← Chapters

ထွက်သွားဖို့မလိုပါဘူး

Vol. 21 Ch. 296

ထွက်သွားဖို့မလိုပါဘူး

Vol. 21 Ch. 296

......

အာရန် သည် သူ၏လက်ကို ရိုက်ချခံရသည်ကို မည်သို့မျှမခံစားရပေ။

အဘယ်ကြောင့်ဆိုသော် ဖန်းယု ၏ သံမဏီကဲ့သို့ မာကြောခတ်ထန်လွန်းလှသော နှလုံးသားပေါ်ရှိ အကာအရံသည် စတင်၍ အက်ကြောင်းများ ထလာခဲ့ပြီဖြစ်ကြောင်း သူ မြင်တွေ့နေရသောကြောင့်လည်း ဖြစ်၏။

“ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့သူလဲ သူ့ရဲ့တပည့်ကို စတေးပြီး အဲ့ဒီခွေးမကို ကာကွယ်ရတယ်လို့ ဘယ်လောက်တောင်သစ္စာရှိလိုက်တဲ့ အိမ်စောင့် ခွေးတစ်ကောင်လဲ”

“မင်းက ငါတို့ထဲက တစ်ယောက်ကို အလစ်ချောင်းတိုက်ခိုက်ပြီး သတ်လိုက်နိုင်ရုံနဲ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ တကယ်ကြီး ယုံကြည်နေခဲ့တာလား ဒါမှမဟုတ် အဲ့ဒီလက်စွပ်နဲ့ ဒီကပုံစံကွက်အကာအကွယ်တွေကို မင်းက အဲ့လောက်တောင်ယုံကြည်နေတာလား...”

“အဲ့ဒီလက်စွပ်ရှိရင်တောင် မင်း ငါတို့အားလုံးကို တားနိုင်မယ်လို့ ထင်နေတာလား ဒီနေ့က မင်းရဲ့နောက်ဆုံးနေ့ပဲ”

“စိတ်မပူပါနဲ့ ငါတို့ မင်းကို အဲ့လောက် မြန်မြန် မသတ်ပါဘူး မင်းရဲ့ ခြေလက်အင်္ဂါတွေကို ခန္ဓာကိုယ်ကနေ ဆွဲဖြဲပြီးတော့ ငါတို့ ဘာလုပ်လဲဆိုတာ မင်းကို အရသာခံခိုင်းဦးမှာ ဟား...ဟား..”

ဘိုးဘေးအကြီးအကဲတို့ သည် အာရန်အား

မည်သို့ကိုင်တွယ်မည် ဆိုသည်ကို ကြိုတင် ပြင်ဆင်ပြီးသားဖြစ်၏။

ထို စကားများသည် သူတို့၏ ဆန္ဒများကို ဖော်ပြခြင်းမျှသာ ဖြစ်သည်။

“ဗီလိန်လုပ်တာတောင် တော်ကီတွေက အပေါစားဆန်လိုက်တာ”

အာရန်သည် ဘိုးဘေးအကြီးအကဲများ ဘက်သို့ လှည့်ပင်မကြည့်ပဲ ပြောလိုက်သည်။

“မင်းတို့ ပြောတဲ့ထဲမှာ တစ်ခုတော့ မှန်တယ်”

အာရန်သည် သူ၏စကားကို ထပ်ပေါင်းပြောလိုက်ပြီး သူ၏မျက်လုံးများသည် သူ့ကို ကြည့်မနေသေးသော ဖန်းယု ပေါ်သို့ရောက်သွားလေသည်။

“ငါ မင်းတို့အားလုံးကို မသတ်နိုင်ဘူး ပြီးတော့ င့ါမှာ အချိန်အဲ့လောက်လဲ မကျန်တော့ဘူး”

ထို့နောက် အာရန်၏ လည်ပင်းတွင် ဆွဲထားသော လည်ဆွဲဆီမှ လှပသောအစိမ်းရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

၎င်းသည် အဆိပ်လည်ဆွဲပင် ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုရန် ကျန်ရှိတော့သည်။

ထိုလည်ဆွဲကို ဤကဲ့သို့သော အခြေအနေမျိုးတွင် အသုံးပြုရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ထိုအရာထက် ပို၍အရေးကြီးသော အရာများ ရှိနေ၏။

“မင်းအကြောင်း မင်းသိတာ ကောင်းတယ် မင်းသာ လွယ်လွယ်ကူကူ အရှုံးပေးရင် ငါတို့ မင်းကို မြန်မြန်သေခွင့်ပေးဖို့ စဉ်းစားပေးကောင်း စဥ့်စားနိုင်တယ်”

“ရှူး...”

