← Chapters

အဒေါ်

Vol. 21 Ch. 291

အဒေါ်

Vol. 21 Ch. 291

…..

ယီလန် မည်မျှပင် ကြိုးစားသော်လည်း အာရန် ၏ ခန္ဓာကိုယ်သည် သူမ၏ အသက်ဓာတ်များပါဝင်သည့် ဝိညာဥ်အဆီအနှစ် စွမ်းအင်များကို ဆက်လက်ငြင်းဆန်နေခဲ့သည်။

သူမသည် သူ၏ စောင့်လျှောက်သူဝိညာဉ် ဖြစ်နေသော်လည်း သူမ၏ စွမ်းအင် သည် သူ၏ ကိုယ်ပိုင် စွမ်းအင် နှင့် ကိုက်ညီပုံ မပေါ်ပေ။

သူမ၏ ဝိညာဥ်အဆီအနှစ်သည် ထိုသူနှင့်မကိုက်ညီသည်ဆိုစေဦးတော့ သူမ၏ စွမ်းအင် မှာ အလွန်သန့်စင်သောကြောင့် သာမန်လူတစ်ဦးသာဆိုပါက ကုသနိုင်သင့်လေသည်။

သူမ အစွမ်းကုန်ကြိုးစားနေသည့်တိုင် သူမ၏ စွမ်းအင် ကို တွန်းထုတ်နိုင်ခြင်းကြောင့် ထိုအရာမှာ သူမထက်ပို၍ သန့်စင်ပြီး ပိုမိုရှားပါးသော စွမ်းအင်တစ်ခုသာ ဖြစ်နိုင်ပေလိမ့်မည်။

အာရန် ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းကို မကြိုက်သော၊ ပြင်ပမှ ဝင်ရောက်လာသည့် မည်သည့် စွမ်းအင် ကိုမဆို အဆိပ်အတောက်အဖြစ် မှတ်ယူနိုင်သော အရာတစ်ခု ရှိနေခဲ့၏။

၎င်းအစွမ်းသည် အာရန်မှ အတင်းအကျပ် ဝါးမြိုထားသော အစွမ်းတစ်ခုမဟုတ်ပဲ အစကတည်းကပင် သူ့၌ တည်ရှိနေခြင်းဖြစ်သည်။

ဤအခြေအနေတွင် တော်သေးသည်ဆိုရမည့် အချက်မှာ အာရန် ၏ အသက်ရှုသံသည် သူမ၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲနှင့်ပင် မကြာမီမှာပင် ပြန်လည် တည်ငြိမ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

သူ့ကို မည်သည့်အရာက ဦးစွာ ထိခိုက်စေခဲ့သည်ကို သူမ မသိသေးသော်လည်း သူ၏ခန္ဓာကိုယ် တည်ငြိမ်လာခြင်းက ပို၍ပင် ထူးဆန်းနေ၏။

“ဒီနေရာမှာ ကိုယ်က ထိခိုက်မိတဲ့သူပါနော် မင်းက ဘာဖြစ်လို့ ကိုယ်တိုင် နာကျင်နေသလိုမျိုး အကြည့်နဲ့ကိုယ့်ကို ကြည့်နေတာလဲ”

အချိန်တစ်ခုကြာပြီးနောက် အာရန် သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ သူ့ကို ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းများစွာဖြင့် စိုက်ကြည့်နေသော ယီလန်၏ မျက်နှာလှလှလေးကို မြင်လိုက်ရ၏။

အာရန် သည် သူ၏ခေါင်းမှာ ယီလန် ၏ ပေါင်ပေါ်တွင် ရောက်ရှိနေသည်ကို သတိပြုမိလိုက်ပြီး သူ၏စကားကြောင့် သူမအား သတိပြန်လည်လာစေခဲ့သည်။

“ရှင့်ကိုယ်ရှင် ဒါကို ရယ်စရာတစ်ခုလို့ ထင်နေတာလား”

“မင်းဘယ်လိုလုပ်သိတာလဲ”

အာရန် က ပြန်ထရန် ကြိုးစားရင်း ရယ်စရာလုပ်ကာ မေးလိုက်သည်။

အာရန်သည် သူ၏ ရုတ်တရက် သတိလစ်သွားခြင်းကို သူကိုယ်တိုင် အတော်လေး စိတ်ပူနေခဲ့သော်လည်း သူ၏ မျက်နှာပေါ်တွင် ထိုအရာကို မဖော်ပြခဲ့ပေ။

