← Chapters

လက်ခံခြင်း

Vol. 21 Ch. 298

လက်ခံခြင်း

Vol. 21 Ch. 298

.....

အာရန် သည် ဖန်းယု ကို ကြည့်နေမိ၏။

သူမသည် အမှန်တကယ်ပင် လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် သူမ၏ အားအနည်းဆုံးအချိန်ကို မြင်ခဲ့ရပြီးဖြစ်သည်။

ထိုအချိန်က သူမ၏ ခွန်အားများကို အသုံးမပြုနိုင်ခဲ့ပေ။ ထို့ကြောင့်ပင် သူမ တကယ်တမ်း မည်မျှ အင်အားကြီးမားသည်ကို သူ မေ့လုနီးပါးပင် ဖြစ်ခဲ့ရသည်။

နန်းတော်၏ ခန်းမပြင်ပ၌ပင် သူသည် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေသော အသက်ရှူကျပ်စေသည့် သွေးဆာမှုတစ်ခုကို ခံစားနိုင်လေ၏။

ထိုကြောက်မက်ဖွယ်ရာ အော်ရာသည် ဖန်းယုတစ်ယောက် အဝေးမှ အာရန် ကို လှမ်းမြင်လိုက်သောအခါမှသာ ပျောက်ကွယ်သွားတော့သည်။

“မင်းအဆင်ပြေရဲ့လား”

အာရန်သည် ခန်းမထဲသို့ ဂရုတစိုက် ဝင်ရောက်ရင်း သွေးအိုင်များကို ရှောင်ရှားကာ သူ၏ဖိနပ်များ သွေးမထိအောင် ကြိုးစားလိုက်ရသည်။

လွန်ခဲ့သော တခဏတာမျှက ထိုသူများသည် မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအခါတွင်မူ ထိုဘိုးဘေးအကြီးအကဲများအား မှတ်မိနိုင်ရန်ပင် မလွယ်ကူတော့ပေ။

လွန်ခဲ့သောအချိန်တစ်ခုက သူတို့သည် မိစ္ဆာဂိုဏ်း ၏ အင်အားကြီးသော တည်ရှိမှုများ ဖြစ်ခဲ့ကြပြီး ယခုတစ်ခဏတွင်မူ သူတို့သည် သေဆုံးသွားကြပြီဖြစ်ကာ သူတို့၏ သမိုင်းသည်လည်း မည်သူမျှ အမှတ်ရနေတော့မည်မဟုတ်ပေ။

ဤကမ္ဘာ၌ အင်အားကြီးမားသူများပင် သေဆုံးရန် မည်မျှ လွယ်ကူကြောင်းကို ဤအရာက ပြသနေ‌လေ၏။ မပြစ်မှားသင့်သောသူကို ပြစ်မှားမိရုံဖြင့် အချိန်မရွေးအရာအားလုံး ပျက်စီးခြင်းဖြင့် နိဂုံးချုပ်သွားနိုင်သည်။

ထိုအတောအတွင်း၌ အာရန်၌လည်း သူ့နည်းသူ့ဟန်ဖြင့် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။

သူသည် သူ့ကိုယ်တိုင် မလုပ်ခဲ့သော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်မှ အရှင်သခင်များ အားလုံးနီးပါးကို စော်ကားမိခဲ့သူဖြစ်နေသည်။

သူ၏ကံကြမ္မာကို သူကိုယ်တိုင်ဖန်တီးယူနိုင်သည်အထိ အင်အားမကြီးမားလာပါက ဤ ဘိုးဘေးအကြီးအကဲများ ကဲ့သို့သော ရလဒ်မျိုးနှင့်သာ သူသည်လည်း တစ်ချိန်ချိန် ကြုံတွေ့ရဖွယ် ရှိနေ၏။

“အဆင်ပြေရဲ့လားဆိုတဲ့စကားက ကျွန်မက ရှင့်ကို မေးသင့်တာ မဟုတ်ဘူးလား” ဟု ဖန်းယု က အာရန် ၏အမေးကို မဖြေပဲ တန်ပြန်မေးလိုက်သည်။

