ရွေးချယ်ခြင်း သို့မဟုတ် ပေးဆပ်ခြင်း
Vol. 21 Ch. 294
….
“မင်းအတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာ သိရင် တိုက်ခိုက်ဖို့ စိတ်ကူးကို ဖျက်လိုက်ပြီး လက်စွပ်ကို ငါတို့ကို ပြန်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်...”
အာရန် သည် စိတ်တိုနေပြီဖြစ်ရာ ဘိုးဘေးအကြီးအကဲအချို့ကို သတ်ဖြတ်၍ စံနမူနာလုပ်ပြပြီးမှ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ကိစ္စများ ပိုမိုကြီးထွားမလာမီ သူတစ်ဦးတည်းသာ ကြားနိုင်သော အသံတစ်သံကို ကြားလိုက်ရသည်ျ။
စိတ်ချင်းဆက်သွယ်မှုတစ်ခုသည် သူ၏အတွေးများကို ထိုးဖောက်ပြီး ဝင်ရောက်လာခဲ့၏။
သူ၏ဦးခေါင်းထဲသို့ တိုက်ရိုက်ပို့လွှတ်လိုက်သော အသံဖြစ်၍ အခြားသူများ ကြားနိုင်ခြင်း မရှိပေ။
အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုအသံသည် ဘိုးဘေးအကြီးအကဲယန် ၏ အသံဖြစ်ပြီး ထိုဘိုးဘေးသည် မစ်ထ်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သူလည်း ဖြစ်သည်။
အာရန်သည် မျက်မှောင်ကြုတ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက် ထပ်မံ အာရုံစိုက် လေ့လာကြည့်လိုက်သော်လည်း ထိုဘိုးဘေးကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။
“ငါ့ကို ရှာဖို့ ကြိုးစားနေတာ အဓိပ္ပာယ်မရှိဘူး ငါ အခု မင်းတပည့်တစ်ယောက်ရဲ့ အိမ်မှာပဲ” ဟု ထိုအသံသည် သူ၏စိတ်ထဲတွင် တစ်ဖန် ပြန်ပေါ်လာသည်။
“ငါ ပြောရမယ်ဆိုရင် မင်းက မင်းတပည့်မကို ကြိုတင်ခေါ်ယူ ထားဖို့အထိ တွေးမိခဲ့တာ တကယ်ချီးကျူးစရာပဲ ဒါပေမယ့် သူတို့ထဲက တစ်ယောက်တည်းကိုပဲ ရွေးပြီး ခေါ်သွားတာတော့ ဝမ်းနည်းစရာပဲ မင်းကဘက်လိုက်တာလား”
ထိုအသံက အနားမပေးးပဲ ဆက်လက်ပြောလိုက်၏။
“မင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူပဲ ငါ ပထမဆုံး ထင်ထားတာထက် အများကြီး ပိုပြီး င့ါစိတ်ကိုဖမ်းစားနိုင်ခဲ့တယ် မဟာအကြီးအကဲတစ်ဦးကိုတောင် တပည့်အဖြစ် လက်ခံထားနိုင်လိမ့်မယ်လို့ ငါတောင်မတွေးမိခဲ့ဘူး တကယ်တော်ပါပေတယ်”
အာရန် သည် ဘိုးဘေးအကြီးအကဲယန် ၏ စကားများကြောင့် ခေါင်းနပမ်းကြီးသွားခဲ့သည်။
ထိုလူက ဇီယာကို သူ၏တပည့်ဖြစ်မှန်း မည်သို့သိရှိသွားကြောင်း သူ စဥ့်စားမရပေ။
သို့သော် ထိုသူ၏စကားများအရ ထိုသူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
အာရန်သည် ယနေ့တနေ့လုံး ဇီယာသူ့ဆီ ဘာကြောင့်ရောက်မလာခဲ့သည်ကို စဥ့်စားနေခဲ့မိသည်။
ယခုမူ ထိုအကြောင်းပြချက်သည် လုံးဝရှင်းလင်းသွားပြီဖြစ်၏။
သူမသည် ဤနေရာသို့ရောက်မလာရခြင်းမှာ ထိုဘိုးဘေးအကြီးအကဲ ယန်ဆိုသူ ကြောင့်ပင် ဖြစ်သည်။