“မထနဲ့ ခဏလေး နားလိုက်ပါဦး ရှင် အလျင်လိုစရာမလိုပါဘူး”

ယီလန် က အာရန်၏ပခုံးကို ဆွဲကိုင်ကာ သူ ပြန်မထနိုင်မှီမှာပင် သူ၏ ဦးခေါင်းကို သူမပေါင်ပေါ်တွင် ပြန်တင်ထားလိုက်၏။

“ကိုယ် ပြောပြီးပြီလေ ကိုယ် အဆင်ပြေပါတယ်လို့”

အာရန် သည် သူ၏စကားကို သူမအား ယုံကြည်စေရန် ကြိုးစားလိုက်သည်။

ထို့နောက် သူမ၏ လက်ကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီးမှသာ သူ၏ခန္ဓာကိုယ်ကို ပြန်မတ်နိုင်လိုက်၏။

အာရန်သည် အနည်းငယ် မူးနောက်နေသေးသော်လည်း သူသည် မတ်တပ်ရပ်နိုင်ခဲ့လေသည်။ ဤအချိန်တွင် သူသည် ယခင်ကထက် များစွာ ပိုမိုကောင်းမွန်လာပြီဟု ခံစားလိုက်ရသည်။

သူ၏နှာခေါင်းကို တစ်ဖန်ပြန်၍ သွေးထွက်နေသေးခြင်းရှိမရှိကို စစ်ကြည့်လိုက်ရာ အဆက်ပြေနေပြီဖြစ်ကြောင်းသိလိုက်ရမှသာ ပြန်လည် စိတ်သက်သာရာ ရသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်သည်လည်း ရှုပ်ထွေးလျက်ရှိနေ၏။

ဂိတ်တံခါးပေါက်များအား ဖြတ်သန်းခြင်းက သူ့အား ဘာကြောင့် ဤမျှအထိ ဆိုးရွားစွာ သက်ရောက်မှုရှိနေသည်ကို သူ နားမလည်နိုင်ခဲ့ပေ။

ပထမတွင် သာမန်မအီမသာဖြစ်ခြင်း ခံစားချက်မျှသာ ဖြစ်သော်လည်း ယခုအခါ တွင် နှာခေါင်းသွေးလျှံ၍ မေ့လဲသည်အထိ ဆိုးဝါးလာခဲ့ပြီဖြစ်သည်။

၎င်းသည် သူ ဖြေရှင်းရမည့် ပြဿနာတစ်ခုသာဖြစ်ကြောင်း သိရှိနေသော်လည်း မည်သည့်နေရာမှ စတင်ရမည်ကိုပင် မသိထားခဲ့ပေ။

ဤပြဿနာ၏ ရင်းမြစ်ကိုပင် သူ မသိရှိနိုင်ပေ။

သူ၏စိတ်ဝိညာဉ်သည် အခြားကမ္ဘာမှ ဖြတ်ကျော်ရောက်ရှိလာခြင်းကြောင့် အာကာသ ဥပဒေသများအားအသုံးချ၍ ဖန်တီးထားသော ဂိတ်ဝင်ပေါက်များနှင့် မကိုက်ညီခြင်းကြောင့်များလား။

သို့မဟုတ် မူလ ရန်နစ်ခရိုလိုင်း ၏ ခန္ဓာကိုယ်နှင့်ပင် တစ်ခုခုများ သက်ဆိုင်နေမလား...။ သို့သော်စနစ်မျက်နှာပြင် က ထိုကဲ့သို့သောအရာမျိုးကို မပြသပေးခဲ့ပေ။

သူ သိရှိထားသော တစ်ခုတည်းသော အရာမှာ ဤအခြေအနေသည် အရှေ့ပိုင်းတိုက်ကြီး ၏ အဓိကဇာတ်လိုက်၏နှလုံးသားကို သူ ဝါးမျိုခဲ့သည့်အချိန်မှစ၍ ပိုမို သိသာထင်ရှားလာခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်က အရာများစွာ ဖြစ်ပျက်ခဲ့ပြီး သူ၏ကိုယ်ပိုင် မသိရသေးသော ထိုသွေးမျိုးဆက် အနည်းငယ် နိုးထလာခြင်းနှင့်အတူ ရဲ့လန်ထံမှ ကံကြမ္မာခန္ဓာ ကိုပါ လုယူနိုင်ခဲ့၏။