သူမသည် ယခုအခါ အတိတ်က စွမ်းအားကြီးခဲ့စဥ်တုံးက သူ့အား ဆက်ဆံခဲ့ပုံနှင့် များစွာ ကွဲပြားနေလေသည်။

သူမသည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုဖော်ရွေနေခဲ့ပြီး ထိုသို့ဆက်ဆံခံရသည့် ခံစားချက်သည် အတော်လေးထူးဆန်းနေလေသည်။

အထူးသဖြင့် ယခုကဲ့သို့ သူမ၏ခွန်အားများ ပြန်လည်ရရှိလာသည့်အခါတွင် ဖြစ်၏။

“ရှင်ဘာတွေ စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ” ဟု သူမက အာရန် စိတ်ပြန့်လွင့်နေသည်ကို သတိပြုမိသဖြင့် မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး မင်း စိတ်ပူစရာ မလိုပါဘူး” ဟု အာရန် က ပြုံးပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။

သူ၏ တပည့်များသည် အဖမ်းဆီးခံရကာ တောင်ပိုင်းတိုက်ကြီး သို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း သူမကို မပြောခဲ့ပေ။

ဖန်းယု နှင့် သူ၏ လက်ရှိ ဆက်ဆံရေးမျိုးဖြင့်ဆိုလျှင် သူ တောင်းဆိုပါက သူမသည် သူ့အား ကူညီရန် ကြိုးစားလိမ့်မည်မှန်း သူ သေချာသိနေခဲ့သည်။

သို့သော် သူမ လုပ်ဆောင်နိုင်သည်မှာတော့ သိပ်မများလှပေ။

အရှင်သခင်တစ်ဦးသည် အသက်ရှင်နေသရွေ့ အခြားအရှင်သခင်တစ်ဦး၏ နယ်မြေထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

၎င်းသည် စစ်ကြေညာခြင်းနှင့် မခြားနားသောကြောင့် ဖြစ်၏။

ထို့ကြောင့် ဖန်းယု သေဆုံးပြီဟူသော သတင်းရောက်မှသာ မစ်ထ်သည် ဤနေရာသို့ဝင်ရောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဖန်းယုသာ ထိုအချိန်က အသက်ရှင်နေခဲ့လျှင်ပင် မစ်ထ်က သူမ သေဆုံးပြီဟူသော သတင်းကြား၍ လာရောက်စစ်ဆေးခြင်းသာ ဖြစ်သည်ဟု ဆင်ခြေပေးနိုင်သေးသည်။

အခြားတစ်ဖက်တွင်မူ မစ်ထ် အကောင်းအတိုင်းရှိနေသည်ကို လူတိုင်းသိကြသည်။

မစ်ထ်သည် တောင်ပိုင်းတိုက်ကြီး တစ်လျှောက်လုံးသို့ချေဆန့်ကာ နတ်ဆိုးဝါးမြိုသူ ကို ရူးသွပ်လုနီးပါးဖြင့် မြေလှန်ရှာနေသည်ကိုမူ မည်သူကမျှ သိရှိမည်မဟုတ်‌ပေ။

သို့တိုင် အာရန် သည် ဖန်းယုအား အမှန်တကယ် တောင်းဆိုခဲ့ပါက သူမသည် ထိုကတိကဝက်ကို ဖောက်ဖျက်၍ တောင်ပိုင်းတိုက်ကြီး အတွင်းသို့ ဝင်ရောက်လိမ့်မည်မှာ သေချာလေသည်။

