=အန္တရာယ်ကိုဖိတ်ခေါ်ခြင်း …..
Vol. 21 Ch. 297
အာရန် သည် တံခါးကိုတွန်းဖွင့်လိုက်ကာ ဇီယာ၏ အိမ်ထဲသို့ ဝင်ရောက်လိုက်သည်။
အပြင်ပန်းမှကြည့်လျှင် ထိုအိမ်သည် အနည်းငယ် သေးငယ်ပုံရသော်လည်း အတွင်းဘက်၌မူ နေရာချဲ့ထွင်မှု သလင်းကျောက်များ၏ အာနိသင်ကြောင့် များစွာ ပိုမိုကျယ်ဝန်းနေ၏။
အာရန်သည် ထိုအိမ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ပြတင်းပေါက်ဘေးတွင် ထိုင်လျက် ဗဟိုဧရိယာဘက်သို့ စိုက်ကြည့်နေသော ဘိုးဘေးအကြီးအကဲယန် ကို သတိပြုမိလိုက်သည်။
“မင်း လုပ်ခဲ့တာ တကယ့်ကို ရူးမိုက်တဲ့ ရွေးချယ်မှုပဲ” ဟု ထိုသူက နောက်သို့ပင် မလှည့်ဘဲ ပြောလိုက်သည်။
“ရူးသွပ်နေတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့ဆိုရင် ရူးမိုက်တဲ့ ရွေးချယ်မှုတွေကို လုပ်ပေးဖို့လဲလိုတယ်” ဟု အာရန် က ထိုလူကို တုံ့ပြန်ပြောဆိုလိုက်သည်။
သူသည် ဇီယာ ကို ရှာဖွေရန် အခန်းပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်သော်လည်း သူမ၏အရိပါအယောင်ကို မည်သည့်နေရာတွင်မျှ မတွေ့ရှိရပေ။
နေရာအချို့တွင် အနဲငယ်ရှုပ်ပွနေသည့်အရာအချို့ရှိနေသည်ကိုသာ တွေ့လိုက်ရပြီး နေရာကူးပြောင်းနိုင်သည့် အဆောင်ကဲ့သို့သော ပစ္စည်းမျိုးကို မကြာသေးမှီက အသုံးပြုခဲ့သည်ဟုလည်း ခံစားမိလိုက်သည်။
“မင်းက ရူးမိုက်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တာဆိုတော့ ငါလည်း နောက်ထပ်တစ်ခု ထပ်လုပ်လိုက်တာကို မင်း င့ါကို အပြစ်တင်လို့မရတော့ဘူးပေ့ါ”
ဘိုးဘေးအကြီးအကဲယန် က ထိုသို့ပြန်လည်ပြောဆိုရင်း သူ၏မျက်နှာထားသည် အနည်းငယ် တည်ကြည်လေးနက်နေပုံရသည်။
“င့ါတပည့် ခုဘယ်မှာလဲ” ဟု အာရန် က မေးလိုက်၏။
ထိုဘိုးဘေးသည် သူ့အား ခြိမ်းခြောက်ရန်အတွက် ဇီယာ ကို အသုံးပြုခြင်းသည် အတော်လေးဆိုးရွားသော လုပ်ရပ်ဟု ထင်ခဲ့မိသည်။
ထိုသို့ဆိုပါက ယီလန် ၏အကူအညီဖြင့် ဇီယာ ကို လွတ်မြောက်စေရန် သူ့အတွက် အခွင့်အရေးတစ်ခု ရယူနိုင်လိမ့်မည်ဖြစ်သည်ဟုလည်း ကြိုတင်တွက်ဆထားခဲ့သည်။
သို့သော် ယခုမူ အခြေအနေသည် ကွဲပြားသွားပုံရ၏။
ဖန်းယု ကို သူသွားရောက် လွှတ်ပေးလိုက်သောကြောင့်များ အရာရာသည် ပြောင်းလဲသွားခဲ့ခြင်းလားဟု တစ်ချက်တွေးမိလိုက်သည်။
ဘိုးဘေးအကြီးအကဲ ယန်သည် အာရန်ဘက်သို့ လှည့်ကြည့်ရင်း တစ်ချက် ပြုံးပြလိုက်ရာ သူ၏ အပြုံးတွင် ကျေနပ်မှုအရိပ်အယောင်အချို့ ပါဝင်နေလေသည်။
“မင်းက အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့လူပဲ သူရဲကောင်းကကယ်ဒမီ က သူလျှိုတစ်ယောက်က မိစ္ဆာဂိုဏ်း ဘက်က ရပ်တည်ရဲခဲ့တယ်”
“ဒီလိုလုပ်ခြင်းအားဖြင့် မင်းအတွက် အဆင်ပြေမယ်လို့ မင်းထင်နေခဲ့တာလား” ဟု ဘိုးဘေးအကြီးအကဲယန်က မေးလိုက်၏။