အာရန် က ဘိုးဘေးအကြီးအကဲများအား သူတို့၏ စကားကို ဆက်မပြောမီ ဖြတ်တောက်လိုက်သည်။

“ကျုပ် အရင်ပြောပါရစေ”

အစိမ်းရောင်အော်ရာတစ်ခုသည် အာရန်လက်ထဲရှိ ဓား၏ အသွားတွင် စတင်စုဝေးလာခဲ့သည်။

ထိုအစိမ်းရောင်အော်ရာကို ခံစားလိုက်ရသောအခါ ဖန်းယုပင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရကာ အံ့အားသင့်သွားခဲ့သည်။

ဤအဆိပ်ရှိသော အော်ရာ... ၎င်းသည် အလွန်အင်အားကြီးမနေသော်လည်း ထိုအထဲတွင် သာမန်မဟုတ်သော နိယာမအချို့ ပါဝင်နေသည်ကိုမူ သူမ ခံစားနိုင်ခဲ့သည်။

၎င်း၏ဇစ်မြစ်သည် သာမန်အရာတစ်ခု မဟုတ်သည်မှာ သေချာနေ၏။

“ငါ မင်းတို့အားလုံးကို ခုချိန် မသတ်နိုင်ဘူးလို့ ပြောခဲ့တယ်” ဟု အာရန် က သူ၏ဓားတစ်ခုလုံး အစိမ်းရောင်အော်ရာဖြင့် ဖုံးလွှမ်းသွားချိန်တွင် ဆက်ပြောလိုက်သည်။

“ဒါပေမယ့်...”

ဘိုးဘေးအကြီးအကဲများ သည် အာရန် မည်သို့လုပ်ဆောင်ရန် ကြိုးစားနေသည်ကို စိုးရိမ်မိလာသဖြင့် အလွန်သတိထားနေကြ၏။

“ဒါပေမယ့် ဘယ်သူက ငါ မင်းတို့ကို သတ်မယ်လို့ ပြောခဲ့လို့လဲ”

အာရန်သည် သူ၏ စကားဆုံးသည်နှင့် လက်ထဲမှဓားသည် ဖန်းယု ဆီသို့ တန်းတန်းမတ်မတ်ခုတ်ချလိုက်ရာ သူမပင် အံ့အားသင့်သွားခဲ့ရသည်။

သူ စောင့်ဆိုင်းနေသော အချိန်အခါသည် ဤအချိန်ကိုပြောခြင်းလား။

သူ လာရောက်ခြင်းသည် သူမကို ကယ်တင်ရန် မဟုတ်ဘဲ သတ်ရန်အတွက်လား။

ဖန်းယုသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်စဉ် သူ့ကိုယ်သူ အပြစ်တင်သည့် အပြုံးတစ်ခုက သူမနှုတ်ခမ်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

အနည်းဆုံးတော့ ဘိုးဘေးအကြီးအကဲများ လက်ထဲတွင် သေဆုံးရခြင်းထက် ယခုအရာသည် ပိုကောင်းလေ၏။

သူမသည် မျက်လုံးများကို မှိတ်ထားခဲ့သော်လည်း သူမ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။

သို့သော်....

‘ထန်း......’

သူမသည် သတ္တုအချင်းချင်း ထိမှန်သွားသည့်အလား အသံတစ်ခုကိုသာ ကြားလိုက်ရသည်။

ဖန်းယုသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူမရှေ့တွင် ဖြူဖျော့သော မျက်နှာဖြင့် ရပ်လျက်ရှိနေသော အာရန် ကို သတိပြုမိလိုက်သည်။

သူ၏ဓားတွင် အစောပိုင်းက အစိမ်းရောင်အော်ရာတစ်ခု ရှိမနေတော့ဘဲ သူမ၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာတစ်စုံတစ်ရာ မရှိခဲ့ပေ။

ယင်းအစား ကျိုးပဲ့သွားသည်မှာ သူမ၏ လက်တွင်ရှိနေသော လက်ထိပ်များပင် ဖြစ်၏။

အာရန် သည် အဆိပ်လည်ဆွဲ ၏ နောက်ဆုံးတစ်ကြိမ်အသုံးပြုခွင့်ကို အသုံးပြု၍ ဖေး ချိတ်ပိတ်ထားခဲ့သည့် ထိုလက်ထိပ်ကို ဖျက်ဆီးပစ်ရန် လုံလောက်သော တိုက်ခိုက်မှုကို ဖန်တီးနိုင်ခဲ့လေသည်။

