← Chapters

ကျေးဇူးပြု၍ ခဏနေပါဦး ... ။

Vol. 24 Ch. 279

ကျေးဇူးပြု၍ ခဏနေပါဦး ... ။

Vol. 24 Ch. 279

ဤသည်မှာ ကျောက်စိမ်းမြို့တော် အတွင်းနှင့်အပြင်ကို မြည်ဟည်းစေသော စျာပန ခေါင်းလောင်းသံဖြစ်သည်။

ကွင်းပြင်ရှိ လူတိုင်းသည် တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်နိုးမထနိုင်ဘဲ အချိန်အတော်ကြာ မှင်သပ်နေကြသည်။

ဤတိုက်ပွဲသည် အမျိုးမျိုးသော အပြောင်းအလဲများနှင့် ပြည့်နှက်နေပြီး အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းချေပြီ။

အထက်ပါ အဖြစ်အပျက်များသည် စုရီတစ်ယောက် မည်မျှသန်မာသည်ကို မြင်နိုင် လေသည်။

“ ဒီတိုက်ပွဲက ... နှစ်တစ်ရာအတွင်း အရက်စက်ဆုံးနဲ့ အပြင်းထန်ဆုံးတိုက်ပွဲပါ ငါတို့ သုံးနိုင်ငံအတွက် မကြုံစဖူးဘဲ။ ”

ဖူယွင်လန်မှ သက်ပြင်းချလိုက်သည်။

“ ဒီတိုက်ပွဲနဲ့ယှဉ်ရင် ကျိုးကျိတောင် တိုက်ပွဲက ယွီတျန်းဟုန်အတွက် မတရားဘူး။ ”

လူတိုင်းသည် အံ့သြမှုများ ပြည့်နှက်နေခဲ့သည်။ ယခုအချိန်တွင် စုရီကို လက်စားချေလိုသော အင်အားစုများသည် တုန်ရင်ကုန်တော့၏။

“ သူက အခု မဟာသခင်အဆင့်မှာပဲ ရှိပါသေးတယ် ငါတို့က သူ့ကို အချိန်နည်းနည်း ထပ်ပေးလိုက်ရင် ဒီကမ္ဘာမှာ ဘယ်သူများ သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာလဲ။ ”

ကျင်းဟဲမှ တိတ်တိတ်လေး ညည်းညူလိုက်သည်။ စုရီမှ ပစ်မှတ်ထားမည်ကို ကြောက်သဖြင့် စကားပင် ကျယ်ကျယ် မပြောဝံ့တော့ချေ။

သူကဲ့သို့ပင် မြေကြီးအဆင့် အင်မော်တယ်များ၌ အလားတူ အတွေးများ ရှိနေခဲ့လေသည်။ စုရီသည် အသက် (၁၇)ဖြင့် ဤမျှအစွမ်းထက်နေ၏။

အနာဂါတ်တွင် မည်မျှ ကြောက်စရာ ကောင်းလာမည်ကို တွေးမရနိုင်သေးချေ။ စုရီက စုဟုန်လီထံ ကြည့်သည်။

ထိုအချိန်တွင် စုဟုန်လီသည် မောပန်းနွမ်းနယ်ပြီး စိတ်ဝိညာဉ်ပျောက်ဆုံးကာ ငေးငိုင်နေခဲ့၏။ ၎င်းက စုရီ၏အကြည့်ကို သတိပြုမိသောအခါတွင်၊

“ မင်းငါ့ကို မသတ်ဘူးလား ... အဟွတ် အဟွတ် ... ။ ”

-ဟု မေးမြန်းလိုက်သည်။

အလွန် အားနည်းနေပြီး အသက်ရှူမြန်လာကာ ချောင်းတဟွတ်ဟွတ် ဆိုးနေတော့၏။

“ မင်း ... ငါ့အမေကို ဘာလို့ မသတ်ခဲ့တာလဲ။ ”