သူ၏ဘဝတွင် အပြောင်းအလဲများစွာသည် အချိန်တိုင်းဖြစ်နေခဲ့သဖြင့် ယခုပြဿနာကို အတိအကျ ဖော်ထုတ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်နေလေသည်။

ယီလန် ပင်လျှင် ထိုအကြောင်းကို သိရှိနိုင်ပုံမရပေ။အကယ်၍ သူမ သိရှိနေခဲ့ပါက သူ့အား ဖြေရှင်းနည်းကို ပြောပြပြီးသား ဖြစ်ပေလိမ့်မည်။

“ရှင် အဆင်ပြေတယ်ဟုတ်လား လာပြန်ပြီ ရှင် သတိမလစ်ခင်တုံးခဏကလဲ ဒီလိုပဲ ပြောခဲ့တာပဲ မဟုတ်ဘူးလား”

ယီလန်သည် အာရန်အား အနည်းငယ်မျှပင် မယုံကြည်ဟန်ဖြင့် မျက်စောင်းတစ်ချက်ထိုးလိုက်ကာ ပြန်‌ပြောလိုက်သည်။

“ရှင်က ခုလို အဆင်ပြေတယ် အဆင်ပြေတယ်ပဲ အမြဲပြောနေရအောင် ကျွန်မကို ရှင့် ရဲ့ အဒါ်လို့များ ထင်နေလို့လား” ဟုပင် ထပ်မံ၍ ခနဲ့တဲ့တဲ့ထပ် ပြောလိုက်၏။

အာရန်သည် ထိုစကားကြောင့် ပြုံးလိုက်ပြီး သူမဘက်သို့ ပြန်လှည့်လိုက်သည်။

“ဒါဆို မင်းရဲ့စောစောကအနမ်းက ကိုယ့်တူကိုယ် ပြန်နမ်းတာလို့ ဆိုလိုတာပေ့ါ ဒါက မင်းကို အကျင့်မကောင်းတဲ့ နှာဗူးမကြီးတစ်ယောက်လို ဖြစ်သွားစေမှာ မဟုတ်ဘူးလား” ဟူ၍ အာရန်မှ ပြန်လည်စနောက်လိုက်သည်။

“ရှင်...ရှင် အဲ့ဒါ ရှင်ပဲ အတင်းနမ်းတာလေ...”

ယီလန် သည် အာရန် ၏ အရှက်မရှိသည့် စကားများကြောင့် ပြောစရာစကားများပင် ပျောက်ဆုံးသွားခဲ့ရ၏။

သူက အတင်းအကျပ် နမ်းခဲ့သူဖြစ်ပြီး သူမက သူ့ကို နမ်းခဲ့သူဟုပင် ပြောင်းပြန် ပြောလိုက်သေးသည်။

ထိုစဥ်ကအနမ်းကို သူမ မနှစ်သက်ခဲ့ဟုဆိုလိုခြင်း မဟုတ်သော်လည်း အမှန်အတိုင်းဆိုပါက ဤလုပ်ရပ်တွင် သူမသည် အပြစ်ကင်းနေဆဲ ဖြစ်လေသည်။

“ဟားဟားဟား မင်း ရှက်သွားတာလေးက တကယ့်ကို ချစ်စရာလေးပဲ”

အာရန် က ရယ်မောရင်း ထိုနေရာမှ ထွက်ခွါသွားလိုက်သည်။

အပြင်ပန်းတွင် သူသည် ယခင်ကအတိုင်း ပုံမှန်ပင် ဖြစ်နေဟန်ရသော်လည်း အတွင်းစိတ်တွင်မူ သူသည် သူ၏ခန္ဓာကိုယ်ကို အတော်လေး စိုးရိမ်ပူပန်နေမိလေ၏။

သူ၏ တပည့်ကို သွားရောက်စစ်ဆေးရန် လျှောက်လာစဉ် နာသန်နီယယ် ကို ဝါးမျိုပြီးနောက် အပြုသဘောဆောင်သည့် မည်သို့သော ပြောင်းလဲမှုများ ရှိမရှိ ကြည့်ရန် သူ၏ အချက်အလက်ပြမျက်နှာပြင် ကို ဖွင့်ကြည့်လိုက်သည်။