“မင်း ဘာကို ရွေးချယ်ရမယ်ဆိုတာ သိလောက်အောင်တော့ ဉာဏ်ကောင်းလိမ့်မယ်လို့ ငါ ယုံကြည်တယ် ဖန်းယုဘက်က ရပ်တည်မလား ဒါမှမဟုတ် ငါတို့ဘက်က ရပ်တည်မလား လက်စွပ်ကို ငါတို့ကို ပေးရင် မင်းရဲ့ တပည့်ကို ငါ ပြန်လွှတ်ပေးမယ် ဒါမှမဟုတ် သူမဘက်က ရပ်တည်ပြီး မင်းတပည့်ရဲ့ အလောင်းကိုပဲ မင်းဆီ ပြန်ပို့ပေးဆိုလဲ ဖြစ်တယ်နော်”
ထိုလက်စွပ်သည် ပိုင်ရှင်ကို သတ်ဖြတ်၍ လုယူ၍မရပေ။
ပိုင်ရှင်တစ်ဦးမှ အခြားတစ်ဦးသို့သာ လွှဲပြောင်းပေးနိုင်ခြင်းကြောင့် ဘိုးဘေးအကြီးအကဲများသည် အာရန်ဆီမှ အတင်းအကျပ် လုမယူသေးခြင်းလည်းဖြစ်၏။
သူတို့သည် အာရန်အား သတ်ပြီး ဂိုဏ်းချုပ်ရာထူးကို ရယူနိုင်ခဲ့လျှင်ပင် ၎င်းသည် အချည်းနှီးသော ရာထူးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လက်စွပ်မရှိဘဲ ဘဏ္ဍာတိုက်ကို ဖွင့်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
“ခင်ဗျား သံသယက နဲနဲလွန်နေပြီမထင်ဘူးလား ဖန်းယုက သေနေပြီလေ” ဟု အာရန်က ဘိုးဘေးအကြီးအကဲ ယန်၏စကားကို တုံ့ပြန်လိုက်သည်။
“ငါက ကိုယ့်အတွက်ပဲကိုယ် ရပ်တည်တာ”
ဘိုးဘေးအကြီးအကဲများမှာ ဤအရာအားလုံးသည် ဖန်းယု၏ ထောင်ချောက်တစ်ခု ဖြစ်နိုင်ကြောင်း သံသယရှိနေသည်ကို အာရန်သည် သိရှိထားခဲ့သည်။
ထို့ကြောင့်လည်း ထိုဘိုးဘေးများသည် သူ၏ တပည့်များကို တန်ဆာခံအဖြစ် အသုံးချခဲ့ကြခြင်း ဖြစ်၏။
သူတို့သာ ဂိုဏ်းချုပ် သေဆုံးသွားကြောင်း ယုံကြည်ခဲ့ကြပါက ထိုသို့လုပ်ဆောင်ခဲ့မည် မဟုတ်ပေ။
သူတို့သည် သူတို့၏ ပထမ အစီအစဉ် ပျက်စီးသွားပြီးနောက် အာရန်အား ကိုယ်တိုင် သတ်ဖြတ်ရန် မလိုအပ်သော နောက်ထပ်အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်လေသည်။
သူတို့၏ အစီအစဉ်သည် ပြီးပြည့်စုံလုပင်ဖြစါသည်ဟု ဆိုနိုင်ပြီး ဖန်းယုပေါ်လာခဲ့ပါကလည်း သူတို့သည် ဇီယာကို အသုံးချကာ သူ့အား ဖန်းယုကို သစ္စာဖောက်ရန်နှင့် နောက်ကျောမှ ဓားဖြင့်ထိုးရန် တွန်းအားပေးမည်မှန်း အာရန်တစ်ယောက် သေချာသိလိုက်သည်။
“အဲ့ဒါကို ငါတို့ကိုယ်တိုင် ရှာဖွေပ့ါမယ် မင်းက ငါရှိတဲ့နေရာဆီကို တစ်ယောက်တည်းလာပြီး လက်စွပ်ကို ငါ့ကိုလာပေး တခြား ဘိုးဘေးအကြီးအကဲ တွေကတော့ နန်းတော်ထဲကို ဝင်ပြီး ဖန်းယု ရှိ၊မရှိ အတည်ပြုနိုင်ဖို့အတွက် နေရာတိုင်းကို ပိုက်စိတ်တိုက် ရှာဖွေကြလိမ့်မယ်” ဟု ဘိုးဘေးအကြီးအကဲ ယန် က ပြောလိုက်သည်။
“မင်းရဲ့ တန်ဖိုးရှိတဲ့ တပည့်ကို ငါတစ်ခုခုမလုပ်မိခင် မင်းအတွက်ဆုံးဖြတ်ဖို့ ငါးမိနစ်ပဲ အချိန်ရမယ်”
နောက်ဆုံးသတိပေးစကားနှင့်အတူ ထိုအသံသည် တိတ်ဆိတ်သွားခဲ့၏။
အာရန် သည် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသော အခြား ဘိုးဘေးအကြီးအကဲများအားလှည့်ကြည့်လိုက်သည်။
သူတို့သည် သူ့အား ထိုဘိုးဘေးမှ ခြိမ်းခြောက်မည်ကို ကြိုတင်သိရှိနေကြသကဲ့သို့ပင်။
“ဘာဖြစ်သွားတာလဲ ငါတို့ကို သင်ခန်းစာပေးတော့မယ်ဆို မလုပ်ရဲတော့ဘူးမလား ဟား..ဟား...ဟား...”