စုဟုန်လီက ခဏမျှ တိတ်ဆိတ်သွားပြီး အောက်မေ့ဖွယ်အကြည့်များ ပြည့်နှက်လာ၏။ ထို့နောက်၊

“ အမှန်အတိုင်းပြောရရင် ဟိုတုန်းက မင်းအမေက သူ့ကိုယ်သူ ဒီလိုသတ်သေမယ်လို့ မထင်ခဲ့မိဘူး ... အသက်ရှင်ဖို့ ‌ရွေးချယ်မယ်ပဲ ထင်ထားတာ ... အဟွတ် အဟွတ် ... ။ ”

စုဟုန်လီတစ်ယောက် ကျောပြင်ကို ကွေးညွှတ်လျက် ချောင်းတဟွတ်ဟွတ်ဆိုးကာ ခန္ဓာကိုယ်ကြီး ယိမ်းထိုးသွား၏။

“ မင်းနဲ့ ပတ်သက်ရင်တော့ ... ။ ”

ထို့နောက် အသက်ပြင်းပြင်းရှူကာ လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့်၊

“ မင်းမယုံရင်လည်း ငါဂရုမစိုက်ဘူး ... သားကိုသတ်ပစ်တဲ့ ဖခင်အဖြစ် ငါမလုပ်နိုင်ဘူး နောက်ဆုံးတော့ ငရဲမိုးကြိုးခေါင်းလောင်းရဲ့ …

… ဝိညာဉ်ကို နှိမ်နှင်းနိုင်ပေမယ့် ငါ့ကိုယ်ငါတဖြည်းဖြည်း ဆုံးရှုံးသွားတာကို ငါ တွေ့လိုက်ရတယ် ... ။ ”

သူ့မျက်နှာသည် ခါးသီးလာပြီး၊

“ မင်းအမေပြောတာ မှန်တယ် ... ငရဲမိုးကြိုးခေါင်းလောင်းက အန္တရာယ်များတယ် မင်းသူ့ကို သဘောကျရင် ပျက်စီးသွားမယ်။ ”

ထိုအကြောင်းပြောရမည်ဆိုသော် စုဟုန်လီ၏ မျက်ဝန်းများသည် ဝမ်းနည်းမှုများ ပြည့်နှက်လာ၏။

“ မင်းအမေက ဒါတွေအားလုံးကို သတိပေးခဲ့ပါတယ် ... ဒါပေမယ့် ငါ့ရဲ့လောဘကို မထိန်းနိုင်ဘဲ မင်းအမေအလစ်မှာ ဒီရတနာကို ခိုးယူခဲ့မိတယ် ... ။ ”

“ နောင်တရသလား။ ”

စုရီက အေးစက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။ စုဟုန်လီမှ ခေါင်းခါပြပြီး၊

“ မဟုတ်ဘူး ... ငါစုဟုန်လီက ရွေးခဲ့တဲ့ လမ်းအတွက် ... ဘယ်တော့မှ နောင်တမရဘူး တစ်ခုပဲ မင်းအမေကို နှိမ့်ချခဲ့တာကို တကယ် နောင်တရတယ် ...

... အဲဒီတုန်းက ဒီရတနာကို ငါခိုးယူသွားကြောင်း သူမ သိလိုက်တဲ့အခါ အရမ်းဒေါသထွက်ပြီး စိတ်ပျက်သွားပေမယ့် ငါ့ကိုမစွန့်ပစ်ခဲ့ဘူး ... အဲဒီအစား

... ငရဲမိုးကြိုးခေါင်းလောင်းကို ... ထိန်းချုပ်နိုင်မဲ့ နည်းလမ်းအချို့ သင်ပေးခဲ့တယ် အခုစဉ်းစားကြည့်တော့ နှစ်တွေဒီလောက်ကြာ နေတာတောင် မင်းအမေကို ငါကြည့်ဖို့ သတိမရခဲ့ဘူး။ ”

ထို့နောက် စုရီထံ ပြန်ကြည့်ကာ၊

“ မင်းငါ့ကို မုန်းတီးနေတာ ... ငါနားလည်တယ် ဒါပေမယ့် မင်းငါ့ကိုသတ်ရင် ဖခင်ကိုသတ်တဲ့သားဆိုး အဖြစ် တစ်သက်လုံး ထိုးနှက်ခံရလိမ့်မယ်။ ”