ထိုမျှ အသုံးဝင်သောပစ္စည်းကို ဖျက်ဆီးခဲ့ရခြင်းကြောင့် သူ၏နှလုံးသားတွင် နာကျင်မှုအနည်းငယ်ကိုလည်း ခံစားခဲ့ရသည်။

ရက်အနည်းငယ်သာ ထပ်မံစောင့်ဆိုင်းခဲ့ပါက ထိုလက်ထိပ်များသည် သူ့ဘာသာသူ ပွင့်သွားမည်ဖြစ်ပြီး ထိုအရာကိုပင် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ့တွင် အခြားရွေးချယ်စရာများ မရှိတော့သောကြောင့် ဖန်းယု ကို လွတ်မြောက်စေရန် အဆိပ်လည်ဆွဲ သာမက ထိုလက်ထိပ်ကိုပါ စတေးလိုက်ရလေတော့၏။

လက်ထိပ်များ ကျိုးပျက်သွားသည်နှင့်တစ်ပြိုင်နက် ဖန်းယု သည် သူမ၏ စိတ်ဝိညာဉ်အား အထပ်ထပ်ချိတ်ပိတ်ချည်နှောင်ထားမှုများမှ လွတ်မြောက်သွားသည်ဟု ခံစားလိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်တွင် နဂိုရှိရင်းစွဲ ခွန်အားများ ပြန်လည်ဝင်ရောက်လာသည်ကို လည်း ခံစားနိုင်ခဲ့၏။

စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အရှင်သခင်တစ်ဦး၏ ခွန်အားများဖြင့် ပြည့်နှက်လာခဲ့သည်။

ယခုအချိန်၌ ဖန်းယု သည် ကာကွယ်ရန်လိုအပ်နေသော အားနည်းသည့် မိန်းမပျိုလေးတစ်ဦး မဟုတ်တော့ပေ။

သူမသည် ဤကမ္ဘာကြီးကိုပင် အကာအကွယ်ပေးနိုင်သည့် အရှင်သခင် တစ်ဦး ဖြစ်နေပြီဖြစ်သည်။

သို့တိုင် သူမ၏ အတွင်းစိတ်အနက်ရှိုင်းဆုံးနေရာ၌မူ သူမကိုယ်တိုင် သတိမထားမိလိုက်ပါဘဲ အာရန်အား မှီခိုချင်နေသော သာမန်အားနည်းသည့် မိန်းမပျိုလေးအဖြစ်သာ ဆက်လက်နေလိုဆဲဖြစ်လေ၏။

သူမသည် ဤကဲ့သို့ မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်မှ ခံစားဖူးခြင်း မရှိခဲ့ပေ။

“ကိုယ် သွားပြီး ကိုယ့်တပည့်ကို ကာကွယ်ဖို့လိုနေတယ် မင်း ဒီမှာ မင်းရဲ့ လက်စားချေမှုကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ရပြီထင်တယ်” ဟု အာရန်သည် ဖန်းယု ကို ပြောလိုက်ပြီးနောက် ဖြည်းညှင်းစွာ နောက်သို့ ဆုတ်လိုက်ရာ သူ၏နောက်တွင် ဂိတ်တံခါးပေါက်တစ်ခု ပေါ်လာခဲ့သည်။

ဂိတ်တံခါးပေါက်များသည် သူ့အား မူးဝေစေခဲ့ သော်လည်း ၎င်းတို့သည် အမြန်ဆုံး ခရီးသွားလာရေးနည်းလမ်းများ ဖြစ်နေသောကြောင့် သူတွင် အခြားရွေးချယ်စရာ မရှိပေ။

ဘိုးဘေးအကြီးအကဲ ယန် ထံမှ သက်မှတ်ချိန်ပြည့်ရန် နှစ်မိနစ်သာ ကျန်ရှိတော့၏။

ဖန်းယုသည် လှမ်း၍တားရန်ပြင်လိုက်သော်လည်း သူမ စကားတစ်လုံးမှ မပြောနိုင်မီမှာပင် အာရန် သည် ဂိတ်တံခါးပေါက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

ခန်းမထဲရှိ ဘိုးဘေးအကြီးအကဲတို့သည် အာရန် သည် သူတို့ကို တိုက်ခိုက်တော့မည်ဟုသာ ထင်ထားခဲ့ကြပြီး ထိုသို့ ဖန်းယု၏ လက်ထိပ်များကို ချိုးဖျက်ပစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။