[အမည်- အာရန် (ရန်နစ်ခရိုလိုင်း)]

[အဆင့်- ၃၂]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

[သွေးမျိုးဆက်: အမည်မသိ (၂၅%) ၊ ဝါးမြိုသူ ၊ တော်ဝင်ပင်လယ်နဂါး၊ ပင်လယ်မြွေ၊ ပုတ်သင်ညို]

[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]

[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]

[အသက်- ၂၁]

[စရိုက်လက္ခဏာများ: ရည်မှန်းချက်ကြီးသူ ၊ ???]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား- ၉၃၅]

[သွက်လက်မှု- ၁၁၁၀]

[ခံနိုင်ရည်- ၉၉၈]

[ဉာဏ်ရည်- ၈၃]

[မာန- ၃၅၄၈]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်- SSS]

[နတ်ဘုရားမ၏ ကာကွယ်မှု: မသိ (၁%)]

[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : အဆိပ်လည်ဆွဲ၊ ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်၊ ဂိုဏ်းချုပ်လက်စွပ် ]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း]

သူ မျှော်လင့်ထားသည့်အတိုင်းပင် စနစ်မျက်နှာပြင်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ မည်သည့်ထူးခြားမှုမှ မပြသထားခဲ့ပေ။

သူ၏ အချက်အလက်မျက်နှာပြင် ကို နောက်ဆုံးစစ်ဆေးခဲ့သည့်အချိန်နှင့် ယှဥ်လျှင်မူ အပြောင်းအလဲ အနည်းငယ်သာ ရှိနေခဲ့၏။

သူ၏ ကျင့်ကြံခြင်း အဆင့်သည် တစ်ဆင့်တိတိတက်သွားခဲ့ပြီး သူ၏ စွမ်းရည်များ မှာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။

အရေးအကြီးဆုံး ပြောင်းလဲမှုမှာ နတ်ဘုရားမအကာအကွယ် ကဏ္ဍတွင် ရာခိုင်နှုန်းများ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူ၏ သွေးမျိုးဆက် ကဲ့သို့ပင် ၎င်း၏ရှေ့တွင် တစ်ရာခိုင်နှုန်း ဟုကိုလည်း ပြသနေ၏။

သူ၏ အမည်မသိ သွေးမျိုးဆက် မှာ အဓိကဇာတ်လိုက် ကို သတ်ပြီးနောက် (၂၅%) ရာခိုင်နှုန်းကို ပြသနေခဲ့သကဲ့သို့ နတ်ဘုရားမ ၏ အကာအကွယ်သည်လည်း နာသန်နီယယ် ၏ နတ်ဘုရားစွမ်းအင်ကို ဝါးမျိုပြီးမှသာ ရာခိုင်နှုန်းဖြင့် ထပ်မံ ပေါ်လာခဲ့ခြင်းဖြစ်သည်။

‘ဒါဆို ငါလည်း ဒါကို အသုံးပြုနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား’ ဟု တွေးလိုက်ပြီးမှ အခြားပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။

သူ၌ နောက်ထပ် ဝိသေသလက္ခဏာ တစ်ခု ထပ်မံဖော်ပြထားသော်လည်း ၎င်းကို မသဲမကွဲဖြစ်နေသောကြောင့် ဖတ်၍မရပေ။

ထိုနေရာတွင် မေးခွန်းအမှတ်အသားအချို့ကိုသာ သူ မြင်နိုင်ခဲ့သည်။

‘ငါ က အဲ့ဒီစာရေးဆရာဆိုသူကို မေးကြည့်ဖို့ကလွဲရင် တကယ်ပဲ အခြား နည်းလမ်းမရှိတော့တာလား’ ဟု သူ တွေးလိုက်မိပြီး စနစ်မျက်နှာပြင် ကို ပြန်ပိတ်လိုက်သည်။

မကြာမီ သူ၏ ပထမတပည့် နေထိုင်ရာ အခန်းသို့ ရောက်ရှိသွားပြီး တံခါးကို ဆွဲဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။

သူ ပြုလုပ်ပေးထားခဲ့သော အကာအကွယ်လွှာများနှင့် ပတ်သက်၍မူ ပြဿနာတစ်စုံတစ်ရာ ရှိနေခဲ့ပုံမရပေ။

#Catfoot

All Chapters