“မင်းကို ငါနောက်တစ်ခုထပ်မပြောခင် မင်းကိုယ်မင်း ဘယ်လေက်အထိ ခုလိုအထင်ကြီးစရာအပြုအမူမျိုး ပြုမူနေနိုင်ဦးမလဲ သိချင်မိတယ်”
ဘိုးဘေးအကြီးအကဲ ယန် က အာရန်အား သူ၏လျှို့ဝှက်ချက်ဖြစ်သော သူရဲကောင်းအကယ်ဒမီ နှင့်ပတ်သက်သော အရာကို သိနေခြင်းကိုမူ အံ့အားသင့်စရာ တစ်ခုဟု သူမမှတ်ယူခဲ့ပေ။
အဘယ်ကြောင့်ဆိုသေည် ဘိုးဘေးအကြီးအကဲယန်သည် သူရဲကောင်းကကယ်ဒမီ နှင့် ဆက်နွှယ်နေသူတစ်ဦးသောကြောင့် ဤနေရာတွင် ပုန်းခိုနေသော အခြားသူလျှိုများအကြောင်းကို သူ သိရှိနေခြင်းမှာ ဆီလျော်မှုရှိလေ၏။
ထိုသို့ဖြစ်နေသော်လည်း သူသည် မည်သည့်ဘက်ကို ရွေးချယ်မည်ကို ကြည့်ရှုရန် ဤအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အာရန်၏သစ္စာရှိမှုကို စမ်းသပ်ခြင်းလည်း ဖြစ်နိုင်သည်။
“မင်းက ဖန်းယု ကို ရွေးချယ်ခဲ့တာဆိုတော့ မင်းရဲ့ တပည့်တွေကို ဘာလို့ ဂရုစိုက်နေသေးတာလဲ မင်း ရွေးချယ်မှုတစ်ခုကို အောင်အောင်မြင်မြင်နဲ့ လုပ်လိုက်ပြီးပြီမဟုတ်လား အဲ့တော့ မင်း စွန့်ပစ်လိုက်တဲ့ သူတွေကို ငါလဲ အဆင်ပြေမဲ့နေရာကို ပို့လိုက်ရတာပေ့ါ”
ဘိုးဘေးအကြီးအကဲ ယန် သည် ပြတင်းပေါက်ဘက်သို့ ပြန်လှည့်လိုက်ပြီး ပင်ပန်းသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါပေမဲ့ မင်းသာ မင်းတပည့်တွေကို ပြန်လိုချင်တယ်ဆိုရင် မင်းကိုယ်တိုင် အဲ့ဒီကို သွားပြီး ကျောင်းအုပ် ဆီကနေ မင်းရဲ့ သစ္စာဖောက်မှုအတွက် အပြစ်ဒဏ်ကို ကိုယ်တိုင်လာ ခံယူရမယ်”
ဘိုးဘေးအကြီးအကဲ ယန် ၏ စကားများနောက်ကွယ်မှအဓိပ္ပါယ်ကို အာရန် မှာနားလည်ပြီးဖြစ်သည်။
‘မင်း စွန့်ပစ်လိုက်တဲ့ သူတွေကို ငါလဲ အဆင်ပြေမဲ့နေရာကို ပို့လိုက်ရတာပေ့ါ’ ဆိုသောစကားတွင် ၎င်းသည် အဓိပ္ပာယ်တစ်ခုတည်းသာ ညွှန်ပြနေလေ၏။
သူ၏တပည့်များကို သူရဲကောင်းကကယ်ဒမီ သို့ အကျဉ်းသားများအဖြစ် ပို့ဆောင်လိုက်ခြင်းကို ပြောသည်မဟုတ်ပါလား....။
ထိုလူက တပည့်ဟု မပြောဘဲ တပည့်များဟု ပြောဆိုခဲ့သောကြောင့် အာရန်သည် အနည်းငယ် ထပ်မံ အံ့အားသင့်ခဲ့ရသည်။
ပြောချင်သည်မှာ တစ်ယောက်ထက် ပိုသည်ဟု ဆိုလိုခြင်း ပင်လော....။
“ယူလင်း” ဟု အာရန် က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ထိုအသံသည် ဘိုးဘေးအကြီးအကဲ ယန် ၏ နားထဲသို့ ရောက်သွားခဲ့သည်။
“ဟားဟားဟား မင်းကအဲ့လောက်ကြီးလဲ မတုံးအနေဘူးပဲ အဲ့ဒါက မင်းကို အဲ့လို ရူးမိုက်တဲ့ ရွေးချယ်မှုက ဘာတွေသက်ရောက်သွားစေလဲဆိုတာ ပိုပြီး တွေးမိသွားစေတယ်ထင်တယ်” ဟု ဘိုးဘေးအကြီးအကဲ ယန် က ရယ်မောရင်းပြောလိုက်သည်။
“တပည့်တွေက သူတို့ဆရာရဲ့ အမှားအတွက်ပြန် ပေးဆပ်ရတာ ဘယ်လောက် စိတ်မကောင်းစရာကောင်းလိုက်လဲ”
ထို့နောက်...