သူမသည် တစ်စုံတစ်ဦး၏ အကြွေးတင်နေခြင်းကို ကြိုက်နှစ်သက်သူတစ်ဦး မဟုတ်ပေ။

အာရန်အနေနှင့် သူမကို အကူအညီမတောင်းနိုင်သည့် အကြောင်းပြချက် နှစ်ခုရှိနေသည်။

ပထမတစ်ခုမှာ ထိုအကူအညီကို ပိုမိုအရေးကြီးသောအချိန်အတွက် ချန်ထားလို၍ဖြစ်သည်။

ဒုတိယတစ်ခုမှာ မစ်ထ် နှင့် ဖန်းယုတို့သာ ထိပ်တိုက် တွေ့ဆုံစေလိုက်ပါက သူ၏ နောက်ခံလျို့ဝှက်ချက်များ ပေါ်ပေါက်သွားစေနိုင်သောကြောင့် ဖြစ်လေသည်။

သူတို့နှစ်ဦး တွေ့ဆုံခြင်းမှ တားဆီးနိုင်ရန် သူသည် မစ်ထ် ၏သမီးကိုပင် ပြန်ပေးဆွဲခဲ့ရခြင်းဖြစ်သည်။

ထိုအရာများအားလုံးပြီးနောက်တွင်မှ ဖန်းယု ကို မစ်ထ် နှင့် တွေ့ဆုံရန် မည်သို့ တောင်းဆိုနိုင်မည်နည်း။

၎င်းသည် သူ ကြိုးစားခဲ့သမျှ အရာအားလုံးကို ကိုယ့်လက်နှင့်ကိုယ်ပြန်လည် ပျက်စီးမိခြင်းနှင့် အတူတူပင်မဟုတ်ပါလား...။

သူ၏တပည့်ကို ကယ်တင်ခြင်းနှင့် ပတ်သက်၍မူ သူသည် ကိုယ်တိုင်လုပ်ဆောင်ရန် စီစဉ်နေခဲ့ပြီး ထိုအချိန်၌ပင် တစ်ပြိုင်နက် သူ၏ ခွန်အားများကို ပိုမိုစုဆောင်းနိုင်ရန်လည်း အကွက်ချနေခဲ့သည်။

သို့မှသာ တောင်ပိုင်းတိုက်ကြီးသို့သွားရောက်ကာ ပိုမိုသန်မာလာအောင်လုပ်၍ သူ၏တပည့်ကို သူကိုယ်တိုင် ကယ်တင်နိုင်မည်ဖြစ်လေသည်။

“ဒီကိစ္စတွေ အားလုံးပြီးပြီဆိုတော့ ကိုယ် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူဖို့ လိုမယ်လို့ ထင်တယ်”

အာရန်သည် ဖန်းယုအား ထိုသို့ ပြန်ပြောရင်း ဂိုဏ်းချုပ်လက်စွပ် ကို ဖြည်းညှင်းစွာ ချွတ်လိုက်လေသည်။

“ကိုယ် ဒီဂိုဏ်းကနေ ယာယီ ခဏလောက်ထွက်သွားချင်တယ် ဒါကြောင့် အနောက်ပိုင်းတိုက်ကြီးကို သွားမယ့်ခရီးအတွက် တခြားတစ်ယောက်ယောက်ကို ပြောင်းပြီးတာဝန်ပေးပေးပါလား...”

ယခု သူသည် ဂိုဏ်းချုပ်ရာထူး နှင့်သက်ဆိုင်သည့် ရွေးချယ်မှုများကို ပြီးမြောက်ခဲ့ပြီးဖြစ်ရာ ၎င်းလက်စွပ်ကို ထပ်မံမလိုအပ်တော့ပေ။

၎င်းသည် သူ့အား ဒုက္ခများစွာ ပေးနိုင်၏။

အနောက်ပိုင်းတိုက်ကြီး မှ ကိုယ်စားလှယ်များ လာရောက်လည်ပတ်ပြီးနောက် တစ်ပတ်အတွင်းမှာပင် ထိုမျှ များပြားသော ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို သူ ယခုအထိ ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။

သူသည် ဖိတ်စာအရ အနောက်ပိုင်းတိုက်ကြီး သို့ သွားရန်ပင် စီစဉ်နေခဲ့သော်လည်း ပို၍အရေးကြီးသော ကိစ္စများက သူ့အား ဆွဲထားနေခဲ့သည်။