စုရီ မျက်ခုံးပင့်ကာ တုန့်ပြန်စကား ဆိုလုဆဲဆဲတွင် စုဟုန်လီမှ လက်ကာပြလာပြီး၊

“ ငါ ... မင်းအဖေဖြစ်ဖို့ မထိုက်တန်ပါဘူး ဒါပေမယ့် ဖခင်သတ်တဲ့သားအဖြစ်ကနေ မင်းကို ကယ်တင်နိုင်ရင်တော့ ... မင်းအမေက ငါ့ကို မုန်းမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ် ... ။ ”

-ဟုဆိုကာ သူ့ကိုယ်သူ အမှုန်များအဖြစ် ပြောင်းလဲကာ လွင့်မျောပျောက်ကွယ် သွားတော့သည်။

“ ဒီမှာသေလဲ ကိစ္စမရှိပါဘူး၊ မနက်ဖြန် ကောင်းကင်ဘုံက အမေ့ရဲ့ဝိညာဉ်ကို နှစ်သိမ့်ဖို့ မင်းပြာကို ငါသုံးရမယ် ... ။ ”

စုဟုန်လီတစ်ယောက် အသိပြန်ဝင်လာပြီး သူ့အမှားများကို ဝန်ခံပါသော် ဆုံဖြတ်ချက်ချရန် အနည်းငယ် ခက်ခဲနိုင်မည်။

ယခုမူ ဝမ်းနည်းခြင်း မရှိသကဲ့သို့ ပျော်ရွှင်ခြင်းသည်လည်း မရှိချေ။ လက်လှိုင်းဖြင့် ပြာမှုန်များကို စုစည်းလိုက်၏။

တစ်ဆက်တည်းမှာပင် စုမိသားစုရှိရာ အဝေးသို့လှမ်းကြည့်ပြီး ယွီချင်းဇီနှင့် စုပိုင်နင်ထံ အာရုံရောက်သွားသည်။

ဤလူနှစ်ယောက်သည် အလွန် ကြောက်လန့်နေပြီ ဖြစ်သည်။ အကြည့်နှင့်ပင် ယွီချင်းဇီက မြေပြင်ပေါ် လဲကျသွား၏။

“ စုရီ၊ မင်းအဖေကို သတ်တယ် ... ဒါက ထာဝရ ကျိန်ဆဲခံရလိမ့်မယ် ... မင်ဘယ်တော့မှ ဖြောင့်ဖြောင့်အိပ်နိုင်မှာ မဟုတ်ဘူး။ ”

“ ရွှပ် ... ။ ”

စုပိုင်နင်စကားကို တုန့်ပြန်ခြင်းမပြုဘဲ ဓားအလင်းတစ်လက် ပစ်လွှတ်ကာ ခေါင်းဖြတ် လိုက်၏။

တစ်ဆက်တည်းမှာပင် နောက်ထပ် ဓားအလင်းတစ်လက်က သတိလစ်နေသော ယွီချင်းဇီထံ ပြုတ်ကျသွားလေသည်။

ဤမျှ သွေးအေးလွန်းသော သတ်ဖြတ်မှုဖြစ်စဉ်သည် စုမိသားစုဝင်တိုင်းကို ထိတ်လန့်သွားစေ၏။

“ မနက်ဖြန်မနက် မင်းတို့စုမိသားစုက လက်ဆောင်တွေ လေထင်းရှူးစံအိမ်ကို ပို့လိုက် ဒါဆို အတိတ်က အဖြစ်အပျက်တွေကို ...

... ငါခွင့်လွှတ်ပေးမယ် ဘယ်သူ ငါ့ကို စော်ကားခဲ့လဲ ... မစော်ကားခဲ့ဖူးလဲ အားလုံး ငါမှတ်မိတယ်။ ”

ထို့နောက် လူတိုင်းကို လျစ်လျူရှု လိုက်တော့သည်။ သို့မှသာ စုမိသားဝင်များက စိတ်သက်သာရာရသွားကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့သည် လွန်ခဲ့သည့်နှစ်များက စုရီကို မစော်ကားခဲ့ဟု ယူဆသောကြောင့်ဖြစ်သည်။