“နှစ်လ”
ဘိုးဘေးအကြီးအကဲ ယန်သည် အာရန်အား အချိန်နှစ်လရမည်ဖြစ်ကြောင်း ပြောပြီးနောက် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရာ အေးမြသော လေပြေအေးလေး တစ်ခုသည် သူ၏အရေပြားကို တိုက်ရိုက် တိုက်ခတ်လာခဲ့သည်။
“မင်းရဲ့ သစ္စာဖောက်မှုအတွက် အပြစ်ဒဏ်ကို နှစ်လအတွင်း ကိုယ်တိုင်လာရောက် မခံယူဘူးဆိုရင် မင်းရဲ့တပည့်တွေက မင်းရဲ့ အပြစ်တွေအတွက် မင်းကိုယ်စားအပြစ်ဒဏ်ကို ခံယူရလိမ့်မယ် ရွေးချယ်မှုက မင်းအပေါ်မှာပဲမူတည်မယ်”
ဘိုးဘေးအကြီးအကဲယန်သည် စကားဆုံးသည်နှင့် သူ၏ပုံရိပ်သည်လည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။
“ဪ မေ့နေလို့ နောက်တစ်ခု မင်း ဘယ်လိုနည်းနဲ့ ပိုသန်မာလာလဲဆိုတာ ငါ မသိဘူး ဒါပေမယ့် ငါ့ကို မတိုက်ခိုက်မိဖို့တော့ အကြံပေးချင်တယ် မင်းကို နှစ်လအချိန်ရစေတာ ငါ့ကြောင့်ပဲ ငါသာ အကယ်ဒမီကို အချိန်မှီပြန်မရောက်နိုင်ခဲ့ရင် ဒီအချိန်သတ်မှတ်ချက်ကို ငါတာဝန်ယူနိုင်မှာမဟုတ်ဘူး ဘယ်သူသိနိုင်မှာလဲ သူတို့ ဒီညမှာတင် သေသွားတာမျိုးလဲဖြစ်နိုင်တာပဲ”
ဘိုးဘေးအကြီးအကဲ ယန် သည် အာရန် ၏ စိတ်ကို ဖတ်နိုင်သကဲ့သို့ပင် ပြောလိုက်သည်။
သူသည် အာရန် ၏ နည်းလမ်းများကို အပြည့်အဝ နားမလည်သေးသောကြောင့် သူနှင့် တိုက်ခိုက်ခြင်းဖြင့် အန္တရာယ် မယူလိုပေ။
အကယ်၍သူသာ ဤနေရာတွင် အနည်းငယ်ထပ်မံ နောက်ကျနေမိပါက ဖန်းယု ကို ဒီနေရာသို့ ရောက်လာရန် အချိန်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ဖန်းယု ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူ ကြုံတွေ့ရမည့်အရာမှာ သေဆုံးခြင်းတစ်ခုသာ ရှိမည်ဖြစ်လေသည်။ ထိုအရာကိုသူသည် စိတ်ကူးပင် မယဥ်ကြည့်ဝံ့ပေ။
ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုမှာ မလိုအပ်သော အန္တရာယ်များ မယူဘဲ ယခုချက်ခြင်း ထွက်ခွာသွားခြင်းပင် ဖြစ်သည်။
“ဘယ်လောက် စိတ်မကောင်းစရာကောင်းလိုက်တဲ့အဖြစ်မျိုးလဲ... ဒီလို တစ်ကြိမ်တည်းရနိုင်တဲ့ရှားပါး အခွင့်အရေးလေး တစ်ခုအတွက် နှစ်ပေါင်းများစွာ အချိန်ပေး ရင်းနှီးခဲ့ရတယ် ခုတော့ အရာအားလုံး ပျက်စီးသွားခဲ့ပြီ”
ဘိုးဘေးအကြီးအကဲယန်သည် နောက်ဆုံးအနေနှင့်သက်ပြင်းတစ်ချက်ချလိုက်ကာ ထိုအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။
“ငါတို့ရဲ့ ကျောင်းအုပ်သာ က အရေးကြီးတဲ့ ကိစ္စတစ်ခုခု မကြုံခဲ့ရရင် သူလဲမကြာခင်ဒီကိုရောက်လာတော့မှာ ဒါပေမဲ့.....”