ဘိုးဘေးအကြီးအကဲများသည် ရယ်မောပြောဆိုကြရင်း အာရန် ကို ကျော်ဖြတ်ကာ မိစ္ဆာဂိုဏ်း၏ ဖန်းယုတည်ရှိနေသည့် နန်းတော် ထဲသို့ ဝင်ရောက်သွားကြ၏။
အာရန် သည်လည်း အတော်လေးစိတ်ရှုပ်ထွေးနေခဲ့သည်။
အာရန်သည် သူ၏တပည့် ဇီယာ ကို မည်သို့ ကယ်တင်ရမည်နည်း။
စနစ် မှ သူမအား တပည့်တစ်ဦးအဖြစ် ရွေးချယ်စေခဲ့သောကြောင့် သူမသည် ဤဇာတ်လမ်းအတွက် အရေးပါသည့်သူတစ်ဦးဟု သူ သေချာသိနေခဲ့သည်။
သို့သော် ထိုသို့မဟုတ်လျှင်ပင် သူသည် သူမအား ကယ်တင်လိုစိတ်ရှိနေခဲ့၏။
အခြားတစ်ဖက်တွင်မူ ဇာတ်ညွှန်းအတွင်း ပို၍ပင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဖန်းယု ရှိနေသည်။
သူမကိုသာ တစ်ခုခုဖြစ်စေခဲ့ပါက ထိုဇာတ်ညွှန်းတစ်ခုလုံး ပြိုလဲသွားမည်ဟု သူ သေချာနေသည်။
သူသည် စည်းတံဆိပ်တစ်ခုကို ဖယ်ရှားရန်အတွက်လည်း သူမကို လိုအပ်နေသေး၏။
တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားကလည်း သူမကို ထိုသို့ ဖြစ်ခွင့်မပြုနိုင်ပေ။
သို့သော်လည်း ဤအခြေအနေတွင် နှစ်ဦးထဲမှ တစ်ဦးကိုသာ ကယ်တင်ခွင့်ရတော့မည် ဖြစ်သည်။
သူသည် နဖူးကို ပြန်ပွတ်လိုက်ရင်း ဘိုးဘေးအကြီးအကဲများ မိစ္ဆာနန်းတော် ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေခဲ့မိသည်။
ဖန်းယု သည် ထိုထူးဆန်းသည့် လက်ထိပ်၏ အကျိုးသက်ရောက်မှုအောက်တွင်သာ ရှိနေသေးသောကြောင့် သူမအား ဖမ်းမိလျှင်ပင် ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ ဇီယာသည်လည်း ဘိုးဘေးအကြီးအကဲ ယန် ကို ပြန်တိုက်ခိုက်နိုင်သည်အထိ မသန်မာချေ။
[ရွေးချယ်စရာအသစ်များ ပေါ်လာပါပြီ။]
[ရွေးချယ်မှု တစ် - ဖန်းယုကို ကယ်တင်ပြီး သင်၏တပည့်ကို စွန့်လွှတ်လိုက်ပါ။ ဆုလာဘ်- အဆင့် +၅]
[ရွေးချယ်မှု နှစ် - ဇီယာကို ကယ်တင်ပြီး ဖန်းယုကို စွန့်လွှတ်လိုက်ပါ။ ဆုလာဘ်- အဆင့် +၅]
[ရွေးချယ်မှု သုံး - ဖန်းယုနှင့် ဇီယာ နှစ်ဦးစလုံးကို ကယ်တင်ပါ။ ဆုလာဘ်- ကောင်းကင်နဂါး၏ နှလုံးသားတည်နေရာပြ မြေပုံ]
[ရွေးချယ်မှု လေး - သင့်ကိုယ်သင်သာ ကာကွယ်ပြီး မိစ္ဆာဂိုဏ်းကို စွန့်ခွာလိုက်ပါ။
ဆုလာဘ်- ကျပန်းတစ်စုံတစ်ခုကို ဆင့်ခေါ်နိုင်သောအရာ တစ်ခု]
အာရန် သည် သူ့အတွက်ပေါ်လာသော ရွေးချယ်စရာအသစ်များကို ငေးကြည့်နေမိသည်။
ဆုလာဘ်အဖြစ် ဤတစ်ခေါက်တွင် ခေါင်းတလားများတော့ မပါဝင်လာကြပေ။
ဆိုလိုသည်မှာ ၎င်းရွေးချယ်မှု အားလုံးသည် အောင်မြင်နိုင်ခြေများ ရှိနေပြီး ခက်ခဲမှုအဆင့်သာ ကွာခြားခြင်း ဖြစ်သည်။
“ဒီရွေးချယ်မှုအတွက် နောက်ကျရင် ကိုယ့်ကိုယ်ကို အပြစ်တင်ရကောင်း တင်ရလိမ့်မယ်ဆိုတာ ငါ သိတယ် ဒါပေမယ့် ငါဒါကိုရွေးမှဖြစ်မယ် ကဲ....”