တစ်ဖက်တွင် အတိတ်က စုရီကို စော်ကားခဲ့သူများအားလုံး စိတ်ပျက်လက်ပျက် ပြိုလဲသွားကြ၏။

တစ်ချို့က အလွန်အကြူးဖြစ်ခဲ့သဖြင့် မြေပြင်ပေါ်ဒူးထောက်ထိုင်ကာ ကရုဏာကို ချက်ချင်းတောင်းခံတော့သည်။

စုရီမှ ၎င်းတို့အပေါ် စိတ်ဝင်စားမှု ကင်းမဲ့သွားပြီး ယွင်ကျန့်ချုံးနှင့် ရှစ်ဖုန်းလျူထံ လှမ်းကြည့်လိုက်သည်။

“ မင်းတို့ ... အခု လက်စားချေချင်လား။ ”

ကျိုးကျိတောင်ထိပ်တွင် ယွီတျန်းဟုန်ကို သတ်ပြီးနောက် ဤမေးခွန်းမျိုး သူ မေးခဲ့ဖူး၏။ ထိုကဲ့သို့ပင် ယွင်ကျန်းချုံးနှင့် ရှစ်ဖုန်းလျူခမျာ အမူအရာများ ပြောင်းလဲသွားသည်။

စုရီထံမှ အကြည့်ကို လွှဲထားကြသည်။ ဤသည်မှာ သတ်ဖြတ်ခြင်းမှ လာသော တန်ခိုး ဖြစ်သည်။ မည်သူမဆို အဓိပ္ပါယ်မဲ့ အသတ် မခံလိုသည်မှာ သဘာဝပေပင်။

“ မင်းတို့တွေ နောင်မှာ အခွင့်အရေးရရင် ငါစုရီအပေါ် လက်စားချေကြမှာ သေချာပါတယ် ဒါပေမယ့် စိတ်မပူပါနဲ့ သေချင်ရင် အချိန်မရွေး လာလို့ရတယ်။ ”

စကားဆုံးသည်နှင့် ပုရွက်ဆိတ်များကို အလေးအနက် မထားသကဲ့သို့ စုရီအသွင်သည် ယုံကြည်မှုအပြည့်ဖြင့် လှည့်ထွက်သွား၏။

“ မိတ်ဆွေလေး ... ကျေးဇူးပြုပြီး ခဏနေပါဦး ... ဘာလို့များ ဒီလောက်အလျင်လို နေရတာလဲ။ ”

ရုတ်တရက် အဝေးမှ ဟန့်တားသံတစ်သံ ထွက်ပေါ်လာသည်။ လေထုအလယ် လူတစ်ခု ပျံသန်းလာနေ၏။

ရုတ်တရက် ယွင်ကျန့်ချုံးနှင့် ရှစ်ဖုန်းလျူမှာ မျက်ဝန်းများ အရောင်လက်လာသည်။ စုရီသည် မဟာသခင်မျှသာ ဖြစ်၏။

ပြင်းထန်သော တိုက်ပွဲများ အပြီးတွင် ပင်ပန်းနွမ်းနယ်နေမည်ကို သူတို့သိသော်လည်း မလှုပ်ရဲခဲ့ချေ။ ထို့ကြောင့် ဤလူများမှ ယင်းကို အခွင့်အရေးယူရန် ရောက်ရှိလာသည့်အပေါ် ကျေနပ်သွားသည်မှာ သဘာဝပေပင်။

ထိုအချင်းအရာကို သတိထားမိသော ဖူယွင်လန်၊ ငှက်မွှေးဘုရင်၊ ပင်လယ်ဘုရင်နှင့် တောင်တန်းဘုရင်တို့သည် မျက်နှာများ ပျက်ယွင်းလျက် အဝေးသို့ လှမ်းကြည့် လိုက်တော့သည်။

စကားတစ်ခွန်းတည်းဖြင့် လေထုသည် ပြန်လည် အသက်ဝင်လာ၏။ စုရီက ခြေလှမ်းကို ရပ်ကာ ပြန်လှည့်ကြည့်လိုက်သည်။

“ ဝှစ် ... ။ ”

လူတစ်စုသည် သူ့ အနားမရောက်မီ လေထုအလယ် ဖြန့်ခွဲလျက် ဆုတ်ခွာနိုင်သော လမ်းကြောင်းတိုင်းကို ချက်ချင်းပိတ်ဆို့ နေရာယူနေတော့၏။

***

All Chapters