ထိုဘိုးဘေး၏ပုံရိပ်သည် မကြာမီ လုံးဝပျောက်ကွယ်သွားခဲ့ပြီး အာရန် တစ်ဦးတည်းသာ ထိုအခန်းလွတ်အတွင်း ကျန်ရစ်ခဲ့တော့သည်။
အာရန် သည် ထိုဘိုးဘေးရှိခဲ့သည့် နေရာလွတ်ကို အချိန်အတော်ကြာ ငေးစိုက် ကြည့်နေခဲ့ရင်း သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
နှစ်လ...
သူ၏ တပည့်များကို ကယ်တင်ရန် သူ့အား ပေးထားသော အချိန်မှာ နှစ်လ ဖြစ်၏။
“မင်းက ငါ့ကို လာဖို့ ဒီလောက် ကြင်ကြင်နာနာနဲ့ သေခြာဖိတ်လိုက်မှတော့လည်း ငါ ကလည်း ကောင်းမွန်တဲ့ လက်ဆောင်တစ်ခုသေခြာပြင်ဆင် ပြီး လာခဲ့ရတော့မှာပေ့ါ”
အာရန်သည် စိတ်အတွင်းမှလှမ်းပြောလိုက်ရင်း သူ၏အကြည့်သည် အဝေးတစ်နေရာသို့ ရောက်ရှိနေခဲ့ပြီး ထိုစဥ် သူ၏မျက်လုံးအတွင်း၌ အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
သူသည် ဝါးမြိုသူ ဟူသော ဂုဏ်ပုဒ်ကို အသုံးပြုခဲ့ပြီးသားဖြစ်နေ၍ ထပ်မံ အသုံးမပြုချင်တော့ပေ။
သို့သော် ယခုအခါ သူရဲကောင်းကကယ်ဒမီ သည် သူ၏တပည့်များကို ဖမ်းဆီးခြင်းဖြင့် လွန်ကဲစွာ ပြုမူခဲ့ပြီဖြစ်သည်။
သူတို့သည် ဝါးမြိုသူ ပြန်လာခြင်းကို ထိုမျှအထိတောင်းတနေကြပါက သူတို့ တောင့်တနေသည့် အရာကို သူကလည်း ပြန်လည်ပေးရလိမ့်မည်ဖြစ်၏။
ဇီယာ ကို ကယ်တင်ရာတွင် သူ၏ မအောင်မြင်မှုကြောင့် ရွေးချယ်မှုသည် မပြီးဆုံးသေးဘဲ သူ၏ ပင်မရွေးချယ်စရာများမှာ ရပ်တန့်သွားပြီဖြစ်သည်။
အာရန်သည် သူ၏ဦးစားပေးလုပ်ဆောင်ရမည့်အရာများကို သတ်မှတ်ပြီး ဖြစ်၏။
သို့တိုင် သေချာစေရန် သူသည် ဗဟိုဧရိယာရှိ နန်းတော်ဆီသို့ တစ်ခေါက် ပြန်သွားလိုက်သည်။
သူသည် ယူလင်းတစ်ယောက် လုံခြုံစွာ နေထိုင်နေထိုင်ခဲ့သည့် အခန်းသို့ပြန်သွားလိုက်သည်။
ကံမကောင်းစွာဖြင့် သူမသည် ထိုနေရာတွင် မရှိတော့ပေ။
ထိုနေရာတွင် ရုန်းကန်မှုပြုလုပ်ခဲ့သည့် လက္ခဏာအချို့အပြင် ဘိုးဘေးအကြီးအကဲ တစ်ဦး၏ အော်ရာအနည်းငယ်လည်း ကျန်ရှိနေခဲ့သည်။
အာရန်သည် သက်ပြင်းတစ်ချက်ထပ်မံချရင်း ထိုအခန်းထဲမှ ထွက်လာခဲ့ကာ ပင်မခန်းမသို့ ပြန်သွားလိုက်လေသည်။
ထို့နောက် ဖန်းယု မည်သို့အခြေအနေရှိသည်ကို သိရှိရန် တစ်ချက်လှမ်း ကြည့်လိုက်သည်။
အာရန်သည် တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ခန္ဓာကိုယ်များ နေရာအနှံ့တွင် လဲကျလျက်ရှိနေသည်ကို မြင်လိုက်ရသည်။
၎င်းတို့ကို မှတ်မိရန်ပင် မဖြစ်နိုင်တော့ချေ။
သွေးရောင်လွှမ်းနေသော နန်းတော် ခန်းမဆောင်ကြီးအလယ်၌ ဖန်းယု သည် နတ်သမီးတစ်ပါးကဲ့သို့ ရပ်လျက်ရှိနေပြီး ဤကမ္ဘာ၏ ညစ်ညမ်းမှုများသည် သူမနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ တည်ရှိနေခြင်းမျိုး ဖြစ်၏။
#Catfoot