အာရန်သည် သူ၏ လက်ကို မြှောက်လိုက်ကာ ရွေးချယ်စရာတစ်ခုကို အမြန်လုပ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
ထို့နောက် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ကာ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လိုအပ်ပါက ဤရွေးချယ်မှုကို ပြီးမြောက်နိုင်ရန် ငရဲကိုပင် ခုန်ဆင်းရဆင်းရဟူသော စိတ်ဓတ်များဖြင့် တကိုယ်လုံး ပြည့်နှက်နေခဲ့တော့သည်။
“ပထမဆုံး စစ်ဆေးရမယ့်နေရာက...”
နန်းတော်အတွင်း၌ ဘိုးဘေးအကြီးအကဲတို့သည် ဖန်းယု ကို ပထမဆုံးအကြိမ် ပြန်ပေးဆွဲခဲ့သော နေရာဖြစ်သည့် ပင်မခန်းမ၏ တံခါးကို တွန်းဖွင့်လိုက်ကြသည်။
သူမ အသက်ရှင်နေလျှင်ပင် ထိုမျှ ထင်ရှားသောနေရာတွင် သူမကို တွေ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သို့သော် သေချာစေရန် စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြသည်။
“ဟမ်”
တံခါးဖွင့်လိုက်သည်နှင့် ဘိုးဘေးအကြီးအကဲတို့သည် ပလ္လင်ပေါ်၌ ထိုင်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ကြရ၏။
သူတို့အားလုံး ကြောက်ရွံ့မှုဖြင့် ထိတ်လန့်တကြား နောက်သို့ တစ်လှမ်းခန့် ဆုတ်လိုက်မိကြသည်။
သူမသည် အတိတ်က ၎င်းတို့အာ မည်မျှကြောက်မက်ဖွယ်ကောင်းအောင် နှိမ်နင်းခဲ့သည်ကို သူတို့ မမေ့လျော့သေးပေ။
“သူမက .... တကယ်ပဲ အသက်ရှင်နေတာလား” ဟု ဘိုးဘေးအကြီးအကဲ တစ်ဦးက ကြောက်ရွံ့စွာဖြင့် အော်ဟစ်ပြောလိုက်မိသည်။
“ခဏလေးနေပါဦး တစ်ခုခု မူမမှန်နေဘူး သူမလက်ထဲမှာ လက်ထိပ်တွေ ဘာလို့ရှိနေတာလဲ သူမဆီက ဘာအော်ရာအငွေ့အသက်မှလည်း ငါ မခံစားရဘူး သူမ... သူမက စွမ်းအားတွေ ဆုံးရှုံးသွားတာများလား”
“ဒါဆို... ဟား ဟား ဟား သူမ ပုန်းအောင်းနေခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး သူမသာ အရင်လိုအစွမ်းထက်နေသေးရင် သူမရှေ့မှာ ခုချိန်လောက်ဆို ငါတို့အကုန် မသာပေါ်ပြီးနေတာကြာလှပေ့ါ”
“ဒါဆို သူမ ငါတို့ကို ခုခံနိုင်မှာ မဟုတ်ဘူးလို့ မဆိုလိုဘူးလာ ငါတို့ ကြိုက်တာလုပ်လို့ရတယ်ပေ့ါ ဒီဂိုဏ်း က တကယ်ပဲ ငါတို့အပိုင်ဖြစ်တော့မယ် ဆိုတဲ့သဘောပေါ့”
“မိစ္ဆာဂိုဏ်းကို ခဏခေါက်ထားလိုက်ဦး ငါ သူမကိုသိမ်းပိုက်နိုင်ဖို့ကို ပိုစိတ်ဝင်စားတယ်”
နောက်ထပ် ဘိုးဘေးအကြီးအကဲ တစ်ဦးက ပြောရင်း သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ပင်မခန်းမထဲသို့ ဝင်ရောက်လိုက်သည်။
“သူမ အတိတ်တုန်းက ငါတို့ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ မေ့သွားကြပြီလား ခုက အကြွေးပြန်ဆပ်ရမယ့် အချိန်ပဲ” ဟု နောက်ထပ် ဘိုးဘေးအကြီးအကဲ တစ်ဦးက လည်း သူ၏ ဝတ်စုံကို အနည်းငယ်လျှော့ချလိုက်ရင်း ပြောလိုက်သည်။
#Catfoot