောက်အာရန်သည် ထိုအကြောင်းကို များစွာမစဉ်းစားတော့ဘဲ ယီလန် မှ ဂိတ်တံခါးပေါက် ဖွင့်နေသည်ကိုသာ စောင့်နေလိုက်သည်။

သူမသည် သူ၏လက်ကို ကိုင်ကာ အဆင်သင့်ဖြစ်သည်နှင့် ဝင်နိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။

အာရန် သည် ဖီလိုနာ ကို နောက်ဆုံးတစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ပြီး ......

“အဲ့ဒီကောင်မလေးကို သေခြာဂရုစိုက်ပေးထားပါ ဒါပေမယ့် ပိုအရေးကြီးတာက မင်းရဲ့ လုံခြုံရေးပဲ ဒါကိုလဲမမေ့နဲ့‌‌” ဟု မှာကြားလိုက်သည်။

သူ့ စကားဆုံးသည်နှင့် အာရန်သည် ဂိတ်တံခါးပေါက် အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ မကြာမီမှာပင် ဂိတ်တံခါးဝင်ပေါက်မှာ ပြန်ပိတ်သွားခဲ့၏။

.....

မိစ္ဆာဂိုဏ်း မှ ဂိုဏ်းချုပ်နန်းတော်၏ အတွင်းပိုင်း တည်နေရာတစ်ခုတွင် အာရန် သည် ဂိတ်တံခါးပေါက် ထဲမှ ထွက်လာခဲ့သည်။

သူ၏မျက်နှာသည် တစ်ဖန်ပြန်၍ ဖြူဖတ်ဖြူရော်ဖြစ်နေပြန်ကာ ဤတစ်ကြိမ်တွင် သူသည် နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ မူးဝေမှုကြောင့် အော့အန်ခြင်းကို မတားဆီးနိုင်တော့ပေ။

“ချီးလို့ပဲ ငါ့ကိုယ်မှာ ဘာတွေဖြစ်နေတာလဲ”

အာရန်သည် သူ၏ နှုတ်ခမ်းများကို ပြန်သုတ်ရင်း ကျိန်ဆဲလိုက်မိသည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် သူ့အတွက်ခြာခြာလည်နေသည့်တိုင် ကြမ်းပြင်ကို သန့်စင်ရန် နဂါးလျှာအစွမ်း ကို အသုံးပြုလိုက်၏။

သူသည် ဝိညာဉ်ပုံစံ ကို ရယူနိုင်သည့်အခါ ဤသို့ဖြစ်တော့မည်မဟုတ်ဟု ထင်နေခဲ့မိသော်လည်း ၎င်းသည် ဘာတစ်ခုမှ မပြောင်းလဲခဲ့ပေ။

အာရန်သည် သူ၏ခေါင်းတစ်ခုလုံး ခြာခြာလည်ကာ မူးဝေနေသည့်တိုင် ယီလန် ကို “ကိုယ် အဆင်ပြေပါတယ်” ဟု ပြောရင်း နောက်သို့ လှည့်လိုက်သည်။

သူသည် မတ်မတ်ရပ်ရန်ပင် ခက်ခဲနေသော်လည်း သူ၏ ဝေဒနာကို မဖော်ပြခဲ့ပေ။

“ရှင်...ရှင့်မှာ သွေးတွေ...”

ယီလန် က အာရန် ၏ မျက်နှာကို ကြည့်ရင်း ထစ်ငေ့ါစွာ ပြောလိုက်မိသည်။

“သွေးတွေဟုတ်လား”

အာရန် သည် သူ၏နှာခေါင်းကို လက်ဖြင့်ပွတ်လိုက်ရာ သူ၏အရေပြားပေါ်တွင် စိုစွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက် သူ၏လက်ဖမိုးကို ကြည့်လိုက်မိသောအခါ မသဲမကွဲအမြင်ဖြင့်ပင် အနီရောင်အရည်ပြစ်ပြစ်အချို့ကို မြင်လိုက်ရ၏။

“အာ မင်းပြောတာ မှန်နေတာပဲ ကိုယ်က...” ဟု ရေရွတ်ရင်း အာရန်သည် သတိလစ်ပြီး ဘေးသို့ယိုင်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“ရန်...”

ယီလန် သည် ရုတ်တရက်ကြောင်အနေရာမှ အာရန် ဆီသို့ အလျင်အမြန်ပြေးသွားပြီး သူ၏လဲကျမှုကို တားဆီးရန် ကြိုးစားလိုက်သော်လည်း အာရန် သည် ကြမ်းပြင်ပေါ်သို့ လဲကျလျက်သား ဖြစ်နေပြီဖြစ်သောကြောင့် သူမ နောက်ကျခဲ့သည်။

သူမသည် သူ၏ခေါင်းကို ကူမတ်ပေးပြီး သွေးများကို သုတ်ပေးလိုက်၏။

သူမသည် ဝိညာဉ်ဘုရင်မ တစ်ဦးအနေဖြင့် ပိုင်ဆိုင်ထားသော များစွာသော အသက်စွမ်းအင်များ ကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို ကုသရန် ကြိုးစားလိုက်သည်။

သို့သော် သူမ၏ ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မည်သည့်အရာမှန်းမသိရသော စွမ်းအင်တစ်ခုက အရာရာကို ပြန်လည်တွန်းထုတ်ပစ်လိုက်၏။

#Catfoot

All Chapters