သို့သော် အားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သောကြောင့် သူတို့ပင် ဘာမှမတုံ့ပြန်နိူင်ခဲ့ကြပေ။

ဖန်းယု ပြန်ရောက်လာပြီ။ မဟုတ်ဘူး အရှေ့ပိုင်းတိုက်ရဲ့ အရှင်သခင် ပြန်ရောက်လာပြီ။

ထိုနတ်ဆိုးမသည် သူမ၏ မူလအသွင်သို့ပြန်ရလိုက်ပြီဖြစ်၏။

“ငါတို့ သူ့ကို အခုထိ သတ်နိုင်တဲ့အခွင့်အရေးရှိနိုင်သေးတယ် မကြောက်ကြနဲ့ သူမမှာ ဂိုဏ်းချုပ် လက်စွပ် မရှိတော့ဘူး”

ဘိုးဘေးအကြီးအကဲ တစ်ဦးက ကျန်ဘိုးဘေးအကြီးအကဲများကို စည်းရုံးရန် ကြိုးစားလိုက်သည်။

ဘိုးဘေးအကြီးအကဲများသည် လည်း အခြားရွေးချယ်စရာမရှိတော့သောကြောင့် ထိုစကားကို သဘောတူခဲ့ကြရ၏။

သို့သော် အခြားဘိုးဘေးအကြီးအကဲများ စတင်တိုက်ခိုက်သောအခါ သူတို့ကို လှုံ့ဆော်ခဲ့သူ ဘိုးဘေးအကြီးအကဲမှာမူ တန်းနေအောင် ထွက်ပြေးသွားခဲ့ရာ ထိုသူသည် သူ၏ တစ်ကိုယ်စာလွတ်မြောက်ရေးအတွက် အခြားဘိုးဘေးများအား အသုံးချလိုက်ခြင်းဖြစ်သည်။

“ရှင်အခု ဒီမှာရှိနေမှတော့ ထွက်ခွာဖို့ မလိုတော့ပါဘူး” ဟု ဖန်းယု က နောက်ဆုံးတွင် ပလ္လင်ပေါ်မှ ထရပ်လိုက်ရင်း ပြောသည်။

မျက်စိတစ်မှိတ်အတွင်း သူမသည် စတင်လှုပ်ရှားလိုက်ပြီး ထိုဘိုးဘေးအကြီးအကဲများအား ဖြတ်ကျော်ကာ အစောက ထွက်ပြေးသွားသူ၏ ရှေ့၌ ပြန်လည် ပေါ်လာခဲ့၏။

သူမသည် ထိုလူ၏ နဖူးပေါ်သို့ သူမ၏ လက်ညှိုးဖြင့် တစ်ချက်ချိန်လိုက်ရုံနှင့်ပင် လူတိုင်း၏ မျက်စိရှေ့၌ ထိုဘိုးဘေးအကြီးအကဲသည် သူ၏ ဦးခေါင်းပေါက်ကွဲထွက်သွားကာ သွေးများ ပတ်လည်သို့ ပန်းထွက်ကုန်သည်။

သို့တိုင် ထိုသွေးများသည် တစ်စက်ကလေးမျှပင် ဖန်းယု အပေါ်သို့ မကျရောက်ခဲ့ပေ။

ဖန်းယု ၏ တရားဝင်နေထိုင်ရာ နန်းတော်ဆောင်နေရာသည် ယခုအခါ အတိတ်က ကျော်ကြာခဲ့သော ဘိုးဘေးအကြီးအကဲတို့ ၏ သင်္ချိုင်းမြေတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

အခြားနေရာတစ်ခု၌ တောင်ကုန်းတစ်ခုပေါ်ရှိ အိမ်တစ်အိမ်၏ ရှေ့တွင် ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာခဲ့သည်။

အာရန် သည် ဂိတ်တံခါးပေါက်ထဲမှ ထွက်လာသည်နှင့် သူ၏ခေါင်းသည် စတင်၍ မူးဝေလာခဲ့၏။

သို့သော်လည်း သူသည် ထိုအရာကို ဂရုမစိုက်အားပေ။ တံခါးကို တွန်းဖွင့်ကာ ဇီယာ၏ အိမ်ထဲသို့ အလျှင်အမြန်ပင် ဝင်ရောက်လိုက်သည်။

#Catfoot

All Chapters