အနောက်ပိုင်းတိုက်ကြီး သို့ သွားရောက်ခြင်းနှင့်ပတ်သက်၍ သူသည် အချိန်မရွေးလုပ်ဆောင်နိုင်လေသည်။ ထိုအရာအတွက် ဖိတ်စာမလိုအပ်ပေ။

သူသည် လက်စွပ်ကို ဖန်းယု ထံသို့ ပြန်ပေးလိုက်ရာ သူမသည် အံ့အားသင့်ပုံရသည်။

“ဂိုဏ်းထဲမှာ ရှင် မကြိုက်တာ တစ်ခုခုရှိနေလို့လား အဲ့လိုဆိုရင် ကျွမ် ပြောင်းလဲပေးနိုင်ပါတယ်” ဟု ဖန်းယု က ပြန်ပြောလိုက်သည်။

အာရန် ဂိုဏ်းမှ ထွက်ခွာတော့မည်ကို ကြားသိရ၍ သူမအနည်းငယ် တွန့်ဆုတ်နေပုံရသည်။

“မင်းလို အချောလေးတစ်ယောက်ဦးဆောင်နေတဲ့ ဂိုဏ်းမျိုးမှာ ကိုယ် မကြိုက်တာဘာရှိနိုင်ဦးမှာလဲ”

အာရန် က ပြုံးရင်း ဖန်းယု ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်မိ၏။

သူသည် သူ၏တပည့်များနှင့် အုပ်ထိန်းသူဝိညာဉ် တို့အား ပွတ်သပ်တတ်သည့် အကျင့်ကြောင့် သူ၏ရှေ့မှ ပုဂ္ဂိုလ်သည် အရှင်သခင် တစ်ဦးဖြစ်နေသည်ကို ခဏတာ မေ့လျော့သွားခဲ့သည်။

ထို့နောက် သူ သတိပြုမိချိန်၌မူ အရာရာနောက်ကျသွားခဲ့ပြီဖြစ်သည်။

အာရန်သည် သူ၏လက်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်ကာ ဖန်းယု ဒေါသထွက်သွားလိမ့်မည်ဟု မျှော်လင့်မိလိုက်သော်လည်း အံ့အားသင့်စရာပင် သူမ သည် သူ့အား ဘာမှပြန် မပြောခဲ့ပေ။

သူမ၏ ထိုတုံ့ပြန်မှုသည် အာရန်အား အံ့အားသင့်စေခဲ့ပြီး ၎င်းသည် အရင်က အရှင်သခင်ဖြစ်သည့် ဖန်းယုပင် ဟုတ်ပါလေစဟု တွေးတောမိစေလိုက်သည်။

“ရှင် ဒီကို ပြန်လာမယ်လို့ ကတိပေးလား”

ဖန်းယုသည် အာရန် ၏ မျက်လုံးအကြည့်များကို‌ရှောင်ရှားရင်း မေးလိုက်သည်။

သူမသည် သူ့ဘက်သို့ ကျောခိုင်းလိုက်သည်။ သူမသည် သူ့အား တားဆီးချင်နေခဲ့သည်။ သို့မဟုတ် အတင်းအကျပ် သူ့အား ဆက်လက်နေစေချင်ခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူသည် သူမအား မုန်းတီးသွားမည်ကို လည်းစိုးရွံ့နေမိခဲ့လေသည်။ ထို့ကြောင့် သူမ တွန့်ဆုတ်နေခဲ့မိခြင်းလည်း ဖြစ်၏။

အာရန်သည် ရှုယင်း၏ သက်ဆိုင်သူတစ်ဦးဖြစ်နေသောကြောင့် သူ့အပေါ်ထားရှိသော သူမ၏ခံစားချက်များနှင့် ပတ်သက်၍လည်း အတော်လေး စိတ်ရှုပ်ထွေးနေခဲ့ရသည်။

သူမ၏ ဤထူးဆန်းသော တုံ့ပြန်မှုကို ကြည့်ရင်း အာရန် သည်လည်း အံ့အားသင့်သွားခဲ့ရသည်။

ဤအချိန်၌ သူမသည် အရှင်သခင်တစ်ဦးအနေနှင့် မဟုတ်ဘဲ သူ့ကို ဂရုစိုက်ပုံရသော သာမန်မိန်းကလေးတစ်ဦးမျှသာ ဖြစ်ဟန်ရနေလေသည်။

ထိုအရာသည် သူ သူမကို အသက်ပေး၍ ကယ်တင်ခဲ့မိ၍လားဟူ၍ တွေးမိလိုက်၏။

သူ၏ထို သီအိုရီကို လက်တွေ့ စမ်းသပ်ရန် ရှေ့သို့ တိုးလိုက်သည်။

သူ မှားယွင်းခဲ့ပါက သူ၏ အသက်ပင်ဆုံးရှုံးသွားနိုင်ကြောင်း သူ သိနေခဲ့သည်။

သို့သော် အာရန်သည် စမ်းသပ်ကြည်ရန်သာ စိတ်ကနှိုးဆော်နေခဲ့သည်။

ထို့နောက် သူ့အားကျောပေးထားသော ဖန်းယု၏ အနားသို့ ကပ်လိုက်ပြီး သူမ၏ခါးသွယ်သွယ်လေးကို သူ၏လက်များဖြင့် ရစ်ပတ်ရင်း နောက်မှနေ၍ ပွေ့ဖက်လိုက်သည်။

“ကိုယ် ကတိပေးပါတယ် တခြား ဘယ်နေရာကိုမှ ထွက်မသွားပါဘူး ဒါက ကိုယ့်ရဲ့ အိမ်ပဲလေ “

အာရန်သည် သူမ၏နားများအတွင်းသို့ တိုးတိုးလေးကပ်ကာ ပြောလိုက်လေသည်။

ထို့နောက် သူမက သတ်ဖြတ်လိုသည့်အော်ရာကို ထုတ်ဖော်ခြင်း သို့မဟုတ် သူ့ကို တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းမျိုး ပြုလုပ်လာလေမလားဟု စိုးရိမ်မိလိုက်သည်။

သို့သော် သူ၏ ထိုမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ဖန်းယု သည် သူ့အားမည်သည့် ရန်လိုမှုကိုမျှ မပြသခဲ့ပေ။

သူမသည် တိတ်ဆိတ်စွာရပ်နေခဲ့ပြီး အနည်းငယ်မျှပင် တုံ့ပြန်ခြင်း မရှိခဲ့ချေ။

“ကောင်းပြီ အဲ့ဒ့ါ ရှင့်ကတိနော် ရှင် ဒီကတိကို ဖျက်ရင် ကျွန်မကိုယ်တိုင် ရှင့်ကို သတ်ပစ်မယ်” ဟု သူမက ပြောလိုက်သည်။

အာရန် သည် ယခု မည်သို့ဆက်လုပ်ရမည်ကိုပင် မသိတော့ပေ။

ဤအရှင်သခင်အဆင့်တွင်ရှိသော အမျိုးသမီးသည် သူ့အား အမှန်တကယ်ပင် လက်ခံလိုက်ခြင်းလား...။

သူသည် သူမ၏ ကန့်သတ်ချက်သည် မည်မျှအထိရှိနေမည်ကို မူထပ်မံ မစမ်းသတ်ဝံ့တော့ပေ။

ထို့နောက် အာရန်သည် သူ၏လက်များကို ဖန်းယု၏ ခန္ဓာကိုယ်မှ ဖယ်ရှားလိုက်ကာ နောက်သို့ ထွက်ခွာရန် လှည့်လိုက်သည်။

ယခုအချိန်မှစ၍ အကြီးအကဲရန် ပျောက်ကွယ်သွားပြီဖြစ်ကာ နတ်ဆိုးဝါးမြိုသူ ၏ ဒဏ္ဏာရီတစ်ခု တစ်ဖန်ပေါ်ထွက်လာရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်၏။

#Catfoot

All Chapters